Dr Lu Swam Healthy Lifestyle Practitioner

Dr Lu Swam Healthy Lifestyle Practitioner Be Yourself & Love Yourbody

တကယ်တော့…Sa Kyi ရဲ့ Guardianship Program ကို“သားသမီးတစ်ယောက်ရဲ့ စိတ်နဲ့” ဖန်တီးထားတာပါ…🌿နေ့တိုင်းကျန်းမာစွာ စားနိုင်ခြင်...
10/05/2026

တကယ်တော့…Sa Kyi ရဲ့ Guardianship Program ကို
“သားသမီးတစ်ယောက်ရဲ့ စိတ်နဲ့” ဖန်တီးထားတာပါ…🌿

နေ့တိုင်း
ကျန်းမာစွာ စားနိုင်ခြင်း၊
စိတ်အေးချမ်းစွာ အိပ်ပျော်နိုင်ခြင်း၊
ကိုယ့်ကို ဂရုစိုက်ပေးနေတဲ့သူရှိတယ်ဆိုတဲ့ နွေးထွေးမှုလေးပဲ ဖြစ်ပါတယ်…🥺💙

နိုင်ငံခြားမှာ အလုပ်လုပ်နေရတဲ့ သားသမီးတွေအတွက်
“အမေ နေကောင်းရဲ့လား…”
“အမေ ဆေးတွေမှန်မှန်သောက်ရဲ့လား…”
ဆိုတဲ့ စိတ်ပူမှုတွေက ကျွန်တော် အပါအဝင် အရွယ်ရောက်ပြီးသား သားသမီးတွေမှာ အမြဲရှိနေတတ်ပါတယ်။

ဆိုတော့ 🌟 ဒီ Mother’s Day မှာ မိမိတို့ရဲ့ မိဘတွေအတွက်
“သက်ရှည်ကျန်းမာပြီး ပျော်ရွှင်နေစေမယ့် စောင့်ရှောက်မှု” ကို လက်ဆောင်အဖြစ်ဖန်တီးပေးလိုက်ပါ…

"အမေ့အတွက် အဖိုးတန်ဆုံး လက်ဆောင်ဆိုတာ တန်ဖိုးကြီးပစ္စည်းတွေထက်၊ နေ့စဉ် စိတ်အေးချမ်းသာစွာနဲ့ ကျန်းမာနေစေမယ့် စောင့်ရှောက်မှုလေးပဲ ဖြစ်ပါတယ်"🌟💙

အဝေးမှာ အလုပ်လုပ်ရတဲ့အခါ အိမ်ကိုလွမ်းရတာနဲ့ မိဘတွေ နေထိုင်လို့မှကောင်းပါ့မလား နောက်ဆံတင်းရတာနဲ့ မလွယ်လှပါဘူး။

အိမ်လွမ်းတာကတော့ Video Call နဲ့ မျက်နှာလေးတွေကြည့်လိုက်ရရင် အနည်းငယ်သက်သာကောင်းပေမဲ့ ကျန်းမာရေးကိစ္စအတွက်ကတော့ ကိုယ်တိုင်လည်း မမြင်ရ အနားမှာလည်း နေမပေးနိုင်တော့ အမြဲစိတ်ပူရတာပါပဲ...

ဒါကြောင့်ထင်တယ် Sa Kyi မှာဆိုရင် နိုင်ငံခြားရောက်သားသမီးတွေက အိမ်ကအမေ၊ အမေတို့ရဲ့ နေ့စဉ်ဘဝအတွက် အမြဲအနီးကပ်ကြည့်ရှု့စောင့်ရှောက်ပေးနိုင်မလားဆိုပြီး ရောက်လာကြတာများပါတယ်...🌟🥰

ဒီလိုနဲ့ပဲ Sa Kyi ရဲ့ Guardianship Program လေးက ဖြစ်ပေါ်လာခဲ့တာပါ...

အဓိက အသက်(၄၀)ဝန်းကျင် ဖေဖေ၊မေမေတွေကနေစလို့ - အသက် (၅၀) အထက်လူကြီးတွေအတွက်
နေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်နေရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့...

➡️ရောဂါအခံရှိမရှိ၊ ခန္ဓာကိုယ်အလေးချိန်တွေ၊ အခြေအနေတွေပေါ်မှာမူတည်ပြီး customized plan တွေနဲ့ တစ်ဦးချင်းစီကို အသေးစိတ်ဂရုစိုက်ပေးနေပါတယ်။

👉🏻 ဘာတွေစားရမယ်။ ဘယ်ချိန်စားရမယ်။ ဘယ်ချိန်အိပ်ရမယ်။ ဆီးချိုရှိတဲ့သူဆို ဆီးချိုပုံမှန်ဖြစ်နေအောင်၊ သွေးတိုး၊ ကျီးပေါင်း၊ ဒူးနာရှိတဲ့သူတွေလည်း အလားတူပါပဲ...

👉🏻 ဆေးပညာဘက်ကရော၊ Healthy Habit တွေ မွေးမြူပြီးတော့ပါ ဝေဒနာတွေလျော့သွားအောင်၊ ထပ်ဝင်မလာအောင် Support ပေးနေပြီး လိုအပ်တဲ့အခါ ကာကွယ်ရေး၊ ကုသရေးအပိုင်းတွေနဲ့ပါ ချိတ်ဆက်ပေးနေပါတယ်နော်..

ဒါ့ကြောင့် ကိုယ်တိုင်အနားမှာ ရှိနေမပေးနိုင်လို့ စိတ်မကောင်းမဖြစ်ပါနဲ့
Sa Kyi Team က သားသမီးတစ်ယောက်လို အနီးကပ်စကားပြောရင်း လိုအပ်တာတွေ လုပ်ဆောင်ပေးလိုက်ပါမယ်🤗

ကိုယ်တိုင်လည်း ပြန်လာဖို့ မလွယ်တာမို့ အချိန်တိုင်းမှာ ကျန်းမာနေတယ်ဆိုတဲ့အသိနဲ့ ရှေ့ကနေ ဖြောင့်ဖြောင့်တန်းတန်းအလုပ်လုပ်နိုင်ဖို့ မေမေ၊ ဖေဖေတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာနေဖို့ Sa Kyi ရဲ့ တာဝန်သာထားပါ...🙌🏻

အသေးစိတ်ကို ဒီ Link က ဝင်ကြည့်နိုင်ပါတယ်...

https://www.facebook.com/share/p/1A3ksFko4V/

ဒီတော့ ဖေဖေ၊ မေမေတို့ကို သက်ရှည်ကျန်းမာစိတ်ချမ်းသာစေချင်တဲ့ သားသမီးတွေအနေနဲ့ Sa Kyi နဲ့ ချိတ်ဆက်ပြီး ဂရုစိုက်ပေးနိုင်ဖို့ Page Messenger က တစ်ဆင့် စာရင်းပေးပြီး ကနဦးဆွေးနွေးမှုတွေရယူနိုင်ပါပြီ။
m.me/sakyihealthandwellness



#𝐒𝐚𝐊𝐲𝐢 #ပျော်ရွှင်ကျန်းမာစကြည့်ပါ
#အနာဂတ်မှာအတူကျန်းမာဒီနေ့ကစကြည့်ပါ

ที่อยู่

Bangkok
10400

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Dr Lu Swam Healthy Lifestyle Practitionerผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Dr Lu Swam Healthy Lifestyle Practitioner:

แชร์