KH and Traditional medicines

KH and Traditional medicines ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก KH and Traditional medicines, การแพทย์และสุขภาพ, Rangsit.

18/11/2025
06/05/2025

လေထိုး လေအောင့် နှင့် အစာအိမ်နာ အတွက် ကြက်မောက်ဆူးပြန် (သို့) ကျွဲနှာခေါင်းချိတ်ပင်....

̏မြေးလေး ဒါဘာပင်လည်းသိလား˝ မသိဘူး အဘိုး…လူလေး သိအောင်လုပ်ထား˝ ̏ မင်း အမေ ကို ကယ်ခဲတဲ့ဆေးတော်ပင်ပဲ˝

အစာစား ပြီးတိုင်း ဗိုက်အောင့် သည် ဝေဒနာ ကို ခံစားရပါသည်။ အစာအိမ် အနာ ဖြစ်ကြောင်းသိ၍ အဖက်များလုံး၀မစားရတော့ပါ

အင်္ဂလိပ်ဆေး၊အမျိုးမျိုးစားပြီး အကြောဆေး များသွင်းကာ ကုသည် လည်းရှိပါသည်။ တစ်နေ့တစ်ခြားအရိုးပေါ်အရေတင်မျှဖြစ်တော့သည်။

***ဆေးနည်း ....

ကျွဲနှာခေါင်းချိတ် (ခေါ်) ကြက်မောက်ဆူးပြန် ပင်၏ပဉ္စ(၅)ပါးအား သုံးခွက် တစ်ခွက်တင် ကျိုသောက်ခြင်းဖြစ်ပါသည်။ သုံးရက်တွင် အစာအိမ်အောင့်သောဝေဒနာ တဖြည်းဖြည်းလျော့သွားသည်။

ဆေးပြုတ်ရည် အားဆက်သောက်ခဲ့ရာ နှစ်ပတ် အတွင်း အစာအိမ် အနာလုံးဝပျောက်ကင်း သွားပြီး ဆန်ပြုတ်၊ထမင်းအမှန်ပင်စားနိုင်ခဲ့ပါ သည်။ နံက်တစ်ခွက် ညနေတစ်ခွက် လက်ဖက်ရည် ပန်းကန်လုံးဖြင့်သောက်ပါသည်။

ကြက်မောက်ဆူးပြန် အခေါ်များ တောကြက်မောက်၊မြေကြက်မောက်၊ကျွဲနှာခေါင်းချိတ် ၊စစ်သိမ်၊ဟုအမျိုးမျိုး ခေါ်ပါသည်။ အရွက်အနီး မှ နှာမောင်းထွက်၍ ထိုနှာမောင်းတွင် ဆူး များ ရှိသည်။

မိုးဦးကျတွင် အလိုအလျှောက်ပေါက်တတ်ပြီး ဆောင်းရာသီ တွင် အပွင့်အဖူး များ ပွင့်သည်။ နှစ်မျိုးရှိသည် အဖြူမျိုး၊အနီမျိုး ဗိန္ဓော ဆရာမြတ် တို့ဆားချက်လုပ်၍ဆေးအသုံးများ သည်။

***ပန်းနာ ရောဂါ

ကြောက်မက်ဖွယ်ကောင်းသော ပန်းနာ ရောဂါ ကို ယင်းဆားနှင့် ပျားရည် ဆရာ ၏သတ်မှတ်ချက်အတိုင်း သောက်သုံးက ပန်းနာပျောက်၏။

ဆီးအောင့်ကျောက်တည် ရောဂါ အတွက် ကြက်မောက်ဆူးပြန် ဆားနှင့်မုယောဆားကို ရေအေးနှင့်သောက်စေခြင်းဖြင့်ပျောက်ကင်းသက်သာစေသည်။

၀မ်းဗိုက် ၊ထိုးအောင့်တင်းရောင်ရောဂါ ချင်းခြောက်၊ပိတ်ချင်း၊ စမုံဖြူ၊ဆတူအမှုန့်ပြုပြီး ယင်းဆားနှင့်စပ်ပြီး ရေနွေးနှင့်သောက်ပေးပါက ကြောက်မက်ဖွယ် ၀မ်းဗိုက် ထိုးအောင့်ခြင်း။ ၀မ်းဗိုက်တင်းရောင်ခြင်းကို လျှင်မြန်စွာပျောက်ကင်း ပါသည်။

Credit original writter & photos
#ကျန်းမာရေးဗဟုသုတ #ဗဟုသုတ & Knowledge

06/05/2025

အစားအစာတွေအန္တရာယ်
crd
မုန့်ဟင်းခါးကို ကြည့်စားကြပါ

မုန့်ဟင်းခါးကြိုက်သူ
~~~~~~~~~~~~~~~

ဦး ကြင် ဆွိ ကြီး မုန့် ဖတ် က ၂ ရက် ခံတယ် ဆွတ် ဆွတ် လည်း ဖြူ နေ တာ ဘဲဟု
မုန့် ဟင်း ခါး သည် ဒေါ် အေး က တ ခြား မုန့် ဟင်း ဖတ် လာ ဝယ် သူ များ ကိုပြော နေ ၏ . . . .

ဆစ် နပ် (Cygnus)ကား ပေါ် က ဆင်း လာ သူ မုန့် ဖို ပိုင် ရှင် ဦး ကြင် စွိ က မုန့် နှစ် များ ထဲ သို့ ဗင် ဆင်း နဲ ဟိုက် ဒ ရို များ ဓာ တု ဗေ ဒ ပ စ္စည်း များ ကို ပု လင်း ထဲ မှ သွန် ထည့် လိုက် ၏ . . . .

လမ်းထိပ်က မုန့်ဟင်းခါးဆိုင်မှာ မုန့်ဟင်းခါးကိုအဆာပြေ တချို့တဝ စားနေကြပါလား မုန့်ဖတ်ကလည်းဖြူဖွေးအိနေတာဘဲ ဟင်းရည်အဆစ်ကလည်းကြိုက်သလောက်တောင်း အကြော်ကလည်းရွှ
ကြွပ်မာပြောင်နေတာဘဲ အားပေးလိုက်ကြတာ....

ဆေးခန်းလာနေကြ မမူမူက အလုပ်မသွားခင် အမြဲတန်း မုန့်ဟင်းခါးစားလေ့ရှိတာကြာလှပြီ
တနေ့မမူမူ …ဆရာရေ ခဏခဏမောတယ် ၊စားချင်စိတ်လည်းမရှိဘူး ၊
ခြေခုံဖောတယ် ဆိုပြီးလာပြပါရော ၊ဟုတ်ပါ့ ခြေဖမိုးတွေဖောပြည့်နေတာ ၊
မျက်လုံးအောက်လည်း ဖောင်းအိနေပါပေါ့လား ၊
မျက်ခွံလှန်ကြည့်တော့ဖွေးနေပြီ ၊ဆီးချို သွေးတိုး စစ်တော့ သူ့မှာမရှိ ....

ဆီးခဏခဏသွားလား အမြှုပ်ထလား ကြွက်တက်တတ်လား အသားယားလား
မေးတော့ ဟုတ်ကဲ့တဲ့ သူ့ကို Urine R E စစ်ကြည့်တော ဆီးမှာမပါသင့်တဲ့
ပရိုတင်းဓါတ် နဲ့ သွေးစပါနေပြီ သွေးစစ်တော့ Urea နဲ့ Creatine ပါနေပြီ ကျောက်ကပ်ထိနေပြီသိလိုက်ရ၏ ။စားသောက်မူပုံစံမေး၏ ။
ကျောက်ကပ်ပျက်စေတဲ့ဆီးချိုသွေးတိုးမရှိ
ပျက်စေတဲ့အကြောင်းအရာစဥ်းစားကြည့်နေရင်း ဆေးခန်းလာပြတိုင်းမုန့်ဟင်းခါးထုတ်ပါလာတာတွေ့ရ၏ ။
ထမင်းကို မုန့်ဟင်းခါးနဲ့ မကြာခဏစားလေ့ရှိတာသတိထားမိတော့၏ ။
အဖြေကားရှင်းလေပြီ ...

မြန်မာပြည်မှာ ကျောက်ကပ်ပျက်စေတတ်တဲ့ အဓိကအချက်ကိုစဥ်းစားမိ၏ ။
အစားအစာတွေကို ကြာရှည်ခံဖို့ အရောင်လှဖို့ ဆေးတွေသုံးနေတာကြာပေါ့
မေးတော့ တခြားဟာမပါ မုန့်ဟင်းခါးဘဲ မနက် ည စွဲ စားတာသိရပြီ
အဖြေကားထွက်လေပြီ မုန့်ဟင်းခါးမုန့်ဖတ် ၊
ဒီနေ့မကုန် နောက်နေ့ ပါစားသုံးရတဲ့မုန့်ဖတ်တွေ မပုတ်မသိုးဖို့ ဖော်မလင် formalene တို့ ဗန်ဆင်း benzene တို့ ထည့်သုံးနေတာကြာပြီဘဲ ၊
ဆယ်စုနှစ် ၃ စုလောက်မကပေါ့ အဲဒါထည့်သုံးရင်မုန့်ဖတ်က ၂ ရက်ခွဲလောက်ခံတာကိုး ဟုတ်ပြီ ဒါကတမျိုး ...

နောက်တခုက ချွတ်ဆေးမထည့်ရင် ဟိုးအရင်ကမုန့်ဖတ်တွေရဲ့မူလအရောင်က
ညိုကျင့်ကျင့်ပျော့ပျော့ ၊
မန္တလေး ခိုတောင်ဖက်ကဆို ပြာကျင့်ကျင့်သန်းသရောင်လို ဟော ချွတ်ဆေး hidro လည်းသုံးရော ဖြူဖွေးဆွတ်ဆွတ်ဖြူနေပြီ ။
အကြောင်းမသိသူတို့အတွက် တအားစားချင်စရာ သွားရည်တမြားမြားနဲ့ပေါ့
စားသူကရေနွေးနဲ့အချိုမူန့်ရောထား
တဲ့ဟင်းရည်ထပ်ထပ်ရောထားတာ
မသိဘဲနေတာမှမဟုတ်တာ ...

သူ့ ခံယူချက်က ကြာရှည်ခံဆေး ၊ ချွတ်ဆေး နဲ့ M S G ခေါ်တဲ့ အချိုမူန့် တွေဟာခုချက်ခြင်းထ ဒုက္ခ ပေးတာမှမဟုတ်တာ ၊
နှစ်နဲနဲကြာတော့မှ ကျောက်ကပ်ပျက်တာကအစ ကင်ဆာတွေဖြစ်နိုင်တာ ၊
ကြားဖူးသလိုရှိချင်ရှိမဲ့ နောင်ခါလာနောင်စျေး ခုချက်ခြင်းထဖြစ်တာမှမဟုတ်တာ
ဂရုမစိုက်ကြတော့ ။
ခုတော့ မူမူ တစ်ယောက် နောင်ခါလာနောင်စျေး ကရောက်လာခဲ့ပြီ
ကျောက်ကပ်စထိခိုက်လာပြီ ။
ဆီးနဲ့ကျောက်ကပ်အထူးကုဆရာဝန်ဆီလွဲလိုက်၏....

ဓါတ်မှန် အာထရာဆောင်း C T Scan သွေးစစ်မူအမျိုးမျိုး ခဏခဏလုပ်လာရ၏ ပထမ ဒုတိယအခေါက်တွေမှာ ပိုက်ဆံ ကျွတ်ကျွတ်အိပ်နဲ့ အပြည့်ထည့်ထည့်သွားရတာ ၊အိမ်ပြန်ရောက်တော့ အိတ်ခွံဘဲကျန်တော့သည် ...

သက်သာလိုက် မသက်သာလိုက် နောက်ဆုံး ခါးနံဘေးမှ ခွဲ၍အသားစယူ
Biopsy စစ်၏ ။
ကျောက်ကပ် ၂ခုလုံးကားပျက် စီးနေပေပြီ ။
ကျောက်ကပ်ဆေးတွေစျေးနူန််းက တံချူနှင့်ပင်မမှီတော့ ။
မူမူရတနာပစ္စည်းတွေတခုမှမကျန်တော့ ၊သူ့အမေ နားကပ် ဆွဲကြိုး လက် စွပ် ကုန်လေပြီ ...

ဒီနေ့ ကျောပ်ကပ်ဆရာဝန်ကြီးက အလားအလာ အဆုံးအဖြတ်ပေးမည်ဆိုတာ မူမူသည် ရင်ခုံစွာစောင့်နေ၏

ဆရာမလေးက မမူမူ အမှတ် ၃၄ ဝင်ပါ
ရှင့်
" ကဲ ဆေးစစ်ချက်တွေပြ သမီး "
တော်တော်ကြာကြည့်ပြီး ဆရာကြီးမျက်နှာတချက်ပျက်သွား၏

" အေး သမီး စိတ်မကောင်းမဖြစ်ပါနဲ့ ကျောက်ကပ်တော့ဆေးရမယ် သဘက်ခါ စဆေးမယ် တပတ် ၂ ခါဆေးရမယ်"

" ဘယ်နှစ်ခါဆေးရမလဲ ဆရာ "
" အင်း တသက်လုံး အသက်ရှင်သရွေ့တော့ ဆေးရမှာပေါ့ သမီး "

" တစ်ခါဆေးခ ငါးသောင်းခြောက်သောင်း
သွေးသွင်းရမယ်ဆိုထပ်ကုန်မှာပေါ့
ဆေးဝယ်ကရိယာဝယ်နဲ့ အကြမ်းပြင်း တသိန်းဝန်းကျင် လိုလိုသလိုလည်းပါမှာပါ "

မူမူ တခါဆေးတသိန်းပျော့ပျော့ တပတ်၂ခါ နဲ့ တလ ၈ခါ ၈သိန်းပေါ့ ။
တက်ဆီစရိတ်မပါသေး ၊အစောင့် အကူကခေါ်ရဦးမယ် ၊အလုပ်လည်းလုပ်မရတော့
ဘူး ဘာပိုက်ဆံနဲ့သွားကုရမလဲ... "

ဟုတ်ပေ၏ ။ဒါမစားရလည်းဘာတွေစားကြမလဲ ။
စားစရာကိုမရှိတော့ဘူးဆရာ ကျနော်ပင်ဦးနှောက်ခြောက်ရပါ၏...

ရံဖန်ရံခါ အနည်းအများ အရောင်အဆင်း ဆေးနံ့လေးသင်းမသင်း စွဲစားမူမမူ ....( ပညာ ) သာသုံးပေတော့....ကျနော်လည်းပညာသာပေးနိုင်၏ အာဏာမပိုင်...

အားလုံးဘေးကင်းကြပါစေ

မေတ္တာရည်၍

ရေးသားသူ
ဒေါက်တာသန်းထွန်း
( ကိုကို မန္တလေး )

19/02/2025
19/02/2025

ที่อยู่

Rangsit

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ KH and Traditional medicinesผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์