All about Medicine Myanmar

All about Medicine Myanmar health education for people

05/07/2026
03/07/2026
02/07/2026
30/06/2026
29/06/2026
16/06/2026

ဉာဏ်ကောင်းအောင် ငါးကြီးဆီ (Omega-3) သောက်တာ တကယ်အလုပ်ဖြစ်လား?

စာမေးပွဲနီးလာရင် ကလေးတွေကို ဉာဏ်ကောင်းအောင်ဆိုပြီး ငါးကြီးဆီတွေ တိုက်လေ့ရှိကြပါတယ်။ လူကြီးတွေလည်း အလုပ်များပြီး ခေါင်းရှုပ်လာရင် ငါးကြီးဆီ သောက်တတ်ကြပါတယ်။ ဒါပေမဲ့ ငါးကြီးဆီ (Omega-3) သောက်လိုက်တာနဲ့ တကယ်ပဲ မှတ်ဉာဏ်တွေ ချက်ချင်းကောင်းလာပြီး ဉာဏ်ကြီးရှင်လေးတွေ ဖြစ်သွားနိုင်သလား? ဒီဗီဒီယိုလေးမှာတော့ Omega-3 ဆိုတာ ဘာလဲ၊ ဦးနှောက်နဲ့ ဘယ်လိုဆက်စပ်နေလဲ၊ ဘယ်အရွယ်တွေမှာ သောက်ရင် တကယ်အလုပ်ဖြစ်လဲ ဆိုတာကို သေချာလေး ရှင်းပြပေးထားပါတယ်။

#ဉာဏ်ကောင်း #ငါးကြီးဆီ

16/06/2026

ဆီးချိုဖြစ်စေသော ဟော်မုန်းများ (Insulin တစ်ခုတည်း မဟုတ်ပါ)

ဒီဗီဒီယိုမှာတော့ ဒေါက်တာရူပက မုန့်ချိုအိတ်ရဲ့ အလုပ်လုပ်ပုံ၊ သွေးချိုကို ထိန်းချုပ်ပေးနေတဲ့ ဟော်မုန်းများအကြောင်းနဲ့ ဟော်မုန်းတွေ မျှတစေဖို့ လက်တွေ့ကျကျ ဘယ်လိုနေထိုင်စားသောက်ရမလဲ ဆိုတာကို အသေးစိတ် ရှင်းပြပေးထားပါတယ်။

#သွေးချိုရောဂါ #ဆီးချိုရောဂါ #အင်ဆူလင် #ဟော်မုန်းအကြောင်း #ကျန်းမာရေး

15/06/2026

ဆီးချိုဖြစ်တာ အင်ဆူလင် တစ်ခုတည်းကြောင့် မဟုတ်ပါ (အင်္ဂါ ၈ ခုရဲ့ လျှို့ဝှက်ချက်)

ဆီးချိုရောဂါဆိုတာ ပန်ကရိယက အင်ဆူလင် မထုတ်ပေးနိုင်တာ တစ်ခုတည်းကြောင့် ဖြစ်ရတာလား? တကယ်တော့ ဆီးချိုရောဂါရဲ့ နောက်ကွယ်မှာ အင်္ဂါအစိတ်အပိုင်း (၈) ခုက ပူးပေါင်းပြီး ဒုက္ခပေးနေတာ ဖြစ်ပါတယ်။ ဒီနေ့ All about Medicine Myanmar channel ကနေ ဒေါက်တာရူပ က ဆေးပညာလောကမှာ "Ominous Octet" လို့ လူသိများတဲ့ "ဆီးချိုရောဂါကို ဖြစ်စေသော တရားခံ အင်္ဂါ (၈) ခု" အကြောင်းကို အသေးစိတ် ရှင်းလင်းတင်ဆက်ပေးထားပါတယ်။ ပန်ကရိယ၊ အသည်း၊ ကြွက်သားတွေ အပြင် အူလမ်းကြောင်း၊ ကျောက်ကပ်နဲ့ ဦးနှောက်တွေကပါ ဆီးချိုဖြစ်စဉ်မှာ ဘယ်လို ပါဝင်ပတ်သက်နေလဲ ဆိုတာကို လေ့လာကြည့်လိုက်ရအောင်ပါ။

#ဆီးချိုရောဂါ #သွေးချို #ကျန်းမာရေးဗဟုသုတ #ပန်ကရိယ

15/06/2026

ပီကေ မျိုချမိရင် ဗိုက်ထဲမှာ ၇ နှစ်ကြာ ကပ်နေတတ်သလား?

ငယ်ငယ်တုန်းက ပီကေဝါးရင်း မတော်တဆ မျိုချမိလို့ ဗိုက်ထဲမှာ ၇ နှစ်ကြာ ကပ်နေတော့မယ်ဆိုပြီး ကြောက်ခဲ့ဖူးပါသလားရှင်? လူကြီးတွေ ခြောက်လေ့ရှိတဲ့ ဒီစကားဟာ တကယ်ပဲ ဆေးပညာအရ မှန်ကန်မှု ရှိ၊ မရှိဆိုတာကို ဒီဗီဒီယိုလေးမှာ အသေးစိတ် ရှင်းပြပေးထားပါတယ်ရှင်။

#အစာခြေစနစ် #အူလမ်းကြောင်းပိတ်ခြင်း #ပီကေ #ကျန်းမာရေး

11/06/2026

ဆေးသောက်စရာမလိုဘဲ အစားအသောက်ဖြင့် သွေးတိုးထိန်းနည်း
ဒီနေ့ ဗီဒီယိုမှာတော့ သွေးတိုးသမားတွေအတွက် အထူးသင့်တော်ပြီး အရသာလည်းရှိတဲ့ မြန်မာဟင်းလျာတွေကို ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လို ပြင်ဆင်ချက်ပြုတ်ရမလဲဆိုတာကို အသေးစိတ် ရှင်းပြပေးထားပါတယ်။ ပိုတက်စီယမ် ကြွယ်ဝတဲ့ အရွက်တွေ၊ ဆီနည်းနည်းနဲ့ ချက်ပြုတ်နိုင်တဲ့ အသားဟင်းတွေအပြင် လုံးဝ ရှောင်ကြဉ်သင့်တဲ့ အစားအစာတွေကိုပါ ဆွေးနွေးပေးထားတာမို့ သွေးပေါင်ချိန်ကို သဘာဝနည်းနဲ့ ထိန်းချင်သူတိုင်း မဖြစ်မနေ ကြည့်ရှုသင့်တဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။

#သွေးတိုးရောဂါ #ဆားလျှော့စားနည်း #မြင်းခွာရွက်သုပ်

ที่อยู่

361 Phrasumen Road Wat Bavorn
Bangkok
10200

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ All about Medicine Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์