Dr. Kyaw Min Htike

Dr. Kyaw Min Htike Not a substitute for medical consultation.

Dr. Kyaw Min Htike
Public Health Specialist
Disease Prevention • Health Promotion • Community Health
Evidence-based health education
Bangkok, Thailand 🇹🇭
⚠️ Health information only.

"မျိုးရိုးဗီဇဆိုင်ရာ အငြင်းပွားမှုပြဿနာ"အားလုံးမင်္ဂလာပါခင်ဗျာ 🙏မိသားစုကျန်းမာရေးနှင့် သက်ဆိုင်တဲ့ မျိုးရိုးဗီဇဆိုင်ရာ အ...
06/05/2026

"မျိုးရိုးဗီဇဆိုင်ရာ အငြင်းပွားမှုပြဿနာ"

အားလုံးမင်္ဂလာပါခင်ဗျာ 🙏

မိသားစုကျန်းမာရေးနှင့် သက်ဆိုင်တဲ့ မျိုးရိုးဗီဇဆိုင်ရာ အငြင်းပွားမှု မေးခွန်းတခုကို ဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါတယ် ခင်ဗျာ။

ဘာကြောင့်လဲဆိုတော့ ယနေ့ခေတ်မှာ AI ကို အလွန်အမင်း အသုံးပြုလာကြတာမို့ ကျန်းမာရေးဆိုင်ရာကိစ္စတွေကို ​AI မှာမေးပြီး နားမလည်ရင် အယူအဆမှားတွေ ဖြစ်နိုင်တာမို့ပါခင်ဗျာ။

AI ရဲ့ အကျိုးကျေးဇူးတွေကြီးမားပေမယ့် ဘယ်အကြောင်းအရာမဆို ၊ ဘယ်ဘာသာရပ်မဆို သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ကိုလည်း တိုင်ပင်ဆွေးနွေးဖို့ရန် မမေ့သင့်ဘူးဆိုတာကို အထူး သတိပြုဖို့လိုပါတယ်ခင်ဗျာ။

👉 “အတူနေခဲ့တဲ့ရက် + ကလေးမွေးတဲ့နေ့ရက်” ကိုပဲကြည့်ပြီး ဖခင်ဖြစ်/မဖြစ် တထစ်ချ ဆုံးဖြတ်လို့ရပါသလား?

❌ အဖြေက — မရပါဘူး

ဒီလိုတွက်ချက်နည်းတခုတည်းနဲ့တိတိကျကျ ဆုံးဖြတ်လို့ မရတဲ့အကြောင်းကို နားလည်လွယ်အောင်ရှင်းပြပေးချင်ပါတယ်။

🤔 ကိုယ်ဝန်ကာလက မတူညီနိုင်ခြင်း

👉 လူအများသိထားတာက ၉ လ လို့ပဲဆိုကြပေမယ့် တကယ်တော့ 37–42 ပတ် အထိ ကွာနိုင်ပါတယ် (ကွဲပြားနိုင်သေး)

👉 ဒါကြောင့် မွေးရက်ကိုသာကြည့်ပြီးကိုယ်ဝန်စတင်တဲ့ရက်ကို တိတိကျကျ ပြန်တွက်လို့ မရနိုင်ပါဘူးခင်​ဗျာ။

🧬 Fertilization အချိန် မတည်ငြိမ်မှု

👉 အမျိုးသမီးတယောက်ချင်းစီရဲ့ မျိုးဥထွက်ချိန် (ovulation) မတူညီပါ
👉 ထို့အပြင် ဖိုမျိုးကောင် s***m က 3–5 ရက်အထိ အသက်ရှင်နိုင်ပါတယ်
👉 ဆိုလိုတာက အတူနေတဲ့နေ့တနေ့တည်း မဟုတ်ပဲ နောက်ရက်များတွင်လည်း ကိုယ်ဝန်ရနိုင်တယ်ဆိုတဲ့ အချက်ပါခင်ဗျာ။

📊 ဆေးဘက်ဆိုင်ရာတွက်ချက်မှုလည်း ± ကွာနိုင်

👉 Ultrasound နဲ့တွက်တဲ့ ကိုယ်ဝန်အရွယ်အစားကလည်း အချို့မှာ 1–2 ပတ်အထိ ကွဲလွဲနိုင်ပါတယ် ဆိုတာ သတိပြုဖို့လိုပါတယ်။

🧪 တိတိကျကျ သိချင်ရင်?

👉 အတိအကျ သိနိုင်တဲ့နည်းက DNA test (paternity test) ဖြစ်ပါတယ်

👉 ဒီနည်းလမ်းက မိဘ-ကလေး ဆက်စပ်မှုကို 99%+ တိကျစွာ စစ်ဆေးနိုင်ပါတယ် ခင်ဗျာ။

👉 သို့ပေမယ့် DNA test စစ်ဆေးမှုအတွက် ကုန်ကျစရိတ်မြင့်မားပြီး မဖြစ်မနေလိုအပ်မှသာ စဥ်းစားသင့်ပါတယ်။

🎯 အချုပ်အားဖြင့်
အများစု မျိုးရိုးဗီဇဆိုင်ရာ အငြင်းပွားကြတာက ဘယ်ရက်မှာ အတူနေခဲ့တာကို အာထွာဆောင်းမှာ မွေးရက်က ဘယ်လောက်ဖြစ်နေတယ်၊ ကလေးက ဘယ်ရက်မှာမွေးတယ် စသဖြင့် "ငါ့ကလေး မဖြစ်နိုင်ဘူး" ဆိုပြီး အငြင်းပွားကြတာများပါတယ်။

ဒါကြောင့် မဖြစ်သင့်တာ မဖြစ်ရအောင်/ မမှားသင့်တာ မမှားရအောင် တတ်ကျွမ်းနားလည်သူ​နဲ့ သေချာဆွေးနွေးသင့်ပါတယ် ခင်ဗျာ။

⚠️ ဤအချက်အလက်များသည် အထွေထွေ ကျန်းမာရေးပညာပေးအတွက်သာ ဖြစ်ပြီး တဦးချင်းစီ၏ အခြေအနေအပေါ် မူတည်၍ မတူညီနိုင်ပါ။ တိတိကျကျ အကြံပြုချက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါခင်ဗျာ။







#ကျန်းမာရေးဗဟုသုတ

🦠 အစာအိမ်အူလမ်းကြောင်းအတွက် Probiotic အကျိုးကျေးဇူးအားလုံးမင်္ဂလာပါခင်ဗျာ 🙏ကျန်းမာရေးဗဟုသုတအဖြစ် အူလမ်းကြောင်းကျန်းမာရေး...
05/05/2026

🦠 အစာအိမ်အူလမ်းကြောင်းအတွက် Probiotic အကျိုးကျေးဇူး

အားလုံးမင်္ဂလာပါခင်ဗျာ 🙏

ကျန်းမာရေးဗဟုသုတအဖြစ် အူလမ်းကြောင်းကျန်းမာရေးအတွက် အရေးပါတဲ့ Probiotic (ကောင်းသော ဘက်တီးရီးယား) အကြောင်းကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

ဘာကြောင့်လဲဆိုတော့ fb group တခုမှာ အစာအိမ်ရောဂါဖြစ်တဲ့ လူနာတယောက်က Probiotic သောက်ပြီး ကောင်းသွားတဲ့အကြောင်း Sharing လုပ်တဲ့အတွက် အစာအိမ်ရောဂါသည်အများစုက သူသောက်တဲ့ Probiotic ကို အလုအယက် မှာယူနေကြလို့ပါ။

တကယ်တော့ Probiotic က အစာအိမ်အူလမ်းကြောင်းအတွက် အလွန်ကောင်းမွန်သာ မှန်ပေမယ့် Probiotic သောက်တိုင်း အစာအိမ်ရောဂါ ပျောက်ကင်းချင်မှ ပျောက်ကင်းပါလိမ့်မယ်။

ဒီအချက်ကို သေချာလေး သဘောပေါက်စေချင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ လူတဦးနဲ့ တဦး ဇီဝကမ္မ ဖြစ်စဥ်တွေ မတူညီတဲ့အတွက်ကြောင့်ပါဘဲ ခင်ဗျာ။

🦠 Probiotic ဆိုတာဘာလဲ?

👉 Probiotic ဆိုတာက လူ့ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့ good bacteria လေးတွေပါ။

👉 အူလမ်းကြောင်းထဲမှာ နေထိုင်ပြီးအစာချေမှုလုပ်ငန်းစဥ်နဲ့ ကိုယ်ခံအားစနစ်ကို ကူညီပေးပါတယ် ခင်ဗျာ။

🤔 ဘယ်လိုအလုပ်လုပ်လဲ?

👉 အူလမ်းကြောင်းထဲမှာ ကောင်းတဲ့ဘက်တီးရီးယား / မကောင်းတဲ့ဘက်တီးရီးယား ဆိုပြီး ရှိပါတယ်။
👉 Probiotic က —
✔️ ကောင်းတဲ့ဘက်တီးရီးယား တိုးပွားစေတယ်
✔️ မကောင်းတဲ့ဘက်တီးရီးယား ထိန်းပေးတယ်
✔️ Gut balance ကိုညှိပေးပါတယ်

⚙️ အဓိက အကျိုးကျေးဇူး

✔️ အစာချေမှုစနစ်ကောင်းစေတယ်
✔️ ဝမ်းလျှော / ဝမ်းပျက် လျော့စေတယ်
✔️ အူလမ်းကြောင်း ကျန်းမာစေတယ်
✔️ ကိုယ်ခံအား တိုးတက်စေနိုင်တယ်
✔️ အူဖောင်းခြင်း(လေပွ) လျော့စေနိုင်ပါတယ်

🥗 Probiotic ပါတဲ့ အစားအစာများ

Probiotic ကို ဆေးသောက်မှရယ် မဟုတ်ပါဘူး၊ သဘာဝအစားအစာတွေကနေ အလွယ်တကူရနိုင်ပါတယ်။
👉 ဒိန်ချဉ် (Yogurt)
👉 နို့ချဉ် (Fermented milk)
👉 Kimchi / Sauerkraut
👉 Probiotic supplements

👶 ဘယ်သူတွေ သုံးသင့်လဲ?

👉 ဝမ်းပျက်ဝမ်းလျှောဖြစ်နေသူ
👉 အစာမကြေ လေထိုး လေအောင့်
👉 Antibiotic သောက်ပြီးနောက် အူလမ်းကြောင်း လုပ်ငန်းစဥ်မညီမမျှဖြစ်နေသူများ စသဖြင့်....

⚠️ သတိထားရန်

❗ လူတိုင်းအတွက် မလိုအပ်နိုင်ပါဘူးခင်ဗျာ
❗ အချို့မှာ gas / bloating ဖြစ်နိုင်ပါတယ် ခင်ဗျာ
❗ ရောဂါအခံရှိသူများ ဆရာဝန်နှင့် တိုင်ပင်ပါ ခင်ဗျာ။

⚠️ ဤအချက်အလက်များသည် အထွေထွေ ကျန်းမာရေးပညာပေးအတွက်သာ ဖြစ်ပြီး တဦးချင်းစီ၏ အခြေအနေအပေါ် မူတည်၍ မတူညီနိုင်ပါ။ တိတိကျကျ အကြံပြုချက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါခင်ဗျာ။

📚 References
• WHO
• Harvard Medical School
• NIH






#ကျန်းမာရေးဗဟုသုတ

မြန်မာနိုင်ငံတွင် Prosthetic hand နှင့် ရင်ဆိုင်နေရသော စိန်ခေါ်မှုများအားလုံးမင်္ဂလာပါခင်ဗျာ 🙏Prosthetic hand အကြောင်းတွ...
13/04/2026

မြန်မာနိုင်ငံတွင် Prosthetic hand နှင့် ရင်ဆိုင်နေရသော စိန်ခေါ်မှုများ

အားလုံးမင်္ဂလာပါခင်ဗျာ 🙏

Prosthetic hand အကြောင်းတွေ မျှဝေနေတဲ့အချိန် မိဘတွေ၊ လူနာတွေက မကြာခဏ မေးလာတဲ့ စကားတစ်ခုရှိပါတယ်—

👉 “လုပ်ချင်တာတော့လုပ်ချင်ပါတယ် ဒါပေမယ့်…”

ဒီ “ဒါပေမယ့်” ဆိုတဲ့စကားနောက်က
အခက်အခဲတွေက တကယ်ကို အများကြီးရှိပါတယ် ခင်ဗျာ

ဒီနေ့တော့ မြန်မာနိုင်ငံမှာ လက်တွေ့တွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ရိုးရိုးလေး မျှဝေပေးချင်ပါတယ်ခင်ဗျာ

💰 ၁။ ကုန်ကျစရိတ်

👉 Prosthetic hand က လူအများထင်သလို မလွယ်ကူတဲ့ cost တစ်ခုရှိပါတယ်
👉 အထူးသဖြင့် advanced type (စက်ရုပ်လက်) တွေဆိုရင် ပိုပြီး စျေးမြင့်နိုင်ပါတယ် ခင်ဗျာ
👉 တချို့ NGO support ရရင် အဆင်ပြေနိုင်ပေမယ့် လူတိုင်းအတွက်တော့ မရနိုင်ပါဘူး ခင်ဗျာ

🏥 ၂။ ဝန်ဆောင်မှု လက်လှမ်းမမီမှု

👉 မြို့ကြီးတွေမှာပဲ service ရနိုင်ပြီးနယ်ဘက်တွေမှာတော့ အလွန်ကန့်သတ်ချက်များပါတယ်ခင်ဗျာ
👉 rehabilitation center
👉 trained technician
တွေ မလုံလောက်တာက အဓိက ပြဿနာတစ်ခုဖြစ်ပြီး ကုန်ကျစာရိတ်ကလည်း ရေရှည်မို့ အလွန်ခက်ခဲပါတယ် ခင်ဗျာ

🔧 ၃။ Maintenance (ပြုပြင်ထိန်းသိမ်းမှု)

👉 Prosthetic hand တစ်ခုက တပ်ပြီးထားရုံနဲ့ မပြီးပါဘူး
👉 ပြုပြင်ရမယ်၊ ပြန်ညှိရမယ်၊ parts ပြောင်းရမယ်
👉 ဒီလို services တွေ မရရှိရင် အသုံးမဝင်တော့တဲ့အထိ ဖြစ်နိုင်ပါတယ် ခင်ဗျာ

👶 ၄။ ကလေးတွေမှာ အဓိက အခက်အခဲ

👉 ကလေးတွေက ကြီးထွားလာတာနဲ့အမျှ prosthetic ကို မကြာခဏ ပြန်လုပ်ရတတ်ပါတယ် ခင်ဗျာ
👉 ဒီအတွက် cost + access
နှစ်ခုလုံး အဓိက challenge ဖြစ်လာပါတယ် ခင်ဗျာ

🧠 ၅။ အသုံးပြုမှု လေ့ကျင့်ရေး

👉 Prosthetic hand တပ်လိုက်တာနဲ့ချက်ချင်း အသုံးတတ်မသွားပါဘူး
👉 training လိုအပ်ပါတယ်
👉 patient + family support လိုအပ်ပါတယ်
👉 ဒီပိုင်းမှာလည်း systematic rehabilitation services မလုံလောက်တာတွေ့က အလွန်ကိုကြီးမားပါတယ် ခင်ဗျာ

❤️ ၆။ စိတ်ပိုင်းဆိုင်ရာအခက်အခဲ

👉 လူနာတချို့မှာ self-confidence လျော့နည်းတာ၊ လူမှုရေးအခက်အခဲတွေ
တွေ့ရတတ်ပါတယ် ခင်ဗျာ
👉 ဒီအပိုင်းကိုလည်း
support ပေးဖို့ အလွန်အရေးကြီးပါတယ် ခင်ဗျာ

🎯 အချုပ်အားဖြင့်

👉 Prosthetic hand technology က ပြည်ိပနိုင်ငံတွေမှာ အလွန်တိုးတက်လာနေသလို မြန်မာနိုင်ငံမှာလည်း အရင်ထက် ပိုကောင်းလာပါတယ် ခင်ဗျာ
👉 ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ cost ၊access ၊ rehabilitation system စတာတွေက အဓိက စိန်ခေါ်မှုတွေ ဖြစ်နေပါတယ် ခင်​ဗျာ

👉 ဘာပဲဖြစ်ဖြစ် အရေးကြီးတာက လူနာတစ်ယောက်ချင်းစီအတွက် လက်တွေ့သုံးနိုင်မယ့် solution ကို ရွေးချယ်နိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်ခင်ဗျာ။

⚠️ သတိပြုရန်

ဤအချက်အလက်များသည် အထွေထွေ ကျန်းမာရေးပညာပေးအတွက်သာ ဖြစ်ပြီး
တစ်ဦးချင်းစီ၏ အခြေအနေအပေါ် မူတည်၍ မတူညီနိုင်ပါ။
တိတိကျကျ အကြံပြုချက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါခင်ဗျာ။

📚 References
World Health Organization
International Committee of the Red Cross
Myanmar Red Cross Society

🙏 မိသားစုအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ







#ကျန်းမာရေးဗဟုသုတ

Body-powered prosthetic hand ဆိုတာဘာလဲ? ဘယ်လိုအလုပ်လုပ်တာလဲ?အားလုံးမင်္ဂလာပါခင်ဗျာ 🙏Prosthetic hand အမျိုးအစားတွေထဲမှာ လ...
09/04/2026

Body-powered prosthetic hand ဆိုတာဘာလဲ? ဘယ်လိုအလုပ်လုပ်တာလဲ?

အားလုံးမင်္ဂလာပါခင်ဗျာ 🙏

Prosthetic hand အမျိုးအစားတွေထဲမှာ လူအများကြီး မသိသေးတဲ့ နည်းလမ်းတစ်ခုရှိပါတယ်ခင်ဗျာ—

👉 Body-powered prosthetic hand ပါ

ရိုးရိုးလေး ပြောရရင်—

👉 ကိုယ့်ခန္ဓာကိုယ် လှုပ်ရှားမှုကို အသုံးပြုပြီး
👉 လက်အတုကို ထိန်းချုပ်အသုံးပြုတဲ့ နည်းလမ်းဖြစ်ပါတယ်ခင်​ဗျာ

🤔 “ဘယ်လိုအလုပ်လုပ်တာလဲ?”

👉 ကြိုး (cable) စနစ်တစ်ခုနဲ့ ချိတ်ထားပြီး
👉 ပခုံး၊ လက်ကျန်ပိုင်း လှုပ်ရှားမှုကို အသုံးပြုပါတယ်

👉 ဥပမာ—

👉 ပခုံးကို ရှေ့ဆွဲလိုက်ရင်
👉 လက်အတုက ဖွင့်/ပိတ် လုပ်နိုင်ပါတယ်

⚙️ အဓိကအားသာချက်တွေက—

👉 စနစ်ရိုးရှင်းတယ်
👉 ခိုင်မာပြီး ပျက်စီးလွယ်မဟုတ်ဘူး
👉 ထိန်းချုပ်ရတာ reliable ဖြစ်တယ်
👉 စျေးနှုန်းပိုသက်သာတတ်တယ်

📊 အရေးကြီးတဲ့အချက်တစ်ခု—

👉 ဒီ body-powered prosthetic type ကို မြန်မာနိုင်ငံမှာ အဓိက အသုံးပြုနေပါတယ်

👉 ဘာကြောင့်လဲဆိုတော့—

👉 maintenance လုပ်ရလွယ်တယ်
👉 durability ကောင်းတယ်
👉 resource နည်းတဲ့နေရာတွေမှာလည်း အသုံးပြုနိုင်တယ်

👉 နောက်ပိုင်းမှာလည်း
👉 rehabilitation services တွေ တိုးတက်လာတာနဲ့အမျှ
👉 quality ပိုကောင်းလာတာတွေ့ရပါတယ်ခင်ဗျာ

👶 အထူးသဖြင့်—

👉 ကလေးတွေမှာ
👉 early training အတွက်
👉 ဒီ type ကို စတင်အသုံးပြုတာများပါတယ်

⚠️ ဒါပေမယ့်—

👉 လှုပ်ရှားမှုက natural လို လုံးဝ မဟုတ်နိုင်သလို appearance (အလှ) အရ advanced type လောက် မကောင်းနိုင်ဘူးပေါ့ခင်ဗျာ

👉 ဒါကြောင့်—

👉 functional use ကို အဓိကထားတဲ့သူတွေမှာ ပိုပြီး သင့်တော်ပါတယ်ခင်ဗျာ

ပြီးတော့—

👉 ကြီးလာတဲ့အခါ myoelectric prosthetic (စက်ရုပ်လက်) ကို
upgrade လုပ်နိုင်ပါတယ်

🎯 အချုပ်အားဖြင့်

👉 Body-powered prosthetic = ကိုယ့်ခန္ဓာကိုယ်နဲ့ control လုပ်တဲ့ လက်အတု
👉 simple + durable + practical
👉 မြန်မာနိုင်ငံမှာ အများဆုံး အသုံးပြုနေတဲ့ type တစ်ခုပြီး
ကလေးတွေမှာ အစောပိုင်းအသုံးပြုမှုအတွက် သင့်တော်ပါတယ်

💬 ဒီလို prosthetic မျိုးကို သုံးဖူးသူတွေရှိရင် အတွေ့အကြုံတွေ မျှဝေပေးနိုင်ပါတယ်ခင်ဗျာ

⚠️ သတိပြုရန်

ဤအချက်အလက်များသည် အထွေထွေ ကျန်းမာရေးပညာပေးအတွက်သာ ဖြစ်ပြီး
တစ်ဦးချင်းစီ၏ အခြေအနေအပေါ် မူတည်၍ မတူညီနိုင်ပါ။
တိတိကျကျ အကြံပြုချက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါခင်ဗျာ။

📚 References
•World Health Organization
•International Committee of the Red Cross
•American Academy of Orthopaedic Surgeons

🙏 မိသားစုအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ






#ကျန်းမာရေးဗဟုသုတ

Prosthetic hand ကို ဘယ်နိုင်ငံတွေမှာ လုပ်လို့ရလဲ? မြန်မာနိုင်ငံမှာရော ရနိုင်ပါသလား?အားလုံးမင်္ဂလာပါခင်ဗျာ 🙏Prosthetic ha...
08/04/2026

Prosthetic hand ကို ဘယ်နိုင်ငံတွေမှာ လုပ်လို့ရလဲ? မြန်မာနိုင်ငံမှာရော ရနိုင်ပါသလား?

အားလုံးမင်္ဂလာပါခင်ဗျာ 🙏

Prosthetic hand အကြောင်း မျှဝေပြီးနောက် မိဘတွေ မကြာခဏ မေးလာတာက—

👉 “ဘယ်နိုင်ငံမှာလုပ်လို့ရလဲ?”
👉 “မြန်မာနိုင်ငံမှာ ရနိုင်ပါသလား?” ဆိုတာပါ

ဒီနေ့တော့ လက်တွေ့အခြေအနေအရ ရိုးရိုးလေး မျှဝေပေးချင်ပါတယ်ခင်ဗျာ

🌏 ပထမဆုံး ပြောချင်တာက—

👉 Prosthetic hand ဆိုတာ
တစ်နိုင်ငံတည်းမှာပဲ လုပ်နိုင်တာ မဟုတ်ပါဘူး

👉 နည်းပညာတိုးတက်တဲ့ နိုင်ငံတွေမှာ—

👉 🇺🇸 အမေရိကန်
👉 🇩🇪 ဂျာမနီ
👉 🇯🇵 ဂျပန်
👉 🇰🇷 ကိုရီးယား တို့လို နိုင်ငံတွေမှာ advanced prosthetic (စက်ရုပ်လက်) အထိ ရရှိနိုင်ပါတယ်
ဒါပေမယ့်—
👉 မြန်မာနိုင်ငံအနေနဲ့
အနီးဆုံး practical option တွေက—
👉 🇹🇭 ထိုင်း
👉 🇮🇳 အိန္ဒိယ
တို့ဖြစ်ပါတယ် ခင်ဗျာ။

🔧 ထိုင်းနိုင်ငံမှာဆို—

👉 rehabilitation centers
👉 prosthetic clinics
👉 NGO support programs

ကနေ prosthetic services တွေ ရရှိနိုင်ပါတယ်
ဥပမာ—
•Sirindhorn National Medical •Rehabilitation Institute
•International Committee of the Red Cross

တို့လိုနေရာတွေမှာ
prosthetic fitting + training တွေ လုပ်နိုင်ပါတယ်

🇲🇲 မြန်မာနိုင်ငံမှာရော?

👉 ဟုတ်ပါတယ်
👉 မြန်မာနိုင်ငံမှာလည်း ခြေတုလက်တု ဝန်ဆောင်မှုတွေ ရှိပါတယ် ခင်ဗျာ

👉 အချို့အစိုးရဆေးရုံများ
👉 rehabilitation centers
👉 NGO/INGO အဖွဲ့အစည်းများ
ကနေ basic prosthetic services တွေ ရရှိနိုင်ပါတယ်

ဥပမာ—
Myanmar Red Cross Society
တို့ကလည်း support ပေးနေပါတယ် ခင်ဗျာ။
(ဥပမာ ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေးရွာမှာရှိ)

📊 အရေးကြီးတာက—

👉 မြန်မာနိုင်ငံမှာ
basic / functional prosthetic တွေ ပိုရနိုင်ပြီး တိုးတက်မှုတွေရှိနေပါတယ်

👉 advanced (myoelectric) prosthetic တွေကတော့
နိုင်ငံခြားမှာ ပိုရွေးချယ်စရာများပြီး ကုန်ကျစာရိတ်များပြားပါတယ်

⚠️ သတိထားရမယ့်အချက်—

👉 မသေချာတဲ့နေရာတွေ
👉 တရားမဝင် ဝန်ဆောင်မှုတွေ
ကို မသုံးသင့်ပါဘူး
👉 proper trained technician / specialist ရှိတဲ့နေရာမှာသာ လုပ်သင့်ပါတယ်

🎯 အနှစ်ချုပ်

👉 Prosthetic hand ကို နိုင်ငံအများကြီးမှာ လုပ်လို့ရပါတယ်
👉 မြန်မာနိုင်ငံမှာလည်း ရနိုင်ပါတယ်
👉 ဒါပေမယ့် option အလိုက် ကွာခြားမှု ရှိပါတယ် ခင်ဗျာ။

⚠️ သတိပြုရန်

ဤအချက်အလက်များသည် အထွေထွေ ကျန်းမာရေးပညာပေးအတွက်သာ ဖြစ်ပြီး
တစ်ဦးချင်းစီ၏ အခြေအနေအပေါ် မူတည်၍ မတူညီနိုင်ပါ။
တိတိကျကျ အကြံပြုချက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါခင်ဗျာ။

📚 References
•World Health Organization
•International Committee of the Red Cross
•Myanmar Red Cross Society

🙏 မိသားစုအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ






#ကျန်းမာရေးဗဟုသုတ

Prothetic Hand ဆိုတာ ခြေတုလက်တုလား? စက်ရုပ်လက်လား?အားလုံးမင်္ဂလာပါခင်ဗျာ 🙏ဒီမေးခွန်းကို မိဘတွေ မကြာခဏ မေးလာတတ်ပါတယ်—👉 “P...
07/04/2026

Prothetic Hand ဆိုတာ ခြေတုလက်တုလား? စက်ရုပ်လက်လား?

အားလုံးမင်္ဂလာပါခင်ဗျာ 🙏

ဒီမေးခွန်းကို မိဘတွေ မကြာခဏ မေးလာတတ်ပါတယ်—

👉 “Prosthetic hand ဆိုတာ ခြေတုလက်တုလား?”
👉 “ဒါက စက်ရုပ်လို လက်လား?”

ဒီနေ့တော့ ဒီအကြောင်းအရာကို ရိုးရိုးလေး ရှင်းပြပေးချင်ပါတယ်ခင်ဗျာ

ရိုးရိုးပြောရရင် Prosthetic hand ဆိုတာ ခြေတုလက်တု (လက်အစားထိုးပစ္စည်း) တစ်မျိုးပါ

ဒါပေမယ့်—

👉 လူတွေထင်သလို တစ်မျိုးတည်း မဟုတ်ပါဘူးခင်ဗျာ

🩺 အဓိက အမျိုးအစားတွေက—

👉 simple prosthetic
👉 functional prosthetic
👉 advanced prosthetic

🔹 Simple prosthetic ဆိုတာက—
👉 အလှအတွက်
👉 basic support အတွက်
အသုံးပြုတာများပါတယ်

🔹 Functional prosthetic ဆိုတာက—

👉 လက်ကို လှုပ်ရှားနိုင်ပါတယ်
👉 အရာဝတ္ထုတွေ ကိုင်နိုင်ပါတယ်

🔹 Advanced prosthetic (myoelectric) ဆိုတာက—

👉 ကြွက်သားတွေကို signal နဲ့ control လုပ်နိုင်ပါတယ်
👉 လက်ချောင်းတွေ လှုပ်ရှားနိုင်ပါတယ်

👉 ဒီအမျိုးအစားကို လူတွေက “စက်ရုပ်လက်” လို့ ခေါ်တတ်ကြပါတယ် 🤖

ဒါကြောင့်—
👉 Prosthetic hand = ခြေတုလက်တု ✔️
👉 ဒါပေမယ့် အမျိုးအစားပေါ်မူတည်ပြီး ရိုးရိုးလက်လည်း ဖြစ်နိုင်သလို စက်ရုပ်လို advanced လက်လည်း ဖြစ်နိုင်ပါတယ် ခင်ဗျာ

🎯 အရေးကြီးတာက—

👉 လူနာတစ်ယောက်ချင်းအတွက် ဘယ်လိုအမျိုးအစားက သင့်တော်လဲဆိုတာကို သက်ဆိုင်ရာ အထူးကုဆရာဝန် specialist နဲ့ ဆွေးနွေးပြီး ရွေးချယ်သင့်ပါတယ်ခင်ဗျာ

⚠️ သတိပြုရန်

ဤအချက်အလက်များသည် အထွေထွေ ကျန်းမာရေးပညာပေးအတွက်သာ ဖြစ်ပြီး
တစ်ဦးချင်းစီ၏ အခြေအနေအပေါ် မူတည်၍ မတူညီနိုင်ပါ။
တိတိကျကျ အကြံပြုချက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါခင်ဗျာ။

📚 References
•World Health Organization
•American Academy of Orthopaedic Surgeons
•UpToDate

🙏 မိသားစုအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ






#ကျန်းမာရေးဗဟုသုတ

Prosthetic hand ဆိုတာဘာလဲ? ဘယ်လောက်အသုံးဝင်လဲ?အားလုံးမင်္ဂလာပါခင်ဗျာ 🙏မနေ့က လက်အစားထိုးခွဲစိတ်မှုက လက်တွေ့မှာ မလွယ်ကူတဲ့...
07/04/2026

Prosthetic hand ဆိုတာဘာလဲ? ဘယ်လောက်အသုံးဝင်လဲ?

အားလုံးမင်္ဂလာပါခင်ဗျာ 🙏

မနေ့က လက်အစားထိုးခွဲစိတ်မှုက လက်တွေ့မှာ မလွယ်ကူတဲ့အကြောင်း မျှဝေခဲ့ပါတယ်။

ဒီနေ့တော့ ပိုပြီး လက်တွေ့အသုံးဝင်တဲ့ နည်းလမ်းတစ်ခုကို ပြောချင်ပါတယ်ခင်ဗျာ။
👉 Prosthetic hand ဆိုတဲ့နည်းလမ်းပါ

ရိုးရိုးလေး ပြောရရင်—
👉 မူလလက်အစား
👉 ပြင်ပက ထည့်သုံးတဲ့ အတုပြုလုပ်ထားတဲ့ လက်ပါ

လူတော်တော်များများထင်တာက—

“အလှပဲလား?”

👉 မဟုတ်ပါဘူးဗျ
👉 လုံးဝ အသုံးဝင်ပါတယ်

🩺 ဘယ်လိုအသုံးဝင်လဲ?

👉 နေ့စဉ်ဘဝမှာ အရာဝတ္ထုတွေ ကိုင်တွယ်နိုင်တယ်
👉 လက်နှစ်ဖက် balance ဖြစ်အောင် ကူညီပေးတယ်
👉 ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးစေတယ်

🔧 အမျိုးအစားတွေ အနေနဲ့—

👉 simple prosthetic (အလှ + basic support)
👉 functional prosthetic (movement ပါ)
👉 advanced / myoelectric prosthetic (muscle signal နဲ့ control လုပ်နိုင်)
👉 နည်းပညာတိုးတက်လာတာနဲ့အမျှအသုံးဝင်မှုကလည်း ပိုပြီးကောင်းလာပါတယ်ခင်ဗျာ

📊 အရေးကြီးတာတစ်ခုက—

👉 Prosthetic hand က ခွဲစိတ်မှုလို အန္တရာယ်ကြီးမားတာ မရှိပါဘူး
👉 long-term medication မလိုအပ်ပါဘူး

ဒါကြောင့်—

👉 လက်အစားထိုးခွဲစိတ်မှုနဲ့ နှိုင်းယှဉ်ရင်
👉 ပိုပြီး safe + practical ဖြစ်တဲ့ option လို့ ပြောလို့ရပါတယ်ခင်ဗျာ

တကယ်လက်တွေ့မှာ—

👉 ကလေးတွေက prosthetic hand နဲ့ လေ့ကျင့်သင်ယူပြီး
👉 နေ့စဉ်ဘဝကို အဆင်ပြေပြေ ဖြတ်သန်းနိုင်တဲ့ case တွေ အများကြီးရှိပါတယ်

🎯 အရေးကြီးတာက—

👉 early training
👉 family support
👉 proper fitting
ဒါတွေက အလွန်အရေးကြီးပါတယ်ခင်ဗျာ

ကျွန်တော်အနေနဲ့—

👉 ဒီလို case တွေမှာ prosthetic hand ကို အသုံးပြုဖို့
အဓိက ဆွေးနွေးအကြံပြုပေးပါတယ်

ဘာကြောင့်လဲဆိုတော့—

👉 လက်တွေ့မှာ safe ဖြစ်တယ်
👉 အသုံးဝင်မှုမြင့်တယ်
👉 ကလေးရဲ့ quality of life ကို တိုးတက်စေနိုင်ပါတယ်

💬 Prosthetic hand နဲ့ပတ်သက်ပြီးအတွေ့အကြုံရှိသူများရှိရင် comment မှာ မျှဝေပေးနိုင်ပါတယ်ခင်ဗျာ

⚠️ သတိပြုရန်

ဤအချက်အလက်များသည် အထွေထွေ ကျန်းမာရေးပညာပေးအတွက်သာ ဖြစ်ပြီး
တစ်ဦးချင်းစီ၏ အခြေအနေအပေါ် မူတည်၍ မတူညီနိုင်ပါ။
တိတိကျကျ အကြံပြုချက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါခင်ဗျာ။

📚 References
•World Health Organization
•Centers for Disease Control and Prevention
•American Academy of Orthopaedic Surgeons
•UpToDate

🙏 မိသားစုအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ






#ကျန်းမာရေးဗဟုသုတ

“ဘာကြောင့် လက်အစားထိုးခွဲစိတ်မှုကို တကမ္ဘာလုံးမှာ မလုပ်ကြတာလဲ?”(Health Education | General Information Only)အားလုံး မင်္...
06/04/2026

“ဘာကြောင့် လက်အစားထိုးခွဲစိတ်မှုကို တကမ္ဘာလုံးမှာ မလုပ်ကြတာလဲ?”
(Health Education | General Information Only)

အားလုံး မင်္ဂလာပါခင်ဗျာ 🙏

မနက်ကလက်အစားထိုးခွဲစိတ်မှု (Hand Transplant) က လူတွေထင်သလို မလွယ်ကူဘူးဆိုတာ မျှဝေခဲ့ပါတယ်ဗျ။

အခု နောက်ထပ် အရေးကြီးတဲ့ မေးခွန်းတစ်ခုကို ဆက်ပြီးမျှဝေချင်​ပါတယ်ခင်ဗျာ—

💬 “ဒါဆို… ဘာကြောင့် တကမ္ဘာလုံးမှာ မလုပ်ကြတာလဲ?”

🧠 အဓိကအားဖြင့် အောက်ပါအချက်တွေကြောင့်ပါခင်ဗျာ👇

1️⃣ Risk (အန္တရာယ်) > Benefit (အကျိုးကျေးဇူး) နှိုင်းယှဥ်​ရင် Risk က ပိုများနေခြင်း

👉 Hand transplant ဆိုတာ
အသက်ကယ်တဲ့ ခွဲစိတ်မှု မဟုတ်ပါဘူး

ဒါပေမယ့်—
👉 lifelong immunosuppressive drugs လိုအပ်နိုင်ပါတယ်
👉 infection / complication အန္တရာယ်ရှိပါတယ်
👉 အချို့ case တွေမှာ
risk က benefit ထက်ပိုများနိုင်ပါတယ်

2️⃣ Function (အသုံးပြုနိုင်မှု) မပြည့်စုံနိုင်ခြင်း

👉 ခွဲစိတ်ပြီးလို့ လက် “ရှိလာတယ်” ဆိုတာနဲ့ မပြီးပါဘူး
👉 fine movement
👉 sensation (ထိတွေ့မှု)
👉 အပြည့်အဝ ပြန်မရနိုင်တဲ့ case တွေအများကြီးရှိပါတယ်

3️⃣ Rehabilitation (ပြန်လည်သန်စွမ်းရေး) အချိန်ရှည်ကြာရှည်ခြင်း

👉 လက်ကို ပြန်အသုံးပြုနိုင်ဖို့ therapy, training တွေ အချိန်များစွာလိုအပ်ပါတယ်ခင်ဗျာ
👉 နှစ်နဲ့ချီပြီး ကြာနိုင်ပါတယ်
👉 လူနာရဲ့ motivation + support system လည်း အလွန်အရေးကြီးပါတယ်ခင်ဗျာ

4️⃣ Cost & Resource (ကုန်ကျစရိတ် / အရင်းအမြစ်)

👉 Highly specialized surgery ဖြစ်တဲ့အတွက်
👉 expert team + advanced facility လိုအပ်ပါတယ်
👉 အကုန်လုံးပေါင်းပြီး ငွေကြေး မြောက်များစွာ ကုန်ကျနိုင်ပါတယ် ခင်ဗျာ

5️⃣ Alternative (အစားထိုးနည်းလမ်း) တွေ ပို practical ပို​ဖြစ်ခြင်း
👉 ယနေ့ခေတ်မှာ—
Prosthetic (အစားထိုး လက်တု) တွေက
✔️ safer
✔️ cost-effective
✔️ training လွယ်ကူ
✔️ technology တိုးတက်လာတာကြောင့် function ကောင်းလာတယ်

👉 လူနာအများစုအတွက် ပိုပြီး သင့်တော်တဲ့ ရွေးချယ်မှု ဖြစ်နေပါတယ်ခင်ဗျာ။

💡 ဒါကြောင့်—

👉 “အစားထိုးခွဲစိတ်တဲ့နည်းပညာရှိတယ် = လူတိုင်းလုပ်သင့်တော်တယ်” မဟုတ်ပါဘူး
👉 benefit vs risk ကို တစ်ဦးချင်းစီအလိုက် သေသေချာချာ စဉ်းစားရပါတယ်ခင်ဗျာ။

👨‍⚕️ ကျွန်တော့်အမြင်အရ—

မွေးရာပါ လက်မရှိတဲ့ case တွေမှာ
👉 transplant တစ်ခုတည်းကို မစဉ်းစားဘဲ
👉 prosthetic + rehabilitation + psychosocial support ကို
ပေါင်းစပ်စဉ်းစားတာက ပိုအရေးကြီးတယ်လို့ အကြံပြုချင်ပါတယ်ခင်​ဗျာ။

💬 ဒီလို Case မျိုး အတွေ့အကြုံရှိတဲ့သူတွေ မိမိတို့ စိတ်ခံစားမှုကို comment မှာ မျှဝေပေးနိုင်ပါတယ်နော်

⚠️ သတိပြုရန်

ဤအချက်အလက်များသည် အထွေထွေ ကျန်းမာရေးပညာပေးအတွက်သာ ဖြစ်ပြီး
တစ်ဦးချင်းစီ၏ အခြေအနေအလိုက် ကွာခြားနိုင်ပါသည်။
တိတိကျကျ အကြံပြုချက်များအတွက် သင်ဆိုင်ရာအထူးကုဆရာဝန်နှင့် တိုင်ပင်ပါ။

📚 References
• World Health Organization (WHO)
• Centers for Disease Control and Prevention (CDC)
• UpToDate

🙏 မိသားစုအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ







#ကျန်းမာရေးဗဟုသုတ

လက်အစားထိုးခွဲစိတ်မှု — လူတွေထင်သလို လွယ်ကူပါသလား?(Health Education | General Information Only)အားလုံး မင်္ဂလာပါခင်ဗျာ 🙏...
06/04/2026

လက်အစားထိုးခွဲစိတ်မှု — လူတွေထင်သလို လွယ်ကူပါသလား?
(Health Education | General Information Only)

အားလုံး မင်္ဂလာပါခင်ဗျာ 🙏

ရှေ့မှာ မွေးရာပါ လက်မပြည့်စုံတာတွေ ဘာကြောင့်ဖြစ်နိုင်လဲ ဆိုတာ မျှဝေခဲ့ပါတယ်။

ဒီနေ့တော့ မိဘတွေ အများဆုံး မေးလာတဲ့ မေးခွန်းတစ်ခုကို ဆက်ပြီး ပြောချင်ပါတယ်—

💬 “လက်အစားထိုးခွဲစိတ်မှု လုပ်လို့ရလား?”

👉 တိုတိုပြောရရင် လုပ်လို့တော့ ရပါတယ်
ဒါပေမယ့် —
👉 လူတွေထင်သလို မလွယ်ကူပါဘူးခင်ဗျာ

🩺 ဘာကြောင့် မလွယ်ကူတာလဲ?

လက်တစ်ဖက်ဆိုတာ—
• အရိုး
• သွေးကြော
• အာရုံကြောကြီးကြောငယ်များ (nerves)
• ကြွက်သား
• အရေပြား

👉 အားလုံးကို တပြိုင်နက်တည်း ပြန်ချိတ်ဆက်ရတဲ့ အလွန်ရှုပ်ထွေးတဲ့ အင်္ဂါတစ်ခုပါ။

👉 ခွဲစိတ်ပြီးတာနဲ့ ပြီးသွားတာလည်း မဟုတ်ပါဘူး

နောက်ထပ်—
• အ​ကြောတွေ ပြန်အလုပ်လုပ်လာဖို့
• လက်ကို ပြန်ထိန်းချုပ်နိုင်ဖို့
• rehabilitation လေ့ကျင့်မှုတွေ ပြန်လုပ်ဖို့

👉 နှစ်နဲ့ချီပြီး အချိန်ယူနိုင်ပါတယ်

⚠️ အရေးကြီးဆုံး အချက်တစ်ခု

လက်အစားထိုးခွဲစိတ်မှုဆိုတာ—
👉 ကိုယ်မဟုတ်တဲ့ လက်ကို ယူသုံးတာဖြစ်တဲ့အတွက်
👉 immune rejection (ခန္ဓာကိုယ်က မလက်ခံခြင်း) ဖြစ်နိုင်ပါတယ်

ဒါကြောင့်—
👉 immunosuppressive drugs ကို
👉 ရှည်လျားစွာ (တစ်ချို့မှာ တစ်သက်တာ) သောက်ရနိုင်ပါတယ်

💊 ဒီဆေးတွေကြောင့်—
• infection အန္တရာယ် မြင့်တက်နိုင်ခြင်း
• side effects များနိုင်ခြင်း

👉 ဆိုတာတွေကြောင့် နီးကပ်စွာ follow-up လိုအပ်ပါတယ်

📊 လက်တွေ့မှာ—

👉 Hand transplant case တွေက ကမ္ဘာတဝှမ်းမှာတောင်
အရမ်းနည်းပါတယ်
👉 လူတိုင်းအတွက် routine treatment မဟုတ်ပါဘူး

ဒါကြောင့်—
❌ “လက်မရှိတာဆိုရင် အစားထိုးလိုက်ရုံပဲ” ဆိုတာက
👉 လက်တွေ့နဲ့ မကိုက်ညီပါဘူး

🚫 သတိထားရန်

တချို့နေရာတွေမှာ တွေ့ရတဲ့ တရားမဝင်ခွဲစိတ်မှုတွေဟာ

👉 infection
👉 ခွဲစိတ်မှု မအောင်မြင်ခြင်း
👉 အသက်အန္တရာယ်

အထိ ဖြစ်နိုင်တာကြောင့်
👉 အလွန် အန္တရာယ်များပါတယ်

👨‍⚕️ ကျွန်တော်အနေနဲ့ ဒီလို case တွေမှာ

👉 လက်အစားထိုးခွဲစိတ်မှုထက်
👉 ပိုပြီး practical ဖြစ်တဲ့ နည်းလမ်းတွေ ရှိတယ်ဆိုတာ အကြံပြုချင်ပါတယ်ခင်ဗျာ

💬 “ဒါဆို ဘာနည်းလမ်းလဲ?”

👉 ဒီအကြောင်းကိုတော့နောက် post မှာ ဆက်ပြီး မျှဝေပေးပါမယ်ခင်ဗျာ။

⚠️ သတိပြုရန်

ဤအချက်အလက်များသည် အထွေထွေ ကျန်းမာရေးပညာပေးအတွက်သာ ဖြစ်ပြီး
တစ်ဦးချင်းစီ၏ အခြေအနေအလိုက် ကွာခြားနိုင်ပါသည်။
တိတိကျကျ အကြံပြုချက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။

📚 References
• World Health Organization (WHO)
• Centers for Disease Control and Prevention (CDC)
• UpToDate

🙏 မိသားစုအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ






#ကျန်းမာရေးဗဟုသုတ

မွေးရာပါ ကိုယ်လက်အင်္ဂါ မပြည့်စုံတဲ့ကလေးတွေ ဘာကြောင့်ဖြစ်တာလဲ?(Health Education | General Information Only)အားလုံး မင်္ဂ...
05/04/2026

မွေးရာပါ ကိုယ်လက်အင်္ဂါ မပြည့်စုံတဲ့ကလေးတွေ ဘာကြောင့်ဖြစ်တာလဲ?

(Health Education | General Information Only)

အားလုံး မင်္ဂလာပါခင်ဗျာ 🙏

ဒီနေ့တော့ မိဘတစ်ဦး မေးလာတဲ့ မေးခွန်းတစ်ခုကို အခြေခံပြီး
အရေးကြီးတဲ့ ကျန်းမာရေးအကြောင်းအရာတစ်ခုကို မျှဝေချင်ပါတယ်ဗျ။

👶 မွေးရာပါ လက်၊ ခြေ အပြည့်မဖြစ်တာတွေကို
👉 Congenital limb deficiency လို့ ခေါ်ပါတယ်ခင်ဗျာ။

တချို့ကိစ္စတွေမှာတော့—
👉 Amniotic Band Syndrome (ABS) ကြောင့် ဖြစ်နိုင်ပါတယ်။

ရိုးရိုးလေးရှင်းပြရရင်—
ကလေးဟာ မိခင်ဝမ်းထဲမှာ ဖွံ့ဖြိုးနေစဉ် တချို့အကြောင်းအရာတွေကြောင့် လက်၊ ခြေတွေ ပုံမှန်အတိုင်း မဖွံ့ဖြိုးနိုင်တာပါ။

💬 မိဘတွေ အများဆုံး မေးတဲ့မေးခွန်းက

“ဒါက ကျတော်/ကျမတို့ အမှားလား?”

👉 အများအားဖြင့် မဟုတ်ပါဘူး။

ဘာကြောင့်လဲဆိုတော့—

• ဖြစ်ပွားမှုအများစုဟာ random (ကျပန်း) ဖြစ်တတ်ပါတယ်
• genetic မဟုတ်တဲ့ case တွေ များပါတယ်
• မိခင်အပြုအမူနဲ့ တိုက်ရိုက်ဆက်နွယ်မှု မရှိတာများပါတယ်

📊 ဖြစ်နိုင်ချေ (Prevalence)
👉 လူမွေးဖွားမှု ၁၀,၀၀၀ မှာ ၁–၂ ယောက်ခန့် တွေ့ရနိုင်တဲ့
ရှားပါးသော အခြေအနေတစ်ခုပါ။

❤️ ဒီလိုအခြေအနေတွေ့ရင်
စိုးရိမ်သွားတာ သဘာဝပါ။
ဒါပေမယ့်—

👉 ကလေးရဲ့ quality of life ကို အမြဲတမ်း မကောင်းဘူးလို့
မဆိုလိုပါဘူး။
👉 ကုသမှု၊ rehabilitation နဲ့ support ကောင်းကောင်းရရင်
ကလေးတွေဟာ ပုံမှန်ဘဝနီးပါးနဲ့ ကြီးထွားနိုင်ပါတယ် ခင်ဗျာ။

❓ နောက်ထပ် မေးခွန်းတစ်ခု—
“လက်အစားထိုးခွဲစိတ်မှု (Surgery) လုပ်လို့ရမလား?”

👉 ဒီအကြောင်းကိုတော့
နောက် post မှာ အသေးစိတ် ဆက်ရှင်းပြပါမယ်ခင်ဗျာ။

💬 ဒီလို case အကြောင်းအရာတွေ ကြုံတွေ့ဖူးရင်လည်း Comment မှာ မျှဝေခဲ့လို့ရပါတယ်။

⚠️ သတိပြုရန်

ဤအချက်အလက်များသည် အထွေထွေ ကျန်းမာရေးပညာပေးအတွက်သာ ဖြစ်ပြီး
တစ်ဦးချင်းစီ၏ အခြေအနေအလိုက် ကွာခြားနိုင်ပါသည်။
တိတိကျကျ အကြံပြုချက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။

📚 References
• World Health Organization (WHO)
• Centers for Disease Control and Prevention (CDC)
• National Organization for Rare Disorders (NORD)

🙏 မိသားစုအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ






#ကျန်းမာရေးဗဟုသုတ

ที่อยู่

Bangkok

เวลาทำการ

จันทร์ 08:30 - 23:30
อังคาร 08:30 - 23:30
พุธ 08:30 - 23:30
พฤหัสบดี 08:30 - 23:30
ศุกร์ 08:30 - 23:30
เสาร์ 09:00 - 23:00
อาทิตย์ 09:00 - 23:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Dr. Kyaw Min Htikeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์