09/04/2026
ဆံပင်ကျွတ်ရခြင်းအကြောင်းများ 💇♀️
ဆံပင်ကျွတ်တာဟာ လူတိုင်းကြုံတွေ့နိုင်တဲ့ ပြဿနာတစ်ခုဖြစ်ပြီး အကြောင်းရင်းအမျိုးမျိုး
ကြောင့်ဖြစ်နိုင်ပါတယ်။
ဆံပင်ကျွတ်ရခြင်းအကြောင်းအရင်းများကို သိရှိနိုင်ဖို့အတွက်ပြောပြပေးလိုက်ပါတယ်။
ဆံပင်ကျွတ်တာဟာ
🔴 ဟော်မုန်းပြောင်းလဲမှု ကြောင့်လဲဖြစ်နိုင်ပါတယ်။
အမျိုးသမီးတွေ ဓမ္မတာလာချိန်၊ ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားပြီးချိန် တွေမှာဆို ဟော်မုန်းအပြောင်းအလဲတွေများစွာဖြစ်နိုင်ပါတယ် ။ ဒီအချိန်မှာ ဆံပင်တွေဟာပုံမှန်ထက်ပိုကျွတ်လာနိုင်ပါတယ်။
🔴 အာဟာရလုံလောက်မှုမရှိခြင်း ( ဥပမာ Protein, Iron, Zinc, Biotin) ဓာတ်တွေ လိုအပ်ပါကလည်း ဆံပင်ကျွတ်နိုင်ပါတယ်။
ဝိတ်ချတဲ့သူတွေဆိုရင် dietလုပ်ခြင်းအားဖြင့် ခန္ဓာကိုယ် အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေ လုံလောက်မှုမရှိတာကြောင့် ဆံပင်တွေကျွတ်လာနိုင်ပါတယ်။
ဒါကြောင့် အာဟာရမမျှတမှုကြောင့် ဆံပင်ကျွတ်ပါက protein,Iron,Zinc, Biotin ဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်နော်။
🔴စိတ်ဖိစီးမှု (Stress) တွေရှိနေခဲ့မယ်ဆိုရင်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။
နောက်တချက်ကတော့
🔴ဆံပင်ထိန်းသိမ်းမှုမှားယွင်းတာပါ။ Chemical တွေနဲ့ ဆံပင် ခနခနဖြောင့်တာ၊ဆေးဆိုးတာ၊ကောက်တာ ၊Rebonding လုပ်တာ၊ အပူချောင်းတွေသုံးပီ ဆံပင်လိပ်တာ တွေကြောင့်လည်း ဆံပင်ကျွတ်တတ်ပါတယ်။
🔴သိုင်းရွိုက်ဟော်မုန်းရောဂါရှိရင်လည်း ဆံပင်ကျွတ်တတ်ပါတယ်။ ပြီးတော့ ဦးရေပြားမှိုပိုးကူးစက်ခံရတာ၊ဖောက်ထတာကြောင့်လည်း ဆံပင်ကျွတ်နိုင်ပါတယ် ။ Autoimmune ရောဂါတွေဖြစ်တဲ့ ကိုယ်ခံအားစနစ်မှားယွင်းတိုက်ခံမှုရောဂါတွေကြောင့်လည်း ဆံပင်ကျွတ်တတ်ပါတယ်။
🔴 Chemotherapy ကင်ဆာကုသမှုခံယူနေရတာ
Hormonal drugs (ဟော်မုန်းဆေးတွေသောက်နေရတာ)၊Antidepressants စိတ်ကျဆေးအချို့သောက်နေရတာမျိုးရှိရင်လည်း ဒီဆေးတွေက ဆံပင်ကျွတ်ဆေးပါတယ်။
⚠️ ဆံပင်ကျွတ်တာက အကွက်လိုက်ကျွတ်တာမျိုး နဲ့ 3လထက်ပိုပြီး ဆက်တိုက်ကျွတ်နေခဲ့မယ်ဆိုရင်တော့ ဆရာဝန်ပြပြီး ကုသမှုခံယူသင့်ပါတယ်နော်။
✅ ဆံပင်ကျွတ်တာကို ကာကွယ်ဖို့အတွက်
✔️ အာဟာရပြည့်ဝအောင်စားပါ။
✔️ စိတ်ဖိစီးမှုကိုထိန်းချုပ်ပါ။
✔️ ဆံပင်ကို အပူချောင်းတွေနဲ့ခနခနလိပ်တာ ရှောင်ပါ။
✔️ Chemical တွေသုံးပြီး ဆံပင်တွေကောက်တာ ၊ဖြောင့်တာ ၊ဆေးဆိုးတာရှောင်ပါ။
#ဆံပင်ကျွတ်ခြင်းအကြောင်းအရင်း