ဘန်ကောက် - မြန်မာဆေးဝယ်ပို့ဝန်ဆောင်မှု

ဘန်ကောက် - မြန်မာဆေးဝယ်ပို့ဝန်ဆောင်မှု ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก ဘန်ကောက် - မြန်မာဆေးဝယ်ပို့ဝန်ဆောင်မှု, การแพทย์และสุขภาพ, Bangkok.

ဘန်ကောက် - မြန်မာဆေးဝယ်ပို့ဝန်ဆောင်မှု page မှကြိုဆိုပါတယ်ရှင် 🙏

ဘန်ကောက်ကဆေးရုံ/ဆေးဆိုင်များ မှ မြန်မာပြည်က်ို သောက်ဆေးဝယ်ပို့ဝန်ဆောင်မှုပေးနေပါတယ်ရှင် 🙏🏻

Viber / Line / Phone / Whatsapp / Telegram >
+ 66 889914232
Email > [email protected]

🚩 ထိုင်းတွင် အမည်ခံအသုံးပြု၍ မြေဝယ်ယူသူများနှင့် အမည်ခံပေးသူများ ထောင်ဒဏ်နှင့် ဒဏ်ငွေ ချမှတ်ခံရမည်ထိုင်းနိုင်ငံ မြေယာဦးစ...
13/05/2026

🚩 ထိုင်းတွင် အမည်ခံအသုံးပြု၍ မြေဝယ်ယူသူများနှင့် အမည်ခံပေးသူများ ထောင်ဒဏ်နှင့် ဒဏ်ငွေ ချမှတ်ခံရမည်
ထိုင်းနိုင်ငံ မြေယာဦးစီးဌာနသည် နိုင်ငံခြားသားများက ထိုင်းနိုင်ငံသားအမည်ခံကာ တရားမဝင် မြေပိုင်ဆိုင်ခြင်းကို တားဆီးရန် စစ်ဆေးမှုများ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပြီဖြစ်သည်။ အဆိုပါဥပဒေကို ဖောက်ဖျက်ပါက နိုင်ငံခြားသားသာမက အမည်ခံပေးသည့် ထိုင်းနိုင်ငံသားပါ ထောင်ဒဏ်၊ ဒဏ်ငွေနှင့် မြေယာများအား အဓမ္မပြန်လည်ရောင်းချစေခြင်း စသည့် ပြစ်ဒဏ်များ ရင်ဆိုင်ရမည်ဟု သတိပေးထားသည်။

စစ်ဆေးမှုအသစ်တွင် ပါဝင်သည့် အချက်များ-

မှတ်ပုံတင်ခြင်းမပြုမီနှင့် ပြုပြီးနောက် စစ်ဆေးခြင်း: မြေယာပိုင်ဆိုင်ခွင့် လျှောက်ထားရာတွင် ပိုမိုစိစစ်မည်ဖြစ်သလို၊ မှတ်ပုံတင်ပြီးသား မြေယာများကိုလည်း ပြန်လည်စောင့်ကြည့်မည်။

ငွေကြေးအရင်းအမြစ်ကို စစ်ဆေးခြင်း: ဝယ်ယူသည့်ငွေသည် မည်သည့်နေရာမှ ရရှိသနည်းဆိုသည်ကို အသေးစိတ် စစ်ဆေးမည်။

အိမ်ထောင်ဖက်များအား စစ်ဆေးခြင်း: ထိုင်းနိုင်ငံသားနှင့် လက်ထပ်ထားသည့် နိုင်ငံခြားသားဖြစ်ပါက မြေဝယ်ယူသည့်ငွေသည် ထိုင်းနိုင်ငံသား၏ ကိုယ်ပိုင်ငွေအစစ်အမှန်ဖြစ်ကြောင်း ခိုင်လုံသော အထောက်အထားပြရမည်။

ကုမ္ပဏီများကို စစ်ဆေးခြင်း: နိုင်ငံခြားသားများက ကုမ္ပဏီထောင်၍ မြေဝယ်ယူထားပါက အစုရှယ်ယာရှင်များ၊ ကုမ္ပဏီဝင်ငွေနှင့် မြေအသုံးချမှုပုံစံများကို အသေးစိတ် ပြန်လည်စစ်ဆေးမည်။

⚠️ နိုင်ငံခြားသားများ မြေပိုင်ဆိုင်ခွင့်ရရှိနိုင်သည့် ခြွင်းချက် (၃) ချက်
ထိုင်းဥပဒေအရ နိုင်ငံခြားသားများသည် အောက်ပါအခြေအနေအနည်းငယ်တွင်သာ မြေပိုင်ဆိုင်ခွင့်ရှိသည်-

တရားဝင်အမွေဆက်ခံသူအဖြစ် အမွေရရှိခြင်း။

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသတ်မှတ်ချက်များနှင့်အညီ နေထိုင်ရန်အတွက် ဝယ်ယူခြင်း။

ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဘုတ်အဖွဲ့ (BOI) ကဲ့သို့သော အထူးဥပဒေများအောက်တွင် ခွင့်ပြုချက်ရရှိထားခြင်း။

Migrant Diary ၏ အကြံပြုချက်:
ထိုင်းနိုင်ငံတွင် အခြေချနေထိုင်လိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့၏ ပိုင်ဆိုင်မှုများ ဆုံးရှုံးမှုမရှိစေရန်နှင့် ဥပဒေကြောင်းအရ အရေးယူမခံရစေရန် "အမည်ခံစနစ်" ဖြင့် မြေဝယ်ယူခြင်းကို အထူးသတိပြု ရှောင်ကြဉ်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

17/04/2026

အခုတစ်လော ကုန်လမ်းရောလေကြောင်းရောပစ္စည်းပို့ဖို့အရမ်းအဆင်မပြေတာမို့ လူကြုံရှိမှသာအဆင်ပြေပါမည်ရှင့် 🙏🏻

အခုဆို ထိုင်းနိုင်ငံအစိုးရက PR လို့ ခေါ်တဲ့ အမြဲတမ်းနေထိုင်ခွင့်ကို 2026 ခုနှစ်အတွက် လျှောက်ထားခွင့်ပေးလိုက်ပါပြီPermane...
09/03/2026

အခုဆို ထိုင်းနိုင်ငံအစိုးရက PR လို့ ခေါ်တဲ့ အမြဲတမ်းနေထိုင်ခွင့်ကို 2026 ခုနှစ်အတွက် လျှောက်ထားခွင့်ပေးလိုက်ပါပြီ

Permanent Residency (PR) ဆိုတာက ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့သူတွေ၊ စီးပွားရေးလုပ်နေတဲ့သူတွေ၊ မိသားစုနဲ့အတူနေထိုင်နေတဲ့သူတွေအတွက် မက်ခွင့်ရမယ့် အိမ်မက်တစ်ခုလို ဆိုနိုင်ပါတယ်ရှင်

ဒီထဲမှာမှ Non-Immigrant Visa ကို နှစ်ပေါင်းများစွာ ဆက်တိုက်တိုးပြီး နေထိုင်လာသူတွေ အတွက်တော့ PR ရရှိဖို့ ရာခိုင်နှုန်းပိုများပါလိမ့်မယ်ရှင့်

✔ PR ရရင် ဘာတွေကောင်းသွားမလဲ

• Visa Extension နှစ်တိုင်းလုပ်စရာ မလိုတော့ဘူး

• Thailand ထဲမှာ Long-term Resident အဖြစ်နေထိုင်နိုင်မယ်

• Work Permit လုပ်ရာမှာ လွယ်ကူလာနိုင်တယ်ရှင်

• မိသားစု Sponsorship အတွက် အခွင့်အရေးပိုများလာနိုင်တယ်ရှင်

• အနာဂတ်မှာ Thai Citizenship လျှောက်နိုင်မယ့် လမ်းကြောင်းတစ်ခုဖြစ်လာနိုင်ပါတယ်ရှင်

✔ ဘယ်သူတွေလျှောက်နိုင်မလဲ

အများအားဖြင့် အောက်ပါ Non-Immigrant Visa Holder တွေက PR လျှောက်နိုင်တဲ့ Category တွေထဲ ပါနိုင်ပါတယ်ရှင်။

• Employment / Work Visa ကိုင်ဆောင်ထားသူများ

• Business Investor များ

• ထိုင်းနိုင်ငံသားနဲ့ Family ဝင်ဖြစ်နေသူ၊ လက်ထပ်ထားသူ

• Expert / Specialist Category အတွင်း အကျုံးဝင်သူများ

✔ ဘာတွေပြင်ဆင်ထားသင့်လဲ

PR လျှောက်ဖို့ အနားကပ်မှ ပြင်ဆင်တာမျိုးမလုပ်ပဲ အနည်းဆုံး ၂ – ၃ နှစ် ကတည်းက ကြိုတင်ပြင်ဆင်ထားရင် အောင်မြင်နိုင်ခြေ ပိုများပါတယ်ရှင်။

အခြေခံအားဖြင့်

1️⃣Tax ID လျှောက်ပြီး Personal Income မှန်မှန်ဆောင်ထားခြင်း

👉 PR လျှောက်တဲ့အခါ Tax Record က အရေးကြီးတဲ့ Evidence တစ်ခုဖြစ်ပါတယ်ရှင်

• Tax ID (TIN) လျှောက်ထားထားရမယ်ရှင်

• Personal Income Tax ကို နှစ်တိုင်း မှန်မှန်ဆောင်ထားရမယ်ရှင်

• Salary / Income record တွေ clear ဖြစ်ဖို့လိုပါတယ်ရှင်

2️⃣ Continuous Visa History

• Non-Immigrant Visa နဲ့ ထိုင်းနိုင်ငံမှာ ဆက်တိုက်နေထိုင်ထားရမယ်ရှင့်

• Visa Extension history က Clean record ဖြစ်ရမယ်ရှင့်

• Overstay history မရှိသင့်ပါဘူးရှင့်

3️⃣Stable Job သို့မဟုတ် Business

• Employment Category ဆိုရင် Work Permit + Stable Salary ရှိရမယ်ရှင့်

• Company documents, employment contract, salary record တွေရှိရမယ်ရှင့်

• Business category ဆိုရင် Company registration / shareholding စတဲ့အချက်တွေ လိုပါတယ်ရှင့်

4️⃣Thai Language Skill

PR interview အချိန်မှာ Officer က ထိုင်းလို မေးမှာ ဖြစ်ပါတယ် ဒါ့ကြောင့် Basic Thai conversation ကို ကောင်းကောင်းပြောနိုင်ရင် အရမ်းအထောက်အကူဖြစ်ပါတယ်ရှင့်

5️⃣Good Conduct Record

• Criminal record မရှိရပါဘူးနော်

Immigration record clean ဖြစ်ရပါမယ်ရှင့်

ဒီလို အခြေခံအချက်တွေကို နားလည်ပြီဆိုရင်တော့ PR လျှောက်ထားဖို့အတွက် အခုကတည်းက ပြင်ဆင်ထားလို့ရပါပြီရှင့် ။

01/03/2026
16/02/2026

Happy Lunar New Year 2026 🐴

မြန်မာပြည်ပို့မှမဟုတ်ပဲဘန်ကောက် ရောက်လို့ ကိုယ်တိုင်သယ်သွားမယ်ဆိုတဲ့ Customer များအတွက်လဲ ဟိုတယ်ကိုလိုချင်တဲ့နေ့-အချိန် ...
02/02/2026

မြန်မာပြည်ပို့မှမဟုတ်ပဲဘန်ကောက် ရောက်လို့ ကိုယ်တိုင်သယ်သွားမယ်ဆိုတဲ့ Customer များအတွက်လဲ ဟိုတယ်ကိုလိုချင်တဲ့နေ့-အချိန် အမှီပို့ပေးပါတယ်ရှင့် ။
ရေခဲဆေးဆိုရင် ရေခဲအိတ်/ပုံးနဲ့ Gel Ice packs လေးနဲ့သေချာထည့်ပြီးပို့ပေးပါတယ်ရှင့် ။

အခုလို ဘန်ကောက် မြန်မာဆေးဝယ်ပို့ဝန်ဆောင်မှု Page မှယုံကြည်စိတ်ချစွာ မှာယူအားပေးကြသော Customers တစ်ဦးချင်းစီကို အထူးပင်ကျေးဇူးတင်ပါတယ်ရှင် 🙏


#ဘန်ကောက်_မြန်မာဆေးဝယ်ပို့ဝန်ဆောင်မှု

မြန်မာပြည်ပို့မှမဟုတ်ပဲဘန်ကောက် ရောက်လို့ ကိုယ်တိုင်သယ်သွားမယ်ဆိုတဲ့ Customer များအတွက်လဲ ဟိုတယ်ကိုလိုချင်တဲ့နေ့-အချိန် ...
31/01/2026

မြန်မာပြည်ပို့မှမဟုတ်ပဲဘန်ကောက် ရောက်လို့ ကိုယ်တိုင်သယ်သွားမယ်ဆိုတဲ့ Customer များအတွက်လဲ ဟိုတယ်ကိုလိုချင်တဲ့နေ့-အချိန် အမှီပို့ပေးပါတယ်ရှင့် ။
ရေခဲဆေးဆိုရင် ရေခဲအိတ်/ပုံးနဲ့ Gel Ice packs လေးနဲ့သေချာထည့်ပြီးပို့ပေးပါတယ်ရှင့် ။

အခုလို ဘန်ကောက် မြန်မာဆေးဝယ်ပို့ဝန်ဆောင်မှု Page မှယုံကြည်စိတ်ချစွာ မှာယူအားပေးကြသော Customers တစ်ဦးချင်းစီကို အထူးပင်ကျေးဇူးတင်ပါတယ်ရှင် 🙏


#ဘန်ကောက်_မြန်မာဆေးဝယ်ပို့ဝန်ဆောင်မှု

ထိုင်းရောက်မြန်မာများ သတိပြုရန်- မျောက်ကျောက်ရောဂါ (Mpox) ကူးစက်မှု မြင့်တက်နေဘန်ကောက် ၊ ၁၉ ရက် ၊ ၂၀၂၆ထိုင်းနိုင်ငံမှာ န...
20/01/2026

ထိုင်းရောက်မြန်မာများ သတိပြုရန်- မျောက်ကျောက်ရောဂါ (Mpox) ကူးစက်မှု မြင့်တက်နေ

ဘန်ကောက် ၊ ၁၉ ရက် ၊ ၂၀၂၆

ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်ကိုင်နေကြတဲ့ မိဘပြည်သူ ညီအစ်ကိုမောင်နှမများအားလုံး ကျန်းမာရေး အထူးသတိပြုကြဖို့ တိုက်တွန်းလိုပါတယ်။ ၂၀၂၂ ခုနှစ်ကနေ အခု ၂၀၂၆ ခုနှစ်အစအထိ ထိုင်းနိုင်ငံအတွင်း မျောက်ကျောက်ရောဂါ (Mpox) အတည်ပြုလူနာဟာ (၁,၀၀၀) နီးပါးအထိ ရှိလာပြီလို့ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ကူးစက်ခံရသူ ၉၇% ဟာ အမျိုးသားတွေဖြစ်ပြီး အလုပ်လုပ်ကိုင်နိုင်တဲ့ လူငယ်/လူလတ်ပိုင်းအရွယ်တွေမှာ အများဆုံး တွေ့ရပါတယ်။

ဘန်ကောက်၊ ချင်းမိုင်၊ ဖူးခက်၊ နွန်သဘူရီ နဲ့ စမွတ်ပရာကန် စတဲ့ မြို့ကြီးတွေမှာ ကူးစက်မှုအများဆုံး ဖြစ်ပွားနေတာပါ။

ဘယ်လိုကူးစက်သလဲ? - ရောဂါရှိသူနဲ့ အနီးကပ် ထိတွေ့တာ၊ အရေပြားချင်း ထိတွေ့တာနဲ့ အသုံးအဆောင်ပစ္စည်း မျှဝေသုံးစွဲတာတွေကနေ ကူးစက်နိုင်ပါတယ်။

မိမိကိုယ်ကို ဘယ်လိုကာကွယ်မလဲ?

၁။ ခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်တဲ့ အဖုအပိမ့် ဒါမှမဟုတ် အကျိတ်ရှိသူတွေနဲ့ အနီးကပ် ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။
၂။ တစ်ကိုယ်ရေသုံး ပစ္စည်းများ (မျက်နှာသုတ်ပုဝါ၊ အဝတ်အထည်) ကို သူတစ်ပါးနဲ့ မျှဝေမသုံးပါနဲ့။
၃။ လက်ကို ဆပ်ပြာ ဒါမှမဟုတ် အယ်လ်ကိုဟောဂျယ်လ်နဲ့ မကြာခဏ ဆေးကြောပါ။
၄။ လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှု ရှိပါစေ။

အကယ်၍ မိမိမှာ ဖျားတာ၊ လည်ပင်းအကျိတ်ရောင်တာ၊ ခန္ဓာကိုယ်မှာ အဖုအပိမ့်တွေ ထွက်လာတာမျိုး ရှိရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို ချက်ချင်း သွားရောက်ပြသဖို့ လိုအပ်ပါတယ်။ ထိုင်းအစိုးရကလည်း ကူးစက်နိုင်ခြေ မြင့်မားတဲ့ ဒေသတွေမှာ ကာကွယ်ဆေး ထိုးနှံပေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

အားလုံးပဲ ဘေးအန္တရာယ်ကင်းဝေးကြပါစေ။

#ထိုင်းရောက်မြန်မာများ #မျောက်ကျောက်ရောဂါ #ကျန်းမာရေးသတိပေးချက်

🇹🇭 ဘန်ကောက်တွင် လေထုညစ်ညမ်းမှုဆိုးရွားလာသဖြင့် မိုးတုရွာပြီး အရေးပေါ်ရှင်းလင်းနေ17 Jan 2026ဘန်ကောက်နဲ့ အနီးတဝိုက်မှာ လေထ...
17/01/2026

🇹🇭 ဘန်ကောက်တွင် လေထုညစ်ညမ်းမှုဆိုးရွားလာသဖြင့် မိုးတုရွာပြီး အရေးပေါ်ရှင်းလင်းနေ

17 Jan 2026

ဘန်ကောက်နဲ့ အနီးတဝိုက်မှာ လေထုညစ်ညမ်းမှု PM 2.5 အညွှန်းကိန်းများ "အနီရောင်" အဆင့်ထိ မြင့်တက်လာတာကြောင့် The Department of Royal Rainmaking and Agricultural Aviation မှအရေးပေါ် စစ်ဆင်ရေးတွေ စတင်နေပြီဖြစ်ပါတယ်။

လေယာဉ်အုပ်စုများကို အဓိကအခြေစိုက်စခန်းများမှ တစ်နေ့လျှင် အကြိမ်ရေများစွာ တိုးမြှင့်ပျံသန်းစေကာ လေထုသန့်စင်ရေး နည်းပညာများဖြင့် လုပ်ဆောင်နေပါတယ်။
လိုအပ်ပါက ညဘက်တွင်ပါ အရေးပေါ် ပျံသန်းမှုများ လုပ်ဆောင်ရန် အသင့်ပြင်ထားကြောင်းလည်း သိရှိရပါတယ်။

⚠️ ကျန်းမာရေး သတိပေးချက်
အထူးသဖြင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူများအနေဖြင့်
• အပြင်ထွက်ခြင်းကို တတ်နိုင်သမျှ ကန့်သတ်ရန်။
• အပြင်တွင် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ ရှောင်ကြဉ်ရန်။
• အပြင်ထွက်ပါက PM 2.5 ကာကွယ်နိုင်သော နှာခေါင်းစည်းများ တပ်ဆင်ရန် ကျန်းမာရေးဌာနက တိုက်တွန်းထားပါတယ်။
မှတ်ချက်။ ယခု စစ်ဆင်ရေးသည် ဘန်ကောက်လေကြောင်းပိုင်နက်အတွင်း ပထမဦးဆုံးအကြိမ် စီးပွားရေးလေကြောင်းလိုင်းများနှင့် ညှိနှိုင်းကာ အနိမ့်ပျံသန်းမှု (ပေ ၃၀၀၀ အောက်) ဖြင့် ဖုန်မှုန့်တိုက်ဖျက်ရေးကို ထိရောက်စွာ လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။
Ref: The Nation
#ထိုင်းသတင်း #လေထုညစ်ညမ်းမှု #မိုးတုရွာသွန်းခြင်း

ထိုင်းက အအေးဒဏ်နဲ့ PM 2.5  ကြောင့် ရုတ်တရက် နှလုံးရပ်သွားနိုင်တဲ့ အန္တရာယ်ရှိ မူးတာ၊ ရင်တုန်တာ ခံစားရရင် ဆေးခန်းပြဖို့လိ...
12/01/2026

ထိုင်းက အအေးဒဏ်နဲ့ PM 2.5 ကြောင့် ရုတ်တရက် နှလုံးရပ်သွားနိုင်တဲ့ အန္တရာယ်ရှိ
မူးတာ၊ ရင်တုန်တာ ခံစားရရင် ဆေးခန်းပြဖို့လို
____________________
အခုလို ရာသီဥတု အေးမြလာတာနဲ့အမျှ ကျန်းမာရေးဌာနက နှလုံးရောဂါအခံရှိသူတွေကို အထူးသတိထားဖို့ အရေးပေါ်နှိုးဆော်လိုက်ပါတယ်။ အေးတဲ့ရာသီဥတုနဲ့ လက်ရှိရင်ဆိုင်နေရတဲ့ PM 2.5 ဖုန်မှုန့် တွေပေါင်းစပ်လိုက်ရင် နှလုံးရောဂါရှင်တွေအတွက် ရုတ်တရက် နှလုံးရပ်နိုင်ခြေ (Heart Attack) ကို သိသိသာသာ မြင့်တက်စေလို့ ဖြစ်ပါတယ်။

ဒီကနေ့မှာ ကျန်းမာရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထနင်းက ဆောင်းရာသီဟာ နှလုံးရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှင်တွေနဲ့ ကူးစက်မြန်ဗိုင်းရပ်စ်တွေအတွက် စိုးရိမ်ရတဲ့ အချိန်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အအေးဓာတ်ကြောင့် ခန္ဓာကိုယ်ထဲက သွေးကြောတွေ ကျုံ့သွားတတ်ပြီး သွေးဖိအားကို မြင့်တက်စေတယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာလည်း သွေးက ပိုပျစ်လာတဲ့အတွက် သွေးခဲဖို့ လွယ်ကူစေပြီး ဒီအခြေအနေမှာ PM 2.5 ဖုန်မှုန့်တွေကပါ သွေးကြောထဲအထိ ထိုးဖောက်နှောက်ယှက်လာတဲ့အခါ နှလုံးသွေးကြောကျဉ်းတာနဲ့ ရုတ်တရက် နှလုံးပျက်စီးတာမျိုးတွေ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

ဘာယ်လိုနေထိုင်ရမလဲ
(၁) အနွေးထည် အမြဲဝတ်ပါ။ အစားအစာနဲ့ ရေကို နွေးနွေးထွေးထွေးပဲ စားသုံးပါ။ အပြင်ထွက်တာထက် အိမ်ထဲမှာပဲ နွေးနွေးထွေးထွေး နေပေးတာက နှလုံးအတွက် အကောင်းဆုံးပါ။
(၂) မနက်စောစော အေးစိမ့်နေတဲ့အချိန် ဒါမှမဟုတ် လေထုညစ်ညမ်းနေတဲ့ လေဟာပြင်တွေမှာ အားကစားလုပ်တာကို ရှောင်ကြဉ်ပါ။ အိမ်တွင်းမှာပဲ လေ့ကျင့်ခန်း ပေါ့ပေါ့ပါးပါး လုပ်ပေးပါ။
(၃) ကိုယ့်ရဲ့ရောဂါအခံအတွက် ပေးထားတဲ့ဆေးတွေကို စနစ်တကျ သောက်ပါ။ ဆေးပြတ်တာ၊ ဆေးသောက်ဖို့ မေ့တာမျိုး လုံးဝမဖြစ်ပါစေနဲ့။

ရင်ဘတ်အောင့်တာ၊ ရင်တုန်တာ၊ ချွေးစေးထွက်တာ ဒါမှမဟုတ် မူးဝေပြီး သတိလစ်ချင်သလို ဖြစ်လာရင် ဒါဟာ နှလုံးကပေးတဲ့ အန္တရာယ်အချက်ပြမှု ဖြစ်နိုင်ပါတယ်။ အချိန်မဆွဲဘဲ ဆရာဝန်နဲ့ ချက်ချင်းပြသဖို့ ကျန်းမာရေးဌာနက အလေးအနက် တိုက်တွန်းထားတယ်လို့ ch7 သတင်းက ဖော်ပြပါတယ်။

่ากลัวกว่าที่คิด

Happy new year 🎈🎊 🍀
01/01/2026

Happy new year 🎈🎊 🍀

ที่อยู่

Bangkok

เวลาทำการ

จันทร์ 08:00 - 18:00
อังคาร 08:00 - 18:00
พุธ 08:00 - 18:00
พฤหัสบดี 08:00 - 18:00
ศุกร์ 08:00 - 18:00
เสาร์ 08:00 - 18:00

เบอร์โทรศัพท์

+66889914232

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ဘန်ကောက် - မြန်မာဆေးဝယ်ပို့ဝန်ဆောင်မှုผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง ဘန်ကောက် - မြန်မာဆေးဝယ်ပို့ဝန်ဆောင်မှု:

แชร์