We Care For U Medical Teleconsultation & Health Guidance for Myanmar People in Thailand 🇹🇭🇲🇲

🦟 Dengue Fever (သွေးလွန်တုပ်ကွေး) — “ဖျားတာပဲ” လို့ မပေါ့ဆသင့်တဲ့ ရောဂါ! 🚨အခုလို မိုးရာသီနဲ့ ပူစိုစွတ်တဲ့ရာသီမှာ ထိုင်းန...
31/05/2026

🦟 Dengue Fever (သွေးလွန်တုပ်ကွေး) — “ဖျားတာပဲ” လို့ မပေါ့ဆသင့်တဲ့ ရောဂါ! 🚨

အခုလို မိုးရာသီနဲ့ ပူစိုစွတ်တဲ့ရာသီမှာ ထိုင်းနိုင်ငံအပါအဝင် dengue fever တွေ ပိုများလာတတ်ပါတယ်။

Dengue fever ဆိုတာ ဘာလဲ?
ခြင် (Aedes mosquito) ကိုက်ရာကနေ ကူးစက်တတ်တဲ့ viral infection တစ်မျိုးဖြစ်ပြီး၊ တချို့လူနာတွေမှာ severe dengue (ပြင်းထန်သော သွေးလွန်တုပ်ကွေး) ဖြစ်လာနိုင်ပါတယ်။

📌 Dengue Fever ရဲ့ လက္ခဏာများ

✅ အဖျားမြင့်မြင့်တက်ခြင်း (39–40°C)
✅ ခေါင်းကိုက်ခြင်း
✅ မျက်လုံးအနောက်ဘက်ကိုက်ခြင်း
✅ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း (“အရိုးချိုးနာ” လို့တောင် ခေါ်ကြပါတယ်)
✅ ပျို့ခြင်း၊ အန်ခြင်း
✅ အစားအသောက်မဝင်ခြင်း
✅ အရေပြားအဖု/အနီစက်များထွက်ခြင်း

⚠️ အရေးကြီးတဲ့ Warning Signs (အန္တရာယ်ရှိနိုင်သော လက္ခဏာများ)
ဒီ symptoms တွေရှိလာရင် ဆေးရုံသို့ အမြန်ဆုံးသွားသင့်ပါတယ်

🚨 ဗိုက်အရမ်းနာလာခြင်း
🚨 အန်တာများလာခြင်း / အစာမဝင်ခြင်း
🚨 အရမ်းနုံးခြင်း၊ မူးဝေခြင်း
🚨 အသက်ရှူမဝသလို ဖြစ်လာခြင်း
🚨 နှာခေါင်းသွေးယို၊ သွားဖုံးသွေးယိုခြင်း
🚨 အရေပြားအောက် အမည်းစက်များထွက်လာခြင်း
🚨 လက်အေးခြင်း၊ သတိလစ်ချင်သလိုဖြစ်ခြင်း

💡 ဆောင်ရန် (DOs)

✅ ရေများများသောက်ပါ
(ORS, electrolyte drinks, soup, plain water)

✅ Paracetamol (PCM) ကို အဖျားကျရန် သောက်နိုင်ပါတယ်

✅ အနားယူပါ

✅ အဖျားမကျ၊ ပိုဆိုးလာရင် သွေးစစ်စေပါ

🚫 ရှောင်ရန် (DON’Ts)

❌ Ibuprofen, Diclofenac, Aspirin လို pain killers တွေကို ကိုယ့်ဘာသာ မသောက်ပါနဲ့
➡️ သွေးယိုနိုင်ခြေ ပိုတက်စေနိုင်ပါတယ်

❌ “အဖျားပဲ” လို့ မပေါ့ဆပါနဲ့

❌ ဆေးမတည့်ဘဲ antibiotic ကို ကိုယ့်ဘာသာ မသောက်ပါနဲ့
➡️ Dengue က virus ဖြစ်တာကြောင့် antibiotic မလိုအပ်တာများပါတယ်

📌 အရေးကြီးတာတစ်ခု — Dengue မှာ platelet count (သွေးဥမွှား) တစ်ခုတည်းကြည့်ပြီး မဆုံးဖြတ်ရပါဘူး။ Warning signs နဲ့ Hydration Status လည်း အရေးကြီးပါတယ်။

🩵 We Care For U 🩵
ထိုင်းရောက်မြန်မာများအတွက် ကျန်းမာရေးအသိပညာများ မျှဝေပေးလျက်ရှိပါတယ်။

📣 ဒီ post လေးကို save & share ထားပါ — ကိုယ်တိုင်ဖြစ်ဖြစ်၊ မိသားစု/သူငယ်ချင်းတွေအတွက် အသုံးဝင်နိုင်ပါတယ်။

01/09/2022

ကျနော်တို့က လက်ရှိ ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာဆရာဝန်များ ဖြစ်ပါတယ်

ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာများအတွက်

အကူညီအထောက်အပံ့လေးတစ်ခု ဖြစ်နိုင်တဲ့ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်

အခုဆိုရင် ထိုင်းနိုင်ငံမှာ အရင်ကထက်ပိုပြီး အလွှာမျိုးစုံသော မြန်မာတွေ များစွာရှိနေကြပါတယ်

ထိုင်းရောက်မြန်မာများ အနေနဲ့ သာမာန် နေထိုင်မကောင်း ဖြစ်လာခဲ့ရင် ဆေးရုံ ဆေးခန်းသွားပြဖို့ နှောင့်နှေး စဉ်းစား နေရတာမျိုး ရှိတတ်ကြပါတယ်

များသောအားဖြင့် ဘာသာစကား အခက်အခဲကြောင့် ဆေးရုံဆေးခန်းပြဖို့ ဝန်လေးတာ

အချိန်မပေးနိုင်တာ၊ အလုပ်မအားတာ

အချို့သောအကြောင်းအရာတွေနဲ့

ငွေကြေးအရ ချင့်ချိန်ရတာ စသဖြင့် ရှိတတ်ကြပါတယ်

အဲဒီလိုအခါမျိုးမှာ

သာမာန် ကျန်းမာရေးဆိုင်ရာ ပြဿနာမျိုးတွေနဲ့ ကြုံတွေ့လာရင်

ဆရာဝန်တစ်ယောက်ရဲ့ ညွှန်ကြားမှုနဲ့ ဆေးဝယ်သောက် ကုသမှုခံယူဖို့ လိုအပ်နေတယ်ဆိုရင်

ကျန်းမာရေးနဲ့ ပတ်သတ်တာတွေကို မေးမြန်း ဆွေးနွေး တိုင်ပင်ချင်တယ်ဆိုရင်

ကျနော်တို့ online သီးသန့် ကနေ တိုင်ပင် ကုသပေးပါတယ်

ဆေးပညာပိုင်းဆိုင်ရာ ဝန်ဆောင်ခအနေနဲ့ကတော့ ကျနော်တို့ တစ်ယောက်ကို ဘတ် ၁၀၀ မှ၂၀၀ ဝန်းကျင် သတ်မှတ်ထားပါတယ်

Page Messenger၊ Line app၊ Viber နဲ့ WhatsApp တို့ကနေ ဆက်သွယ် မေးမြန်းနိုင်ပါတယ်

Line App
+66 63 520 2101
+66 63 520 1148

Viber
+95 9962839588
+95 9952004131

WhatsApp
+66 63 520 2101
+66 63 520 1148

ที่อยู่

Bangkok
10260

เบอร์โทรศัพท์

+66635202101

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ We Care For Uผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง We Care For U:

แชร์