03/09/2026
အသည်းကင်ဆာကို “ခွဲစိတ်လို့မရဘူး” လို့ပြောခံရရင်…
“ကုသစရာမရှိတော့ဘူး” လို့ အဓိပ္ပါယ်ရသလား?
အမြဲတမ်းတော့ မဟုတ်ပါဘူး။
လူနာရဲ့ အကျိတ်တည်နေရာ၊ အသည်းလုပ်ဆောင်ချက်နဲ့ ရောဂါပြန့်နှံ့မှုအခြေအနေ သင့်တော်ပါက Y-90 Radioembolization ဆိုတဲ့ ကုသမှုကို စဉ်းစားနိုင်ပါတယ်။
Y-90 ကို SIRT သို့မဟုတ် TARE လို့လည်းခေါ်ပါတယ်။
ဒီကုသမှုမှာ ဝမ်းဗိုက်ကိုခွဲစိတ်စရာမလိုဘဲ သေးငယ်တဲ့ Catheter ကို အများအားဖြင့် ပေါင်ခြံ သို့မဟုတ် လက်ကောက်ဝတ်သွေးကြောမှတစ်ဆင့် အသည်းအကျိတ်ဆီ သွေးပို့နေတဲ့သွေးကြောအထိ ရောက်အောင်ထည့်ပါတယ်။
အဲဒီနောက် Yttrium-90 ပါဝင်တဲ့ အလွန်သေးငယ်သော အမှုန်လေးတွေကို အကျိတ်ရှိရာသွေးကြောထဲ ပို့ပေးပါတယ်။
အမှုန်လေးတွေက အကျိတ်အနီးမှာ အဓိကစုဝေးပြီး Radiation ကို နေရာတိတိကျကျ ထုတ်ပေးတာကြောင့် ပတ်ဝန်းကျင်က ကျန်းမာတဲ့အသည်းဆဲလ်တွေကို တတ်နိုင်သမျှလျှော့ပြီး အကျိတ်ကိုဦးတည်ကုသနိုင်ပါတယ်။
ဘယ်လို Case တွေမှာ စဉ်းစားနိုင်သလဲ?
• အသည်းမှာစတင်ဖြစ်ပွားတဲ့ Primary Liver Cancer
• အူမကြီးကင်ဆာအပါအဝင် အခြားနေရာမှ အသည်းသို့ပြန့်လာတဲ့ကင်ဆာအချို့
• အကျိတ်တည်နေရာ သို့မဟုတ် အခြေအနေကြောင့် ခွဲစိတ်ဖယ်ရှားရန် မသင့်တော်တဲ့ Case အချို့
• အသည်းလုပ်ဆောင်ချက်က ကုသမှုခံနိုင်မယ့်အခြေအနေရှိသူများ
ဒါပေမဲ့ Y-90 ဟာ အသည်းကင်ဆာဖြစ်သူတိုင်းအတွက် သင့်တော်တာမဟုတ်သလို “တစ်ကြိမ်လုပ်ရုံနဲ့ လုံးဝပျောက်မယ်” ဆိုတဲ့ကုသမှုလည်း မဟုတ်ပါဘူး။
အဓိကရည်ရွယ်ချက်က လူနာတစ်ဦးချင်းစီရဲ့အခြေအနေအလိုက် အကျိတ်ကို ထိန်းချုပ်ခြင်း၊ သေးငယ်စေခြင်း သို့မဟုတ် ရောဂါတိုးတက်မှုနှေးကွေးစေခြင်းတို့ ဖြစ်နိုင်ပါတယ်။
ကုသမှုမတိုင်မီ—
• လတ်တလော Contrast CT သို့မဟုတ် MRI
• အသည်းနှင့် ကျောက်ကပ်လုပ်ဆောင်ချက် သွေးစစ်ချက်
• Pathology နှင့် Tumour Marker အဖြေများ
• အရင်ကခံယူထားသော ကုသမှုမှတ်တမ်း
• Planning Angiogram
တို့ကို စစ်ဆေးပြီး Liver Surgeon၊ Oncologist၊ Interventional Radiologist နဲ့ Nuclear Medicine အဖွဲ့တို့ ပါဝင်သုံးသပ်ဖို့လိုပါတယ်။
အသည်းကင်ဆာဖြစ်နေပြီး “ခွဲစိတ်လို့မရဘူး” လို့အကြံပြုခံထားရပါက ကုသမှုမရှိတော့ဘူးလို့ အလျင်စလိုမဆုံးဖြတ်ပါနဲ့။
ကိုယ့် Case မှာ Y-90၊ TACE၊ Ablation၊ Immunotherapy သို့မဟုတ် အခြားကုသမှု ဘယ်နည်းလမ်းသင့်တော်နိုင်လဲဆိုတာ Second Opinion တောင်းပြီးမှ ဆုံးဖြတ်သင့်ပါတယ်။
Dr. Myat Hmue Hmue
Founder — Your Health Navigator
GMC Full Registration with a Licence to Practise (UK)
📞 +66 64 589 6632
LINE • Viber • WhatsApp
🌐 yhnmedical.com