27/01/2025
အကြာဆုံးစစ်ပွဲ မြန်မာပြည် (၁၉၄၁ - ၁၉၄၅)
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်စစ်မြေပြင်
မြင်ကွင်းကျယ် စစ်သမိုင်းကျမ်းကြီး။ သမိုင်းကျမ်းဟု ဆိုငြား ရသမြောက်ဝတ္ထုတပုဒ်နှယ် စွဲမက်ဖွယ် တင်ပြချက်။
မူရင်းစာရေးသူ လူဝီအယ်လင်က စစ်ဆိုတာ ဘယ်လိုရှိတယ်လို့ ပြောချင်တာကြောင့်
ရေးရပါတယ်လို့ ဆိုထားတဲ့ စာအုပ်။
ဆရာမြသန်းတင့်က သူ ဖတ်ဖူးသမျှ မြန်မာပြည်
စစ်ပွဲအကြောင်းရေးတဲ့ စာအုပ်တွေထဲမှာ
ဒီစာအုပ်က အစုံလင်ဆုံးပဲလို့ ညွှန်းထားတဲ့ စာအုပ်။
၄ နှစ်မျှသာ ကြာသော မြန်မာပြည်တိုက်ပွဲသည်
ဘာကြောင့် အင်္ဂလိပ်တို့အတွက် အကြာဆုံးစစ်ပွဲဟု
ဆိုရပါသလဲ။
ဂျပန်တို့ကရော သူတို့အတွက် အပျော်ဆုံးစစ်မြေပြင်က ဂျာဗားကျွန်းဖြစ်ပြီး၊ အဆိုးဆုံးစစ်မြေပြင်က မြန်မာပြည် ဖြစ်ပါသည်ဟု
ဘာကြောင့် ပြောရသလဲ။
ထိုအကြောင်းကို ဘက်စုံထောင့်စုံ ရှုထောင့်စုံကနေ
အသေးစိတ် ရေးပြထားတဲ့ စာအုပ်။
အကြာဆုံးစစ်ပွဲ မြန်မာပြည် စာအုပ်ကို ၄၇၀ ဘတ်နဲ့ Rangoon Book Store မှာ ဝယ်ယူရရှိနိုင်ပါတယ်။