Dr on Air

Dr on Air Life is Balance

ရိုးရိုးခါးနာတာလား ဆန်းနေပီလား? ❌ခါးနာတယ်ဆိုတာ လူတိုင်းကြုံဖူးတဲ့ကိစ္စတခုပါ။ တခါတလေလည်း ခဏနာပီး သူ့ဖာသာပျောက်သွားတတ်သလို...
02/02/2025

ရိုးရိုးခါးနာတာလား ဆန်းနေပီလား? ❌

ခါးနာတယ်ဆိုတာ လူတိုင်းကြုံဖူးတဲ့ကိစ္စတခုပါ။ တခါတလေလည်း ခဏနာပီး သူ့ဖာသာပျောက်သွားတတ်သလို မပျောက်ဘဲ တောက်လျှောက်နာနေတတ်တာလဲ ရှိကြတယ်။ ဘာကွာ သလဲ?

၁။ ဘာကြောင့်ခါးနာတာလဲ ?
ခါးဆိုတာက အဆစ်ပေါင်းများစွားကို ဆက်ထားပီး ခန္ဒာကိုယ်ကို ထောက်ပံ့ပေးထားတဲ့ အရိုးအဆစ်ပါ။ ကျောရိုးဆစ် ၁၂ဆစ်နဲ့ ခါးဆစ် ၅ဆစ် နဲ့ တင်ပဆုံ အဆစ်တွေပေါင်းပီး ကျောရိုးမကြိီးအဖြစ် ရှိနေတာပါ။ အဲ့သည်အရိုးဆစ်တွေကို တခုနဲ့တခုက ကူရှင်နဲ့ ချိတ်ဆက်ထားတာပါ ( intervertebral disc )လို့ခေါ်တယ်။ အဲ့အဆစ်တွေကိုဘေးကနေ အရွတ်ပေါင်းများစွာ ကြွက်သားပေါင်းများစွာနဲ့ ထောက်ပံ့ပေးထားရတယ်။ အဲ့သည်တော့ အရိုး၊ အဆစ်၊ ကူရှင်၊ အရွတ်၊ ကြွက်သား တခုခုမှာ ပြသနာရှိနေရင် ခါးနာတော့တာပါပဲ။

၂။ ပြသနာက ဘယ်ကလာတာလဲ?
လူကြီး လူငယ် မရွေး အဖြစ်အများဆုံးက pr*****ed intervertebral disc လို့ခေါ်တဲ့ ခါးကူရှင်လေးတွေ ကျွံတာ၊ ခါးဆစ်တွေ အလိုင်းမင်း မညီတာ တွေပါ။ အထူးသဖြင့်အလေးအပင်တွေကို ပုံစံမမှန်ပဲ မတာတို့ ပြုတ်ကျတာတို့တွေကြောင့် အဖြစ်များကြပါတယ်။ အကိုက်အခဲပျောက်ဆေးတွေနဲ့ သက်သာသွားကြတာများပါတယ်။

၃။ နောက်လူငယ်တွေအဖြစ်များတာက ခါးဘေးကအရွတ်တွေ ကြွက်သားတွေ ယောင်တာပါ ( muscle spasms )။ ထိမိခိုက်မိတာ ပုံစံမမှန်အကြာကြီးရပ်တာတွေ ထိုင်တာတွေကြောင့်အဖြစ်များကြပါတယ်။ အကိုအခဲပျောက်ဆေး ကာယာလေ့ကျင့်ခန်းတွေလုပ်ရင် သိပ်မကြာခင်ပျောက်ကြပါတယ်။

၄။ နောက်တခုက (Ankylosing spondylitis)လို့ခေါ်တဲ့ရောဂါ။ မြန်မာပြည်မှာတော့ သိပ်တွေ့ရလေ့မရှိကြပါဘူး။ သူက မနက်ဆိုခါးက နာရီဝက် ၁နာရီလောက် တောင့်တင်းပီး သွေးလေးပူသွားမှ သက်သာတာပါ။ ဒါလိုမျိုးကြုံတွေ့နေရရင်တော့ မပေါ့ဆသင့်တော့ပါ။ နာတာရှည်ရောဂါပါ လေးဘက်နာ ဆရာဝန်နဲ့ရေရှည်ကုရမှာပါ။

၅။ လူကြီးတွေအဖြစ်များတာကတော့ အရိုးပွပီး ခါးဆစ်ပြားတာတို့၊ ခါးဆစ်ရိုးကျိုးတာတို့ပါ။ အန္တရယ်ရှိတဲ့ခါးနာခြင်းမျိုးပါ။အထူးသဖြင့် ညဘက်တွေပါ အိပ်မရအောင်နာတတ်ကြပါတယ်။ လှုပ်ရှားမှုတိုင်းနာတတ်တယ်။ အဆစ်က stable မဖြစ်ရင် ကြောရိုးမအာရုံကြောကြီးပိပီး အောက်ပိုင်းသေတာ ဆီးဝမ်းတွေ ထိန်းမရတာတွေ ဖြစ်တတ်ပါတယ်။

၆။ ခါးဆစ် ပိုးဝင်တာကလည်း အန္တရယ်ရှိတဲ့ ခါးနာချင်းမျိုးပါ။ မြန်မာပြည်မှာတော့ တီဘီရောဂါကြောင့်အဖြစ်များကြတယ်။ ဖျားမယ် ပေါင်ချိန်ကျမယ် စတာတွေဖြစ်တတ်ပါတယ်။ တချို့သော ကင်ဆာတွေက ခါးနာတာနဲ့ လာတတ်တယ်။ သိတဲ့အချိိန်မှာ အရိုးထိပျံ့နေတဲ့ အဆင့်ရောက်နေပီ။

Red flag ❌❌❌
ခါးနာတာအပြင် ၁။ ဖျားတာ၊ ၂။ ပေါင်ချိန်ကျတာ၊ ၃။ ကင်ဆာရောဂါတခုခုခံစားနေရတာ၊ ၄။ ညဘက်တွေပါအိပ်မရအောင်နာတာ၊ ၅။ ခုခံအားချတဲ့ဆေးတွေသောက်နေရတာ သို့မဟုတ် ၆။ ဆီးဝမ်းမထိန်းနိုင်တာ ၇။ ခြေလက်တွေ အားလျော့တာတို့ခံစားနေရရင် ရိုးရိုးခါးနာတာမဟုတ်တော့ပါဘူး ဆန်းနေပါပီ မပေါ့ဆသင့်တော့ပါကြောင်း သတိပေးရင်း……..

အခြေခံကျန်းမာရေးနဲ့ အရေးပေါ်ကျန်းမာရေး ဗဟုသုတတွေအပါတ်စဉ် တင်ပေးနေမဲ့ pageလေးဖြစ်လို့ like &followလေးလုပ်ထားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

#ခါးနာ #ခါးကိုက် #အခြေခံကျန်းမာရေး #အရေးပေါ်ကျန်းမာရေး

Eye floaters ဆိုတာဘာလဲ? အရေးကြီးလား? မြန်မာလိုဆို အမည်းစက်လေးတွေ ကို မျက်စိထဲ မြင်မြင်နေရတယ်လို့ပဲ ခေါ်ရမယ်။တချို့လူတွေက...
25/01/2025

Eye floaters ဆိုတာဘာလဲ? အရေးကြီးလား?

မြန်မာလိုဆို အမည်းစက်လေးတွေ ကို မျက်စိထဲ မြင်မြင်နေရတယ်လို့ပဲ ခေါ်ရမယ်။
တချို့လူတွေက အဲ့သည် floaters လေးတွေရှိနေကြတာ တော် တော် ကြာပီ ဘာမှလည်းမဖြစ်ဘူး နဲနဲ မြင်ကွင်းမရှင်းတာလောက်ပဲပေါ့။ သိပ်လည်းဒုက္ခလည်းမပေးတော့ တချို့ကလည်းအမှုအမှတ်မဲ့နေကြတာပေါ့။ တချို့ကြတော့လည်း စိတ်ပူကြပီး ဆေးရုံဆေးခန်းရောက်လာကြတာပေါ့။

ပထမဆုံးက floaters ဆိုတာဘာလဲ ဘာကြောင့်ဖြစ်ရတာလဲ?

floaters ဆိုတာ မျက်လုံထဲက vitreous humour ( မျက်စိထဲက အရည်ကြည်တမျိုး) ထဲမှာ အမှုန်တွေရှိနေလို့ဖြစ်တာပေါ့။အရည်ကမကြည်တော့ဘူးပေါ့။တချို့က အမဲစက် လေးတွေ တချို့က အရှည်လေးတွေ တချို့က အဖြူစက်တွေ မြင်ရတတ်တယ်။ ဘာကြောင့်လဲဆိုရင် မျက်လုံးကို ထိမိခိုက်မိလို့ အထဲမှာ သွေကြောလေးတွေပေါက်ပီး သွေးယိုတာတို့ ကြောင့်ဖြစ်တတ်သလို ၊ သူ့ဖာသာလည်း မထိခိုက်ဘဲ သွေးလေးတွေယိုစိမ့်ပီး ဖြစ်တတ်တယ်။ တချို့ရောဂါပိုးတွေ ကြောင့်လည်း ဖြစ်နိုင်တယ်။ အသက်ကြီးလာတာကြောင့်လည်း အဲ့ဒါတွေပေါ်လာတတ်တယ်။

ဘယ်ချိန်ဆေးခန်းပြရမလဲ?

ပထမစစချင်းအဲ့ဒါတွေ ပေါ်လာရင် ပြရမယ် ၊ ရှိနေရင်းထက်ပိုများလာရင်ပြရမယ်။ အရေးကြီးဆုံးအချက်က လျှပ်စီးလျှပ်သလို အလင်းလေးတွေ မြင်နေရရင် အရေးကြီးပီ။ အဲ့ဒါဟာ မျက်ကြည်လွှာ ကွာတဲ့လက်ခဏာမို့ အမြန်ဆုံးမျက်စိဆရာဝန်နဲ့ပြဖို့လိုပါပီ။ မဟုတ်ရင် အမြင်အာရုံ ဆုံးရှုံးနိုင်ပါတယ်။ ဘာလို့ဆို မျက်စိ ဆရာဝန်တိုင်းတောင် မျက်ကြည်လွှာ ကွာတာကိုကုပေးဖို့မဖြစ်နိုင်ပါဘူး။

အဲ့သည်တော့ floaters လေးတွေက အန္တရယ်မရှိဘူးလားဆိုတော့ မရှိပါဘူး အရေးကြီးလားဆိုတော့ အရေးကြီးတယ် မျက်စိကွယ်တာထိဖြစ်နိုင်တာမို့ မြင်ကွင်းထဲ အမည်းစက်လေးတွေ မြင်နေရရင် မပေါ့ဆကြဖို့ တိုက်တွန်းရင်း ……..

အခြေခံကျန်းမာရေးနဲ့ အရေးပေါ်ကျန်းမာရေး ဗဟုသုတတွေအပါတ်စဉ် တင်ပေးနေမဲ့ pageလေးဖြစ်လို့ like &followလေးလုပ်ထားကြပါလို့

#မျက်စိ #အခြေခံကျန်းမာရေး #အရေးပေါ်ကျနါးမာရေး #မျက်စိကျန်းမာရေး

ခေါင်းမူးတာကို မပေါ့ဆစေလို ခေါင်းမူးတယ်ဆိုတာက ဆေးရုံမှာကော ဆေးခန်းမှာကော အများဆုံး တွေ့ရတတ်တဲ့ လက်ခဏာတခုပါ။ လူနာတွေကလည်း...
19/01/2025

ခေါင်းမူးတာကို မပေါ့ဆစေလို

ခေါင်းမူးတယ်ဆိုတာက ဆေးရုံမှာကော ဆေးခန်းမှာကော အများဆုံး တွေ့ရတတ်တဲ့ လက်ခဏာတခုပါ။ လူနာတွေကလည်းခေါင်းမူးတာလောက်ကိုစိတ်ထဲသိပ်မထားတတ်ပါဘူး။ တော်တော်များများက စပ်ဆေးအရင်သောက်ပီး မသက်သာမှ ဆေးရုံဆေးခန်းလာကြတာများပါတယ်။ ဆရာရေ ခေါင်းမူးလို့ အားနည်းတယ်ထင်တယ် အားဆေးထိုးဦးမယ်၊ ဆရာရေ ငပိရည်စားပီးသွေးတိုးတယ်ထင်တယ်နဲ့ ပဲ လူနာကော ကိုယ်ကော အဆင်တွေပြေခဲ့ကြတာ။

တကယ်တော့ ဖြစ်နိုင်တာကတွေက နားစည်ပြွန်ပြသနာကနေ ကနေ သွေးအားနည်းတာအလယ် လေဖြတ်တဲ့အထိကို ဖြစ်နိုင်တယ်။

မှတ်မှတ်ရရ ဟိုတလေက အရေးပေါ်ကိုလူနာတယောက်လာတယ် ခေါင်းမူးတာ ၁ပါတ်လောက်နဲ့ ဘာလုပ်ပေးပေးမသက်သာတာနဲ့ပဲ ဦးနှောက် CT scan ရိုက်လိုက်တော့ ဦးနှောက်အကြိတ်ဖြစ်နေတယ်။
နောက်တယောက်ကလည်းမှတ်မှတ်ရရပါပဲ အရေးပေါ်ကိုလာတာ ဝမ်းတွေသွားများပီး ခေါင်းတွေမူးလို့ဆိုပီး ကိုယ်လည်းအစက ရေဓါတ်ခမ်းခြောက်လို့ ပဲ ထင်ခဲ့တာ ဘယ်လိုလုပ်လုပ်မသက်သာတာနဲ့ ဦးနှောက် CT scanရိုက်လိုက်တော့မှ Bilateral Cerebellar stroke ( ဦးနှောက်သေး ၂ခြမ်းလုံးလေဖြတ်) အထူးကျပ်မှတ်ဆောင်ထဲထည့်တာတောင် နောက်ရက်ဆုံးသွားတာပဲ။

ခေါင်းမူးတယ်ဆိုတာက အိပ်ရေးပျက်အားနည်း လို့ မူးတာကနေ လေဖြတ်တာထိ ဖြစ်နိုင်တာမို့ မပေါ့မဆပဲ ဆရာဝန်တွေနဲ့ ဆွေးနွေး တိုင်ပင်သင့်ပါကြောင်း တိုက်တွန်းရင်း …..

ပုံကတော့ ဦးနောက်အကျိတ် ဖြစ်သွားတဲ့ပထမ လူနာရဲ့ CT scan ပါ။

အခြေခံကျန်းမာရေးနဲ့ အရေးပေါ်ကျန်းမာရေး ဗဟုသုတတွေအပါတ်စဉ် တင်ပေးနေမဲ့ pageလေးဖြစ်လို့ like &followလေးလုပ်ထားကြပါလို့

#အခြေခံကျန်းမာရေး #အရေးပေါ်ကျန်းမာရေး #လေဖြတ် #ဦးနှောက်အကျိတ်

ရုတ်တရက် နှလုံးခုန်ရပ် သွားသော်…….ဘာလုပ်ရမလဲ?သည်အကြောင်းကို ရေးဖို့ အချိန်ယူနေတာကြာပီ ခုမှပဲ ရေးဖြစ်တော့တယ်။ ကျွန်တော် မ...
12/01/2025

ရုတ်တရက် နှလုံးခုန်ရပ် သွားသော်…….ဘာလုပ်ရမလဲ?

သည်အကြောင်းကို ရေးဖို့ အချိန်ယူနေတာကြာပီ ခုမှပဲ ရေးဖြစ်တော့တယ်။
ကျွန်တော် မြန်မာပြည်မှာ ဆရာဝန် ၁၀နှစ်ကျော်လုပ်ခဲ့ပါတယ် ဆေးခန်းသေးသေးကော ဆေးရုံကော Home visit ဆရာဝန်ဘဝကော အကုန်အစုံလုပ်ခဲ့ဖူးတယ်။ အိမ်မှာ နှလုံးခုန်ရပ်ပီး ခေါ်လာတဲ့လူနာကော လာခေါ်တဲ့ လူနာကော မရှင်ကြတာများပါတယ်။ ဘာလို့ဆို အနည်းဆုံးတော့ ကိုယ်နဲ့လူနာနဲ့တွေ့ချိန်က နာရီဝက်ကျော် ကြာမှလေ ဘယ်သူမှ ဘာမှမလုပ်ဘဲ ငုတ်တုတ်နဲ့ ဆရာဝန်စောင့်ကြတာများတယ်လေ။ ခုလက်ရှိ လုပ်နေတဲ့ဆေးရုံမှာ လည်း အဲ့လိုနှလုံးရပ်ပီးဆေးရုံကိုရောက်လာတဲ့လူနာတွေ အများကြီးပေါ့ အံ့ဩဖို့ကောင်းလောက်အောင်ကို ပြန်ရှင်ကြတယ်ဗျ။ ဘာတခုကွာလည်းဆိုတော့ bystander CPRကို မိသားစု နီးစပ်ရာလူ paramedics တွေက ချက်ချင်းသိသိချင်း စကြတာလေး တခုပဲ ဗျ။ ဘာမှလည်းလုပ်ရ ခက်တာလည်းမဟုတ်ပါဘူး တကယ်က ရင်ညွှန့်ကိုလက်နှစ်ဖက်တင်ဖိရုံပါပဲ။

နှလုံးခုန်ရပ်တယ်ဆိုတာ အချိန်မရွေး နေရာမရွေး လူကြီးလူငယ် အကုန်ဖြစ်နိုင်တဲ့ အ​ခြေအနေတစ်ခုပါ။ ဘာကြောင့်ရပ်တယ်ဆိုတာကတော့ အများကြီးဖြစ်နိုင်တာမို့ ရေးမကုန်နိုင်ပေါ့။ အဲ့သည်အချိန်မှာ အရေးကြီးဆုံးက bystander CPR လို့ခေါ်တဲ့ ဖြစ်ဖြစ်ချင်း စတွေ့တဲ့လူတယောက်က Chest compressionလို့ခေါ်တဲ့ ရင်ဘက်ကို လက်နဲ့ စဖိပီး နှလုံးကို ညစ်အောင်လုပ်ပေးနိုင်မှုပဲ။ အဲ့ဒါက ဦးနှောက်ကို မသေအောင် အောက်စီဂျင်ဆက်ပေးထားနိုင်တဲ့တခုတည်းသောနည်းပဲ။ စောစောလုပ်နိုင်လေ အသက်ပြန်ရှင်နိုင်ဖို့ အခွင့်အရေးများလေပဲ ထို့အတူ နောက်ကျလေ နည်းလေပဲ။ စာအဆိုအရ ၃- ၄ မိနစ် CPRမလုပ်ပဲထားရင် ပြန်ရှင်ဖို့ အခွင့်အရေးက မရှိသလောက်ပဲ။

အဲ့သည်တော့ လူတယောက်နှလုံး ရပ်မရပ် ဘယ်လို သိနိုင်မလဲ? ဘယ်သူက အတည်ပြုမလဲ ?
ရုတ်တရက်လဲကျသွားတာတို့ ပီးတော့ ခေါ်ကြည့်လို့ ဘာတုန့်ပြန်မှုမှ မရှိတော့တာတို့ ဆိုရင် အရင်ဆုံး ဘေးပါတ်ဝန်းကျင်ကိုအကူအညီတောင်းပီး ဆရာဝန် အရင်သွားပင့်တာတို့ အရေးပေါ်ကားခေါ်တာတို့လုပ်ခိုင်းပါ။အဲ့အချိန်မှာ လည်ပင်း လက်ကောက်ဝတ်မှာရှိတဲ့ သွေးကြောနေရာတွေကိုစမ်းကြည့်ပါ နှလုံးခုန်သေးရင် လူတိုင်းလွယ်လွယ်ကူကူ စမ်းမိနိုင်ပါတယ် တခါတလေ သွေးပေါအရမ်းကျလို့စမ်းမမိနိုင်တဲ့ခါမျိုးလည်း ရှိနိုင်တယ် ဆရာဝန်တွေတောင်စမ်းမမိနိုင်တာမျိုးရှိတတ်တယ်။

ကိုယ့်အတွက်ကတော့ စမ်းမမိတာနဲ့ ရင်ဘတ်ကိုစဖိဖို့ပဲ တမိနစ်ကို ၁၀၀-၁၂၀ကြားရအောင်ဖိ အချက်၃၀ဖိပီးတိုင်း ပါးစပ်ကလေ ၂ချက်မှုတ်သွင်း ရှိတာနဲ့တာ မှုတ်သွင်း။ ဘယ်ချိန်ထိလဲဆိုတော့ အရေးပေါ်ကားရောက်လာချိန်ထိပဲ။အရေးပေါ်ကားရဲ့ crewတွေကလည်း ဆေးရုံရောက်ချိန်ထိ CPRကိုဆက်လုပ်သွားဖို့အရေးကြီးပါတယ်။ သေချာပေါက်သည်လူနာက ဆေးရုံကြီး အရေးပေါ်ဌာနကို သွားရမဲ့လူနာပါပဲ။

အကျိုးအပစ်ကတော့ လူနာနံရိုးကျိုး တာတို့ အဆုတ် ဒဏ်ရာရသွားတာတို့ ဖြစ်နိုင်တာပေါ့။ ဒါပေမယ့်လဲ သူသာရှင်သွားရင်ထိုက်တန်ပါတယ်လေ။ bystnder CPRက အသက်ရှင်နိုင်ခွင့်ကို၂ဆကနေ ၃ဆထိ များစေပါတယ်။အဲ့ဒါကြောင့်မို့ ရုတ်တရက် သည်လိုအခြေနေမျိုးကြုံလာရင် မြန်မြန်ဆန်ဆန် bystander CPRကို စကြပါလို့ တိုက်တွန်းရင်း...။

အခြေခံကျန်းမာရေးနဲ့ အရေးပေါ်ကျန်းမာရေး ဗဟုသုတတွေအပါတ်စဉ် တင်ပေးနေမဲ့ pageလေးဖြစ်လို့ like &followလေးလုပ်ထားကြပါလို့

#ရုတ်တရက်နှလုံးခုန်ရပ်သွားသော် #အရေးပေါ်ကျန်းမာရေး #အခြေခံကျန်းမာရေး

သည် page လေးကတော့ အခြေခံ ကျန်းမာရေးမှသည် အရေးပေါ်ကျန်းမာရေးအခြေအနေထိ ပါတ်သတ်နေတဲ့ ဗဟုသုတတွေ မျှဝေပေးဖို့ဖြစ်ပါတယ်။
08/01/2025

သည် page လေးကတော့ အခြေခံ ကျန်းမာရေးမှသည် အရေးပေါ်ကျန်းမာရေးအခြေအနေထိ ပါတ်သတ်နေတဲ့ ဗဟုသုတတွေ မျှဝေပေးဖို့ဖြစ်ပါတယ်။

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Dr on Air posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share