01/06/2026
တရားဝင် မိတ်ဖက်ကြေညာချက်- Your Health Navigator နှင့် Thonburi Bamrungmuang Hospital
လူကြီးမင်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အမြဲတမ်း အကောင်းဆုံးကိုသာ ရွေးချယ်ပေးလိုသော ကျွန်ုပ်တို့ Your Health Navigator မှ ယနေ့တွင် အထူးဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းတစ်ခုကို မျှဝေပါရစေ။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကမ္ဘာ့အဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှုများကို ပေးစွမ်းနေသော Thonburi Bamrungmuang Hospital နှင့် တရားဝင် မိတ်ဖက် (Official Partnership) အဖြစ် လက်တွဲလိုက်ပြီဖြစ်ကြောင်း ဂုဏ်ယူစွာ ကြေညာအပ်ပါသည်။
ဤပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ကျွန်ုပ်တို့၏ လူနာများအတွက် ခေတ်မီဆန်းသစ်သော ဆေးပညာနည်းရပ်များ၊ အဆင့်မြင့် ကျန်းမာရေးစစ်ဆေးမှုများကို ပိုမိုလွယ်ကူချောမွေ့စွာ ချိတ်ဆက်ဆောင်ရွက်ပေးနိုင်တော့မည် ဖြစ်ပါသည်။
ဤအထူးမိတ်ဖက်အစီအစဉ်နှင့်အတူ ၂၀၂၆ ခုနှစ်အတွက် Thonburi Bamrungmuang ဆေးရုံကြီး၏ အထူးလျှော့ဈေး ကျန်းမာရေးစစ်ဆေးမှု ပက်ကေ့ချ် (Health Check-up Packages) များကို အောက်ပါအတိုင်း စိတ်ကြိုက်ရွေးချယ်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်-
🌟 ၁။ PRECIOUS PLUS Check-up Program (Buy 1 Get 1 အထူးအစီအစဉ်)
အကောင်းဆုံးနှင့် အပြည့်စုံဆုံး စစ်ဆေးမှုများကို (တစ်ဦးဝယ် တစ်ဦးရ) အစီအစဉ်ဖြင့် ရယူနိုင်မည့် အခွင့်အရေးဖြစ်ပါသည်။
အမျိုးသား (Men): 18,900 THB (မူလဈေး 27,207 THB)
အမျိုးသမီး (Women): 21,900 THB (မူလဈေး 34,567 THB)
ပါဝင်သောစစ်ဆေးမှုများ: သွေး၊ ဆီး၊ အသည်း၊ ကျောက်ကပ်၊ သိုင်းရွိုက် စသည့် အခြေခံစစ်ဆေးမှုများအပါအဝင် အသည်းရောင်အသားဝါ B နှင့် C ပိုး၊ ကင်ဆာအမှတ်အသားများ (CA 19-9, CEA, AFP, PSA/CA125) အပြင် ရင်ဘတ်ဓာတ်မှန် (Chest X-ray)၊ ဝမ်းဗိုက်တစ်ခုလုံး အာထရာဆောင်း (U/S Whole Abdomen)၊ နှလုံးစက်ဆွဲခြင်း (EKG)၊ အရိုးသိပ်သည်းဆစစ်ဆေးခြင်း (Bone Density) နှင့် အမျိုးသမီးများအတွက် သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း (Cell Prep)၊ ရင်သားကင်ဆာစစ်ဆေးခြင်း (Digital Mammogram + U/S Breast) တို့ အပြည့်အစုံ ပါဝင်ပါသည်။
🌟 ၂။ BEYOND Package (အထူးအစီအစဉ်)
ပိုမိုလေးနက်သော စစ်ဆေးမှုများ လိုအပ်သူများအတွက် အထူးသင့်လျော်ပါသည်။
အမျိုးသား (Men): 13,500 THB (မူလဈေး 26,500 THB)
အမျိုးသမီး (Women): 17,500 THB (မူလဈေး 34,500 THB)
ပါဝင်သောစစ်ဆေးမှုများ: အခြေခံ ကျန်းမာရေးစစ်ဆေးမှုများ၊ ကင်ဆာအမှတ်အသားများ (CEA, AFP, PSA)၊ အမျိုးသမီးများအတွက် သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း (HPV DNA + Cell prep)၊ ရင်ဘတ်ဓာတ်မှန်၊ ဝမ်းဗိုက်အာထရာဆောင်း၊ နှလုံးစစ်ဆေးမှု (EKG, EST/Echocardiogram)၊ အရိုးသိပ်သည်းဆနှင့် ရင်သားကင်ဆာစစ်ဆေးမှုများ စုံလင်စွာပါဝင်ပါသည်။
🌟 ၃။ PRESTIGE Package (အထူးအစီအစဉ်)
မရှိမဖြစ်လိုအပ်သော ကျန်းမာရေးအခြေအနေများကို တိကျစွာ သိရှိလိုသူများအတွက် ဖြစ်ပါသည်။
အမျိုးသား (Men): 8,900 THB (မူလဈေး 18,500 THB)
အမျိုးသမီး (Women): 9,900 THB (မူလဈေး 19,500 THB)
ပါဝင်သောစစ်ဆေးမှုများ: အခြေခံ သွေးနှင့် ဆီးစစ်ဆေးမှုများ၊ အသည်းနှင့် ကျောက်ကပ်လုပ်ဆောင်မှုများ၊ အသည်းရောင်အသားဝါပိုးများ၊ ကင်ဆာအမှတ်အသားများ (CEA, AFP, PSA)၊ အမျိုးသမီးများအတွက် သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း (Cell prep) အပြင် ရင်ဘတ်ဓာတ်မှန်၊ ဝမ်းဗိုက်အာထရာဆောင်းနှင့် နှလုံးစက်ဆွဲခြင်း (EKG) တို့ ပါဝင်ပါသည်။
မှတ်ချက်။ ။ Precious Plus, Beyond နှင့် Prestige Packages များအားလုံးကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိသာ အထူးဈေးနှုန်းဖြင့် ရရှိနိုင်မည်ဖြစ်ပါသည်။
🌟 ၄။ CHECK UP PACKAGE 2026
(အသက်အရွယ်အလိုက် အထူးပက်ကေ့ချ်များ)
မိမိတို့၏ အသက်အရွယ်နှင့် လိုအပ်ချက်ပေါ်မူတည်၍ အောက်ပါအတိုင်း စနစ်တကျ ရွေးချယ်နိုင်ပါသည်-
ALL DAY (အသက် ၂၀-၃၀ နှစ်): 3,000 THB (မူလဈေး 6,000 THB)
VITALITY (အသက် ၂၀-၃၀ နှစ်): 5,600 THB (မူလဈေး 11,500 THB)
EXECUTIVE (အသက် ၃၀-၄၀ နှစ်): 8,900 THB (မူလဈေး 18,600 THB)
COMPREHENSIVE (အသက် ၄၀-၅၅ နှစ်): အမျိုးသား 15,900 THB / အမျိုးသမီး 20,000 THB
ULTIMATE (အသက် ၅၅ နှစ်နှင့်အထက်): အမျိုးသား 21,100 THB / အမျိုးသမီး 26,000 THB
ကျန်းမာရေးအတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်ပါ
ဘန်ကောက်မြို့ရှိ အဆင့်မြင့်ဆေးရုံကြီးများတွင် ဆေးကုသမှုခံယူရာ၌ လူနာနှင့် မိသားစုဝင်များ လွယ်ကူချောမွေ့စေရန် ဆေးရုံချိတ်ဆက်ပေးခြင်း၊ ရက်ချိန်းရယူပေးခြင်းနှင့် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများအတွက် ပွင့်လင်းမြင်သာမှုရှိသော 10% Service Fee ဖြင့် အစစအရာရာ စိတ်ချရအောင် တာဝန်ယူ စီစဉ်ဆောင်ရွက်ပေးနေပါသည်ရှင်။
Thonburi Bamrungmuang ဆေးရုံကြီး၏ အထူးပက်ကေ့ချ်များနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ယခုပဲ စုံစမ်းမေးမြန်းနိုင်ပါပြီ။
🏥 Your Health Navigator - Bangkok
📞 Ph / Line / WhatsApp / Viber: +66 64 589 6632
📍 Yangon Partner Office: 09 787 332 358
📍 Mandalay Partner Office: 09 768 925 446
#ကျန်းမာရေးဆေးစစ်ခြင်း