06/17/2023
The Ordinary Squalane Cleanser -50ml
🔹Price - 35,000ks
🔹Expired date - Nov, 2024
🔹100% authentic, shipped directly from USA
မှာယူလိုလျှင် chat box ကနေ နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ်ပေးပြီး မှာယူနိုင်ပါတယ်။
🖤 သဘောကျ နေတဲ့ beauty product၂ မျိုး 🤍
The Ordinary က Cleanser မျက်နှာသစ် အဆီ ~
နဲ့
Living Proof က hair mask ဆံပင်ပေါင်းဆေး ~
👉 ပထမ ပြောပြချင်တာက The Ordinary က cleanser ပါ ။
သူက ရှုပ်အောင် လုပ်ထားပြန်တယ် .. နာမည်ကို cleanser တဲ့ ။
cleanser ဆိုတာ တကယ် တမ်း က ခုနောက်ပိုင်း (အများစုက အမြှုပ်ထွက်လေ့ ရှိ၊ မထွက်တာလည်းရှိ) ဒုတိယ အဆင့် သုံးကြတယ် double cleansing မှာ ။ ခု TO ရဲ့ squalane cleanser က တော့ တကယ်တမ်း မြန်မာပြည် weather နဲ့ ဆိုရင် တဆင့်ထဲက အဆင်မပြေဘူး ။ သူ့ texture က cleansing balm တွေ လိုမို့ ရောင်းတဲ့ ဆီ ပထမ အဆင့် (or) ဒုတိယ အဆင့် အနေနဲ့ စိတ်ကြိုက်သုံး ဆိုပေမဲ့ အရမ်းကို super dry skin type ကိုသာ ဒုတိယ အဆင့် cleansing နေရာမှာ သုံးစေချင်ပါတယ် ။
မိုး က တော့ 1st step မှာ လိမ်းထားတဲ့ sunscreen/ makeup ဘာညာ ဖျက်ဖို့ သုံးပါတယ် ။
သုံးနည်း - dry hand ထဲ လိုသလောက် ထည့်ပီး ပျော်အောင် အရင်ပွတ်ပါတယ် ၊ ဆီလို ဖြစ်ပီ ဆိုမှ ရေမစိုထားတဲ့ မျက်နှာပေါ် တင်ပီး ပွတ်ပါတယ် ။ ပီးမှ ရေဆေးချရတာပါ။ မိုး ကနောက်က facial foam/ cleanser (oil based မဟုတ်တာ ) တခု ထပ်သစ်ပါတယ် 2nd step အနေနဲ့ ။
ဘာကောင်းလဲ မေးရင် squalane အာနိသင် လိုချင်သူတွေ နဲ့ cleansing oil/ balm ကောင်းတာ ရှာသူ တွေ အတွက်ပါ ။ ခါတိုင်းဆို Shu Uemura cleansing oil ပန်းရောင် ဘူး က အသဲစွဲ ပေမဲ့ ခုနောက်ပိုင်း နှမြောတာနဲ့ budget brand တွေ က cleansing တွေ စမ်း သုံးဖြစ်တယ် ။ Sunday Riley , Drunk Elephant တွေရဲ့ cleansing balm တွေ က မဆိုးပေမဲ့ ဒီဟာလောက် ရေဆေးချရတာ မလွယ်ဘူး ။ ဒါ က ရေဆေးချရတာ လွယ်တယ် ။ အတော်လည်း စင်တယ် ။
ခပ်ဆင်ဆင် သဘောတရားဆိုရင် Banila co clean it zero နဲ့ ဆင်ပေမဲ့ ဘာမတည့်လဲ မသိ မိုး နဲ့ မတည့်လို့ တခြား budget balm ရှာနေတာ ဒါကို တွေ့ပီး အကြိုက်တွေ့တာပါ။ The inkey list ရဲ့ Balm ကိုတော့ ဓာတ်မကျလို့ မစမ်းရသေးဘူး ၊ စိတ်ထဲ ရေဆေး ရတာ ခက်မယ်လို feel ဖြစ်လို့ မဝယ်ဖြစ်သေးတာပါ ။ ဒါကုန်မှပဲ စဉ်းစားတော့မယ် ။
TO ရဲ့ အားသာချက်ကတော့ tube type ဖြစ်လို့ လက်နဲ့ / spatula ဇွန်း နဲ့ ကော်သုံးရတာ လို hygiene ပိုင်း စိတ်ချ ရတယ် ၊ ရှိသမျှ makeup / sunscreen တွေ အကုန် ဖယ်ရှား ပေးတယ် ၊ အဓိကကတော့ ရေသေချာ ဆေးချလို့ ပြောင်စင်တာ ပါပဲ ။ balm အများစု က ရေအတော်လေး နွေး မှ ဆေးချလို့ နို့ရည်လို ပြောင်းပီး သန့်တာပါ။ ဒီ TO ကတော့ အရမ်း မြန်တယ် ဆေးချ ရတာ။
စျေးက £14.20 ပါ (Feb 1 ကနေ စပီး TO တွေ စျေးတက်ပါမယ် တဲ့ website က ကြေညာထားပါပီ)
👉 နောက်တခုကတော့ မြန်မာစျေးကွက်ထဲ အရမ်း မမြင်ရသေးတဲ့ Living Proof brand ပါ ။ မိုး လည်း အရင်က မသုံးဖူးသေးဘူး ။ ဒါက စျေးချတာနဲ့ ✨Top Pick by Jennifer Aniston✨ ဆိုလို့ စမ်းကြည့်တာ ။
Paraben free - silicone free - cruelty free - Color Safe ပါ ။
ဘာကောင်းလဲ ဆိုတော့ - ခြောက်သွေ့ ကြမ်းတမ်းပီး ဖွာတဲ့ ဆံပင်မျိုး အတွက် ဆံပင်ပေါင်းဆေးပါ ။ ပေါင်းဆေး ဆိုပေမဲ့ ၅မိနစ် လိမ်းထားရင် ရပီ ။ conditioner မသုံးပဲ တပတ် ၂ ခါ သုံးပါတဲ့ ။ ဒီလို ဆံပင် ပြဿနာမျိုး ဆိုရင် ပုံမှန်က အရမ်း rich ဖြစ်တဲ့ ပေါင်းဆေး တွေကမှ ကယ်နိုင်တယ် ၊ အဲ့ဒါတွေကျတော့လည်း ဆံပင်ခြောက်ဖွာနေတာ ကယ်တင်ပေမဲ့ ဆံပင်က လျှော်ပီး မကြာဘူး အမြန် အဆီပြန်ပီး ပြားကပ် နေတတ်တယ်။
ခု ဒါက လိုတဲ့ moisture ဘာညာ ဖြည့်ပေးပီး ဆံသားကို ချောမွတ် နေစေတယ် ၊ အိစင်းတာမျိုး တော့ မလုပ်ဘူး ၊ အိစင်းရင် ပြားကပ် ရော ဆံပင်ပါးသူဆိုရင်က။
မိုး က ဆံပင်ပါးသူပါ ၊ ဆံပင် highlights တွေ ဖောက်ပီး ဖွာမှာ စိုးလို့ ဒါသုံးပါတယ် ။ olaplex မသုံးတဲ့ ရက် ကို ဒါသုံးတာပါ ။ ဒါက လုံးဝ ကို lightweight ပါပဲ ။ olaplex ကမှ သူ့ထက် အဆီပြန် မြန်ပါသေးတယ် ။ (olaplex review လာမယ်နော် ကြာနေတာ သေချာ သုံးချင်လို့ပါ)
အထင်မကြီးပဲ ဝယ်လိုက်တာပါပဲ ၊ သုံးကြည့်တော့ သူ့ claim အတိုင်း ကောင်းနေလို့ ညွှန်တာပါ။ တကယ်ကို weightless ပါပဲ ။ သုံးထားလို့ ဆံပင်ကြီး လေး နေတာ / ပြား နေတာ မရှိဘူး ။ အတော် အဆင်ပြေတယ် ။
စျေးက £33 ပါ sale မရှိရင် ( website အများစုမှာ average 4.5 star နဲ့ အထက် review 5000 နီးပါး ရှိပါတယ် )
ရေးဖို့ အကြွေးတွေ လာပါမယ်နော်
အာရုံ စုစည်း မရနေလို့ မရေးဖြစ်တာ 😬❤️