Sweet and Smooth Beauty Hub

Sweet and Smooth Beauty Hub ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Sweet and Smooth Beauty Hub, Bangkok.

သဘာဝအလှဖန်တီးဖို့ sweet and smooth ဆီ ပြေးလာစို့ Youtude channelကို subscribeလုပ်သွားပေးနော် - https://youtube.com/?si=wp6V6hv3rZ_V1FVf
Tiktok ကိုfollowလုပ်ပေးရန်- https://www.tiktok.com/?_t=ZS-8zcc7GN89zu&_r=1

28/08/2026

လပြည့်နေ့လေးမှာ ကုသိုလ်လည်းရ အတိုက်ခိုက်လည်း ကင်းစေမယ့် မေတ္တာရှင် ဆရာတော်အရှင်ဆန္ဒဓိက (ရွှေပါရမီတောရ) ဟောကြားညွှန်ပြပေးထားတဲ့ အလွန်အစွမ်းထက်ပြီး အခက်အခဲမှန်သမျှကို ကျော်လွှားနိုင်စေမယ့် "အဌာနမေတံ ဂါထာတော်" နဲ့ မေတ္တာပို့သနည်းကို မျှဝေလိုက်ပါတယ် 🙏
မိမိကိုယ်တိုင် အမြဲရွတ်ဖတ်ပူဇော်ခဲ့လို့ ယခုချိန်ထိ အဆင်ပြေပြေနဲ့ ရပ်တည်နိုင်ခဲ့တာမို့ အားလုံးတွက် အကျိုးရှိအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ✨
#အဌာနမေတံဂါထာတော်
အဌာနမတေံ ဘိက်ခဝေ အန၀ကာသော။
ယံပရူပက္ကမေန တထာဂတံ ဇီဝိတာဝေါရောပေယျ။
အနုပက်ကမနေ ဘိက်ခဝေ တထာဂတာ ပရိနိဗ်ဗာယန်တိ။
ဧတေန သစ္စဝဇ္ဖေန၊ သောတ္ထိမေ(တေ)ဟောတု သဗ္ဗဒါ။
#ဂါထာတော်အနက်
ဘုရားရှင်တို့ မည်သည် သူတပါးတို့၏ လုံ့လပယောဂဖြင့် သေရိုးထုံးစံမရှိ။ အချိန်တန်မှသာ အလိုအလျောက် ပရိနိဗ္ဗာန်စံတော်မူကြသည်။
ဒီ အဌာနမေတံဂါထာက အဆိုးတွေကို ကင်းလွှတ်စေပြီး ဘုရားရှင်ရဲ့ နှုတ်ထွက်ဂါထာတော်လည်း ဖြစ်ပါတယ်။ ဂါထာကို တစ်ခေါက်ရွတ်တိုင်း ဘုရားရှင်ရဲ့ ဂုဏ်တော်ကို ပွားများပြီး ရွတ်ဆိုရမှာဖြစ်ပါတယ်။
📌 အထူးအရေးကြီးတဲ့ ဘေးအန္တရာယ်၊ အခက်အခဲ၊ ပြဿနာတွေနဲ့ ကြုံတွေ့နေရရင်
• တစ်နေ့လျှင် (၁၀၈) ခေါက် ရွတ်ဖတ်ပူဇော်ပါ။
🙏 ရွတ်ဖတ်ပူဇော်ပြီး ဆုတောင်းမေတ္တာပို့သနည်း
"အကျွန်ုပ်သည် အဌာနမေတံဂါထာကို (၁၀၈) ခေါက် ရွတ်ဖတ်ပွားများပြီးပါပြီ။ ဤစကားသည် မှန်ပါတယ်။ ဤမှန်တဲ့သစ္စာစကားကြောင့်၊ ဤမှန်တဲ့သစ္စာရဲ့တန်ခိုးကြောင့်လည်းကောင်း၊ အဌာနမေတံရဲ့ တန်ခိုးကြောင့်လည်းကောင်း၊ အဌာနမေတံဂါထာကို ရွတ်ဖတ်ပွားများရတဲ့ ကုသိုလ်ကောင်းမှုကြောင့်လည်းကောင်း၊ အဌာနမေတံဂါထာကို စောင့်ရှောက်နေကြတဲ့ နတ်များရဲ့တန်ခိုးတော်ကြောင့်လည်းကောင်း၊ အဌာနမေတံဂါထာကို လာရောက်နာယူကြတဲ့ နတ်များရဲ့တန်ခိုးတော်ကြောင့်လည်းကောင်း၊ ယနေ့ ယခု ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုအစုစုတို့ရဲ့ တန်ခိုးတေဇောအာနုဘော်အရှိန်အဝါကြောင့်လည်းကောင်း -
တပည့်တော် အခုလက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲ၊ အကျပ်အတည်း၊ အနှောက်အယှက်၊ အပိတ်အပင်၊ အဟန့်အတား၊ အန္တရာယ်ဆိုးတွေကနေ လွတ်မြောက်ပါစေ။ ဘုရားတပည့်တော် ကြုံတွေ့နေရတဲ့ အဆိုးတွေကနေ လွတ်မြောက်ပါစေ။ ဘုရားတပည့်တော်အား မနာလိုသူများ၊ အတိုက်အခိုက်များရဲ့ အန္တရာယ်ပေးမှုများမှ လွတ်မြောက်ပါစေ..." လို့ ဆုတောင်းမေတ္တာပို့သနိုင်ပါတယ်။
အားလုံးဘေးဥပဒ်ကင်းဝေးပြီး လိုအဆန္ဒပြည့်ဝကြပါစေရှင် 🙏✨
(ကျေးဇူးရှင် ဆရာတော်အရှင်ဆန္ဒဓိက - ရွှေပါရမီတောရ)

21/08/2026

🙏 မေတ္တာသုတ် ပရိတ်တော် ရွတ်ဖတ်ပွားများခြင်း၏ မင်္ဂလာအကျိုးတရားများ 🙏
ဝါတွင်းကာလ မနက်ခင်းလေးမှာ မေတ္တာတရားတွေနဲ့ နေ့စဉ်ကို စတင်နိုင်ကြပါစေရှင်။ မိမိကိုယ်တိုင်လည်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး မိမိပတ်ဝန်းကျင် တလွှားကိုလည်း အေးချမ်းမှုတွေ ဖြန့်ဝေပေးနိုင်ဖို့ "မေတ္တာသုတ်" ကို နေ့စဉ် ပွားများရွတ်ဖတ်သင့်ပါတယ်။ မင်မင်ကတော့ တနေ့ ၁၀၈ခေါက် အမြတ် ရွတ်ဖတ်ဖြစ်ပါတယ်
မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ မေတ္တာသုတ်ပရိတ်တော်ကို ပုံမှန်ရွတ်ဖတ်ပွားများသူတွေအတွက် ရရှိနိုင်တဲ့ အဓိက အကျိုးတရား (၁၁) မျိုးကတော့-
၁။ ချမ်းသာစွာ အိပ်စက်ရခြင်း (အိပ်မက်ဆိုးများ မမက်ဘဲ အိပ်စက်ရခြင်း)
၂။ ချမ်းသာစွာ နိုးထရခြင်း (နိုးထလာချိန်မှာ စိတ်ကြည်လင်လန်းဆန်းခြင်း)
၃။ မကောင်းသော အိပ်မက်များကို မမြင်မတွေ့ရခြင်း
၄။ လူအများ ချစ်ခင်နှစ်လိုဖွယ် ဖြစ်ခြင်း (လူချစ်လူခင်ပေါများခြင်း)
၅။ လူမဟုတ်သော ဘီလူး၊ ဘုတ်၊ ဘေဿာ စသည်တို့၏ ချစ်ခင်ခြင်းကို ခံရခြင်း
၆။ နတ်တို့၏ စောင့်ရှောက်ခြင်းကို ခံရခြင်း
၇။ မီး၊ အဆိပ်၊ လက်နက် စသည်တို့ မဘေးရန်သင့်ခြင်း
၈။ စိတ်သည် အမြန် တည်ငြိမ်ာ လွယ်ကူခြင်း
၉။ မျက်နှာအဆင်း ကြည်လင်ဝင်းပခြင်း
၁၀။ တွေဝေတွေမှိုင်ခြင်း မရှိဘဲ သတိတရားနှင့် သေဆုံးရခြင်း
၁၁။ ဗြဟ္မာ့ပြည်သို့ လားရခြင်း (သို့မဟုတ်) တမלွန်ဘဝတွင် ကောင်းရာမွန်ရာသို့ ရောက်ရခြင်း
နေ့စဉ် မိမိတို့အိမ်မှာဖြစ်စေ၊ ဘုရားကျောင်းကန်တွေမှာဖြစ်စေ မေတ္တာပွားများပြီး မေတ္တာသုတ်ကို ရွတ်ဖတ်ကာ ကုသိုလ်ယူကြပါစို့။
✨ "လူတိုင်း မေတ္တာတရားများ လွှမ်းခြုံလျက် လုံခြုံအေးချမ်းကြပါစေ" ✨
#မေတ္တာသုတ် #တရားတော် #အေးချမ်းကြပါရေ #ဝါတွင်းကာလ

12/08/2026

Happy Mother Day
အမေများနေ့မှာ မေမေတွေ အားလုံး ကျန်းမာပျော်ရွှင်ကြပါစေ

Haircare ပညာဒါနအတန်းမှာကိုယ်တိုင် Haircare product လေးတွေ ဖော်စပ်ပြီး အမှတ်တံဆိပ်တစ်ခု စတင်ချင်ပေမဲ့ "ဓါတ်ပုံ ဘယ်လိုရိုက...
01/08/2026

Haircare ပညာဒါနအတန်းမှာ
ကိုယ်တိုင် Haircare product လေးတွေ ဖော်စပ်ပြီး အမှတ်တံဆိပ်တစ်ခု စတင်ချင်ပေမဲ့ "ဓါတ်ပုံ ဘယ်လိုရိုက်ရမလဲ"၊ "Design ဘယ်လိုပြင်ရမလဲ" ဆိုပြီးမသိသေးသူတွေအတွက်

Haircare Products ပြုလုပ်နည်းတင်မကဘဲ...
Product လှလှလေးတွေ ရိုက်ကူးနည်းနဲ့ Canva နဲ့ Editing လုပ်နည်း အခြေခံတွေ ကိုပါ စနစ်တကျ မျှဝေပေးခဲ့ပါတယ် 🤳📸📷

Haircare ပညာဒါနအတန်းမှာဆိုရင်တော့—
1️⃣ Haircare Products ဖော်စပ်နည်း သာမကဘဲ…
2️⃣ Phone တစ်လုံးနဲ့ Product ဓါတ်ပုံလှလှလေး ရိုက်နည်း (ဆောင်ရန်/ရှောင်ရန်)
3️⃣ Canva App သုံးပြီး Background ဖျောက်၊ စာရိုက်၊ Post အတွက် Design ပြင်နည်း တွေကိုပါ အစအဆုံး အသေးစိတ် သင်ကြားပေးခဲ့ပါတယ်

ကျွန်မကနေ စိတ်အားထက်သန်စွာ လှူဖြစ်ခဲ့တဲ့ပညာအလှူမို့ အစကနေအဆုံးထိ မျှဝေပေးခဲ့တာဖြစ်လို့ အခုဆို သင်တန်းက 60%ပြီးမြောက်ပြီး ကျန်တဲ့ ၄၀%က စာ စာရှင်းဖို့ ၂၀%နဲ့ သင်တန်းသားတွေရဲ့ အိမ်စာတွေ စစ်ပေးတာရယ် လက်တွေ့လုပ်နည်းတွေရယ်ဘဲ ကျန်ပါတယ်ရှင့်

အဲ့ဒါမို့ ပညာဒါနကို တက်လို့ရသေးလား နောက်တစ်ခါဖွင့်အုန်းမလား မေးရင် လုံးဝလုံးဝ ထပ်မဖွင့်တော့ပါဘူးရှင့်

ဒါကြောင့် page massagerမှာ ပညာဒါန စုံစမ်းခြင်းတွေအတွက် replyမပြန်တော့ပါဘူးနော်

လေးစားစွာဖြင့်

31/07/2026

Preservative တွေနဲ့ပတ်သက်ပြီး ခု videoကအချက်တွေကို ရှင်းပြထားတဲ့ ဖိုင်လည်း ညကျရင်တင်ပေးမယ်နော်

31/07/2026

မင်္ဂလာနံနက်ခင်းမှာ
ကောင်းကျိုး လိုအင်ဆန္ဒပြည့်ဝကြပါစေ
Sweet and Smooth Beauty hub မိသားစုက ဆုတောင်းပေးလိုက်ပါတယ်

Scalp types တွေအလိုက် Surfacetant Active Matterကို သေချာလေးတွက်တတ်ပြီး အိမ်စာတွေ ပေးပို့လာတာပါ 🥰 ပညာဒါနဆိုပေမယ့် အိမ်စာပ...
31/07/2026

Scalp types တွေအလိုက် Surfacetant Active Matterကို သေချာလေးတွက်တတ်ပြီး အိမ်စာတွေ ပေးပို့လာတာပါ 🥰
ပညာဒါနဆိုပေမယ့် အိမ်စာပါတခုမကျန် သေချာလေးစစ်တာမို့ တကယ်အကျိုးရှိကြမယ်လို့ မျှော်လင့်မိပါတယ်

Haircare products ပညာဒါန Day-1 Activities Day-1မှာ ရင်းနှီးမှုရအောင်အချင်းချင်းမိတ်ဆက် စကားတွေပြောကြရင်း လုံးဝ Organicကန...
29/07/2026

Haircare products ပညာဒါန Day-1 Activities
Day-1မှာ ရင်းနှီးမှုရအောင်အချင်းချင်းမိတ်ဆက် စကားတွေပြောကြရင်း
လုံးဝ Organicကနေနဲ့ မြန်မာ့နည်းမြန်မာ့ဟန်ဘဲ ပေးချင်သော သူတွေကို အနည်းငယ် တော်ကီတွေပွါး😃
မိနစ် ၂၀နောက်ကျသော သင်တန်းသူတွေကို အနည်းငယ်ပူစီပေါင်းရောင်းပြီး ပွစိပွစိရွတ်မှုဖြစ်ပြီး
Products ထုတ်လုပ်ရင် သိထားရမယ့် အသိပညာ ဗဟုသုတတွေကို ပြောပြပေးခဲ့ပါတယ် 🥰

28/07/2026

ဝါဆိုလပြည့် အခါသမယမှာ အားလုံးပဲ ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။ 🙏

Sweet & Smooth Beauty Hub Pageကနေ ၃နှစ်အတွင်း ပထမဆုံး ပြန်ပေးတဲ့ ပညာဒါန အတန်းလေး မို့ “Formulation and Manufacturing of ...
27/07/2026

Sweet & Smooth Beauty Hub Pageကနေ ၃နှစ်အတွင်း ပထမဆုံး ပြန်ပေးတဲ့ ပညာဒါန အတန်းလေး မို့
“Formulation and Manufacturing of Haircare Products" ဆိုပြီး သင်တန်းနာမည်လေး ပေးထားဖြစ်တယ်

💡 ဒီသင်တန်းမှာ ဘာတွေ သင်ယူရမလဲ?
✅ Basic to Advanced: Scalp Anatomy ကနေစပြီး Shampoo, Conditioner, Hair Mask, Hair oil, Hair Tonic, Scalp Scrub အထိ ထုတ်လုပ်နည်း Formula များ
✅ Professional Standard: Good Manufacturing Practice (GMP) နှင့် မှတ်ပုံတင်ခြင်း ဆိုင်ရာ သိကောင်းစရာများ
✅ Business Value: Formula စပ်နည်းတင်မကဘူး Canva နဲ့ Photo Editing၊ AI Tools တွေသုံးပြီး Content ရေးနည်းနဲ့ Social Media Marketing ပါ အပြီးစီး သင်ပေးမှာပါ!
⏰ သင်တန်းအချိန်: 7:00 PM - 9:00 PM++ (MMT)
📅 ၂၈-၀၇-၂၀၂၆မှ ၂-၀၈-၂၀၂၆ထိ သင်ပေးမယ် ပညာဒါန အတန်းလေးရဲ့
Lesson Plan အသေးစိတ်ကို ပုံထဲမှာ ကြည့်ရှုနိုင်ပါတယ်ရှင်။

ဒီပညာဒါန အတန်းလေးဟာ Sweet & Smooth Beauty Hub ဘက်ကနေ သေချာ စနစ်တကျ ကြိုးစား ပြင်ဆင်ထားတဲ့ အတန်းလေး ဖြစ်တာကြောင့် သင်တန်းတက်ရောက်ခွင့်ရမယ့် ကံထူးသူများအနေနဲ့ အခွင့်အရေးကို အရယူပြီး သေချာလေး လေ့လာသင်ယူသွားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်။ ❤️

လေးစားစွာဖြင့်
Sweet and Smooth Beauty Hub

ที่อยู่

Bangkok

เบอร์โทรศัพท์

+959425273530

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Sweet and Smooth Beauty Hubผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Sweet and Smooth Beauty Hub:

ทางลัด

แชร์