Karenni Mobile Health Committee

Karenni Mobile Health Committee KnMHC is providing essential primary health care services to local populations and IDPs within Karenni State. Helping Karenni To Help Themselves.

These services are offered free of charge, utilizing mobile health teams that travel monthly to various areas, as well as stationary clinics.

🚨 Malaria Cases Are Increasing in Karenni StateAs the rainy season continues, malaria cases are rising across Karenni St...
25/06/2026

🚨 Malaria Cases Are Increasing in Karenni State
As the rainy season continues, malaria cases are rising across Karenni State, especially among conflict-affected communities and internally displaced people (IDPs).
Despite many challenges, KnMHC health teams continue to provide malaria testing and treatment, conduct health education sessions, and reach remote communities with essential health services.
However, treatment alone is not enough. Preventing malaria is equally important. Many families urgently need:
🦟 Long-lasting insecticide-treated mosquito nets (LLINs)
🦟 Mosquito repellents
🦟 Other essential malaria prevention supplies
KnMHC is reaching out to donors and partners to secure essential malaria prevention supplies for vulnerable communities. Together, we can reduce the spread of malaria and protect the health of those most at risk.
Every contribution can help save lives.

🚨 ကရင်နီပြည်တွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှု မြင့်တက်လာနေပါသည်။

မိုးရာသီကာလအတွင်း ကရင်နီပြည်ရှိ စစ်ဘေးသင့်ပြည်သူများနှင့် နေရပ်စွန့်ခွာပြည်သူများ (IDPs) အကြား ငှက်ဖျားရောဂါ ဖြစ်ပွားမှုသည် ဆက်လက်မြင့်တက်လာလျက်ရှိပါသည်။

အခက်အခဲများစွာရှိနေသော်လည်း KnMHC သည် ဝေးလံပြီး လုံခြုံရေးစိန်ခေါ်မှုများရှိသော ဒေသများအထိ သွားရောက်၍ ငှက်ဖျားရောဂါ စစ်ဆေးကုသပေးခြင်း၊ ကျန်းမာရေးပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများ ပေးအပ်ခြင်း ကို ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။

သို့သော် ငှက်ဖျားရောဂါကို ကုသပေးရုံဖြင့် မလုံလောက်ဘဲ ကြိုတင်ကာကွယ်ရေး သည်လည်း အလွန်အရေးကြီးပါသည်။

လက်ရှိတွင် ပြည်သူများအတွက် အရေးတကြီးလိုအပ်နေသော ပစ္စည်းများမှာ -
🦟 ပိုးသတ်ဆေးစိမ်ထားသော ခြင်ထောင်များ (LLINs)
🦟 ခြင်ကာကွယ်ဆေး (Mosquito Repellent)
🦟 အခြားလိုအပ်သော ငှက်ဖျားရောဂါ ကာကွယ်ရေးပစ္စည်းများ

KnMHC သည် ထိခိုက်လွယ်သော ပြည်သူများအတွက် ငှက်ဖျားရောဂါ ကာကွယ်ရေးပစ္စည်းများ ရရှိနိုင်ရန် အလှူရှင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများထံ ပူးပေါင်းကူညီပံ့ပိုးမှုများ ရရှိစေရန် ဆက်သွယ်ဆောင်ရွက်လျက်ရှိပါသည်။

လူတိုင်း၏ ပူးပေါင်းကူညီမှုသည် ငှက်ဖျားရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်ပြီး အသက်များကို ကယ်တင်နိုင်မည်ဖြစ်ပါသည်။







Every patient deserves access to healthcare, regardless of where they live or how difficult the journey may be.These pho...
30/05/2026

Every patient deserves access to healthcare, regardless of where they live or how difficult the journey may be.

These photos reflect the reality faced by many communities across Karenni State, Myanmar, where patients often need to be carried for hours—or even days—through mountains, forests, muddy paths, and challenging terrain to reach medical care.

Community members, volunteers, health workers, and family members work together to transport those who are sick, injured, pregnant, or in urgent need of medical attention.

Despite ongoing challenges, insecurity, poor road access, and limited transportation options, the spirit of solidarity and compassion remains strong.

These journeys are not only about moving a patient from one place to another; they are about saving lives, preserving dignity, and ensuring that no one is left behind.

KnMHC extends its heartfelt appreciation to all community volunteers, health workers, referral teams, and family members who tirelessly support life-saving patient referrals under extremely challenging conditions.

Together, we continue to bring essential healthcare services closer to those who need them most.

လူနာတိုင်းသည် မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ၊ ဆေးကုသမှုရရှိရန် လမ်းခရီး မည်မျှခက်ခဲသည်ဖြစ်စေ ကျန်းမာရေးစောင့်ရှောက်မှု ရရှိခွင့်ရှိပါသည်။

ဤဓာတ်ပုံများသည် ကရင်နီပြည်နယ်အတွင်းရှိ လူထုများ နေ့စဉ်ရင်ဆိုင်နေရသော အခြေအနေမှန်များကို ဖော်ပြနေပါသည်။ လူနာများသည် ဆေးဝါးကုသမှုရရှိရန် တောင်တန်းများ၊ တောတောင်များ၊ ရွှံ့လမ်းများနှင့် ခက်ခဲသော လမ်းကြောင်းများကို ဖြတ်သန်းကာ နာရီများစွာ သို့မဟုတ် ရက်များစွာတိုင်အောင် သယ်ဆောင်ပို့ဆောင်ရလေ့ရှိပါသည်။

ဖျားနာသူများ၊ ထိခိုက်ဒဏ်ရာရသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အရေးပေါ်ဆေးကုသမှု လိုအပ်သူများအား ပို့ဆောင်နိုင်ရန် ရပ်ရွာလူထု၊ စေတနာ့ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် မိသားစုဝင်များက အတူတကွ ပူးပေါင်းကူညီကြပါသည်။

လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများနှင့် သယ်ယူပို့ဆောင်ရေး အကန့်အသတ်များ ရှိနေသော်လည်း အချင်းချင်း ကူညီရိုင်းပင်းလိုသော စိတ်ဓာတ်နှင့် လူသားချင်းစာနာမှုတို့သည် ခိုင်မာစွာ ရှင်သန်နေဆဲဖြစ်ပါသည်။

ဤခရီးစဉ်များသည် လူနာတစ်ဦးအား တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်ခြင်းသာ မဟုတ်ဘဲ အသက်များကို ကယ်တင်ခြင်း၊ လူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးခြင်းနှင့် မည်သူမျှ နောက်ကျကျန်ရစ်မနေစေရန် သေချာစေခြင်းတို့ ဖြစ်ပါသည်။

KnMHC မှ အလွန်ခက်ခဲသော အခြေအနေများကြားတွင် အသက်ကယ်တင်ရေး လူနာလွှဲပြောင်းပို့ဆောင်မှုများကို မမောမပန်း ဆောင်ရွက်ပေးနေကြသော ရပ်ရွာစေတနာ့ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူနာလွှဲပြောင်းရေးအဖွဲ့များနှင့် မိသားစုဝင်များအား အထူးကျေးဇူးတင်ရှိပါသည်။

ကျွန်ုပ်တို့သည် အလိုအပ်ဆုံးသူများထံသို့ မရှိမဖြစ်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ရောက်ရှိစေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။











Behind every medicine that reaches conflict-affected communities, there are countless untold journeys, sacrifices, and a...
14/05/2026

Behind every medicine that reaches conflict-affected communities, there are countless untold journeys, sacrifices, and acts of solidarity.
To ensure essential medicines and medical supplies reach targeted areas, local volunteers and community members worked tirelessly — carrying heavy loads across forests, mountains, rivers, and difficult terrains, both day and night.
Some traveled by truck, some by boat, and many carried supplies on their backs through long and difficult routes so that patients, mothers, children, and vulnerable communities could continue receiving lifesaving healthcare support.
🙏 Karenni Mobile Health Committee would like to sincerely thank all volunteers, local communities, transport teams, and supporters who contributed their strength, time, and courage in this humanitarian effort.
Your solidarity and commitment are helping bring healthcare access and hope to people in the most difficult situations.

ပဋိပက္ခဒဏ်ခံနေရသော ပြည်သူများထံ ဆေးဝါးများ ရောက်ရှိနိုင်ရန်အတွက် နောက်ကွယ်တွင် မမြင်တွေ့ရသော ခရီးရှည်များ၊ ပင်ပန်းခက်ခဲမှုများနှင့် အများပြည်သူ၏ စည်းလုံးညီညွတ်သော ပူးပေါင်းကူညီမှုများ ရှိနေပါသည်။
လိုအပ်သော နေရာဒေသများသို့ အခြေခံဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ရောက်ရှိနိုင်ရန် ဒေသခံစေတနာ့ဝန်ထမ်းများနှင့် လူထုက နေ့ညမရွေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။ တောလမ်းများ၊ တောင်ကြားများ၊ မြစ်ချောင်းများနှင့် ခက်ခဲသော လမ်းကြောင်းများကို ဖြတ်သန်း၍ လေးလံသော ပစ္စည်းများကို သယ်ဆောင်ပေးခဲ့ကြပါသည်။
အချို့သည် ကားများဖြင့် သယ်ယူပို့ဆောင်ခဲ့ကြပြီး၊ အချို့သည် လှေများဖြင့် ပို့ဆောင်ခဲ့ကြသလို၊ အများအပြားမှာ ဆေးဝါးပစ္စည်းများကို ကျောပိုး၍ ခရီးရှည်များကို ဖြတ်သန်းခဲ့ကြပါသည်။ ထိုသို့ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် လူနာများ၊ မိခင်များ၊ ကလေးများနှင့် ထိခိုက်လွယ်သော ပြည်သူများအတွက် အသက်ကယ်ဆယ်ရေး ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက်ရရှိနိုင်ခဲ့ပါသည်။
ကရင်နီနယ်လှည့်ကျန်းမာရေးကော်မတီ မှ ဤလူသားချင်းစာနာထောက်ထားမှု လုပ်ငန်းစဉ်တွင် အင်အား၊ အချိန်နှင့် သတ္တိတို့ဖြင့် ပါဝင်ကူညီပေးခဲ့ကြသော စေတနာ့ဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ ပို့ဆောင်ရေးအဖွဲ့များနှင့် ပံ့ပိုးကူညီသူအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။
သင်တို့၏ စည်းလုံးညီညွတ်မှုနှင့် အားထုတ်ကြိုးပမ်းမှုများသည် အခက်အခဲများကြားတွင် ရှင်သန်နေကြသော ပြည်သူများထံ မျှော်လင့်ချက်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ကြဉ်းပေးလျက်ရှိပါသည်။





🚨 WE ARE HIRING 🚨Karenni Mobile Health Committee (KnMHC) is looking for a:Pharmacy Supervisor (1 Position)📍 Duty Station...
24/02/2026

🚨 WE ARE HIRING 🚨

Karenni Mobile Health Committee (KnMHC) is looking for a:

Pharmacy Supervisor (1 Position)
📍 Duty Station: Karenni State
🕒 Permanent Position (Minimum 1 Year)
📅 Application Deadline: 15 March 2026

We are looking for a responsible and motivated person to manage and supervise pharmacy services and help provide safe and quality medicines to our communities.

🔎 Main Responsibilities:
• Oversee daily pharmacy work
• Ensure medicines are stored and dispensed safely
• Manage stock and monitor expiry dates
• Support and guide pharmacy staff
• Keep proper records and reports

✅ Requirements:
• Certified pharmacy training
• At least 2 years of experience in pharmacy work (supervisory experience is an advantage)
• Good leadership and teamwork skills
• Basic computer skills (Word, Excel, Email)
• Able to work independently and in a team

🌿 We encourage applicants from Karenni State and local communities to apply.

📩 How to Apply:
Please send your Application Letter, CV, and Motivation Letter to:
[email protected] and cc to [email protected]

Please write “Pharmacy Supervisor” in the subject line.
Only shortlisted candidates will be contacted.

KnMHC မှ မိတ်ဖက်အဖွဲ့အစည်းများနှင့် အသင်းအဖွဲ့အချို့၏ အလှူငွေဖြင့် တကိုယ်ရည်သန့်ရှင်းရေးအသုံးအဆောင် ပစ္စည်းများဖြစ်သည့် ...
14/02/2026

KnMHC မှ မိတ်ဖက်အဖွဲ့အစည်းများနှင့် အသင်းအဖွဲ့အချို့၏ အလှူငွေဖြင့် တကိုယ်ရည်သန့်ရှင်းရေးအသုံးအဆောင် ပစ္စည်းများဖြစ်သည့် ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲနှင့် ခေါင်းလျှော်ရည်များကို သတ်မှတ်ထားသော ရှားတောမြို့ရှိ အိမ်ခြေ (၇၁) အိမ်သို့ သွားရောက် ဖြန့်ဝေပေးခဲ့ပါသည်။
ပါဝင်လှူဒါန်းပေးကြသော အသင်းအဖွဲ့များနှင့် အလှူရှင်များအား လူထုကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါသည်။

KnMHC, with the support of partner organizations and some associations, distributed personal hygiene items such as washing powder, soap bars, and shampoo to a total of (71) households in Shardaw Township as previously identified.
On behalf of the community, we would like to express our sincere gratitude to the organizations and individual donors who generously contributed to this support.



📢 တရားဝင် ကြေညာချက်                          သံသယ ရေကျောက်ရောဂါ ဖြစ်ပွားမှု အခြေအနေ အသိပေးကြေညာချက်Karenni Mobile Health...
06/02/2026

📢 တရားဝင် ကြေညာချက်
သံသယ ရေကျောက်ရောဂါ ဖြစ်ပွားမှု အခြေအနေ အသိပေးကြေညာချက်

Karenni Mobile Health Committee (KnMHC) အနေဖြင့်
📅 ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်

📍 ဆိုမိုဖရေဆိုးလဲ မြို့နယ်ရှိ ကျေးရွာတစ်ရွာ (အိမ်ထောင်စု ၇၁ စု / လူဦးရေ ၃၅၉ ဦး) တွင် အရေပြားဖုထွက်ခြင်းနှင့် ဖျားနာခြင်းတို့ပါဝင်သည့် ရောဂါဖြစ်ပွားမှုကို စောင့်ကြည့်တွေ့ရှိခဲ့ပါသည်။

🔹 သံသယရှိရသော ရောဂါအမည် (Suspected Disease)
လက်ရှိအခြေအနေအရ ရေကျောက်ရောဂါ (Chickenpox) ဖြစ်နိုင်ကြောင်း သံသယရှိနေပြီး၊
အတည်ပြုနိုင်ရေးအတွက် ဆက်လက်ပြီး စစ်ဆေးမှုများ ဆောင်ရွက်နေဆဲ ဖြစ်ပါသည်။

🔹 လက်ရှိ ဖြစ်ပွားမှု အခြေအနေ
• ဖြစ်ပွားသူ စုစုပေါင်း – ၁၈ ဦး
• ပြင်းထန်လူနာ – ၂ ဦး
• သေဆုံးမှု – မရှိ
• လွဲပြောင်းရသည့်လူနာ – မရှိ

🔹 တွေ့ရှိရသော အဓိက လက္ခဏာများ
ဖျားနာခြင်း၊ ကိုယ်ပူခြင်း၊ ခေါင်းကိုက်ခြင်း၊ အရည်ဖုများထွက်ခြင်းနှင့် ရက်အနည်းငယ်အကြာတွင် အပြည်တည်လာခြင်းတို့ ဖြစ်ပါသည်။

🔹 လက်ရှိ ဆောင်ရွက်နေသော လုပ်ငန်းများ
KnMHC အဖွဲ့မှ ဖြစ်ပွားသူများအား-
၁။ ကိုယ်ပူကျဆေးများပေးခြင်း
၂။ Calamine Lotion ဖြန့်ဝေခြင်း
၃။ လိုအပ်သူများအား Cloxacillin (PO) ပေးခြင်း
၄။ ပညာပေးခြင်းများ နှင့်
၅။ သက်ဆိုင်ရာ ကျောင်းတာဝန်ခံများနှင့်လည်း ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ထားပြီး၊ အခြေအနေအရ လိုအပ်ပါက ကျောင်းများအား ယာယီပိတ်သိမ်းနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားခြင်း
တို့ဖြင့် ကုသမှုပေးလျက်ရှိပြီး၊ ရောဂါပျံ့နှံ့မှုကို တားဆီးနိုင်ရေးအတွက် ဆက်လက် စောင့်ကြည့်စစ်ဆေးမှုများကို ပြုလုပ်လျက်ရှိပါသည်။

🔹 လက်ရှိ လိုအပ်ချက်
🧼 WASH နှင့် တကိုယ်ရည် သန့်ရှင်းမှုဆိုင်ရာ ပစ္စည်းများ (ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ၊ ဆပ်ပြာရည်၊ လက်သန့်ရှင်းရေးပစ္စည်းများ) ကို ကျေးရွာရှိ အိမ်ထောင်စု (၇၁) စု အတွက် လိုအပ်လျက်ရှိသဖြင့်
နီးစပ်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ညှိနှိုင်းကာ အမြန်ဆုံး ကူညီပံ့ပိုးနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

📌 လူထုအနေဖြင့် တကိုယ်ရည် သန့်ရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ကြပါရန်၊ ဖျားနာခြင်း၊ အရေပြားဖုထွက်ခြင်း စသည့် လက္ခဏာများ တွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းများနှင့် ချက်ချင်း ဆက်သွယ်အကြောင်းကြားရန် မေတ္တာရပ်ခံအပ်ပါသည်။

Karenni Mobile Health Committee (KnMHC)
ပြည်သူ့ကျန်းမာရေးအတွက် ကျရာနေရာများတွင် အတတ်နိုင်ဆုံး တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။



ခရစ်စမတ်နှင့် နှစ်သစ်ကို အတူတကွ ကြိုဆိုရင်း KnMHC ဝန်ထမ်းများ၏ အားမာန်၊ တာဝန်ခံမှုနှင့် ပေးဆပ်မှုများကို လေးစားဂုဏ်ပြုပါ...
24/12/2025

ခရစ်စမတ်နှင့် နှစ်သစ်ကို အတူတကွ ကြိုဆိုရင်း KnMHC ဝန်ထမ်းများ၏ အားမာန်၊ တာဝန်ခံမှုနှင့် ပေးဆပ်မှုများကို လေးစားဂုဏ်ပြုပါသည်။
Honoring the strength, commitment, and sacrifices of KnMHC staff as we welcome Christmas and the New Year together.👏👏👏


ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Karenni Mobile Health Committeeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์