09/09/2026
❤️ တစ်ညတည်းမှာ နှလုံး ၂ ခု… အသက် ၂ ချောင်းအတွက် မျှော်လင့်ချက်အသစ်
ဘန်ကောက်မြို့မှာ ယာဉ်ထိန်းရဲတပ်ဖွဲ့က အရေးပေါ် နှလုံးအစားထိုးကုသမှုအတွက် လှူဒါန်းထားတဲ့ နှလုံး ၂ ခုကို တစ်ညတည်းအတွင်း အချိန်မီ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
🚔 ပထမဆုံး နှလုံး
ည ၈:၅၅ နာရီမှာ Don Mueang လေဆိပ်ကနေ ထုတ်ယူခဲ့ပြီး Thammasat University Hospital ကို ရဲတပ်ဖွဲ့က လမ်းကြောင်းရှင်းလင်းပေးကာ ၁၄ မိနစ်အတွင်း အောင်မြင်စွာ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒီနှလုံးဟာ ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အောင်မြင်စွာ ပို့ဆောင်ပေးနိုင်ခဲ့တဲ့ ၁၅၆ ခုမြောက် အလှူနှလုံး ဖြစ်ပါတယ်။
❤️ ဒုတိယမြောက် နှလုံး
ထိုည ၁၀:၁၁ နာရီမှာ Saraburi ရှိ ဆေးရုံတစ်ခုကနေ Ramathibodi Hospital, Bangkok သို့ ဒုတိယနှလုံးကို စတင်ပို့ဆောင်ခဲ့ပါတယ်။
📍 ခရီးအကွာအဝေး ၁၀၉ ကီလိုမီတာကျော် ရှိပေမယ့် Highway Police၊ Expressway ဝန်ထမ်းများနဲ့ ဒေသခံယာဉ်ထိန်းရဲများ ပူးပေါင်းကာ လမ်းကြောင်းရှင်းလင်းပေးခဲ့တဲ့အတွက် ၅၅ မိနစ်အတွင်း ဘေးကင်းစွာ ပို့ဆောင်နိုင်ခဲ့ပါတယ်။
ဒီနှလုံးဟာလည်း ယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ ၁၅၇ ခုမြောက် အောင်မြင်စွာ ပို့ဆောင်ခဲ့တဲ့ နှလုံး ဖြစ်ပါတယ်။
⏱️ နှလုံးအစားထိုးကုသမှုလိုအပ်တဲ့ လူနာတွေအတွက် အချိန်ဟာ အသက်ပါ။
ဒီလို အချိန်နဲ့အမျှ အရေးကြီးတဲ့ လုပ်ငန်းစဉ်မှာ ဆေးဘက်ဆိုင်ရာအဖွဲ့တွေ၊ ယာဉ်ထိန်းရဲတွေ၊ Highway Police နဲ့ Expressway ဝန်ထမ်းတွေအားလုံးရဲ့ တိကျမြန်ဆန်တဲ့ ပူးပေါင်းဆောင်ရွက်မှု က လူနာ ၂ ဦးအတွက် အသက် ရှင်နိုင်မယ့် အခွင့်အရေးတစ်ခု ဖြစ်လာခဲ့ပါတယ်။ ❤️
Ref: khaosod
🕊️ Stay with Your Wellness Partner — MIYA 🕊️
ရရှိနိုင်တဲ့ ကျန်းမာရေး ဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက
Hotlines +666 5284 6678
+666 1192 0885
Viber +666 1192 0885
Line ID shwemiya2025
Email [email protected]
မှ သာမက page messenger မှတဆင့်လည်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်။
✅ Just A Call To Us
🌈ရုံးခန်းလိပ်စာ – 496-502, Suite number S5112, 5th Floor, Gaysorn Amarin, Ploenchit road, lumpini, Pathumwan, Bangkok 10330, Thailand.
Bangkok
#ဘန်ကောက်ဆေးကု