Better Lifestyle Online Store & Services

Better Lifestyle Online Store & Services We are providing the excellent products with best prices and health tips to have a better lifestyle for you!

Better Lifestyle Online Store & Services မွာ အရည္အေသြး ေကာင္းမြန္ျပည့္ဝေသာ ပစၥည္းမ်ားကို ထိုက္သင့္မွန္ကန္ေသာ ေစ်းႏွဳန္းမ်ားျဖင့္ ဝယ္ယူရရွိႏိုင္ေအာင္ အိမ္တိုင္ယာေရာက္ အေရာက္ပို့ေဆာင္ေပးေသာ ဝန္ေဆာင္မွဳလုပ္ငန္းတစ္ခုျဖစ္သည့္အျပင္ သင့္ရဲ႕ လူေနမွဳဘဝအတြက္ လိုအပ္ေသာ ေဆာင္ရန္ေရွာင္ရန္ က်န္းမာေရးအခ်က္အလက္မ်ားကိုလည္း အသိပညာမွ်ေဝေပးလ်က္ရွိေသာ Facebook စာမ်က္ႏွာတစ္ခုျဖစ္ပါတယ္...
Online Store မွာ New Cosmetic P

roduct, Electronic Gadgets, Clothing, Perfumes ေတြနဲ့ အျခားစိတ္ဝင္စားဖြယ္ရာ Product အသစ္ေတြကိုလည္း မိတ္ဆက္ေပးသြားမွာျဖစ္ပါတယ္...
Online Store အျပင္ ေန့စဥ္လူေနမွဳဘဝအတြက္ က်န္းမာေရးနဲ့လူမွဳေနထိုင္ေရး ဗဟုသုတရဖြယ္ရာေတြကိုပါ မွ်ေဝေပးသြားမွာပါ...

အမ်ိဳးသားေတြ က်န္းမာေရးနဲ႔ပတ္သက္ျပီး ဗဟုသုတဘယ္ေလာက္ရွိပါသလဲ {Zawgyi}အမ်ဳိးသမီးေတြက အမ်ဳိးသမီးေတြထက္စာရင္ က်န္းမာေရးကို ပ...
21/07/2017

အမ်ိဳးသားေတြ က်န္းမာေရးနဲ႔ပတ္သက္ျပီး ဗဟုသုတဘယ္ေလာက္ရွိပါသလဲ {Zawgyi}
အမ်ဳိးသမီးေတြက အမ်ဳိးသမီးေတြထက္စာရင္ က်န္းမာေရးကို ပုိဂရုစိုက္တတ္ၾကတာေၾကာင့္ က်န္းမာေရးဗဟုသုတလည္း ပိုျပီးရွိတတ္ၾကပါတယ္။ ဒီေတာ့ အမ်ဳိးသားေတြအေနနဲ႔ သိခ်င္ေနတဲ့၊ သိသင့္တဲ့ အေၾကာင္းအရာေတြကို ဘယ္ေလာက္သိသလည္းဆန္းစစ္ၾကည့္ရေအာင္...
၁။ ဦးထုပ္ေဆာင္းတာ၊ ဆံပင္ေလမွဳတ္စက္သုံးတာက ထိပ္ေျပာင္ေစတယ္ဆိုတာ မွန္ပါသလား။
၂။ အမ်ဳိးသားေတြအေနနဲ႔ အတြင္းခံေဘာင္းဘီဝတ္ပါက သုတ္ပိုးေကာင္ေရထြက္ရွိႏွဳန္း က်တတ္တယ္ဆိုတာ မွန္ပါသလား။
၃။ မုတ္ဆိတ္ေမြးေတြက ရိတ္ေလ ပိုမ်ားမ်ားထြက္ေလဆိုတာ မွန္ပါသလား။
၄။ အမ်ဳိးသားေတြမွာ ေျခမၾကီးရင္ လိင္အဂၤါအရြယ္အစားၾကီးတယ္ဆိုတာ မွန္ပါသလား။
၅။ ေလ့က်င့္ခန္းလုပ္ရာမွာ နာက်င္မွဳမရွိရင္ ထိေရာက္မွဳမရွိဘူးဆိုတာ မွန္ပါသလား။
၆။ အမ်ဳိးသားေတြမွာ ေသဆုံးမွဳႏွဳန္း အမ်ားဆုံးက ဆီးက်ိတ္ကင္ဆာေၾကာင့္ဆိုတာ မွန္ပါသလား။
၇။ အမ်ဳိးသားေတြမွာေရာ ရင္သားကင္ဆာျဖစ္ႏိုင္တယ္ဆိုတာ မွန္ပါသလား။
၈။ အမ်ဳိးသားေတြမွာေရာ အရိုးပြေရာဂါျဖစ္ႏို္င္တယ္ဆိုတာ မွန္ပါသလား။
၉။ အမ်ဳိးသားလိင္အဂၤါက က်ုိးႏိုင္တယ္ဆိုတာ မွန္ပါသလား။
၁၀။ ဘီယာေသာက္ရင္ ဘီယာဗိုက္ျဖစ္တယ္ဆိုတာ မွန္ပါသလား။
၁၁။ အျမည္းအျဖစ္စားၾကတဲ့ အသားကင္ေတြမွာ ကင္ဆာျဖစ္ေစႏိုင္တဲ့ဓာတ္ေတြပါတယ္ဆိုတာ မွန္ပါသလား။
အေျဖေတြကို 1st Comment မွာ ၾကည့္ရွဳႏိုင္ပါတယ္...

Credit: ေဒါက္တာႏုျမတ္သိဂႌဦး (Good Health Journal)

အမျိုးသားတွေ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဗဟုသုတဘယ်လောက်ရှိပါသလဲ {Unicode}
အမျိုးသမီးတွေက အမျိုးသမီးတွေထက်စာရင် ကျန်းမာရေးကို ပိုဂရုစိုက်တတ်ကြတာကြောင့် ကျန်းမာရေးဗဟုသုတလည်း ပိုပြီးရှိတတ်ကြပါတယ်။ ဒီတော့ အမျိုးသားတွေအနေနဲ့ သိချင်နေတဲ့၊ သိသင့်တဲ့ အကြောင်းအရာတွေကို ဘယ်လောက်သိသလည်းဆန်းစစ်ကြည့်ရအောင်...
၁။ ဦးထုပ်ဆောင်းတာ၊ ဆံပင်လေမှုတ်စက်သုံးတာက ထိပ်ပြောင်စေတယ်ဆိုတာ မှန်ပါသလား။
၂။ အမျိုးသားတွေအနေနဲ့ အတွင်းခံဘောင်းဘီဝတ်ပါက သုတ်ပိုးကောင်ရေထွက်ရှိနှုန်း ကျတတ်တယ်ဆိုတာ မှန်ပါသလား။
၃။ မုတ်ဆိတ်မွေးတွေက ရိတ်လေ ပိုများများထွက်လေဆိုတာ မှန်ပါသလား။
၄။ အမျိုးသားတွေမှာ ခြေမကြီးရင် လိင်အင်္ဂါအရွယ်အစားကြီးတယ်ဆိုတာ မှန်ပါသလား။
၅။ လေ့ကျင့်ခန်းလုပ်ရာမှာ နာကျင်မှုမရှိရင် ထိရောက်မှုမရှိဘူးဆိုတာ မှန်ပါသလား။
၆။ အမျိုးသားတွေမှာ သေဆုံးမှုနှုန်း အများဆုံးက ဆီးကျိတ်ကင်ဆာကြောင့်ဆိုတာ မှန်ပါသလား။
၇။ အမျိုးသားတွေမှာရော ရင်သားကင်ဆာဖြစ်နိုင်တယ်ဆိုတာ မှန်ပါသလား။
၈။ အမျိုးသားတွေမှာရော အရိုးပွရောဂါဖြစ်နို်င်တယ်ဆိုတာ မှန်ပါသလား။
၉။ အမျိုးသားလိင်အင်္ဂါက ကျိုးနိုင်တယ်ဆိုတာ မှန်ပါသလား။
၁၀။ ဘီယာသောက်ရင် ဘီယာဗိုက်ဖြစ်တယ်ဆိုတာ မှန်ပါသလား။
၁၁။ အမြည်းအဖြစ်စားကြတဲ့ အသားကင်တွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ဓာတ်တွေပါတယ်ဆိုတာ မှန်ပါသလား။
အဖြေတွေကို 1st Comment မှာ ကြည့်ရှုနိုင်ပါတယ်...

Credit: ဒေါက်တာနုမြတ်သိင်္ဂီဦး (Good Health Journal)

Wai Phyo Zaw

ၾကက္သြန္ျဖဴစားျပီးရင္က်န္ခဲ့တတ္တဲ့ ခံတြင္းန႔ံေပ်ာက္ခ်င္ပါသလား... {Zawgyi}ၾကက္သြန္ျဖဴမွာ ေရာင္ရမ္းမွဳကိုေပ်ာက္ေစတဲ့ဓာတ္၊ ...
20/07/2017

ၾကက္သြန္ျဖဴစားျပီးရင္က်န္ခဲ့တတ္တဲ့ ခံတြင္းန႔ံေပ်ာက္ခ်င္ပါသလား... {Zawgyi}
ၾကက္သြန္ျဖဴမွာ ေရာင္ရမ္းမွဳကိုေပ်ာက္ေစတဲ့ဓာတ္၊ ဓာတ္တိုးဆန့္က်င္ႏိုင္တဲ့ ဘက္တီးရီးယားေတြကို တြန္းလွန္ႏိုင္တဲ့ဂုဏ္သတၱိေတြရွိတဲ့အျပင္ မဂၢနီဆီယမ္၊ ဗီတာမင္ B6၊ ဗီတာမင္စီနဲ့ ဆီလီနီယမ္အာဟာရဓာတ္ေတြလည္း မ်ားစြာပါဝင္ပါတယ္။ ၾကက္သြန္ျဖဴကထုတ္လုပ္ေပးတဲ့ Cystein Sulfoxide ဟာ ဘက္တီးရီးယားမွထုတ္လုပ္တဲ့ ခံတြင္းနံ႔ဆိုးေစတဲ့ ဆာလဖာျဒပ္ေပါင္းနဲ႔ဆင္တူတာေၾကာင့္ ၾကက္သြန္ျဖဴစားျပီးရင္ ၾကက္သြန္ျဖဴအန႔ံက အဆုတ္ထဲမွာ ၂၄ နာရီကေန ၄၈ နာရီၾကာအထိက်န္ရွိတတ္ျပီး ခံတြင္းန႔ံကိုဆိုးရြားစြာထုတ္ေပးတတ္ပါတယ္။ က်န္းမာေရးအတြက္ အက်ဳိးမ်ားစြာရွိလွတဲ့ ၾကက္သြန္ျဖဴကို စားခ်င္ေပမယ့္ ခံတြင္းနံ႔ဆိုးမွာေၾကာက္ေနပါသလား။

ပူဒီနာရြက္ - ပူုဒီနာရြက္ (ပူစီနံရြက္)က ၾကက္သြန္ျဖဴရဲ႕အနံ႔ကို သိသိသာသာေပ်ာက္ကင္းေစႏိုင္ပါတယ္။ ပူဒီနာရြက္ထဲမွာပါတဲ့ ကလိုရိုဖီးလ္ေတြက ၾကက္သြန္ျဖဴနံ႔မထြက္ေအာင္ ဖုံးအုပ္ေပးပါတယ္။ ဒါ့အျပင္ သူ႕မွာပါတဲ့ပိုးမႊားေတြကိုေသေစႏိုင္တဲ့ ဂုဏ္သတၱိက အန႔ံဆိုးေတြထြက္ေစတဲ့ ဘက္တီးရီးယားေတြကိုလည္း ေလ်ာ့နည္းေစႏိုင္ပါတယ္။
ၾကက္သြန္ျဖဴအနံ႔ဆိုးေပ်ာက္ခ်င္ရင္ ပူဒီနာရြက္ကို ဒီအတိုင္း ဝါးစားတာျဖစ္ျဖစ္ ေရေႏြးပူပူထဲကို ၁၀မိနစ္ေလာက္ထည့္ျပီး လက္ဖက္ရည္ၾကမ္းေသာက္သလိုေသာက္ေပးပါ။

ပန္းသီး - ပန္းသီးမွာပါဝင္တဲ့ အင္ဇိုင္းေတြေၾကာင့္ လွီးျဖတ္ထားတဲ့ပန္းသီးစိတ္ေတြ အေရာင္ေျပာင္းတတ္တာသင္သတိထားမိမွာပါ။ အဲဒီအင္ဇိုင္းဓာတ္ေတြက ၾကက္သြန္ျဖဴအနံ႔ကို ပ်က္ပ်ယ္ေစႏိုင္ပါတယ္။ ဒါ့အျပင္ပန္းသီးမွာပါဝင္တဲ့ Phenolic ျဒပ္ေပါင္းေတြက ခံတြင္းအနံ႔ျပင္းထြက္ႏိုင္တဲ့ ၾကက္သြန္ျဖဴရဲ႕ျဒပ္ေပါင္းေတြကို ဖ်က္စီးႏိုင္တာေတြေၾကာင့္ျဖစ္ပါတယ္။
ၾကက္သြန္ျဖဴစားျပီး အနံ႔ဆိုးေပ်ာက္ခ်င္တယ္ဆိုရင္ ပန္းသီးစားတာျဖစ္ျဖစ္ ပန္းသီးေဖ်ာ္ရည္ေသာက္တာျဖစ္ျဖစ္ျပုလုပ္လိုက္ပါ။

နံနံပင္ - နံနံပင္ဟာလည္း ပူဒီနာရြက္လိုပဲ ၾကက္သြန္ျဖဴအနံ႔ကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။ သူ႔မွာပါဝင္တဲ့ ကလိုရိုဖီးလ္ေတြကလည္း ပူဒီနာရြက္လိုပဲ ၾကက္သြန္ျဖဴန႔ံေတြကို စုပ္ယူႏိုင္တာေၾကာင့္ျဖစ္ပါတယ္။
ၾကက္သြန္ျဖဴစားျကပီး အနံ႔ဆိုးေပ်ာက္ခ်င္တယ္ဆိုရင္ နံနံပင္ကို ဒီတိုင္းအစိမ္းဝါးစားတာျဖစ္ျဖစ္ ေရေႏြးေလးထဲ နံနံပင္ကိုနဲနဲလွီးျဖတ္ျပီး ၅ မိနစ္ေလာက္စိမ္ေသာက္တာျဖစ္ျဖစ္လုပ္လိုက္ပါ။

ႏြားႏို့ - ၾကက္သြန္ျဖဴစားျပီး ႏြားႏို႔ေသာက္တာကလည္း ၾကက္သြန္ျဖဴရဲ႕ အနံ႔ျပင္းထြက္မွဳကို ေလ်ာ့က်ေစႏုိင္ပါတယ္လို႔ အာဟာရသိပၸံဆိုင္ရာ ဂ်ာနယ္တစ္ခုမွာေဖာ္ျပထားဖူးပါတယ္။ မလိုင္ထုတ္ထားတဲ့ႏြားႏုိ႔နဲ့ မလိုင္မထုတ္ရေသးတဲ့ႏြားႏို႔ ႏွစ္မ်ိုးလုံးက ၾကက္သြန္ျဖဴရဲ႕ အနံ႔ဆိုးကို ေလ်ာ့က်ေစနိုင္ေပမယ့္ မလိုင္အျပည့္ပါဝင္တဲ့ႏြားႏို႔က အဆီပါဝင္မွဳပိုမ်ားတဲ့အတြက္ ပိုျပီးထိေရာက္မွဳရွိတယ္လို႔သိရပါတယ္။
ၾကက္သြန္ျဖဴကိုင္ထားတဲ့လက္ကအနံ႔ကိုေပ်ာက္ခ်င္ေတာ့ ပူဒီနာရြက္ျဖစ္ျဖစ္ နံနံပင္ျဖစ္ျဖစ္ကို သင့္လက္ႏွစ္ဖက္နဲ့ပြတ္ေခ်ျပီး ေရေဆးလိုက္ပါ။ ဒါမွမဟုတ္ စတီးဇြန္းျဖစ္ျဖစ္ စတီးဆပ္ျပာျဖစ္ျဖစ္နဲ့ လက္ေပၚမွာ မိနစ္အနည္းငယ္ၾကာပြတ္တိုက္ျပီး ေဆးေၾကာလုိက္ပါ။
ၾကက္သြန္ျဖဴကို အနံ႔အသက္ကင္းစြာစားႏိုင္ၾကပါေစ...

ကြက်သွန်ဖြူစားပြီးရင်ကျန်ခဲ့တတ်တဲ့ ခံတွင်းန့ံပျောက်ချင်ပါသလား...{Unicode}
ကြက်သွန်ဖြူမှာ ရောင်ရမ်းမှုကိုပျောက်စေတဲ့ဓာတ်၊ ဓာတ်တိုးဆန့်ကျင်နိုင်တဲ့ ဘက်တီးရီးယားတွေကို တွန်းလှန်နိုင်တဲ့ဂုဏ်သတ္တိတွေရှိတဲ့အပြင် မဂ္ဂနီဆီယမ်၊ ဗီတာမင် B6၊ ဗီတာမင်စီနဲ့ ဆီလီနီယမ်အာဟာရဓာတ်တွေလည်း များစွာပါဝင်ပါတယ်။ ကြက်သွန်ဖြူကထုတ်လုပ်ပေးတဲ့ Cystein Sulfoxide ဟာ ဘက်တီးရီးယားမှထုတ်လုပ်တဲ့ ခံတွင်းနံ့ဆိုးစေတဲ့ ဆာလဖာဒြပ်ပေါင်းနဲ့ဆင်တူတာကြောင့် ကြက်သွန်ဖြူစားပြီးရင် ကြက်သွန်ဖြူအန့ံက အဆုတ်ထဲမှာ ၂၄ နာရီကနေ ၄၈ နာရီကြာအထိကျန်ရှိတတ်ပြီး ခံတွင်းန့ံကိုဆိုးရွားစွာထုတ်ပေးတတ်ပါတယ်။ ကျန်းမာရေးအတွက် အကျိုးများစွာရှိလှတဲ့ ကြက်သွန်ဖြူကို စားချင်ပေမယ့် ခံတွင်းနံ့ဆိုးမှာကြောက်နေပါသလား။

ပူဒီနာရွက် - ပူုဒီနာရွက် (ပူစီနံရွက်)က ကြက်သွန်ဖြူရဲ့အနံ့ကို သိသိသာသာပျောက်ကင်းစေနိုင်ပါတယ်။ ပူဒီနာရွက်ထဲမှာပါတဲ့ ကလိုရိုဖီးလ်တွေက ကြက်သွန်ဖြူနံ့မထွက်အောင် ဖုံးအုပ်ပေးပါတယ်။ ဒါ့အပြင် သူ့မှာပါတဲ့ပိုးမွှားတွေကိုသေစေနိုင်တဲ့ ဂုဏ်သတ္တိက အန့ံဆိုးတွေထွက်စေတဲ့ ဘက်တီးရီးယားတွေကိုလည်း လျော့နည်းစေနိုင်ပါတယ်။
ကြက်သွန်ဖြူအနံ့ဆိုးပျောက်ချင်ရင် ပူဒီနာရွက်ကို ဒီအတိုင်း ဝါးစားတာဖြစ်ဖြစ် ရေနွေးပူပူထဲကို ၁၀မိနစ်လောက်ထည့်ပြီး လက်ဖက်ရည်ကြမ်းသောက်သလိုသောက်ပေးပါ။

ပန်းသီး - ပန်းသီးမှာပါဝင်တဲ့ အင်ဇိုင်းတွေကြောင့် လှီးဖြတ်ထားတဲ့ပန်းသီးစိတ်တွေ အရောင်ပြောင်းတတ်တာသင်သတိထားမိမှာပါ။ အဲဒီအင်ဇိုင်းဓာတ်တွေက ကြက်သွန်ဖြူအနံ့ကို ပျက်ပျယ်စေနိုင်ပါတယ်။ ဒါ့အပြင်ပန်းသီးမှာပါဝင်တဲ့ Phenolic ဒြပ်ပေါင်းတွေက ခံတွင်းအနံ့ပြင်းထွက်နိုင်တဲ့ ကြက်သွန်ဖြူရဲ့ဒြပ်ပေါင်းတွေကို ဖျက်စီးနိုင်တာတွေကြောင့်ဖြစ်ပါတယ်။
ကြက်သွန်ဖြူစားပြီး အနံ့ဆိုးပျောက်ချင်တယ်ဆိုရင် ပန်းသီးစားတာဖြစ်ဖြစ် ပန်းသီးဖျော်ရည်သောက်တာဖြစ်ဖြစ်ပြုလုပ်လိုက်ပါ။

နံနံပင် - နံနံပင်ဟာလည်း ပူဒီနာရွက်လိုပဲ ကြက်သွန်ဖြူအနံ့ကို ပျောက်ကင်းစေနိုင်ပါတယ်။ သူ့မှာပါဝင်တဲ့ ကလိုရိုဖီးလ်တွေကလည်း ပူဒီနာရွက်လိုပဲ ကြက်သွန်ဖြူန့ံတွေကို စုပ်ယူနိုင်တာကြောင့်ဖြစ်ပါတယ်။
ကြက်သွန်ဖြူစားကြပီး အနံ့ဆိုးပျောက်ချင်တယ်ဆိုရင် နံနံပင်ကို ဒီတိုင်းအစိမ်းဝါးစားတာဖြစ်ဖြစ် ရေနွေးလေးထဲ နံနံပင်ကိုနဲနဲလှီးဖြတ်ပြီး ၅ မိနစ်လောက်စိမ်သောက်တာဖြစ်ဖြစ်လုပ်လိုက်ပါ။

နွားနို့ - ကြက်သွန်ဖြူစားပြီး နွားနို့သောက်တာကလည်း ကြက်သွန်ဖြူရဲ့ အနံ့ပြင်းထွက်မှုကို လျော့ကျစေနိုင်ပါတယ်လို့ အာဟာရသိပ္ပံဆိုင်ရာ ဂျာနယ်တစ်ခုမှာဖော်ပြထားဖူးပါတယ်။ မလိုင်ထုတ်ထားတဲ့နွားနို့နဲ့ မလိုင်မထုတ်ရသေးတဲ့နွားနို့ နှစ်မျိုးလုံးက ကြက်သွန်ဖြူရဲ့ အနံ့ဆိုးကို လျော့ကျစေနိုင်ပေမယ့် မလိုင်အပြည့်ပါဝင်တဲ့နွားနို့က အဆီပါဝင်မှုပိုများတဲ့အတွက် ပိုပြီးထိရောက်မှုရှိတယ်လို့သိရပါတယ်။
ကြက်သွန်ဖြူကိုင်ထားတဲ့လက်ကအနံ့ကိုပျောက်ချင်တော့ ပူဒီနာရွက်ဖြစ်ဖြစ် နံနံပင်ဖြစ်ဖြစ်ကို သင့်လက်နှစ်ဖက်နဲ့ပွတ်ချေပြီး ရေဆေးလိုက်ပါ။ ဒါမှမဟုတ် စတီးဇွန်းဖြစ်ဖြစ် စတီးဆပ်ပြာဖြစ်ဖြစ်နဲ့ လက်ပေါ်မှာ မိနစ်အနည်းငယ်ကြာပွတ်တိုက်ပြီး ဆေးကြောလိုက်ပါ။
ကြက်သွန်ဖြူကို အနံ့အသက်ကင်းစွာစားနိုင်ကြပါစေ...

Credit: Good Health Journal

ေဂၚဖီထုပ္ျဖင့္ ၇ ရက္အတြင္း ဝိတ္ခ်မယ္ {Zawgyi}သင့္မွာ ပြဲေတြဘာေတြတက္စရာရွိလို့ အဝတ္အစားလွလွေလးေတြဝတ္ဖို့ ကိုယ္အေလးခ်ိန္အျ...
17/07/2017

ေဂၚဖီထုပ္ျဖင့္ ၇ ရက္အတြင္း ဝိတ္ခ်မယ္ {Zawgyi}
သင့္မွာ ပြဲေတြဘာေတြတက္စရာရွိလို့ အဝတ္အစားလွလွေလးေတြဝတ္ဖို့ ကိုယ္အေလးခ်ိန္အျမန္ခ်ခ်င္ေနပါသလား...
ဒါဆိုရင္ေတာ့ ေဂၚဖီထုပ္ဟင္းရည္က သင့္အတြက္ အလိုအပ္ဆုံး Diet Plan ျဖစ္ပါလိမ့္မယ္
ဒါေပမယ့္ တန္ေဆးလြန္ေဘးဆိုတဲ့စကားလည္းရွိတာမို့ ေဂၚဖီထုပ္ဟင္းရည္နဲ့ Diet လုပ္တာက ကာလတိုအတြက္ပဲေကာင္းျပီး ကာလရွည္ၾကာစြာေတာ့ မလုပ္သင့္ဘူးလို့ အၾကံေပးထားတာေတြရွိပါတယ္
ေဂၚဖီထုပ္ဟင္းရည္မွာ ကယ္လိုရီနဲ့ အဆီဓာတ္အင္မတန္နည္းပါးစြာပါဝင္ျပီး အမွ်င္ဓာတ္ျမင့္မားစြာပါဝင္တဲ့အတြက္ေၾကာင့္ သင့္လိုခ်င္တဲ့ ခႏၶာကိုယ္အခ်ဳိးအစားကို ျမန္ျမန္ရရွိေစႏိုင္ပါတယ္...
ေကာင္းက်ုိး။ ေအာက္ပါနည္းစနစ္အတိုင္း စားသုံးေပးမယ္ဆိုရင္ တစ္ပတ္အတြင္းမွာ သင့္ကိုယ္အေလးခ်ိန္အျမန္က်ေစႏိုင္ပါတယ္
Day 1 - ပထမဆုံးရက္မွာေတာ့ ေဂၚဖီထုပ္ဟင္းရည္နဲ့ အသီးအႏွံေတြပဲစားေပးပါ။ ငွက္ေပ်ာသီးမွလြဲ၍ တျခား သင္စားလိုတဲ့ အသီးအႏွံေတြစားႏိုင္ပါတယ္။ ေသာက္စရာအေနနဲ့ကေတာ့ အခ်ဳိမပါတဲ့ လက္ဖက္ရည္တို့ Cranberry Juice တို့ ေရတုိ့ပဲ ေသာက္ေပးပါ။
Day 2 - ဒုတိယရက္မွာေတာ့ ေဂၚဖီထုပ္ဟင္းရည္အျပင္ အသီးအရြက္ေတြပါစားရမည့္အလွည့္ေပါ့။ ပဲေစ့ေတြ ေျပာင္းဖူးေတြကလဲြလို့ တျခားသင္ၾကိုက္တဲ့ အသီးအရြက္မွန္သမွ် အစိမ္းပဲျဖစ္ျဖစ္ ျပဳတ္ျပီးပဲျဖစ္ျဖစ္ စိတ္ၾကိုက္စားပါ။ ညစာမွာေတာ့ အာလူးၾကီးၾကီးတစ္လုံးကိုမီးဖုတ္ျပီး ေထာပတ္ေလးနဲ့ သင့္ကိုသင္ ဆုျပန္ခ်လိုက္ပါ။ တစ္ခုသတိထားရမွာက ဒုတိယေန့မွာ ဘာအသီးမွ မစားပါနဲ့ေတာ့။
Day 3 - တတိယရက္ကေတာ့ ပထမရက္နဲ့ ဒုတိယရက္အေရာေပါ့။ ေဂၚဖီထုပ္ဟင္းရည္အျပင္ အသီးအႏွံနဲ့ အသီးအရြက္ေတြ စိတ္ၾကိုက္စားလိုက္ပါ။ ဒါေပမဲ့ ဒီေန့ေတာ့ အာလူးမီးဖုတ္ မစားရေတာ့ဘူးေနာ္။
Day 4 - ၄ ရက္ေျမာက္ေန့မွာေတာ့ ေဂၚဖီထုပ္ဟင္းရည္အျပင္ ငွက္ေပ်ာသီးနဲ့ မလိုင္ထုတ္ထားျပီးသားႏြားႏို႔ပါ စားလို့ရပါျပီ။ တစ္ေန႔လုံး ဟင္းရည္ေသာက္ရင္း ငွက္ေပ်ာသီး (၈)လုံးေလာက္ မလိုင္ထုတ္ထားတဲ့ႏြားနို႔စိတ္ၾကိုက္ေသာက္ပါ။ ဒီေန့ေတာ့ သင့္ရဲ႕ အခ်ဳိစားခ်င္စိတ္ေတြ နည္းနည္းေျပသြားလိမ့္မယ္ထင္ပါတယ္။
Day 5 - ၅ ရက္ေျမာက္ေန့ကေတာ့ အသားနဲ့ ခရမ္းခ်ဥ္သီးေတြစားရမယ့္ေန့ေပါ့။ ဒီေန့အရင္ဆုံးမျဖစ္မေနလုပ္ရမွာက အရင္ရက္ကစားထားတဲ့အစာေတြမွာပါတဲ့ Uric Acid ဓာတ္ေတြကို သင့္ကိုယ္ထဲကေန ရွင္းလင္းေရးလုပ္ဖို့ ေရ ၆ ခြက္ကေန ၈ ခြက္ေလာက္ အနည္းဆုံးေသာက္ေပးရပါမယ္။ ျပီးရင္ေတာ့ တစ္ေန့တာအတြက္ ေဂၚဖီထုပ္ဟင္းရည္အနည္းဆုံးတစ္ခြက္နဲ့အတူ အသား ၁၀ ေအာင္စ ကေန ၁၂ ေအာင္စေလာက္နဲ့ လတ္လတ္ဆတ္ဆတ္ ခရမ္းခ်ဥ္သီး ၆ လုံးေလာက္ စားေပးပါ။ အသားကေတာ့ အမဲသားစားေပးႏိုင္ရင္ အေကာင္းဆုံးပါ။ အမဲသားမစားတဲ့သူေတြဆိုရင္ေတာ့ ၾကက္သား (အေရခြံေရွာင္) (သို့) ငါးကို ကင္ျပီးျဖစ္ျဖစ္ ျပဳတ္ျပီးျဖစ္ျဖစ္ စားႏိုင္ပါတယ္။ ဒါေပမဲ့ အသားကို တစ္မ်ဳိးပဲစားရမွာေနာ္ ၃ မ်ုိးလုံး စားလို့မရဘူး :P
Day 6 - ၆ ရက္ေျမာက္ေန့ကလည္း အသားနဲ့ အသီးအရြက္ေတြစားရမယ့္ေနပါပဲ။ ဒီေန့လည္း တစ္ေန့တာအတြက္ ေဂၚဖီထုပ္ဟင္းရည္ အနည္းဆုံးတစ္ခြက္နဲ့ ပထမရက္မွာစားသလို အသားနဲ့ သင့္စိတ္ၾကိဳက္ အသီးအရြက္ေတြစားလို့႔ပါတယ္။ အစိမ္းေရာင္ အသီးအရြက္ေတြစားႏိုင္ရင္ေတာ့ အေကာင္းဆုံးေပါ့။ ဒါနဲ့ အသီးအရြက္ဆုိလို႔ အာလူးေတာ့မစားရဘူးေနာ္ :P
Day 7 - ၇ ရက္ေျမာက္ေန႔ေတာ့ေရာက္လာပါျပီ။ ဒီေန႔ကေတာ့ ဆန္လုံးညိဳနဲ႔ အသီးအရြက္ေတြအျပင္ အခ်ိုမပါတဲ့ သစ္သီးေတြပါစားလို႔ရမယ့္ေန႔ပါ။ ဒါနဲ့ ေဂၚဖီထုပ္ဟင္းရည္ကိုလည္း အနည္းဆုံး တစ္ခြက္ေလာက္ေသာက္ဖို့ မေမ့နဲ့ေနာ္။
Day 8 & beyond - ဒီရက္မွာေတာ့ သင္လိုခ်င္တဲ့ ကို္ယ္အေလးခ်ိန္ေလာက္ကို က်လာျပီလို့ထင္ပါတယ္။ ဒါနဲ့တစ္ခုမွာဖို့ေမ့သြားတာက Diet Plan အျပင္ ေလ့က်င့္ခန္းေလးလဲ တြဲလုပ္ႏိုင္ရင္ သင္လိုခ်င္တဲ့အေနအထားကို ရဖို့ ပိုျပီးေသခ်ာမွာပါ။
ဒီ Diet Plan က ၇ ရက္စာပဲဆိုေတာ့ အခက္အခဲသိပ္ရွိၾကမယ္မထင္ပါဘူး။ ဒါေပမဲ့ မခက္ခဲလို့ဆိုျပီး ၇ ရက္ ကို ၁၄ ရက္ တို့ဘာတုိ႔ ဆက္တိုက္ဆက္မလုပ္သင့္ဘူးေနာ္။ အေပၚမွာေျပာထားသလိုပဲ တန္ေဆးလြန္ေဘးဆိုတာေလးရွိလို႔။
ေကာင္းက်ဳိးေတြပဲစြတ္ေျပာေနတာနဲ့ မေကာင္းတာေလးေတြလည္း ေျပာဖို့ေမ့ေတာ့မလို႔။
ေဂၚဖီထုပ္ဟင္းရည္နဲ့ ကိုယ္အေလးခ်ိန္ခ်တဲ့ စားေသာက္နည္းမွာလည္း အနည္းငယ္ မေကာင္းတာေလးေတြေတာ့ရွိပါတယ္။ ဒီ ၇ ရက္အတြင္းဝိတ္ခ်နည္းကို လိုက္လံက်င့္သုံးၾကည့္တဲ့သူေတြကို ေလ့လာၾကည့္မိသေလာက္ အခ်ဳိ႕ေတြကေတာ့ Diet လုပ္ေနစဥ္အတြင္း ေခာင္းထဲ ရိပ္တိတ္တိတ္ျဖစ္တာတို့၊ အနည္းငယ္မူးေဝတာတို့၊ အာရုံစိုက္ႏိုင္မွဳ အနည္းငယ္ေလ်ာ့က်တာတို့ျဖစ္ေပမယ့္ ၾကိဳးစားရက်ဳိးနပ္တယ္လို့ေျပာၾကတာလည္းရွိပါတယ္။
ဒါနဲ့ ေဂၚဖီထုပ္ဟင္းရည္လို့သာေျပာေနတာ ဟင္းရည္ခ်က္နည္းလည္းမေပးရေသးဘူးေနာ္။ ေဂၚဖီထုပ္ဟင္းရည္ခ်က္ဖို့အတြက္ လိုအပ္တာေလးေတြကေတာ့
၁။ ၾကက္သြန္နီဥ ၾကီးၾကီး ၂ လုံး
၂။ ၾကက္သြန္ျဖဴ ၂ တက္ (ၾကုိက္ရင္ ၃ တက္ေလာက္ေပါ့)
၃။ ငရုတ္ေကာင္း အစိမ္း ၂ ေစ့
၄။ ခရမ္းခ်ဥ္သီး ၁လုံး ၂လုံး (သင့္ေတာ္သလို)
၅။ မုန္လာဥ အနည္းငယ္
၆။ မွဳိ ၁၀ ေအာင္စ
၇။ တရုတ္နံနံ
၈။ ေဂၚဖီထုပ္ တစ္ျခမ္း စတာေတြကို ဆားနဲ့ အျခားအခ်ုိမွဳန့္မပါတဲ့ ဟင္းခတ္မွဳန့္ေလးနဲ့ ခ်က္လိုက္ရင္ အရသာရွိရွိနဲ့ စားႏုိင္တဲ့ ေဂၚဖီထုပ္ဟင္းရည္ေလးတစ္ခြက္ရရွိလာမွာပါ။
ပါဝင္ပစၥည္းေတြက ေဂၚဖီထုပ္၊ ခရမ္းခ်ဥ္သီးနဲ့ ၾကက္သြန္ေတြကေတာ့ မပါမျဖစ္ပါ။ က်န္တာေတြကေတာ့ ရလို့ထည့္ခ်က္ႏိုင္ရင္ ပိုျပီးအရသာရွိရွိနဲ့စားရမွာေပါ့။

ဂေါ်ဖီထုပ်ဖြင့် ရ ရက်အတွင်း ဝိတ်ချမယ် {Unicode}
သင့်မှာ ပွဲတွေဘာတွေတက်စရာရှိလို့ အဝတ်အစားလှလှလေးတွေဝတ်ဖို့ ကိုယ်အလေးချိန်အမြန်ချချင်နေပါသလား...
ဒါဆိုရင်တော့ ဂေါ်ဖီထုပ်ဟင်းရည်က သင့်အတွက် အလိုအပ်ဆုံး Diet Plan ဖြစ်ပါလိမ့်မယ်
ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့စကားလည်းရှိတာမို့ ဂေါ်ဖီထုပ်ဟင်းရည်နဲ့ Diet လုပ်တာက ကာလတိုအတွက်ပဲကောင်းပြီး ကာလရှည်ကြာစွာတော့ မလုပ်သင့်ဘူးလို့ အကြံပေးထားတာတွေရှိပါတယ်
ဂေါ်ဖီထုပ်ဟင်းရည်မှာ ကယ်လိုရီနဲ့ အဆီဓာတ်အင်မတန်နည်းပါးစွာပါဝင်ပြီး အမျှင်ဓာတ်မြင့်မားစွာပါဝင်တဲ့အတွက်ကြောင့် သင့်လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားကို မြန်မြန်ရရှိစေနိုင်ပါတယ်...
ကောင်းကျိုး။ အောက်ပါနည်းစနစ်အတိုင်း စားသုံးပေးမယ်ဆိုရင် တစ်ပတ်အတွင်းမှာ သင့်ကိုယ်အလေးချိန်အမြန်ကျစေနိုင်ပါတယ်
Day 1 - ပထမဆုံးရက်မှာတော့ ဂေါ်ဖီထုပ်ဟင်းရည်နဲ့ အသီးအနှံတွေပဲစားပေးပါ။ ငှက်ပျောသီးမှလွဲ၍ တခြား သင်စားလိုတဲ့ အသီးအနှံတွေစားနိုင်ပါတယ်။ သောက်စရာအနေနဲ့ကတော့ အချိုမပါတဲ့ လက်ဖက်ရည်တို့ Cranberry Juice တို့ ရေတို့ပဲ သောက်ပေးပါ။
Day 2 - ဒုတိယရက်မှာတော့ ဂေါ်ဖီထုပ်ဟင်းရည်အပြင် အသီးအရွက်တွေပါစားရမည့်အလှည့်ပေါ့။ ပဲစေ့တွေ ပြောင်းဖူးတွေကလွဲလို့ တခြားသင်ကြိုက်တဲ့ အသီးအရွက်မှန်သမျှ အစိမ်းပဲဖြစ်ဖြစ် ပြုတ်ပြီးပဲဖြစ်ဖြစ် စိတ်ကြိုက်စားပါ။ ညစာမှာတော့ အာလူးကြီးကြီးတစ်လုံးကိုမီးဖုတ်ပြီး ထောပတ်လေးနဲ့ သင့်ကိုသင် ဆုပြန်ချလိုက်ပါ။ တစ်ခုသတိထားရမှာက ဒုတိယနေ့မှာ ဘာအသီးမှ မစားပါနဲ့တော့။
Day 3 - တတိယရက်ကတော့ ပထမရက်နဲ့ ဒုတိယရက်အရောပေါ့။ ဂေါ်ဖီထုပ်ဟင်းရည်အပြင် အသီးအနှံနဲ့ အသီးအရွက်တွေ စိတ်ကြိုက်စားလိုက်ပါ။ ဒါပေမဲ့ ဒီနေ့တော့ အာလူးမီးဖုတ် မစားရတော့ဘူးနော်။
Day 4 - ၄ ရက်မြောက်နေ့မှာတော့ ဂေါ်ဖီထုပ်ဟင်းရည်အပြင် ငှက်ပျောသီးနဲ့ မလိုင်ထုတ်ထားပြီးသားနွားနို့ပါ စားလို့ရပါပြီ။ တစ်နေ့လုံး ဟင်းရည်သောက်ရင်း ငှက်ပျောသီး (၈)လုံးလောက် မလိုင်ထုတ်ထားတဲ့နွားနို့စိတ်ကြိုက်သောက်ပါ။ ဒီနေ့တော့ သင့်ရဲ့ အချိုစားချင်စိတ်တွေ နည်းနည်းပြေသွားလိမ့်မယ်ထင်ပါတယ်။
Day 5 - ၅ ရက်မြောက်နေ့ကတော့ အသားနဲ့ ခရမ်းချဉ်သီးတွေစားရမယ့်နေ့ပေါ့။ ဒီနေ့အရင်ဆုံးမဖြစ်မနေလုပ်ရမှာက အရင်ရက်ကစားထားတဲ့အစာတွေမှာပါတဲ့ Uric Acid ဓာတ်တွေကို သင့်ကိုယ်ထဲကနေ ရှင်းလင်းရေးလုပ်ဖို့ ရေ ၆ ခွက်ကနေ ၈ ခွက်လောက် အနည်းဆုံးသောက်ပေးရပါမယ်။ ပြီးရင်တော့ တစ်နေ့တာအတွက် ဂေါ်ဖီထုပ်ဟင်းရည်အနည်းဆုံးတစ်ခွက်နဲ့အတူ အသား ၁၀ အောင်စ ကနေ ၁၂ အောင်စလောက်နဲ့ လတ်လတ်ဆတ်ဆတ် ခရမ်းချဉ်သီး ၆ လုံးလောက် စားပေးပါ။ အသားကတော့ အမဲသားစားပေးနိုင်ရင် အကောင်းဆုံးပါ။ အမဲသားမစားတဲ့သူတွေဆိုရင်တော့ ကြက်သား (အရေခွံရှောင်) (သို့) ငါးကို ကင်ပြီးဖြစ်ဖြစ် ပြုတ်ပြီးဖြစ်ဖြစ် စားနိုင်ပါတယ်။ ဒါပေမဲ့ အသားကို တစ်မျိုးပဲစားရမှာနော် ၃ မျိုးလုံး စားလို့မရဘူး :P
Day 6 - ၆ ရက်မြောက်နေ့ကလည်း အသားနဲ့ အသီးအရွက်တွေစားရမယ့်နေပါပဲ။ ဒီနေ့လည်း တစ်နေ့တာအတွက် ဂေါ်ဖီထုပ်ဟင်းရည် အနည်းဆုံးတစ်ခွက်နဲ့ ပထမရက်မှာစားသလို အသားနဲ့ သင့်စိတ်ကြိုက် အသီးအရွက်တွေစားလို့့ပါတယ်။ အစိမ်းရောင် အသီးအရွက်တွေစားနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါနဲ့ အသီးအရွက်ဆိုလို့ အာလူးတော့မစားရဘူးနော် :P
Day 7 - ရ ရက်မြောက်နေ့တော့ရောက်လာပါပြီ။ ဒီနေ့ကတော့ ဆန်လုံးညိုနဲ့ အသီးအရွက်တွေအပြင် အချိုမပါတဲ့ သစ်သီးတွေပါစားလို့ရမယ့်နေ့ပါ။ ဒါနဲ့ ဂေါ်ဖီထုပ်ဟင်းရည်ကိုလည်း အနည်းဆုံး တစ်ခွက်လောက်သောက်ဖို့ မမေ့နဲ့နော်။
Day 8 & beyond - ဒီရက်မှာတော့ သင်လိုချင်တဲ့ ကို်ယ်အလေးချိန်လောက်ကို ကျလာပြီလို့ထင်ပါတယ်။ ဒါနဲ့တစ်ခုမှာဖို့မေ့သွားတာက Diet Plan အပြင် လေ့ကျင့်ခန်းလေးလဲ တွဲလုပ်နိုင်ရင် သင်လိုချင်တဲ့အနေအထားကို ရဖို့ ပိုပြီးသေချာမှာပါ။
ဒီ Diet Plan က ရ ရက်စာပဲဆိုတော့ အခက်အခဲသိပ်ရှိကြမယ်မထင်ပါဘူး။ ဒါပေမဲ့ မခက်ခဲလို့ဆိုပြီး ရ ရက် ကို ၁၄ ရက် တို့ဘာတို့ ဆက်တိုက်ဆက်မလုပ်သင့်ဘူးနော်။ အပေါ်မှာပြောထားသလိုပဲ တန်ဆေးလွန်ဘေးဆိုတာလေးရှိလို့။
ကောင်းကျိုးတွေပဲစွတ်ပြောနေတာနဲ့ မကောင်းတာလေးတွေလည်း ပြောဖို့မေ့တော့မလို့။
ဂေါ်ဖီထုပ်ဟင်းရည်နဲ့ ကိုယ်အလေးချိန်ချတဲ့ စားသောက်နည်းမှာလည်း အနည်းငယ် မကောင်းတာလေးတွေတော့ရှိပါတယ်။ ဒီ ရ ရက်အတွင်းဝိတ်ချနည်းကို လိုက်လံကျင့်သုံးကြည့်တဲ့သူတွေကို လေ့လာကြည့်မိသလောက် အချို့တွေကတော့ Diet လုပ်နေစဉ်အတွင်း ခောင်းထဲ ရိပ်တိတ်တိတ်ဖြစ်တာတို့၊ အနည်းငယ်မူးဝေတာတို့၊ အာရုံစိုက်နိုင်မှု အနည်းငယ်လျော့ကျတာတို့ဖြစ်ပေမယ့် ကြိုးစားရကျိုးနပ်တယ်လို့ပြောကြတာလည်းရှိပါတယ်။
ဒါနဲ့ ဂေါ်ဖီထုပ်ဟင်းရည်လို့သာပြောနေတာ ဟင်းရည်ချက်နည်းလည်းမပေးရသေးဘူးနော်။ ဂေါ်ဖီထုပ်ဟင်းရည်ချက်ဖို့အတွက် လိုအပ်တာလေးတွေကတော့
၁။ ကြက်သွန်နီဥ ကြီးကြီး ၂ လုံး
၂။ ကြက်သွန်ဖြူ ၂ တက် (ကြိုက်ရင် ၃ တက်လောက်ပေါ့)
၃။ ငရုတ်ကောင်း အစိမ်း ၂ စေ့
၄။ ခရမ်းချဉ်သီး ၁လုံး ၂လုံး (သင့်တော်သလို)
၅။ မုန်လာဥ အနည်းငယ်
၆။ မှို ၁၀ အောင်စ
၇။ တရုတ်နံနံ
၈။ ဂေါ်ဖီထုပ် တစ်ခြမ်း စတာတွေကို ဆားနဲ့ အခြားအချိုမှုန့်မပါတဲ့ ဟင်းခတ်မှုန့်လေးနဲ့ ချက်လိုက်ရင် အရသာရှိရှိနဲ့ စားနိုင်တဲ့ ဂေါ်ဖီထုပ်ဟင်းရည်လေးတစ်ခွက်ရရှိလာမှာပါ။
ပါဝင်ပစ္စည်းတွေက ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီးနဲ့ ကြက်သွန်တွေကတော့ မပါမဖြစ်ပါ။ ကျန်တာတွေကတော့ ရလို့ထည့်ချက်နိုင်ရင် ပိုပြီးအရသာရှိရှိနဲ့စားရမှာပေါ့။

ေဂၚဖီထုပ္ရဲ႕ အက်ဳိးေက်းဇူးမ်ား {Zawgyi}ေဂၚဖီထုပ္မွာ ဗီတာမင္စီဓာတ္ ျပည့္ဝစြာပါဝင္ပါတယ္။ ေဂၚဖီထုပ္မွာပါတဲ့ ဗီတာမင္စီဓာတ္က ...
16/07/2017

ေဂၚဖီထုပ္ရဲ႕ အက်ဳိးေက်းဇူးမ်ား {Zawgyi}
ေဂၚဖီထုပ္မွာ ဗီတာမင္စီဓာတ္ ျပည့္ဝစြာပါဝင္ပါတယ္။ ေဂၚဖီထုပ္မွာပါတဲ့ ဗီတာမင္စီဓာတ္က က်ေနာ္တို့ပုံမွန္ ဗီတာမင္စီဓာတ္အမ်ားဆုံးအသီးလို႔ ထင္ထားတဲ့ လိေမၼာ္သီးထက္ေတာင္ မ်ားတယ္ဆိုရင္ သင္အံ့ၾသသြားမိမယ္ထင္ပါတယ္
ဗီတာမင္စီဓာတ္ဟာဆိုရင္ အိုမင္းရင့္ေရာ္ျခင္းကိုျဖစ္ေစတဲ့ free radicals ေတြကို ေလ်ာ့က်ေစႏိုင္တဲ့ အေကာင္းဆုံး antioxidant ျဖစ္တဲ့အျပင္ ခႏၶာကိုယ္ခုခံအားျမွင့္တင္ေပးတဲ့အစြမ္းသတၱိရွိတာျဖစ္လို့ အေအးမိေခ်ာင္းဆိုးျဖစ္ျခင္းေတြကိုပါ ကာကြယ္ေပးႏိုင္ပါတယ္။ ထို့အျပင္ ေဂၚဖီထုပ္မွာ Vitamin E လည္း ျပည့္ဝစြာပါဝင္လုိ့ အသားအေရကို ႏုပ်ဳိလွပေစႏိုင္ရုံမက ဆံပင္နဲ့ မ်က္လုံးအတြက္ပါ အားျဖည့္ေပးႏိုင္ပါတယ္။
ေဂၚဖီထုပ္က ထိခိုက္ဒဏ္ရာေတြနဲ့ ပ်က္စီးေနတဲ့ အသားတစ္ရွဴးေတြကို ျပန္လည္ေကာင္းမြန္ေအာင္ကုသရာမွာလည္း ကုသမွဳႏွဳန္းကို ျမန္ဆန္ေစပါတဲ့အျပင္ အာရုံေၾကာစနစ္ကို ေကာင္းေကာင္းအေထာက္အပံ့ေပးတဲ့ Iodine, Vitamin K နဲဲ႔ Anthocyanin ျပည့္ဝစြာပါဝင္တဲ့အတြက္ အသက္ၾကီးလာလို့ ေမ့တတ္ေလ်ာ့တတ္တဲ့ အာရုံေၾကာေရာဂါေတြနဲ့ အယ္ဇိုင္းမားေရာဂါေတြကိုလည္း ေလ်ာ့က်ေစႏိုင္ပါတယ္။
ေနာက္ထပ္ ေဂၚဖီထုပ္ကို သဘာဝတရားၾကီးက ေပးစြမ္းထားတဲ့လက္ေဆာင္တစ္ခုကေတာ့ အမွ်င္ဓာတ္ျပည့္ဝစြာပါဝင္ျခင္းပဲျဖစ္ပါတယ္။ ေဂၚဖီထုပ္က ခႏၶာကိုယ္အတြက္လိုအပ္တဲ့ေရဓာတ္ကိုထိန္းသိမ္းေပးထားႏိုင္တဲ့အျပင္ ဝမ္းခ်ဳပ္တာေတြနဲ့ တျခားအစာေခ်တာနဲ့ပတ္သက္တဲ့ေရာဂါေတြအတြက္ အေကာင္းေဆးတစ္လက္လည္းျဖစ္ပါတယ္
ေဂၚဖီထုပ္မွာပါတဲ့ ကင္ဆာေရာဂါနဲ့ ႏွလုံးေရာေတြကိုျဖစ္ေစႏိုင္တဲ့ ခႏၶာကိုယ္အတြက္မလိုအပ္တဲ့ အပုိပစၥည္းေတြကို တိုက္ဖ်က္ေပးႏိုင္တဲ့ အစြမ္းသတၱိေတြေၾကာင့္ ကင္ဆာနဲ့ဆက္စပ္ေရာဂါေတြမျဖစ္ေအာင္ ကာကြယ္တဲ့အေနနဲ့လည္း စားသုံးႏိုင္ပါတယ္။ Beta-Carotene ဓာတ္လည္းျပည့္ဝစြာပါလို့ အမ်ဳိးသားေတြအတြက္ ဆီးက်ိတ္ကင္ဆာေရာဂါျဖစ္ဖို့အခြင့္အေရးကိုလည္း ေလ်ာ့က်ေစႏိုင္ပါတယ္။
သုေတသနေလ့လာခ်က္တစ္ခုအရဆိုရင္ ရင္သားကင္ဆာေရာဂါခံစားေနရတဲ့ တရုတ္အမ်ဳိးသမီးတစ္ဦးက ေဂၚဖီထုပ္ကို ေန့တိုင္း ပုံမွန္စားရင္းနဲ့ သိသိသာသာသက္သာလာတာကို ေတြ႕ရွိရတယ္လို့ဆိုပါတယ္
ေနာက္ဂုဏ္သတၱိတစ္ခုကေတာ့ ေရာင္ရမ္းျခင္းကိုအထိေရာက္ဆုံးကာကြယ္ေပးတဲ့ Glutamine ဆိုတဲ့ဓာတ္ပါဝင္မွဳပါပဲ။ အဲဒါေၾကာင့္ ေဂၚဖီထုပ္စားရင္းနဲ့ ခႏၶာကုိယ္ေရာင္ရမ္းမွဳေတာ္ေတာ္မ်ားမ်ား၊ ယားယံုျခင္း၊ ဓာတ္မတည့္ျဖစ္ျခင္း၊ အရိုးအဆစ္မ်ားနာက်င္ျခင္း၊ ဖ်ားနာျခင္းနဲ့ အျခား အသားအေရျပႆနာေတြကို ကာကြယ္ႏိုင္ပါတယ္။ ထို႔အျပင္ ေဂၚဖီထုပ္မွာ Calcium, Magnesium နဲ့ Potassium ဓာတ္ေတြျပည့္ဝစြာပါဝင္တဲ့အတြက္ေၾကာင့္ အရိုးအဆစ္အတြက္ အင္မတန္ အေထာက္အကူေပးပါတယ္။ Potassium ဓာတ္ကဆိုရင္ ေသြးေၾကာေတြထဲ ေသြးစီးဆင္းမွဳကိုပိုမိုလြယ္ကူေစတဲ့အတြက္ ေသြးဖိအားျမင့္တက္ေစျခင္းမွကာကြယ္ေပးႏိုင္တာျဖစ္လို့ ႏွလုံးေရာဂါနဲ့ ေလျဖတ္ျခင္းကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္
ထပ္ေျပာရရင္ ေဂၚဖီထုပ္မွာ Beta-carotine ျပည့္ဝစြာလည္းပါဝင္ျပီး အသက္ၾကီးလို႔ ၾကြက္သားေတြအလုပ္လုပ္နိုင္စြမ္းက်လာတာေတြကို ကာကြယ္နိုင္တဲ့အစြမ္သတိၲလည္းပါဝင္ပါတယ္။ ျပီးေတာ့ မ်က္လုံးက်န္းမာေရးအတြက္ ေကာင္းေကာင္းေထာက္ပံ့ေပးႏိုင္တဲ့အျပင္ အတြင္းတိမ္ျဖစ္ျခင္းကို ေႏွာင့္ေႏွးေစႏိုင္ပါတယ္။
ခႏၶာကိုယ္အေလးခ်ိန္က်ခ်င္တဲ့ ကိုကိုေတြ မမေတြအတြက္ ေဂၚဖီထုပ္က အေကာင္းဆုံးအစားအစာတစ္ခုလည္းျဖစ္ပါတယ္
ေဂၚဖီထုပ္မွာ ဗီတာမင္၊ သတၱဳဓာတ္၊ အမွ်င္ဓာတ္ေတြနဲ့ အျခားအာဟာရဓာတ္ေတြျမင့္မားစြာပါဝင္တဲ့အတြက္ေၾကာင့္ Diet လုပ္ေနတဲ့သူေတြအတြက္ ကယ္လိုရီနည္းနည္းနဲ့ ထိေရာက္တဲ့ျဖည့္စြက္စာအျဖစ္ စာသုံးသင့္တဲ့ အေကာင္းဆုံးအစားအစာတစ္ခုလည္းျဖစ္ပါတယ္။ ေဂၚဖီထုပ္စြပ္ျပဳတ္တစ္ခြက္မွာဆိုရင္ ၃၃ ကယ္လိုရီပဲပါဝင္တဲ့အတြက္ ကိုယ္အေလးခ်ိန္ေလ်ာ့က်ေအာင္ျပဳလုပ္ေနသူေတြရဲ႕ နံပါတ္ ၁ အစားအစာပဲျဖစ္ပါတယ္။ အစားမ်ားမ်ားစားတတ္တဲ့သူဆိုရင္လည္း ေဂၚဖီထုပ္စြပ္ျပဳတ္မ်ားမ်ားေသာက္လိုက္ရင္ ကိုယ္အေလးခ်ိန္မတက္ေစပဲ စိတ္ေက်နပ္မွဳရရွိေစႏိုင္ပါတယ္။ ေနာက္ရက္ေတြမွာ ေဂၚဖီထုပ္စြပ္ျပဳတ္နဲ့ ကိုယ္အေလးခ်ိန္ဘယ္လိုက်ေအာင္လုပ္ရမလည္းဆိုတာတင္ေပးမွာျဖစ္လို့ Better Lifestyle Page ကို လာၾကည့္ဖို့မေမ့နဲ့ေနာ္။
ေဂၚဖီထုပ္က ေသြးကိုသန့္စင္ေစျပီး ဒူလာ၊ ေဂါက္၊ အရိုးအဆစ္၊ ဆီးေက်ာက္တည္ (ေက်ာက္ကပ္ေက်ာက္တည္)၊ အေရျပားေရာဂါနဲ့ ႏွင္းခူေတြျဖစ္ေစႏိုင္တဲ့ Uric Acid နဲ့ မလိုအပ္တဲ့အဆိပ္အေတာက္ေတြကိုဖယ္ရွားသန့္စင္ေပးႏိုင္ပါတယ္။
အခ်ဳပ္ေျပာရမယ္ဆိုရင္ ေဂၚဖီထုပ္ပုံမွန္စားေပးတာနဲ့
၁။ အိုမင္းရင့္ေရာ္ျခင္းေဝးျပီး ႏုပ်ဳိလွပေစႏိုင္ျခင္း
၂။ ကင္ဆာနဲ့ ဆက္စပ္ေရာဂါေတြကို ကာကြယ္ေပးႏိုင္ျခင္း
၃။ မ်က္လုံးက်န္းမာေရးေကာင္းမြန္ေစျခင္း
၄။ ခႏၶာကိုယ္အေလးခ်ိန္ေလ်ာ႔ခ်ရာမွာ အေထာက္အကူေပးျခင္း
၅။ ဦးေႏွာက္နဲ့အာရုံေၾကာက်န္းမာေရးေကာင္းမြန္ေစျခင္း
၆။ ေသြးေပါင္ခ်ိန္ေကာင္းမြန္ေစျခင္း
၇။ ဝမ္းခ်ဳပ္ျခင္းကို ကာကြယ္ေပးျခင္း
၈။ ၾကြက္သားမ်ားနာက်င္ေရာင္ရမ္းျခင္းေတြကို ကာကြယ္ေပးျခင္း
၉။ခႏၶာကိုယ္အတြက္ မလိုအပ္တဲ့ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးျခင္း စတဲ့ အက်ဳိးေက်းဇူးေတြကို ရရွိႏိုင္ပါတယ္...

ဂေါ်ဖီထုပ်ရဲ့ အကျိုးကျေးဇူးများ {Unicode}
ဂေါ်ဖီထုပ်မှာ ဗီတာမင်စီဓာတ် ပြည့်ဝစွာပါဝင်ပါတယ်။ ဂေါ်ဖီထုပ်မှာပါတဲ့ ဗီတာမင်စီဓာတ်က ကျနော်တို့ပုံမှန် ဗီတာမင်စီဓာတ်အများဆုံးအသီးလို့ ထင်ထားတဲ့ လိမ္မော်သီးထက်တောင် များတယ်ဆိုရင် သင်အံ့သြသွားမိမယ်ထင်ပါတယ်
ဗီတာမင်စီဓာတ်ဟာဆိုရင် အိုမင်းရင့်ရော်ခြင်းကိုဖြစ်စေတဲ့ free radicals တွေကို လျော့ကျစေနိုင်တဲ့ အကောင်းဆုံး antioxidant ဖြစ်တဲ့အပြင် ခန္ဓာကိုယ်ခုခံအားမြှင့်တင်ပေးတဲ့အစွမ်းသတ္တိရှိတာဖြစ်လို့ အအေးမိချောင်းဆိုးဖြစ်ခြင်းတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ထို့အပြင် ဂေါ်ဖီထုပ်မှာ Vitamin E လည်း ပြည့်ဝစွာပါဝင်လို့ အသားအရေကို နုပျိုလှပစေနိုင်ရုံမက ဆံပင်နဲ့ မျက်လုံးအတွက်ပါ အားဖြည့်ပေးနိုင်ပါတယ်။
ဂေါ်ဖီထုပ်က ထိခိုက်ဒဏ်ရာတွေနဲ့ ပျက်စီးနေတဲ့ အသားတစ်ရှူးတွေကို ပြန်လည်ကောင်းမွန်အောင်ကုသရာမှာလည်း ကုသမှုနှုန်းကို မြန်ဆန်စေပါတဲ့အပြင် အာရုံကြောစနစ်ကို ကောင်းကောင်းအထောက်အပံ့ပေးတဲ့ Iodine, Vitamin K နဲဲ့ Anthocyanin ပြည့်ဝစွာပါဝင်တဲ့အတွက် အသက်ကြီးလာလို့ မေ့တတ်လျော့တတ်တဲ့ အာရုံကြောရောဂါတွေနဲ့ အယ်ဇိုင်းမားရောဂါတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။
နောက်ထပ် ဂေါ်ဖီထုပ်ကို သဘာဝတရားကြီးက ပေးစွမ်းထားတဲ့လက်ဆောင်တစ်ခုကတော့ အမျှင်ဓာတ်ပြည့်ဝစွာပါဝင်ခြင်းပဲဖြစ်ပါတယ်။ ဂေါ်ဖီထုပ်က ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ရေဓာတ်ကိုထိန်းသိမ်းပေးထားနိုင်တဲ့အပြင် ဝမ်းချုပ်တာတွေနဲ့ တခြားအစာချေတာနဲ့ပတ်သက်တဲ့ရောဂါတွေအတွက် အကောင်းဆေးတစ်လက်လည်းဖြစ်ပါတယ်
ဂေါ်ဖီထုပ်မှာပါတဲ့ ကင်ဆာရောဂါနဲ့ နှလုံးရောတွေကိုဖြစ်စေနိုင်တဲ့ ခန္ဓာကိုယ်အတွက်မလိုအပ်တဲ့ အပိုပစ္စည်းတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အစွမ်းသတ္တိတွေကြောင့် ကင်ဆာနဲ့ဆက်စပ်ရောဂါတွေမဖြစ်အောင် ကာကွယ်တဲ့အနေနဲ့လည်း စားသုံးနိုင်ပါတယ်။ Beta-Carotene ဓာတ်လည်းပြည့်ဝစွာပါလို့ အမျိုးသားတွေအတွက် ဆီးကျိတ်ကင်ဆာရောဂါဖြစ်ဖို့အခွင့်အရေးကိုလည်း လျော့ကျစေနိုင်ပါတယ်။
သုတေသနလေ့လာချက်တစ်ခုအရဆိုရင် ရင်သားကင်ဆာရောဂါခံစားနေရတဲ့ တရုတ်အမျိုးသမီးတစ်ဦးက ဂေါ်ဖီထုပ်ကို နေ့တိုင်း ပုံမှန်စားရင်းနဲ့ သိသိသာသာသက်သာလာတာကို တွေ့ရှိရတယ်လို့ဆိုပါတယ်
နောက်ဂုဏ်သတ္တိတစ်ခုကတော့ ရောင်ရမ်းခြင်းကိုအထိရောက်ဆုံးကာကွယ်ပေးတဲ့ Glutamine ဆိုတဲ့ဓာတ်ပါဝင်မှုပါပဲ။ အဲဒါကြောင့် ဂေါ်ဖီထုပ်စားရင်းနဲ့ ခန္ဓာကိုယ်ရောင်ရမ်းမှုတော်တော်များများ၊ ယားယုံခြင်း၊ ဓာတ်မတည့်ဖြစ်ခြင်း၊ အရိုးအဆစ်များနာကျင်ခြင်း၊ ဖျားနာခြင်းနဲ့ အခြား အသားအရေပြဿနာတွေကို ကာကွယ်နိုင်ပါတယ်။ ထို့အပြင် ဂေါ်ဖီထုပ်မှာ Calcium, Magnesium နဲ့ Potassium ဓာတ်တွေပြည့်ဝစွာပါဝင်တဲ့အတွက်ကြောင့် အရိုးအဆစ်အတွက် အင်မတန် အထောက်အကူပေးပါတယ်။ Potassium ဓာတ်ကဆိုရင် သွေးကြောတွေထဲ သွေးစီးဆင်းမှုကိုပိုမိုလွယ်ကူစေတဲ့အတွက် သွေးဖိအားမြင့်တက်စေခြင်းမှကာကွယ်ပေးနိုင်တာဖြစ်လို့ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်
ထပ်ပြောရရင် ဂေါ်ဖီထုပ်မှာ Beta-carotine ပြည့်ဝစွာလည်းပါဝင်ပြီး အသက်ကြီးလို့ ကြွက်သားတွေအလုပ်လုပ်နိုင်စွမ်းကျလာတာတွေကို ကာကွယ်နိုင်တဲ့အစွမ်သတ္တိလည်းပါဝင်ပါတယ်။ ပြီးတော့ မျက်လုံးကျန်းမာရေးအတွက် ကောင်းကောင်းထောက်ပံ့ပေးနိုင်တဲ့အပြင် အတွင်းတိမ်ဖြစ်ခြင်းကို နှောင့်နှေးစေနိုင်ပါတယ်။
ခန္ဓာကိုယ်အလေးချိန်ကျချင်တဲ့ ကိုကိုတွေ မမတွေအတွက် ဂေါ်ဖီထုပ်က အကောင်းဆုံးအစားအစာတစ်ခုလည်းဖြစ်ပါတယ်
ဂေါ်ဖီထုပ်မှာ ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်တွေနဲ့ အခြားအာဟာရဓာတ်တွေမြင့်မားစွာပါဝင်တဲ့အတွက်ကြောင့် Diet လုပ်နေတဲ့သူတွေအတွက် ကယ်လိုရီနည်းနည်းနဲ့ ထိရောက်တဲ့ဖြည့်စွက်စာအဖြစ် စာသုံးသင့်တဲ့ အကောင်းဆုံးအစားအစာတစ်ခုလည်းဖြစ်ပါတယ်။ ဂေါ်ဖီထုပ်စွပ်ပြုတ်တစ်ခွက်မှာဆိုရင် ၃၃ ကယ်လိုရီပဲပါဝင်တဲ့အတွက် ကိုယ်အလေးချိန်လျော့ကျအောင်ပြုလုပ်နေသူတွေရဲ့ နံပါတ် ၁ အစားအစာပဲဖြစ်ပါတယ်။ အစားများများစားတတ်တဲ့သူဆိုရင်လည်း ဂေါ်ဖီထုပ်စွပ်ပြုတ်များများသောက်လိုက်ရင် ကိုယ်အလေးချိန်မတက်စေပဲ စိတ်ကျေနပ်မှုရရှိစေနိုင်ပါတယ်။ နောက်ရက်တွေမှာ ဂေါ်ဖီထုပ်စွပ်ပြုတ်နဲ့ ကိုယ်အလေးချိန်ဘယ်လိုကျအောင်လုပ်ရမလည်းဆိုတာတင်ပေးမှာဖြစ်လို့ Better Lifestyle Page ကို လာကြည့်ဖို့မမေ့နဲ့နော်။
ဂေါ်ဖီထုပ်က သွေးကိုသန့်စင်စေပြီး ဒူလာ၊ ဂေါက်၊ အရိုးအဆစ်၊ ဆီးကျောက်တည် (ကျောက်ကပ်ကျောက်တည်)၊ အရေပြားရောဂါနဲ့ နှင်းခူတွေဖြစ်စေနိုင်တဲ့ Uric Acid နဲ့ မလိုအပ်တဲ့အဆိပ်အတောက်တွေကိုဖယ်ရှားသန့်စင်ပေးနိုင်ပါတယ်။
အချုပ်ပြောရမယ်ဆိုရင် ဂေါ်ဖီထုပ်ပုံမှန်စားပေးတာနဲ့
၁။ အိုမင်းရင့်ရော်ခြင်းဝေးပြီး နုပျိုလှပစေနိုင်ခြင်း
၂။ ကင်ဆာနဲ့ ဆက်စပ်ရောဂါတွေကို ကာကွယ်ပေးနိုင်ခြင်း
၃။ မျက်လုံးကျန်းမာရေးကောင်းမွန်စေခြင်း
၄။ ခန္ဓာကိုယ်အလေးချိန်လျော့ချရာမှာ အထောက်အကူပေးခြင်း
၅။ ဦးနှောက်နဲ့အာရုံကြောကျန်းမာရေးကောင်းမွန်စေခြင်း
၆။ သွေးပေါင်ချိန်ကောင်းမွန်စေခြင်း
၇။ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးခြင်း
၈။ ကြွက်သားများနာကျင်ရောင်ရမ်းခြင်းတွေကို ကာကွယ်ပေးခြင်း
၉။ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်...

အာဇာနည္ေန႔ သမုိင္းေၾကာင္းအစုံ ႏွင့္ လက္လွမ္းမီသေလာက္ စုစည္းမိေသာ အာဇာနည္ပုဂၢဳိလ္ၾကီးမ်ား၏ ဘဝမွတ္တမ္းအက်ဥ္းမ်ား {Zawgyi}အ...
14/07/2017

အာဇာနည္ေန႔ သမုိင္းေၾကာင္းအစုံ ႏွင့္ လက္လွမ္းမီသေလာက္ စုစည္းမိေသာ အာဇာနည္ပုဂၢဳိလ္ၾကီးမ်ား၏ ဘဝမွတ္တမ္းအက်ဥ္းမ်ား {Zawgyi}
အာဇာနည္ေန့နီးလာျပီဆိုေတာ့ အာဇာနည္ေန့အေၾကာင္းကို ေသခ်ာသိလိုသူမ်ားအတြက္ ရွာေဖြေတြ႕ရွိရသေလာက္ေလး ျပန္လည္မွ်ေဝေပးလိုက္ပါတယ္
၁၉၄၇ ခုႏွစ္ ဇူလုိင္လ ၁၉ ရက္ေန႔ စေနေန႔ နံနက္ ၁၀ နာရီ ၃၇ မိနစ္တြင္ အတြင္း၀န္မ်ားရုံးမွာ တုိင္းျပည္ကြ်န္ဘ၀က လုံး၀ လြတ္ေျမာက္ေရးနဲ႔ စစ္ျပီးေခတ္ ျမန္မာႏုိင္ငံ ျပန္လည္ထူေထာင္ေရး အတြက္ အစည္းအေ၀း ထုိင္ေနၾကတဲ႔ အမ်ိဳးသား ေခါင္းေဆာင္ ဗုိလ္ခ်ဳပ္ ေအာင္ဆန္း ဦးေဆာင္တဲ႔ ဖဆပလ ၾကားျဖတ္အစုိးရ ၀န္ၾကီးေတြ လုပ္ၾကံခံရတဲ႔ ႏုိင္ငံေတာ္ လုပ္ၾကံမွဳၾကီး ျဖစ္ပြားခဲ႔တယ္။
အဲဒီေန႔က ရန္ကုန္ျမိဳ႕ရဲ႕ ရာသီဥတုဟာ “မုိးလင္း ကတည္းကပင္ ေကာင္းကင္သည္ အုံ႔မွိဳင္းညဳိမွိဳင္းလ်က္ရွိသည္ ။ တိမ္တုိက္ဟူ၍ ဘာမွ် ၾကည္လင္စြာ မျမင္ရ။ မုိးကို ၾကည္႔ရသည္မွာ ျမဴသန္းေနေသာ ပင္လယ္ျပင္ၾကီး လုိ ၀ုိး၀ုိး၀ါး၀ါး ေနသည္။ မုိးသည္ ကင္းကင္းလြတ္လြတ္ စဲသည္ဟူ၍မရွိဘဲ တဖြဲဖြဲ ေနလိုက္၊ တျဖိဳင္ျဖိဳင္ ရြာခ်လုိက္ႏွင့္၊ ေနာက္ေစြ၍ ေနေလသည္” လုိ႔ဆရာ ဒဂုန္တာရာက ေရးသား မွတ္တမ္းတင္ခဲ႔တယ္။
နံနက္ ၁၀ နာရီ ခန္႔မွာ တာ၀ါလိမ္း ေနအိမ္ကေန အတြင္း၀န္မ်ားရုံးမွာ ျပဳလုပ္မဲ႔ ၀န္ၾကီးမ်ား အစည္းအေ၀း ကုိတက္ရန္ ဗုိလ္ခ်ဳပ္ေအာင္ဆန္းဟာ သူရဲ႕ အပါးေတာ္ျမဲ(ပီေအ) ဗုိလ္ထြန္းလွနဲ႔ အတူ ကားနက္ကေလး အာရ္ေအ/၂၈၇၄ နဲ႔ ထြက္လာခဲ႔တယ္။ ၁၀ နာရီ ၁၀ မိနစ္ေလာက္မွာ အတြင္း၀န္မ်ားရုံးရဲ႕ အလယ္ ဗဟုိ ေလွကားေျခရင္းကို ဗုိလ္ခ်ဳပ္ကားဆုိက္လာျပီး အစည္းအေ၀းလုပ္မဲ႔ အေပၚထပ္ သူ႔ရုံးခန္းကို အပါးေတာ္ျမဲ ဗုိလ္ထြန္းလွနဲ႔အတူ တက္လာတယ္။ အဲဒီေန႔က်မွ ဗုိလ္ခ်ဳပ္ဟာ ခါတုိင္းလုိ ယူနီေဖာင္း၀တ္နဲ႔ မဟုတ္ဘဲ ေရႊဖလားေရာင္ ဗန္ေကာင္လုံခ်ည္၊ သနပ္ခါးေရာင္ မႏၱေလး ပုိးတိုက္ပုံႏွင့္ အျဖဴေရာင္ သဲၾကိဳး တပ္ထားတဲ႔ ေလယာဥ္ပ်ံဖိနပ္ စတာေတြနဲ႔ ျမန္မာဆန္ဆန္ ၀တ္စားဆင္ယင္ထားတာကုိ ထူးထူးျခားျခား ေတြ႔ရလုိ႔၊ “ ဗုိလ္ခ်ဳပ္က ဒီလုိေတာ႔ အေခ်ာၾကီးပဲ “ ဟု ဦးဘဂ်မ္းက လွမ္းေနာက္လုိက္တယ္။
ကာကြယ္ေရး ၀န္ၾကီးရဲ႕ ရုံးခန္းထဲမွာ အစည္းအေ၀းျပဳလုပ္ရန္ အတြက္ ဧရာ၀တီ ျမစ္၀ကြ်န္းေပၚေဒသကုိ တုိင္းခန္း လွည္႔လည္ေနတဲ႔ သယ္ယူပုိ႔ေဆာင္ေရး ဌာန ၀န္ၾကီး ေစာစံဘုိးသင္း ၊ အဂၤလန္မွ အျပန္ လမ္းခရီးမွာပဲ ရွိေနေသးတဲ႔ ျပည္ထဲေရး၀န္ၾကီး ဦးေက်ာ္ျငိမ္းနဲ႔ ဌာန လက္ကိုင္မရွိ ၀န္ၾကီး ဦးတင္ထဋ္ တုိ႔မွအပ က်န္တဲ႔ အစုိးရ အဖြဲ႔ ၀န္ၾကီးေတြ စုံစုံညီညီ ေရာက္ရွိ ေနၾကျပီ ျဖစ္တယ္။ ရုံးအုပ္ၾကီး ဦးခ၊ လက္ေထာက္အတြြင္း၀န္ ဦးတင္အုံးနဲ႔ ၀န္ၾကီးမ်ားအဖြဲ႔ အတြင္း၀န္ ဦးေရႊေဘာ္ တုိ႔လည္း အစည္းအေ၀း အတြက္ လုိအပ္မဲ႔ စာရြက္စာတမ္းေတြနဲ႔ ဖုိင္ေတြရွာေဖြ စုေဆာင္းကာ အစည္းအေ၀းက်င္းပမဲ႕ အခန္းထဲကုိ တခုျပီး တခုပုိ႔ေဆာင္ရင္း ၀င္ေခ် ထြက္ေခ် အလုပ္မ်ားေနၾကတယ္။
ဒီေနာက္ အစည္းအေ၀း က်င္းပရာ အခန္းထဲကို ဗုိလ္ခ်ဳပ္ႏွင့္ အပါးေတာ္ျမဲ ဗုိလ္လွထြန္တုိ႔ ၀င္လာျပီး ၊ ဗုိလ္လွထြန္းက ဗုိလ္ခ်ဳပ္အတြက္ လုိအပ္တဲ႔ဖုိင္ေတြ၊ မွတ္တမ္းမွတ္ရာ ေတြကို ဗုိလ္ခ်ဳပ္စားပြဲထိပ္မွာ ခ်ေပးလုိက္တယ္။ ဗုိလ္ခ်ဳပ္က သူ႔ထုိင္ခုံမွာ ၀င္ထုိင္လုိက္ေတာ႔ ဗုိလ္ထြန္းလွလည္း အစည္းအေ၀း ခန္းမကေန သူရဲ႕ရုံးခန္း ရွိရာကို ထြက္လာခဲ႔ျပီး သူ႔ရုံးခန္းထဲမွာ စိတ္ေအးလက္ေလး ရွိေနခဲ႔တယ္။ အဲဒီေန႔က အစည္းအေ၀းတက္ေရာက္သူေတြကေတာ႔
၁။ ဗုိလ္ခ်ဳပ္ေအာင္ဆန္း- ဒုဥကၠဌ၊ ကာကြယ္ေရး ႏွင့္ ႏုိင္ငံျခားေရး ဌာန
၂။ သခင္ျမ- ဘ႑ေရးႏွင့္ အခြန္ေတာ္ဌာန
၃။ ဦးဘ၀င္း-ကူးသန္းေရာင္း၀ယ္ေရးႏွင့္ ေထာက္ပံေရး ဌာန၊
၄။ ဒီးဒုတ္ဦးဘခ်ိဳ-ျပန္ၾကားေရးဌာန
၅။ အဗၺဒူရာဇတ္- ပညာေရးႏွင့္ အမ်ိဳးသား စီမံကိန္း ဌာန၊
၆။ မန္းဘခုိင္ - စက္မွဳလက္မွဳႏွင့္ အလုပ္သမား ဌာန၊
၇။ မြန္းပြန္ေစာ္ဘြားၾကီး စပ္စံထြန္း-ေတာင္တန္းေရးရာဌာန၊
၈။ ဦးဘဂ်မ္း-ျပန္လည္ထူေထာင္ေရး ဌာန၊
၉။ ေပ်ာ္ဘြယ္ ဦးျမ- လယ္ယာႏွင့္ စိုက္ပ်ိဳးေရး ဌာန၊
၁၀။ ဥိးေအာင္ဇံေ၀-ျပည္သူ႔၀န္ထမ္း ဌာန၊
၁၁။ ဦးအုံးေမာင္ -ဒုတိယ အတြင္း၀န္ လမ္းပန္းဆက္သြယ္ေရး ဌာန တုိ႔ျဖစ္တယ္။
ဦးအုံးေမာင္ဟာ သူ႔ ၀န္ၾကီး ေစာစံဖုိးသင္း ခရီးထြက္ေနျပီး အစည္းအေ၀း မတက္ႏုိင္လု႔ိ၊ လမ္းပန္း ဆက္သြယ္ေရး ဌာနနဲ႔ ပက္သက္ျပီး အစည္းအေ၀းမွာ လုိအပ္တာေတြ တင္ျပႏုိင္ဖုိ႔နဲ႔ ျပည္လည္ေျဖၾကားႏုိင္ဖုိ႔ ေရာက္ရွိေနတာျဖစ္တယ္။
အရင္ကေတာ႔ ၀န္ၾကီးမ်ား (ဘု၇င္ အမွဳ႕ေဆာင္ ေကာင္စီအဖြဲ႔မ်ား) အစည္းအေ၀းကုိ ဘုရင္ခံ႕ သဘာပတိအျဖစ္ ေဆာင္ရြက္ကာ ဘုရင္ခံ ကုိယ္တုိင္ ဦးစီး က်င္းပေလ့ ရွိပါတယ္။ ေအာင္ဆန္း-အက္တလီ စာခ်ဳပ္ ခ်ဳပ္ဆုိျပီး ေနာက္ပုိင္းမွာေတာ႔ ၊ျမန္မာျပည္ကုိ လြတ္လပ္ေရး ေသခ်ာေပါက္ ေပးရေတာ႔မဲ႔ အေျခအေနနဲ႔ ဖဆပလ ဘုရင္ အမွဳ႕ေဆာင္ ေကာင္စီကုိ ၾကားျဖတ္အစုိးရ အဆင့္မ်ိဳးနဲ႔ လြတ္လပ္စြာ စီမံေဆာင္ရြက္ခြင့္ ေပးထားတာျဖစ္လို႔ ၁၉၄၇ ဇန္န၀ါရီ ေလာက္ကစျပီး ဘုရင္ခံ ကိုယ္တုိင္ တက္ေရာက္ျခင္းမရွိေတာ႔ဘဲ ၊ ဘုရင္အမွဳေဆာင္ ေကာင္စီ ဒဥကၠဌ ဗုိလ္ခ်ဳပ္ေအာင္ဆန္း ကပဲ သဘာပတိ အျဖစ္ ဦးစီး က်င္းပေနတာျဖစ္တယ္။
အစည္းအေ၀းက်င္းပရာ ဗုိလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ရုံးခန္းဟာ အထဲကုိ ၀င္ရန္ တံခါး ၃ ေပါက္ရွိတဲ႔ခန္းမက်ယ္ၾကီးျဖစ္ျပီး၊ လက္၀ဲဘက္မွာ အတြင္း၀န္ ဦးေရႊေဘာ္ရဲ႕ အခန္း၊ လက္ယာဘက္မွာ ဗုိ္လ္ခ်ဳပ္ အပါးေတာ္ျမဲ ဗုိလ္ထြန္းလွရဲ႕ အခန္းေတြ ရွိပါတယ္။ ဒီအခန္းၾကီးရဲ႕ အေရွ႕ေျမာက္ေထာင့္မွာ ဗုိလ္ခ်ဳပ္ အလုပ္လုပ္္တဲ႔ စားပြဲရွိျပီး ၊ ေတာင္ဘက္ နံရံမွာေတာ႔ ၀န္ၾကီး ေတြ အစည္းေ၀းပြဲ က်င္းပတဲ႔ စားပြဲၾကီးေတြ ရွိပါတယ္။ ၀န္ၾကီးေတြ အစည္းအေ၀း က်င္းပရာ ေနရာမွာစားပြဲရွည္ၾကီး ၃ ခုကို “ဂ” ပုံစံ အတုိင္းမွာ ထိပ္မွာတခု၊ ေဘးထဖက္ တခ်က္မွာ တစ္လုံးစီ ခ်ထားတယ္။ ထိပ္က စားပြဲက အလ်ား ၁၀ ေပ၊ အနံ ၃ ေပ ေလာက္ က်ယ္ျပီး ၊ က်န္တဲ႔ေဘးတဖက္ တခ်က္က စားပြဲ ၂ ခု ကေတာ႔အလ်ား ၁၈ ေပ၊ အနံ ၃ ေပ ခန္႔စီ ရွိၾကတယ္။
အဲဒီေန႔ အစည္းအေ၀းမွာ ဗုိလ္ခ်ဳပ္က ထိပ္စားပြဲ အလည္တည္႔တည္႔ မွာထိုင္ေနျပီး လက္ယာဘက္ စားပြဲမွာ သခင္ျမ၊ ဒီးဒုတ္ ဦးဘခ်ိဳ၊ ဥိးရာဇတ္၊ ဦးဘ၀င္း၊ မန္းဘခုိင္ တုိ႔ အစဥ္အတုိင္း ထုိင္ေနၾကကာ၊ လက္၀ဲဘက္ စားပြဲမွာေတာ႔ ဦးဘဂ်မ္း၊ ဦးေအာင္ဇံေ၀ ၊ ေပ်ာ္ဘြယ္ ဦးျမနဲ႕မုိင္းပြန္ေစာ္ဘြားၾကီး စပ္စံထြန္း တုိ႔ ထုိင္ေနၾကတယ္။ ၀န္ၾကီးမ်ားအဖြဲ႕ အတြင္း၀န္ ဦးေရႊေဘာ္က အစည္းအေ၀းမွာ ဗိုလ္ခ်ဳပ္လုိအပ္တဲ႔ စာရြက္စာတမ္းေတြ၊ ဖုိင္တြဲရွာေပးႏုိင္ဖုိ႔ ထပ္စားပြဲ ဗုိလ္ခ်ဳပ္ရဲ႕ လက္၀ဲဘက္မွာ ရွိေနတယ္။
အစည္းအေ၀းကုိ အစီအစဥ္ အတုိင္း ၁၀ နာရီ ၁၅ မိနစ္မွာ စတင္က်င္းပျပီး ၀န္ၾကီး ဌာနအလုိက္ အေရးၾကီးတဲ႕ သက္ဆုိင္ရာ ကိစၥရပ္ေတြကုိ ေဆြးေႏြးၾကတယ္။ ဒီလုိနဲ႔ ဌာနဆုိင္ရာ ကိစၥရပ္ေတြကို အစီအစဥ္အတုိင္း ေဆြးေႏြးလာခဲ႔ရာ ၁၀ နာရီခြဲခန္႔မွာ လမ္းပန္းဆက္သြယ္ေရး ဌာန ကိစၥရပ္ေတြကုိ ေတြးေႏြးဖုိ႔ အလွည္႔ေရာက္လာတာနဲ႔ ဒုတိယ အတြင္း၀န္ အုိက္စီအက္စ္ ဦးအုန္းေမာင္လည္း အစည္းအေ၀း ခန္းမထဲကို ေရာက္လာျပီး လက္ယာဘက္စားပြဲထိပ္က သခင္ျမ အနားမွာ ၀င္ထုိင္လုိက္တယ္။
နံနက္ ၁၀ နာရီ ၁၀ မိနစ္ခန္႕မွာ " ငါ႕တပည္႕မ်ား ေအာင္ပါေစကြာ" ဆိုတဲ႔ စကားသံအဆိံုးမွာ အင္းလွ်ားကန္ ေဘးရွိ ဦးေစာအိမ္၀င္းထဲကေန ဂ်စ္ကားအစိမ္းေလး တစင္း၀ူးခနဲ ထြက္လာျပီး အတြင္း၀င္ရံုးဘက္ကို ဦးတည္ေမာင္းနွင္သြားတယ္ ဒီဂ်စ္ကားေလးကိုဦးေစာရဲ႔ တပည္႕ တစ္ဦးျဖစ္တဲ႔ သုခက ေမာင္နွင္ျပီးကားေပၚမွာ တျခားတပည္ေတြျဖစ္တဲ႔ စိန္ၾကီး ေမာင္စိုး ရန္ၾကီးေအာင္သက္နွင္းတို႕က ေတာ္မိီဂန္းနဲ႔ စတင္းဂန္းေတြ အသင္႕ကိုေဆာင္ကာ လိုက္ပါလာၾကတယ္။ မိုးတဖြဲဖြဲနဲ႔ ေစြေနတဲ႔ လမ္းမၾကီးေပၚမွာ အာစီ/၁၈၁၄ နံပါတ္ဂ်စ္ကား အစိမ္းေလးကဟာ စ္မိုးကာေတြျခံဳထားျပီးစစ္ယူနီေဖာင္း၀တ္ နံပါတ္ ၁၂ တပ္မ ျခေသၤ႕တံဆိပ္ တပ္ထားတဲ႔ လူ ၄ဦးကို တင္ေဆာင္ကာ အေျပးေမာင္နွင္လာတယ္။ ဒီဂ်စ္ကားေလးဟာ ေမာင္ဂိုမာရီလမ္း(ယခု ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း) အတိုင္းပန္းဆိုးတန္းထိပ္ နာရီစင္ကိုျဖတ္ျပီးအေနာက္မွ အေရွ႕သို႕ ေမာင္းနွင္လာတယ္။ ေနာက္ စပတ္လမ္း(ယခု ဗိုလ္ေအာင္ေက်ာ္လမ္း) ကိုေရာက္တဲ႔အခါ ညာဘက္ကို ခ်ိဳးလိုက္တယ္ ဒီကမွ တဆင္႕ ဖေရဇာလမ္း(ယခုအေနာ္ရထာလမ္း)ကို ျဖတ္ေက်ာ္လာျပီး အတြင္း၀န္ရံုးရဲ႕ေတာင္ဘက္ ဂိတ္၀ကို ေရာက္တဲ႔အခါ စက္ရွိန္ ေလွ်ာ႕ျပီးအတြင္း၀န္မ်ားရံုး၀င္းအတြင္း ၀င္ရန္ ကားေခါင္းကိုဘယ္ဘက္သို႕ဦးတည္လိုက္တယ္။ ဒီအခ်ိန္ဟာ ရံုးတက္စ ၁၀နာရီခြဲခန္႕ျဖစ္လို႕ အရာရွိၾကီးငယ္ေတြရဲ႔ ကားၾကီးကားငယ္ေတြ ၀င္ေနၾကလို႕ ဂိတ္၀မွာ ခဏရပ္ေစာင္႕ေနရေသးတယ္။ ေနာက္မွ ကားဘီးကို ခပ္ျဖည္းျဖည္းလိမ္႕ကာ အေနာက္ဘက္ဆင္၀င္ၾကီးေအာက္က တဆင္႕ ကာကြယ္ေရးဌာနဘက္သို႕ ေကြ႕၀င္ကာ အေနာက္ေတာင္ ေထာင္႕မွာ ထိုးရပ္လိုက္တယ္။ခ်က္ခ်င္းဆိုသလိုပဲ ကင္းပတ္ဖိနပ္ရွည္(Canva Shoes)စီးထားျပီး စတင္းဂန္းတလက္၊ေတာ္မီဂန္း၃လက္ တို႕ကို အသင္႕ ကိုင္ထားတဲ႔ စိန္ၾကီး၊ေမာင္စိုး ရန္ၾကီးေအာင္နဲ႔ သက္နွင္းတို႕လည္း ကားေပၚက ခုန္ဆင္းကာ အတြင္း၀န္ မ်ားရံုးထဲကို အေျပး၀င္ေရာက္လာၾကတယ္။သုခက ကားကိုစက္မရပ္ဘဲ နွိုးထားကာ အသင္႕ေစာင္႕ဆိုင္းက်န္ရစ္ခဲ႔တယ္၊ေသနတ္ကိုယ္စီ ကိုင္ေဆာင္ထားတဲ႔ စိန္ၾကီး ၊ေမာင္စိုး၊ရန္ၾကီးေအာင္နဲ႔ သက္နွင္းတို႕ဟာ အတြင္း၀န္ရံုးေတာင္ဘက္မွ ေျမာက္ဘက္အတိုင္းဗိုလ္ခ်ဳပ္ရံုးခန္းရွိရာ ကို ေလွ်ာက္လာၾကျပီး အခန္း၀မွာ ေစာင္႕ေနတဲ႔ မင္းေစကိုတြန္းဖယ္ကာ ေျမာက္ဘက္ဆံုးတံခါးေပါက္ကေန ၀န္ၾကီးမ်ားစည္းေ၀းေနတဲ႔ အခန္းတြင္းသို႕၀င္လိုက္ၾကတယ္။
နံနက္ ၁၀နာရီ ၃၇ မိနစ္၊ေရွ႕ဆံုးမွ ၀င္လာတဲ႔ သက္နွင္းက " ဟိတ္" လို႕ ခပ္က်ယ္က်ယ္ေအာ္သံနဲ႔ အတူ လက္ထဲက ေတာ္မီဂန္းနဲ႔ ဗိုလ္ခ်ဳပ္ကို သဲသဲမဲမဲ စတင္ ပစ္ခတ္ေတာ႕တယ္ တခ်ိန္တည္းမွာပဲ စားပြဲထိပ္မွာ ထိုင္ေနတဲ႔ ဗိုလ္ခ်ဳပ္ဟာ ထိုင္ရာက လက္ကာျပရင္း ၀င္လာသူေတြကို တစံုတခု လွမ္းေျပာဖို႕ က်ိဳးစားခဲဲ႔ေသာ္လည္း အခ်ိန္ မမီွေတာ႕ေပ။လူသတ္သမားရဲ႔ ပစ္ခတ္လိုက္တဲ႔ က်ည္ဆံေတြေၾကာင္႕ ဗိုလ္ခ်ဳပ္ ေနာက္သို႕ လန္က်ကာ လူေရာ ကုလားထိုင္ပါ လံုးေထြး လဲျပိဳသြားေတာ႕တယ္။ဒီေနာက္မွ ဗိုလ္ခ်ဳပ္ညာဘက္မွာ ထိုင္ေနတဲ႔ ၀န္ၾကီးေတြကိုလည္း တဆက္တည္း ပစ္ခတ္လိုက္တယ္။ျပီးေတာ႕မွ ဘယ္ဘက္ကို ေမြ႕ယမ္းလိုက္တယ္။
၀န္ၾကီး ေပ်ာ္ဘြယ္ဦးျမနဲ႔ အတြင္း၀န္ ဦးေရႊေဘာ္တို႕ဟာ ေရွ႕ဆံုးက လူသတ္သမားက ဗိုလ္ခ်ဳပ္ကို စတင္ပစ္ပစ္ျခင္း ေနာက္ေက်ာဘက္က ျပတင္းေပါက္ ကေန အခ်ိန္မွီ ခန္ခ်ေျပးၾကလို႕ ဒဏ္ရာ မရရွိဘဲ လြတ္ေျမာက္ခဲ႔ရတယ္။၀န္ၾကီးဦးဘဂ်မ္းကလည္း ပစ္ပစ္ျခင္း သူ႕ေဘးမွာ ရွိတဲ႔ ဦးေအာင္ဇံေ၀ရဲ႕ လက္ကို ေဆာင္႕ဆြဲကာ နွစ္ေယာက္သား ၾကမ္းျပင္ေပၚလွဲခ်လိုက္လို႕ အသက္ေဘးက လြတ္ခဲ႔ရတယ္။
က်န္တဲ႔ ၀န္ၾကီးေတြ ကေတာ႕ တစ္ေယာက္ျပီးတစ္ေယာက္ ေသနတ္ထိမွန္ကာ အတံုးအရံုးလဲက် ကုန္တယ္။ေနာက္ေတာ႕ မတ္တပ္ရပ္ပစ္ခတ္ေနတဲ႔ လူသတ္သမားေတြဟာ ဒူးေထာက္ထိုင္လိုက္ကာ အားရပါးရ စိတ္တိုင္းက် ဆက္လက္ပစ္ခတ္ၾကျပန္တယ္။ စိတ္တိုင္းက်ပစ္ခတ္ျပီးတဲ႔ ေနာက္မွ လူသတ္သမားေတြဟာ အပစ္ရပ္ကာေလွကားရွိရာဘက္ကို ေျပးထြက္လာၾကတယ္။ ဒီအခ်ိန္မွာ ေလွကားထိပ္ရွိ အခန္းထဲက ၀န္ၾကီးဦးရာဇတ္ရဲ႔ သက္ေတာ္ေစာင္႕ ကိုေထြးထြက္လာရာ လူသတ္သမားေတြက
ကိုေထြးကို စတင္းနဲ႔ တခ်က္ေမႊလိုက္ျပီး"ေဟ႕ မဆိုင္သူဖယ္ေန ေအာက္က ဆင္းၾက" လို႕ေအာ္ဟစ္ရင္း ေလွကားအတိုင္း တဟုန္ထိုးေျပးဆင္းသြားၾကတယ္။ဆင္၀င္ အေပါက္ၾကီး ေအာက္မွာ ကားစက္နွိုးျပီးအသင္႕ေစာင္႕ေနတဲ႔ သုခ ကားေပၚတက္ကာ စပတ္လမ္း(ယခုဗို္လ္ေအာင္ေက်ာ္လမ္း)ထြက္ေပါက္ၾကီးက ထြက္ျပီး လက္၀ဲဘက္ကို ေကြ႕ကာ ဒါဟိုစီ(ယခုဗႏၶဳလလမ္း) လမ္းအတိုင္း အေနာက္ဘက္ကို အတားအဆီးမရွိ ထြက္ေျပးေမာင္းနွင္လြတ္ေျမာက္သြားၾကတယ္။
ဦးေစာဟာ ဖဆပလ ေခါင္းေဆာင္ပိုင္းအားလံုးကို လုပ္ၾကံသတ္ျဖတ္နိုင္မွ ဖဆပလ အစိုးရျပဳတ္က်မယ္လို႕ တြက္ျပီး ဖဆပလအဖြဲ႔ခ်ဳပ္ ဒုဥကၠဌနဲ႔ တိုင္းျပဳျပည္ျပဳ လႊတ္ေတာ္ ဥကၠဌ သခင္နုကိုပါ လုပ္ၾကံဖို႕ တပည္တစ္ဦး ျဖစ္တဲ႔ ဘညြန္႕ကို ေစလႊတ္ခဲ႔ေပမဲ႔၊အဲဒီေန႕က သခင္နု ရံုးမတက္လို႕ လုပ္ၾကံခံရမဲ႔ ေဘးက လြတ္သြားခဲ႔တာျဖစ္တယ္။
ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ ေခါင္းေဆာင္ၾကီး ေတြကို လူသတ္သမားေတြက လုပ္ၾကံသတ္ျဖတ္ခဲ႔ၾ႕ျပီးေနာက္ အခန္းထဲသို႕ ပထမဆံုး ေ၇ာက္ရွိလာတဲ႔ ဗိုလ္ထြန္းလွက ဗိုလ္ခ်ဳပ္ကိုလဲက်ေနရာမွ ထူၾကည္႕ခဲ႔ရာ ရင္ဘတ္မွာ ဒဏ္ရာနွစ္ခ်က္ သံုးခ်က္ခန္႕ ရတယ္လို႕ ထင္ခဲ႔တယ္။ဒါေပမယ္႕ ရန္ကုန္ေဆးရံုၾကီးကို ပို႕ေဆာင္ ျပီးေနာက္ ဆရာ၀န္ၾကီးေတြက အေသအခ်ာ စစ္ေဆးၾကည္႕ရွု႕တဲ႔အခါမွာေတာ႕ ဗိုလ္ခ်ဳပ္ ကိုယ္မွာ ေသနတ္ဒဏ္ရာ ၁၃ တိတိကိုေတြ႕ခဲ႔ၾကရတယ္။
ေပ်ာ္ဘြယ္ ဦးျမနဲ႔အတူ ျပတင္းေပါက္မွ ခုန္ခ်ခဲ႔တဲ႔ အတြင္း၀န္ဦးေရႊေဘာ္မွာ လံုး၀ထိခိုက္ျခင္းမရွိခဲ႔ေပ၊ ၾကမ္းျပင္ေပၚကို ေမွာက္လဲ ခ်ခဲ႔တဲ႔ ဦးေအာင္ဇံေ၀လည္း ထိခိုက္ ဒဏ္ရာ မရခဲ႔ေပမဲ႔၊ဦးဘဂ်မ္းကေတာ႕ လက္၀ဲဘက္ နံပါးမွာ တခ်က္၊ လက္ယာဘက္ လက္သူၾကြယ္မွာ တခ်က္အေပၚယံရွပ္ထိမွန္ခဲ႔တယ္။ တကယ္ေတာ႕ ဦးဘဂ်မ္းဟာ အဲဒီေန႕က အည္းအေ၀းကို တက္ဖို႕ မရည္ရြယ္ခဲ႔ပါဘူး။ ဘာျဖစ္လို႕လဲဆိုေတာ႕ သူဟာ ဟသၤာတ ခရိုင္ကို ခရီးထြက္ရာကေန ျပန္ေရာက္ခါစ ျဖစ္ျပီး အေအးမိကာ အနည္းငယ္ မက်န္းမမာျဖစ္ေနတာေၾကာင္႕ ျဖစ္တယ္။ဒါေပမယ္႕ သူကဟာ အဲဒီအခ်ိန္က အေရးၾကီးသတင္းထူး တခုကိုအျမန္ဆံုးတင္ျပ အစီရင္ခံဖို႕ လိုအပ္ေနတယ္လို႕ ယူဆျပီး အစည္းအေ၀းကို ၾကိဳးစားလာတက္ျခင္းျဖစ္တယ္။
ဦးဘဂ်မ္းရရွိခဲ႔တဲ႔ သတင္းထူး တစ္ခုကေတာ႕ လြန္ခဲ႔တဲ႔ ဇြန္လ ေနာက္ဆံုးအပတ္အတြင္းက ဗိုလ္တေထာင္ ဘီအိုစီ(Base Ordnance Depot) ေခၚ ပစၥည္းသိုေလွာင္ေရး တပ္ဖြဲ႔ကေန ဘရင္းဂန္း အလက္ ၂၀၀ ေက်ာ္ ေပ်ာက္ဆံုးခဲ႔မွုရဲ႔ တရားခံံဟာ ဂဠဳန္ဦးေစာ ျဖစ္တယ္ဆိုတာ တင္ျပဖို႕ပဲျဖစ္တယ္။
ဂဠဳန္ဦးေစာရဲ႔ လွုပ္ရွားမွုေတြကို ပုလိပ္ဘက္က သတိျပဳမိေနတာေတာ႕ ၾကာပါျပီ။ေနာက္ျပီးဦးေစာအိမ္နဲ႔ မ်က္နွာခ်င္းဆိုင္ အိမ္မွာ ေနေနတဲ႔ စစ္ရံုးခ်ဳပ္က လံုျခံဳေရးအရာရွိ လက္ဖတင္နင္ ကာနယ္ ေဂၚဒြန္ဟန္႕ဟာ ဦးေစာရဲ႕လူသတ္မွုေတြကို သကၤာ မကင္းျဖစ္ကာ၊ မိမိေနအိမ္ကေန စစ္သံုးမွန္ေျပာင္းျဖင္႕ ညအခ်ိန္ ေစာင္႕ၾကည္႕ေနခဲ႔ရာ ဦးေစာဟာ တပည္႕ ေလးငါးေယာက္နဲ႔ အတူ အင္းလွ်ားေရျပင္မွာ ေလွတစင္းနဲ႔ အလုပ္ရွုပ္ေနတာကို ၾကိမ္ဖန္မ်ားစြာ ေတြ႕ျမင္ခဲ႔ျပီး ဒီသတင္းကိုလည္း ဘုရင္ခံရဲ႕ အတြင္း၀န္ ဖိလစ္နက္ရွ္ထဲမွ တဆင္႕ ဘုရင္ခံက ဇူလိုင္က ၁၈ရက္ေန႕မွာ သိထားျပီးျဖစ္တယ္။ေနာက္ျပီး အဲဒီလုပ္ၾကံမွု႕ျဖစ္ပြားတဲ႔ေန႕က လူ၅ဦးကို တင္ေဆာင္ကာအေျပးေမာင္းနွင္လာတဲ႔ ဂ်စ္ကားေလးတစ္စီး ဦးေစာအိမ္ထဲဲကို ခ်ဳိး၀င္သြားတယ္၊အ၀င္မွာ ဦးေစာနဲ႔ဆံုမိၾကေတာ႕ "ေအာင္ျပီ၊ေအာင္ျပီ" လို႕လက္သီးလက္ေမာင္းတန္း ေၾကြးေၾကာ္ နွတ္ဆက္ၾကတာကို လက္ဖတင္နင္ ကာနယ္ေဂၚဒြန္ဟန္႕ ကိုယ္တိုင္ျမင္ေတြ႕ျပီး စီအိုင္ဒီ(မွုခင္းတပ္ဖြဲ႔)ကို သတင္းပို႕ခဲ႔တယ္။ ဒါေၾကာင္႕ မြန္းလြဲပိုင္းမွာ ပုလိပ္ စံုေထာက္ဘက္နဲ႔ ေသာင္းက်န္းသူ နွိမ္နွင္းေရး တပ္တုိ႕ပူးေပါင္းျပီး အင္းလွ်ားကန္ေစာင္းရွိ ဦးေစာ ေနအိမ္ကို ၀င္ေရာက္ရွာေဖြခ႔ဲပါတယ္။ဦးေစာရဲ႕တပည္႕တစ္ဦးျဖစ္သူ မိုက္ရူးရဲ မွံုၾကီးက ေသနက္ကို ကိုင္စြဲကာ ခုခံပစ္ခတ္ ခဲေသးေသာ္လည္း အင္အားခ်င္း မမွ်သည္ကို ရိပ္မိတဲ႔ဦးေစာက အခ်ိန္မီ တားဆီးခဲ႔တဲ႔အတြက္ ဦးေစာတို႕ လူသိုက္ အားလံုးကို ဖမ္းဆီးရမိခဲ႔တယ္။
ဦးေစာ အိမ္ထဲကေန စာရြက္စာတမ္းေတြ မၾကာခင္ကမွ ျပဳလုပ္ထားတဲ႔ "ဦးေစာ Prime Minister"ဆိုတဲ႔ ရာဘာတံဆိပ္ဆံုးေတြနဲ႔အတူ အဂၤလိပ္ စစ္တပ္က ေပ်က္ဆံုးသြားတဲ႔ လက္နက္ခဲယမ္းမီးေက်ာက္ေတြထဲက တခ်ဳိ႕ကို အိမ္ထဲကေရာ အိမ္အနီးက အင္းလွ်ားကန္ကေရာ ရွာေဖြသိမ္းဆည္းရမိခဲ႔တယ္။
ဒီျမန္မာျပည္ရဲ႔ကံဆိုးမိုးေမွာင္က်ခဲ႔ရတဲ႔ လုပ္ၾကံမွုၾကီးနဲဲ႔ ပတ္သက္လို႕ ေနာက္ပိုင္းမွာ ဗိုလ္ခ်ဳပ္ရဲ႕ အပါးေတာ္ျမဲ ဗိုလ္ထြန္းလွရဲ႔ ထုတ္ေဖာ္ေရးသားခ်က္အရ၊စက္တင္းဂန္း ၂၀၀ ေပ်ာက္ဆံုးမွု႕နဲ႔ ပတ္သက္ျပီး သတင္းေတြ အမ်ိဳးမ်ိဳးထက္လာျပီးလံုျခံဳေရး အေျခအေနစိုးရိမ္ရတဲ႔အထိ ေျပာဆိုမွုေတြရွိလာတဲ႔ အခါ ျပည္ထဲေရး၀န္ၾကီး ဦးေက်ာ္ျငိမ္း လန္ဒန္သြားေနခိုက္ျပည္ထဲေရးဌာန တာ၀န္ေတြကိုပါ ပူးတြဲယူထားတဲ႔ ေပ်ာ္ဘြယ္ဦးျမက ဗမာ႕ တပ္မေတာ္က တပ္စိတ္ တစိတ္ကို ထုတ္နွတ္ျပီး ဗိုလ္ခ်ဳပ္မသိေအာင္ အတြင္း၀န္မ်ားရံုး အ၀င္လမ္းမွာ ကင္းပုန္းခ်ထားလိုက္တယ္။
ဒီျမန္မာျပည္ရဲ႔ကံဆိုးမိုးေမွာင္က်ခဲ႔ရတဲ႔ လုပ္ၾကံမွုၾကီးနဲဲ႔ ပတ္သက္လို႕ ေနာက္ပိုင္းမွာ ဗိုလ္ခ်ဳပ္ရဲ႕ အပါးေတာ္ျမဲ ဗိုလ္ထြန္းလွရဲ႔ ထုတ္ေဖာ္ေရးသားခ်က္အရ၊စက္တင္းဂန္း ၂၀၀ ေပ်ာက္ဆံုးမွု႕နဲ႔ ပတ္သက္ျပီး သတင္းေတြ အမ်ိဳးမ်ိဳးထက္လာျပီးလံုျခံဳေရး အေျခအေနစိုးရိမ္ရတဲ႔အထိ ေျပာဆိုမွုေတြရွိလာတဲ႔ အခါ ျပည္ထဲေရး၀န္ၾကီး ဦးေက်ာ္ျငိမ္း လန္ဒန္သြားေနခိုက္ျပည္ထဲေရးဌာန တာ၀န္ေတြကိုပါ ပူးတြဲယူထားတဲ႔ ေပ်ာ္ဘြယ္ဦးျမက ဗမာ႕ တပ္မေတာ္က တပ္စိတ္ တစိတ္ကို ထုတ္နွတ္ျပီး ဗိုလ္ခ်ဳပ္မသိေအာင္ အတြင္း၀န္မ်ားရံုး အ၀င္လမ္းမွာ ကင္းပုန္းခ်ထားလိုက္တယ္။ ျမန္မာျပည္ရဲ႔ ကံဆိုးမိုးေမွာင္က်မွု အစလို႕ ေျပာရမဲ႔ ကိစၥကေတာ႕ ၊အဲဒီတပ္စိတ္ထဲကရဲေဘာ္တစ္ေယာက္ ကိစၥတစ္ခုနဲ႔ အျပင္ထြက္လာခ်ိန္မွာ ရံုးတက္ဖို႕လာေနတဲ႔ဗိုလ္ခ်ဳပ္က ေတြ႕ျပီး ဦးျမကိုဒီတပ္စိတ္ကိုရုပ္သိမ္းဖို႕ အမိန္႕ေပးခဲ႔တာေၾကာင္႕ လုပ္ၾကံံမွု႕ မျဖစ္ပြားခင္ ရက္ကမွ ဒီလံုျခံဳေရးကင္းပုန္း၀ပ္ေနတဲ႔ တပ္စိတ္ ရုပ္သိမ္းသြားခဲ႔တာျဖစ္တယ္။
ဗိုလ္ခ်ဳပ္ ေအာင္ဆန္းရဲ႕ “သူ႔ကို လုပ္ၾကံမဲ့လူ မရွိနိုင္ပါဘူး” ဆိုတဲ႔ ယုံၾကည္ခ်က္နဲ႔ အေဆာင္အေယာင္ ပကာသန ေတြကုိ ရြံ႕ ရွာ စက္ဆုပ္ျပီး လြတ္လြတ္လပ္လပ္ ရိုးရိုးသားသား ေနထိုင္ခ်င္တဲ့ဗိုလ္ခ်ဳပ္ရဲ႕ စိက္ရင္း ေစတနာ ျဖဴစင္ရိုးသားမူကို မခ်င့္မရဲျဖစ္ကာ ျမန္မာျပည္နဲ႔ လူထု ရဲ႕ဆိုးဝါးလွတဲ့ ကံၾကမၼာလို႔ ပဲေျပာရမလား မသိတဲ့ အျဖစ္အပ်က္ကိုသိျမင္ခြင့္ရခဲ့ေတာ့ အံၾကိတ္ “ေတာက္” ေခါက္မိရင္း” “ရန္သူမရွိဘူး” ဆိုတဲ့ ဗိုလ္ခ်ဳပ္ေရ ဘယ့္ႏွယ္႔လဲ ကြဲ႔။ ” လို႔သာ ဟစ္ေအာ္လိုက္ခ်င္ေတာ့တယ္။
ဦးေစ ဒီလို ႏိုင္ငံ့ေခါင္းေဆာင္ၾကီးေတြကို လုပ္ၾကံ သတ္ျဖတ္ရတဲ့ အေၾကာင္းအရင္းက လန္ဒန္ေဆြးေႏြးပြဲမသြားမီ လအနည္းငယ္အလိုက ကာကီေရာင္ဝတ္ထားတဲ့ လူ ႏွစ္ေယာက္က ဦးေစာကို ေသနတ္နဲ႔ ပစ္လုပ္ၾကံခဲ့ရာမွာ အသက္မေသခဲ့ေသာ္လည္း မ်က္ခုံးကိုရွပ္မွန္ကာ ဒဏ္ရာရခဲ့တယ္။ ဒီလုပ္ၾကံမူကို ဗိုလ္ေနဝင္း နဲ႔ ဗိုလ္ေအာင္ၾကီးတို႔ရဲ႕ အစီအမံနဲ႔ ဦးျမလိူင္(ေပဖူးလႊာ မဂၢဇင္း အယ္ဒီတာေဟာင္း) က ကားေမာင္းကာ၊ ကားေပၚမွာပါလာတဲ့ ရန္ကုန္ဘေဆြက ပစ္ခတ္ခဲ့ျခင္းျဖစ္တယ္။ ရန္ကုန္ဘေဆြ ကိုေပးကိုင္ျပီၚပစ္ခတ္ေစခဲ့တဲ့ေသနတ္ဟာ တပ္ရင္းမူးဗိုလ္ ေနဝင္း(အဲဒီအခ်ိန္က ဗိုလ္ေနဝင္းဟာတပ္ရင္းမူးသာရွိ ေသးတယ္)ကိုင္ေဆာင္တဲ့ေသနတ္ျဖစ္တယ္။ဒီကိစၥ ဟာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း နဲ႔ျပည္သူ႔ရဲေဘာ္ လက္ခ်က္ျဖစ္တယ္လို႔ယူဆကာ ဦးေစာ က ဗိုလ္ခ်ဳပ္နဲ႔ ေခါင္းေဆာင္ၾကီးေတြကို လုပ္ၾကံသတ္ျဖတ္ လက္စားေခ် တာလို႔ေျပာၾကတယ္ အမွန္ေတာ့ ဒီလုပ္ၾကံမူ ၾကီးဟာ ဒီထက္ပိုမိုေလးနက္တဲ႔ရည္ရြယ္ခ်က္ေတြရွိပါတယ္။
ဦးေစာဟာ ဗိုလ္ခ်ဳပ္တုိ႔ကို ညီွးသူရန္ဘက္ အေနနဲ႔ လုပ္ၾကံသတ္ျဖတ္တာမဟုက္၊ ဦးေစာ တခ်ိန္က “ေကာင္ေလးတစ္ေယာက္” လို႔ယူဆခဲ့တဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းက နိုင္ငံအမ်ိဳးသားေခါင္းေဆာင္ျဖစ္လာျပီး သူလို ႏိုင္ ငံေရးသမား စားဖားအိုၾကီးေတြအတြက္ ျမန္မာ့ ႏုိင္ငံေရးဇာတ္ခုံမွာ ေနရာမရွိျဖစ္ေနရတဲ့အျဖစ္ကို ၾကိတ္မႏိုင္ ခဲမရ ျဖစ္ေနရတယ္။ဒါ့ေၾကာင့္ ဦးေစာအေနနဲ႔ ဖဆပလ ေခါင္းေဆာင္အားလုံးကု ဖယ္ရွားႏိုင္မွသာသူ႔အေနနဲ႔အာ ဏာရႏိုင္မွာျဖစ္တယ္လို႔ ယူဆကာ ရန္ကုန္ရွိ ဖဆပဘ ေခါင္းေဆာင္အားလုံးကိုသာမက နယ္ရွိဖဆပလ ေခါင္းေဆာင္ေတြကို ပါ လုပ္ၾကံသတ္ျဖတ္ဖို႔ စီစဥ္ခဲ့တယ္။ ဒါ့ေၾကာင့္လဲ အဂၤလိပ္အာဏာပိုင္ေတြနဲ႔ပူးေပါင္း ခိုးယူထားတဲ့ လက္နက္ခဲယမ္းေတြ ကိုအိမ္အနီး အင္းလ်ားကန္ထဲမွာ ဝွက္ထားသလိုလက္ နက္တခ်ိဳ႔တဝက္ကို လဲမ်ိဳးခ်စ္ပါတီဝင္ေတြဆီ ကိုျဖန္႔ေဝထားျပီးျဖစ္တယ္။
ဒီလိုဦးေစာက အၾကံအစည္ ၾကီးၾကီးမားမားၾကံစည္ႏိုင္မူ ဟာ နယ္ခ်ဲ႕ျဗိတိသွ်ေတြ ရဲ႕ေျမွာက္ပင့္အားေပး မူေၾကာင္႔သာျဖစ္တယ္။ျဗိတိသွ် ကြန္ဆာေဗးတစ္ ႏိုင္ငံေရးသမားေတြ၊စစ္ဘက္နဲ႔အရပ္ဘက္က ပုဂၢိဳလ္ေတြဟာ သူတုိ႔ရဲ႕ ရန္သူေတာ္ေဟာင္းဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ ဖဆပလ အဖြဲ႔အစည္းအာဏာရေနတာကိုမရူစိမ့္မနာလိုၾက ပါဘူး။ဒါေၾကာင့္ ျမန္မာႏိုင္ လြတ္လပ္ေရး မယူမီမွာ ဖဆပလ အစိုးရအဖြဲ႕ ကိုျဖဳတ္ခ်ျပီး၊ ျမန္မာႏုိင္ငံကို ဒုိမီနီယံ အတြင္းမွာဆက္ရွိေနေအာင္ ဂဠဳန္ဦးေစာ လိုပုဂၢိဳလ္ေတြနဲ႔ ပူးေပါင္းၾကံစည္ခဲ့ၾကတာျဖစ္ပါတယ္။
Credit: http://mhuthaw.blogspot.com/2012/07/blog-post_19.html မွျပန္လည္ကူးယူေဖာ္ျပထားျခင္းျဖစ္ပါသည္

အာဇာနည်နေ့ သမိုင်းကြောင်းအစုံ နှင့် လက်လှမ်းမီသလောက် စုစည်းမိသော အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ ဘဝမှတ်တမ်းအကျဉ်းများ {Unicode}
အာဇာနည်နေ့နီးလာပြီဆိုတော့ အာဇာနည်နေ့အကြောင်းကို သေချာသိလိုသူများအတွက် ရှာဖွေတွေ့ရှိရသလောက်လေး ပြန်လည်မျှဝေပေးလိုက်ပါတယ်
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် အတွင်းဝန်များရုံးမှာ တိုင်းပြည်ကျွန်ဘဝက လုံးဝ လွတ်မြောက်ရေးနဲ့ စစ်ပြီးခေတ် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေး အတွက် အစည်းအဝေး ထိုင်နေကြတဲ့ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလ ကြားဖြတ်အစိုးရ ၀န်ကြီးတွေ လုပ်ကြံခံရတဲ့ နိုင်ငံတော် လုပ်ကြံမှုကြီး ဖြစ်ပွားခဲ့တယ်။
အဲဒီနေ့က ရန်ကုန်မြို့ရဲ့ ရာသီဥတုဟာ “မိုးလင်း ကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်းညိုမှိုင်းလျက်ရှိသည် ။ တိမ်တိုက်ဟူ၍ ဘာမျှ ကြည်လင်စွာ မမြင်ရ။ မိုးကို ကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ပြင်ကြီး လို ၀ုိးဝိုးဝါးဝါး နေသည်။ မိုးသည် ကင်းကင်းလွတ်လွတ် စဲသည်ဟူ၍မရှိဘဲ တဖွဲဖွဲ နေလိုက်၊ တဖြိုင်ဖြိုင် ရွာချလိုက်နှင့်၊ နောက်စွေ၍ နေလေသည်” လို့ဆရာ ဒဂုန်တာရာက ရေးသား မှတ်တမ်းတင်ခဲ့တယ်။
နံနက် ၁၀ နာရီ ခန့်မှာ တာဝါလိမ်း နေအိမ်ကနေ အတွင်းဝန်များရုံးမှာ ပြုလုပ်မဲ့ ၀န်ကြီးများ အစည်းအဝေး ကိုတက်ရန် ဗိုလ်ချုပ်အောင်ဆန်းဟာ သူရဲ့ အပါးတော်မြဲ(ပီအေ) ဗိုလ်ထွန်းလှနဲ့ အတူ ကားနက်ကလေး အာရ်အေ/၂၈၇၄ နဲ့ ထွက်လာခဲ့တယ်။ ၁၀ နာရီ ၁၀ မိနစ်လောက်မှာ အတွင်းဝန်များရုံးရဲ့ အလယ် ဗဟို လှေကားခြေရင်းကို ဗိုလ်ချုပ်ကားဆိုက်လာပြီး အစည်းအဝေးလုပ်မဲ့ အပေါ်ထပ် သူ့ရုံးခန်းကို အပါးတော်မြဲ ဗိုလ်ထွန်းလှနဲ့အတူ တက်လာတယ်။ အဲဒီနေ့ကျမှ ဗိုလ်ချုပ်ဟာ ခါတိုင်းလို ယူနီဖောင်းဝတ်နဲ့ မဟုတ်ဘဲ ရွှေဖလားရောင် ဗန်ကောင်လုံချည်၊ သနပ်ခါးရောင် မန္တလေး ပိုးတိုက်ပုံနှင့် အဖြူရောင် သဲကြိုး တပ်ထားတဲ့ လေယာဉ်ပျံဖိနပ် စတာတွေနဲ့ မြန်မာဆန်ဆန် ၀တ်စားဆင်ယင်ထားတာကို ထူးထူးခြားခြား တွေ့ရလို့၊ “ ဗိုလ်ချုပ်က ဒီလိုတော့ အချောကြီးပဲ “ ဟု ဦးဘဂျမ်းက လှမ်းနောက်လိုက်တယ်။
ကာကွယ်ရေး ၀န်ကြီးရဲ့ ရုံးခန်းထဲမှာ အစည်းအဝေးပြုလုပ်ရန် အတွက် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို တိုင်းခန်း လှည့်လည်နေတဲ့ သယ်ယူပို့ဆောင်ရေး ဌာန ၀န်ကြီး စောစံဘိုးသင်း ၊ အင်္ဂလန်မှ အပြန် လမ်းခရီးမှာပဲ ရှိနေသေးတဲ့ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းနဲ့ ဌာန လက်ကိုင်မရှိ ၀န်ကြီး ဦးတင်ထဋ် တို့မှအပ ကျန်တဲ့ အစိုးရ အဖွဲ့ ၀န်ကြီးတွေ စုံစုံညီညီ ရောက်ရှိ နေကြပြီ ဖြစ်တယ်။ ရုံးအုပ်ကြီး ဦးခ၊ လက်ထောက်အတွွင်းဝန် ဦးတင်အုံးနဲ့ ၀န်ကြီးများအဖွဲ့ အတွင်းဝန် ဦးရွှေဘော် တို့လည်း အစည်းအဝေး အတွက် လိုအပ်မဲ့ စာရွက်စာတမ်းတွေနဲ့ ဖိုင်တွေရှာဖွေ စုဆောင်းကာ အစည်းအဝေးကျင်းပမဲ့ အခန်းထဲကို တခုပြီး တခုပို့ဆောင်ရင်း ၀င်ချေ ထွက်ချေ အလုပ်များနေကြတယ်။
ဒီနောက် အစည်းအဝေး ကျင်းပရာ အခန်းထဲကို ဗိုလ်ချုပ်နှင့် အပါးတော်မြဲ ဗိုလ်လှထွန်တို့ ၀င်လာပြီး ၊ ဗိုလ်လှထွန်းက ဗိုလ်ချုပ်အတွက် လိုအပ်တဲ့ဖိုင်တွေ၊ မှတ်တမ်းမှတ်ရာ တွေကို ဗိုလ်ချုပ်စားပွဲထိပ်မှာ ချပေးလိုက်တယ်။ ဗိုလ်ချုပ်က သူ့ထိုင်ခုံမှာ ၀င်ထိုင်လိုက်တော့ ဗိုလ်ထွန်းလှလည်း အစည်းအဝေး ခန်းမကနေ သူရဲ့ရုံးခန်း ရှိရာကို ထွက်လာခဲ့ပြီး သူ့ရုံးခန်းထဲမှာ စိတ်အေးလက်လေး ရှိနေခဲ့တယ်။ အဲဒီနေ့က အစည်းအဝေးတက်ရောက်သူတွေကတော့
၁။ ဗိုလ်ချုပ်အောင်ဆန်း- ဒုဥက္ကဌ၊ ကာကွယ်ရေး နှင့် နိုင်ငံခြားရေး ဌာန
၂။ သခင်မြ- ဘဏ္ဍရေးနှင့် အခွန်တော်ဌာန
၃။ ဦးဘဝင်း-ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံရေး ဌာန၊
၄။ ဒီးဒုတ်ဦးဘချို-ပြန်ကြားရေးဌာန
၅။ အဗ္ဗဒူရာဇတ်- ပညာရေးနှင့် အမျိုးသား စီမံကိန်း ဌာန၊
၆။ မန်းဘခိုင် - စက်မှုလက်မှုနှင့် အလုပ်သမား ဌာန၊
၇။ မွန်းပွန်စော်ဘွားကြီး စပ်စံထွန်း-တောင်တန်းရေးရာဌာန၊
၈။ ဦးဘဂျမ်း-ပြန်လည်ထူထောင်ရေး ဌာန၊
၉။ ပျော်ဘွယ် ဦးမြ- လယ်ယာနှင့် စိုက်ပျိုးရေး ဌာန၊
၁၀။ ဥိးအောင်ဇံဝေ-ပြည်သူ့ဝန်ထမ်း ဌာန၊
၁၁။ ဦးအုံးမောင် -ဒုတိယ အတွင်းဝန် လမ်းပန်းဆက်သွယ်ရေး ဌာန တို့ဖြစ်တယ်။
ဦးအုံးမောင်ဟာ သူ့ ၀န်ကြီး စောစံဖိုးသင်း ခရီးထွက်နေပြီး အစည်းအဝေး မတက်နိုင်လို့၊ လမ်းပန်း ဆက်သွယ်ရေး ဌာနနဲ့ ပက်သက်ပြီး အစည်းအဝေးမှာ လိုအပ်တာတွေ တင်ပြနိုင်ဖို့နဲ့ ပြည်လည်ဖြေကြားနိုင်ဖို့ ရောက်ရှိနေတာဖြစ်တယ်။
အရင်ကတော့ ၀န်ကြီးများ (ဘုရင် အမှု့ဆောင် ကောင်စီအဖွဲ့များ) အစည်းအဝေးကို ဘုရင်ခံ့ သဘာပတိအဖြစ် ဆောင်ရွက်ကာ ဘုရင်ခံ ကိုယ်တိုင် ဦးစီး ကျင်းပလေ့ ရှိပါတယ်။ အောင်ဆန်း-အက်တလီ စာချုပ် ချုပ်ဆိုပြီး နောက်ပိုင်းမှာတော့ ၊မြန်မာပြည်ကို လွတ်လပ်ရေး သေချာပေါက် ပေးရတော့မဲ့ အခြေအနေနဲ့ ဖဆပလ ဘုရင် အမှု့ဆောင် ကောင်စီကို ကြားဖြတ်အစိုးရ အဆင့်မျိုးနဲ့ လွတ်လပ်စွာ စီမံဆောင်ရွက်ခွင့် ပေးထားတာဖြစ်လို့ ၁၉၄၇ ဇန်နဝါရီ လောက်ကစပြီး ဘုရင်ခံ ကိုယ်တိုင် တက်ရောက်ခြင်းမရှိတော့ဘဲ ၊ ဘုရင်အမှုဆောင် ကောင်စီ ဒဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်း ကပဲ သဘာပတိ အဖြစ် ဦးစီး ကျင်းပနေတာဖြစ်တယ်။
အစည်းအဝေးကျင်းပရာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ရုံးခန်းဟာ အထဲကို ၀င်ရန် တံခါး ၃ ပေါက်ရှိတဲ့ခန်းမကျယ်ကြီးဖြစ်ပြီး၊ လက်ဝဲဘက်မှာ အတွင်းဝန် ဦးရွှေဘော်ရဲ့ အခန်း၊ လက်ယာဘက်မှာ ဗို်လ်ချုပ် အပါးတော်မြဲ ဗိုလ်ထွန်းလှရဲ့ အခန်းတွေ ရှိပါတယ်။ ဒီအခန်းကြီးရဲ့ အရှေ့မြောက်ထောင့်မှာ ဗိုလ်ချုပ် အလုပ်လုပ််တဲ့ စားပွဲရှိပြီး ၊ တောင်ဘက် နံရံမှာတော့ ၀န်ကြီး တွေ အစည်းဝေးပွဲ ကျင်းပတဲ့ စားပွဲကြီးတွေ ရှိပါတယ်။ ၀န်ကြီးတွေ အစည်းအဝေး ကျင်းပရာ နေရာမှာစားပွဲရှည်ကြီး ၃ ခုကို “ဂ” ပုံစံ အတိုင်းမှာ ထိပ်မှာတခု၊ ဘေးထဖက် တချက်မှာ တစ်လုံးစီ ချထားတယ်။ ထိပ်က စားပွဲက အလျား ၁၀ ပေ၊ အနံ ၃ ပေ လောက် ကျယ်ပြီး ၊ ကျန်တဲ့ဘေးတဖက် တချက်က စားပွဲ ၂ ခု ကတော့အလျား ၁၈ ပေ၊ အနံ ၃ ပေ ခန့်စီ ရှိကြတယ်။
အဲဒီနေ့ အစည်းအဝေးမှာ ဗိုလ်ချုပ်က ထိပ်စားပွဲ အလည်တည့်တည့် မှာထိုင်နေပြီး လက်ယာဘက် စားပွဲမှာ သခင်မြ၊ ဒီးဒုတ် ဦးဘချို၊ ဥိးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင် တို့ အစဉ်အတိုင်း ထိုင်နေကြကာ၊ လက်ဝဲဘက် စားပွဲမှာတော့ ဦးဘဂျမ်း၊ ဦးအောင်ဇံဝေ ၊ ပျော်ဘွယ် ဦးမြနဲ့မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း တို့ ထိုင်နေကြတယ်။ ၀န်ကြီးများအဖွဲ့ အတွင်းဝန် ဦးရွှေဘော်က အစည်းအဝေးမှာ ဗိုလ်ချုပ်လိုအပ်တဲ့ စာရွက်စာတမ်းတွေ၊ ဖိုင်တွဲရှာပေးနိုင်ဖို့ ထပ်စားပွဲ ဗိုလ်ချုပ်ရဲ့ လက်ဝဲဘက်မှာ ရှိနေတယ်။
အစည်းအဝေးကို အစီအစဉ် အတိုင်း ၁၀ နာရီ ၁၅ မိနစ်မှာ စတင်ကျင်းပပြီး ၀န်ကြီး ဌာနအလိုက် အရေးကြီးတဲ့ သက်ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြတယ်။ ဒီလိုနဲ့ ဌာနဆိုင်ရာ ကိစ္စရပ်တွေကို အစီအစဉ်အတိုင်း ဆွေးနွေးလာခဲ့ရာ ၁၀ နာရီခွဲခန့်မှာ လမ်းပန်းဆက်သွယ်ရေး ဌာန ကိစ္စရပ်တွေကို တွေးနွေးဖို့ အလှည့်ရောက်လာတာနဲ့ ဒုတိယ အတွင်းဝန် အိုက်စီအက်စ် ဦးအုန်းမောင်လည်း အစည်းအဝေး ခန်းမထဲကို ရောက်လာပြီး လက်ယာဘက်စားပွဲထိပ်က သခင်မြ အနားမှာ ၀င်ထိုင်လိုက်တယ်။
နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်မှာ " ငါ့တပည့်များ အောင်ပါစေကွာ" ဆိုတဲ့ စကားသံအဆိုံးမှာ အင်းလျှားကန် ဘေးရှိ ဦးစောအိမ်ဝင်းထဲကနေ ဂျစ်ကားအစိမ်းလေး တစင်းဝူးခနဲ ထွက်လာပြီး အတွင်းဝင်ရုံးဘက်ကို ဦးတည်မောင်းနှင်သွားတယ် ဒီဂျစ်ကားလေးကိုဦးစောရဲ့ တပည့် တစ်ဦးဖြစ်တဲ့ သုခက မောင်နှင်ပြီးကားပေါ်မှာ တခြားတပည်တွေဖြစ်တဲ့ စိန်ကြီး မောင်စိုး ရန်ကြီးအောင်သက်နှင်းတို့က တော်မိီဂန်းနဲ့ စတင်းဂန်းတွေ အသင့်ကိုဆောင်ကာ လိုက်ပါလာကြတယ်။ မိုးတဖွဲဖွဲနဲ့ စွေနေတဲ့ လမ်းမကြီးပေါ်မှာ အာစီ/၁၈၁၄ နံပါတ်ဂျစ်ကား အစိမ်းလေးကဟာ စ်မိုးကာတွေခြုံထားပြီးစစ်ယူနီဖောင်းဝတ် နံပါတ် ၁၂ တပ်မ ခြင်္သေ့တံဆိပ် တပ်ထားတဲ့ လူ ၄ဦးကို တင်ဆောင်ကာ အပြေးမောင်နှင်လာတယ်။ ဒီဂျစ်ကားလေးဟာ မောင်ဂိုမာရီလမ်း(ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်း) အတိုင်းပန်းဆိုးတန်းထိပ် နာရီစင်ကိုဖြတ်ပြီးအနောက်မှ အရှေ့သို့ မောင်းနှင်လာတယ်။ နောက် စပတ်လမ်း(ယခု ဗိုလ်အောင်ကျော်လမ်း) ကိုရောက်တဲ့အခါ ညာဘက်ကို ချိုးလိုက်တယ် ဒီကမှ တဆင့် ဖရေဇာလမ်း(ယခုအနော်ရထာလမ်း)ကို ဖြတ်ကျော်လာပြီး အတွင်းဝန်ရုံးရဲ့တောင်ဘက် ဂိတ်ဝကို ရောက်တဲ့အခါ စက်ရှိန် လျှော့ပြီးအတွင်းဝန်များရုံးဝင်းအတွင်း ၀င်ရန် ကားခေါင်းကိုဘယ်ဘက်သို့ဦးတည်လိုက်တယ်။ ဒီအချိန်ဟာ ရုံးတက်စ ၁၀နာရီခွဲခန့်ဖြစ်လို့ အရာရှိကြီးငယ်တွေရဲ့ ကားကြီးကားငယ်တွေ ၀င်နေကြလို့ ဂိတ်ဝမှာ ခဏရပ်စောင့်နေရသေးတယ်။ နောက်မှ ကားဘီးကို ခပ်ဖြည်းဖြည်းလိမ့်ကာ အနောက်ဘက်ဆင်ဝင်ကြီးအောက်က တဆင့် ကာကွယ်ရေးဌာနဘက်သို့ ကွေ့ဝင်ကာ အနောက်တောင် ထောင့်မှာ ထိုးရပ်လိုက်တယ်။ချက်ချင်းဆိုသလိုပဲ ကင်းပတ်ဖိနပ်ရှည်(Canva Shoes)စီးထားပြီး စတင်းဂန်းတလက်၊တော်မီဂန်း၃လက် တို့ကို အသင့် ကိုင်ထားတဲ့ စိန်ကြီး၊မောင်စိုး ရန်ကြီးအောင်နဲ့ သက်နှင်းတို့လည်း ကားပေါ်က ခုန်ဆင်းကာ အတွင်းဝန် များရုံးထဲကို အပြေးဝင်ရောက်လာကြတယ်။သုခက ကားကိုစက်မရပ်ဘဲ နှိုးထားကာ အသင့်စောင့်ဆိုင်းကျန်ရစ်ခဲ့တယ်၊သေနတ်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ စိန်ကြီး ၊မောင်စိုး၊ရန်ကြီးအောင်နဲ့ သက်နှင်းတို့ဟာ အတွင်းဝန်ရုံးတောင်ဘက်မှ မြောက်ဘက်အတိုင်းဗိုလ်ချုပ်ရုံးခန်းရှိရာ ကို လျှောက်လာကြပြီး အခန်းဝမှာ စောင့်နေတဲ့ မင်းစေကိုတွန်းဖယ်ကာ မြောက်ဘက်ဆုံးတံခါးပေါက်ကနေ ၀န်ကြီးများစည်းဝေးနေတဲ့ အခန်းတွင်းသို့ဝင်လိုက်ကြတယ်။
နံနက်

ที่อยู่

Srinakarin Road
Bangkok
10250

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Better Lifestyle Online Store & Servicesผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์