Thai Thukha ထိုင်းသုခ

Thai Thukha ထိုင်းသုခ ကျန်းမာရေးဝန်ဆောင်မှု

ထိုင်းနိုင်ငံသို့ ဆေးကုသခံယူရန်
လာရောက်လိုသူများအတွက်မိမိ၏ ကျန်းမာရေးအခက်အခဲများကို
ထိရောက်မှုအရှိဆုံးကုထုံးများရရှိနိုင်ရန်နှင့်ငွေကုန်ကြေးကျသက်သာစေရန်တက်ကျွမ်းနားလည်သောမြန်မာဆရာဝန်များမှထိုင်းနိုင်ငံရှိအထူးကုဆရာဝန်ကြီးများနှင့်အတူပူးပေါင်း၍ဆေးရုံများကိုချိတ်ဆက်ကူညီဆောင်ရွက်ပေး‌နေသောဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။

💦 သင်္ကြန်ဆုတောင်း 💦မြန်မာရိုးရာနှစ်သစ်ကူး သင်္ကြန်အချိန်အခါသမယမှာ စိတ်ချမ်းသာ၊ကိုယ်ကျန်းမာပြီး ဘေးဘယာတွေ ဝေးကွာပါစေကြော...
13/04/2026

💦 သင်္ကြန်ဆုတောင်း 💦

မြန်မာရိုးရာနှစ်သစ်ကူး သင်္ကြန်အချိန်အခါသမယမှာ စိတ်ချမ်းသာ၊ကိုယ်ကျန်းမာပြီး ဘေးဘယာတွေ ဝေးကွာပါစေကြောင်း "ထိုင်းသုခ Thai Thukha" မိသားစုမှ ဆုတောင်း မေတ္တာပို့သအပ်ပါတယ်ခင်ဗျာ။

https://thaithukha.com/


☀️ အချိန်မဆွဲသင့်တဲ့ အသက်အန္တရာယ်ရှိနိုင်တဲ့ "အပူလျှပ်ခြင်း" (Heat Stroke) ကို ဘယ်လိုကာကွယ်မလဲ?အခုလို ပူပြင်းလွန်းတဲ့ နွ...
07/04/2026

☀️ အချိန်မဆွဲသင့်တဲ့ အသက်အန္တရာယ်ရှိနိုင်တဲ့ "အပူလျှပ်ခြင်း" (Heat Stroke) ကို ဘယ်လိုကာကွယ်မလဲ?

အခုလို ပူပြင်းလွန်းတဲ့ နွေရာသီမှာ အပူရှိန်ကြောင့် ခန္ဓာကိုယ်အပူချိန်ဟာ 104°F (40°C) အထက်ကို ရုတ်တရက် မြင့်တက်လာပြီး အသက်အန္တရာယ်အထိ စိုးရိမ်ရတဲ့ Heat Stroke (အပူလျှပ်ခြင်း) ဝေဒနာကို အထူးသတိပြုဖို့ လိုအပ်ပါတယ်။
အချိန်မီ မကုသနိုင်ပါက ဦးနှောက်၊ နှလုံးနဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေနိုင်တာကြောင့် အောက်ပါအချက်တွေကို ကြိုတင်သိရှိထားကြရအောင်ပါ... 👇

⚠️ သတိထားကြည့်ရှုရမယ့် လက္ခဏာများ
• ကိုယ်ပူချိန် အလွန်ကြီးခြင်း: ကိုယ်ပူချိန် 104°F အထက် ရှိနေခြင်း။
• အသားအရေ နီမြန်းခြောက်သွေ့ခြင်း: ချွေးမထွက်တော့ဘဲ အသားအရေ ပူပြီး နီမြန်းလာခြင်း။
• အာရုံကြော ထိခိုက်ခြင်း: စကားပြော ဗလုံးဗထွေးဖြစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ လမ်းလျှောက်ရာတွင် တယိမ်းတယိုင်ဖြစ်ခြင်း သို့မဟုတ် သတိလစ်ခြင်း။
• အခြားလက္ခဏာများ: ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ပျို့အန်ခြင်းနှင့် နှလုံးခုန် အလွန်မြန်ခြင်း။

👥 ဘယ်သူတွေ ပိုအန္တရာယ်ရှိသလဲ?

• ကလေးငယ်များနှင့် အသက်ကြီးသူများ။
• နေပူထဲမှာ အလုပ်လုပ်ရသူများ။
• နှလုံး၊ ဆီးချို စတဲ့ ရောဂါရှိသူများ။
• ရေဓာတ်မလုံလောက်သူများ။

🛡️ ကြိုတင်ကာကွယ်ရန် နည်းလမ်းများ-

1. ရေဓာတ်ဖြည့်ပါ: ရေငတ်သည်အထိမစောင့်ဘဲ တစ်နေ့တာလုံး ရေကို ခဏခဏ သောက်ပေးပါ။ (အရက်နှင့် ကဖိန်းဓာတ်ပါသော အချိုရည်များ ရှောင်ပါ)
2. အဝတ်အစား: လေဝင်လေထွက်ကောင်းတဲ့ ချည်သားပွပွ၊ အရောင်ဖျော့တာတွေကို ဝတ်ဆင်ပါ။
3. အချိန်အခါရွေးပါ: နေပူအရှိန်အပြင်းဆုံးအချိန် (နံနက် ၁၁ နာရီမှ ညနေ ၄ နာရီအတွင်း) အပြင်ထွက်ခြင်းကို တတ်နိုင်သမျှ ရှောင်ပါ။
4. အကာအကွယ်ယူပါ: အပြင်ထွက်ပါက ထီး၊ ဦးထုပ်နှင့် နေကာမျက်မှန်များ အမြဲဆောင်ထားပါ။

🚑 အရေးပေါ်အခြေအနေ ကြုံလာပါက (ရှေးဦးသူနာပြုစုနည်း)
အနားမှာ တစ်ဦးဦး အပူလျှပ်ပြီဟု သံသယရှိပါက ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ရန် ပြင်ဆင်ပြီး မသွားမီအတွင်း အောက်ပါတို့ကို ဆောင်ရွက်ပေးပါ -
• လူနာကို အေးမြပြီး လေဝင်လေထွက်ကောင်းသော အရိပ်အောက်သို့ ချက်ချင်းရွှေ့ပါ။
• ကျပ်ထုတ်နေသောအဝတ်အစားများကို ဖယ်ရှားပေးပြီး အသက်ရှူချောင်အောင် လုပ်ပေးပါ။
• ကိုယ်အပူချိန်ချပေးပါ: ရေအေးစိမ်ထားသော အဝတ်ဖြင့် ကိုယ်တိုက်ပေးပါ။ ရေခဲဝတ်ကို ချိုင်းကြား၊ ပေါင်ခြံ၊ လည်ပင်း တို့တွင် ကပ်ပေးပါ။
• ❌ အထူးသတိပြုရန်: လူနာ သတိမရှိပါက ရေ (သို့မဟုတ်) ဆေး လုံးဝ (လုံးဝ) တိုက်ရန် မကြိုးစားပါနှင့်။

နွေအပူဒဏ်ကို သတိပြုဆင်ခြင်ပြီး ဘေးကင်းလုံခြုံတဲ့ နွေရာသီလေးကို ပိုင်ဆိုင်ကြပါစေ။ 🙏

👇

https://thaithukha.com/

—————————————————
လူကြီးမင်းတို့၏ ကျန်းမာရေးအတွက် ယုံကြည်စိတ်ချရသော Thai Thukha Medical Service ရှိပါသည်။ ထိုင်းနိုင်ငံ၏ ထိပ်တန်းဆေးရုံကြီးများတွင် ကုသမှုခံယူနိုင်ရန် ကျွန်တော်တို့မှ အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးနေပါသည်။
• အကောင်းဆုံးသော အထူးကုဆရာဝန်ကြီးများ ၊ ဆေးရုံများနှင့် ချိတ်ဆက်ပေးခြင်း။
• ကုသမှုဆိုင်ရာ အချက်အလက်များကို နားလည်လွယ်အောင် အသေးစိတ် ရှင်းလင်းပေးခြင်း။
• ကုန်ကျစရိတ်နှင့် ဆေးရုံတက်ရမည့်ရက်များကို ကြိုတင်ခန့်မှန်းတွက်ချက်ပေးခြင်း။
• ဘာသာစကား အခက်အခဲမရှိစေရန် ကျွမ်းကျင်စကားပြန်များဖြင့် ကူညီပေးခြင်း။

#အပူလျှပ်ခြင်း #ကျန်းမာရေးဗဟုသုတ

05/04/2026

US ကနေ ထိုင်းကို ဆေးကုသဖို့သွားမယ့် လူနာများအတွက် အထူးသတင်းကောင်း 🏥✈️ 🇺🇸 🇹🇭

ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ ဝန်ဆောင်မှုတွေကို US ကနေ အလွယ်တကူ ချိတ်ဆက်နိုင်မယ့် Thai Thukha Webpage လေး အဆင်သင့်ရှိနေပါပြီခင်ဗျ။

✅ လွယ်ကူသော ဆက်သွယ်မှု
✅ စနစ်ကျသော ဝန်ဆောင်မှု
✅ ယုံကြည်စိတ်ချရသော လမ်းညွှန်မှု

အောက်ပါ Link မှာ အသေးစိတ်ဝင်ရောက် ကြည့်ရှုနိုင်သလို၊ လိုအပ်တာရှိရင် ကျွန်တော်တို့ဆီလည်း တိုက်ရိုက် Message ပို့ပြီး မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

https://thaithukha.com/

🎄𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 ဆုတောင်း....🎄❄️🎅 ☃️ ❄️ အေးချမ်းလှတဲ့ ဒီဇင်ဘာ ဆောင်းအငွေ့အသက်တွေနဲ့အတူ မကြာမှီ ကျရောက်လာမည့် “ပျော်ဖို့ကောင်းပ...
25/12/2025

🎄𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 ဆုတောင်း....🎄❄️🎅

☃️ ❄️ အေးချမ်းလှတဲ့ ဒီဇင်ဘာ ဆောင်းအငွေ့အသက်တွေနဲ့အတူ မကြာမှီ ကျရောက်လာမည့်

“ပျော်ဖို့ကောင်းပြီး နှစ်လိုဖွယ်ကောင်းတဲ့ နွေးထွေးတဲ့ 🎅🎄 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 🎄” အချိန်အခါသမယမှာ....

ကျန်းမာခြင်း၊ချမ်းသာကြွယ်၀ခြင်း၊စိတ်ကြည်နူးခြင်းနှင့် ကံကောင်းခြင်းပေါင်းများစွာကိုသင်နှင့် သင့်မိသားစု၊ချစ်ခင်သူအားလုံးပေါ်ကျရောက်ပါစေလို့ ThaiThukha မိသားစု မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ...🙏

🌲ပျော်ရွှင်စရာ 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 လ လေး ဖြစ်ပါစေ ခင်ဗျာ 🌲❣️❣️❣️

🎄 🎄

🪔 ဝါလကင်းလွတ် သီတင်းကျွတ် ပွဲတော်အခါသမယတွင်  ချစ်ခင်လေးစားတန်ဖိုးထားရသော ဆွေမျိုးမိတ်ဆွေများ၊ လူကြီးမင်းအားလုံးတို့အား က...
05/10/2025

🪔 ဝါလကင်းလွတ် သီတင်းကျွတ် ပွဲတော်အခါသမယတွင် ချစ်ခင်လေးစားတန်ဖိုးထားရသော ဆွေမျိုးမိတ်ဆွေများ၊ လူကြီးမင်းအားလုံးတို့အား

ကိုယ်အေးစိတ်ချမ်း၊ ကျန်းမာမြဲရှိကြပါစေ။
စီးပွါးလာဘ်လာဘများ တိုးတက်ကြီးပွားပြီး ဘေးရန်အန္တရာယ်မှ ကင်းဝေးကာ အခက်အခဲဟူသမျှကို အောင်မြင်စွာ ကျော်လွှားနိုင်ပါစေလို့ Thai Thukha မိသားစု မှ မင်္ဂလာဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🙏🙏🙏

#သီတင်းကျွတ်ဆုတောင်း

Piyavate ပီရာဝေ့ ဆေးရုံကြီး မှ ကျန်းမာရေး စစ်ဆေးမှု package ကို အထူးဈေးနဲ့ ရရှိနိုင်ပါပြီ 🩺✨🧑🏻‍⚕️ ကျန်းမာရေးစစ်ဆေးမှုကို...
28/08/2025

Piyavate ပီရာဝေ့ ဆေးရုံကြီး မှ ကျန်းမာရေး စစ်ဆေးမှု package ကို အထူးဈေးနဲ့ ရရှိနိုင်ပါပြီ 🩺✨

🧑🏻‍⚕️ ကျန်းမာရေးစစ်ဆေးမှုကို တစ်နှစ်တစ်ကြိမ် သေချာလုပ်ထားခြင်းကသင့်အနာဂတ်အတွက် အကောင်းဆုံး လက်ဆောင် ဖြစ်မယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်။

📲 အသေးစိတ်မေးမြန်းလိုသူများ အခုပဲစုံစမ်းလိုက်ပါနော်။

🎁 Promotion အထူးပဲ‼️၂၈ နှစ်ပြည့် Kasemrad Prachachuen Hospital ဆေးရုံရဲ့ တစ်ချိန်တည်းသာ Promotion ရရှိနိုင်မယ့် အခွင့်အရ...
22/08/2025

🎁 Promotion အထူးပဲ‼️

၂၈ နှစ်ပြည့် Kasemrad Prachachuen Hospital ဆေးရုံရဲ့ တစ်ချိန်တည်းသာ Promotion ရရှိနိုင်မယ့် အခွင့်အရေးလေးနော်။

🎄𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 ဆုတောင်း....🎄 ☃️ ❄️ အေးချမ်းလှတဲ့ ဒီဇင်ဘာ ဆောင်းအငွေ့အသက်တွေနဲ့အတူ မကြာမှီ ကျရောက်လာမည့် “ပျော်ဖို့ကောင်းပြီး...
25/12/2024

🎄𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 ဆုတောင်း....🎄

☃️ ❄️ အေးချမ်းလှတဲ့ ဒီဇင်ဘာ ဆောင်းအငွေ့အသက်တွေနဲ့အတူ မကြာမှီ ကျရောက်လာမည့်

“ပျော်ဖို့ကောင်းပြီး နှစ်လိုဖွယ်ကောင်းတဲ့ နွေးထွေးတဲ့ 🎅🎄 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 🎄” အချိန်အခါသမယမှာ....

ကျန်းမာခြင်း၊ချမ်းသာကြွယ်၀ခြင်း၊စိတ်ကြည်နူးခြင်းနှင့် ကံကောင်းခြင်းပေါင်းများစွာကိုသင်နှင့် သင့်မိသားစု၊ချစ်ခင်သူအားလုံးပေါ်ကျရောက်ပါစေလို့ ထိုင်းသုခ မိသားစု မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ...🙏

🌲ပျော်ရွှင်စရာ 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 လ လေး ဖြစ်ပါစေ ခင်ဗျာ 🌲❣️❣️❣️

🎄 🎄
🎄

ထိုင်းသုခရဲ့ မိတ်ဟောင်းမိတ်သစ်များ အားလုံးအတွက် ကျန်းမာရေးစစ်ဆေးမှု ၅၀% အထူးလျှော့ဈေးကြီးလာပါပြီရှင့်‼️Thainakarin ဆေးရု...
02/08/2024

ထိုင်းသုခရဲ့ မိတ်ဟောင်းမိတ်သစ်များ အားလုံးအတွက် ကျန်းမာရေးစစ်ဆေးမှု ၅၀% အထူးလျှော့ဈေးကြီးလာပါပြီရှင့်‼️

Thainakarin ဆေးရုံကြီးရဲ့ 31st Anniversary အထိမ်းအမှတ်အနေဖြင့် အရမ်းတန်တဲ့ ကျန်းမာရေး စစ်ဆေးမှု package ကို ၅၀% အထူးလျှော့ဈေးနဲ့ 2024 December လကုန်ထိ ရယူနိုင်မှာပဲဖြစ်ပါတယ်ရှင့်။

📍အသေးစိတ်သိရှိလိုပါက
🇹🇭 ထိုင်းနိုင်ငံ (ဖုန်း) - +66 (0) 896492656 / Viber
+66 (0) 825547778 / Viber
🇲🇲မြန်မာပြည် (ဖုန်း) - 09424022620, 09895550020 / Viber
🇸🇬 စင်ကာပူနိုင်ငံ (ဖုန်း) - +65 (0) 80437955 / Viber
Email : [email protected]
သို့ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့် 🙏🙏🙏

ที่อยู่

Soi Si Ayutthaya, Thanon Phaya Thai, Ratchathewi
Bangkok
10400

เวลาทำการ

จันทร์ 09:00 - 18:00
อังคาร 09:00 - 18:00
พุธ 09:00 - 18:00
พฤหัสบดี 09:00 - 18:00
ศุกร์ 09:00 - 18:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Thai Thukha ထိုင်းသုခผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์