Light of Dhamma ဓမ္မအလင်းရောင်

Light of Dhamma ဓမ္မအလင်းရောင် ဓမ္မအလင်းရောင်ကျောင်း ဖြစ်မြောက်ရေး

အမေရိကားမှာ ဓမ္မအလင်းရောင်တွေ ဖြန့်ချီဖို့အတွက်နှင့် ကျောင်းကန်ဘုရားတွေနဲ့ ပြည့်စုံအောင် ၀ိုင်းဝန်းပြီးတော့ ကြိုးစားဖို့အတွက် ဒီဖေ့ဘွတ်ပေ့လေးကို တည်ထောင်လိုက်ပါတယ်။

https://www.youtube.com/watch?v=cLahWqNenSo
09/23/2025

https://www.youtube.com/watch?v=cLahWqNenSo

#အနေတတ်အသေတတ်ကြောင်းတရားတော် #ဗာဂျီးနီးယားပြည်နယ် #ဓမ္မအလင်းရောင်ကျောင်းတိုက် #ဆရာတော်အရှင်ကုမုဒ ✅Please...

09/22/2025
05/23/2022

{{{ ဒဇယ် " လမ်းဆုံ ” }}}


အနှတ်ထ သညာနဲ့
ဇာတာထဲက နာမည်က
တန့်ဆည်။

ကျောင်းမှာ
ရုံးမှာ
အလုပ်ခွင်မှာ
ပတ်ဝန်းကျင်ပါးစပ်ဖျား
မှတ်သားလို့ အသံဖလှယ်တာက
ဒဇယ်။

တကယ်တမ်းခြုံပြောရရင်
ဒဇယ် လမ်းဆုံဆိုတာ
ဘယ်ကျမ်းက ဂုဏ်ပြု
ဘယ်သူရဲ့အထူးချီးမွမ်းခြင်းမှ
စီးဖြန်းခြင်း မခံရတဲ့မြို့ကလေးပါ။

သမိုင်းမှာ မှတ်တမ်း မရှိလို့တဲ့
တတ်ကျွမ်းကဝိဆရာအရှင် အချို့က
မဟာဝင်
ရာဇဝင်
စာ မတင်ထိုက်ဘူး တဲ့ ဗျာတို့ရယ်။

ပေါ်ဦး ဗိုလ်မြ
ငါတို့ရဲ့ သူရဲကောင်းနှစ်ပါးကို
မြောင်းကြား ပို့ခြင်ကြရဲ့။

ဆိုဗီယက်ယူနီယံခေတ်ဖျား
ဆိုက်ဗေးရီးယားပြည်နယ်မှ
ဇီမာ လမ်းဆုံမြို့ကလေးကတော့
ယက်ဗ်တူရှင်ကို ကဗျာပေါ်ကနေ
ကမ္ဘာကျော်ခဲ့တာပ။

မဟာမြိုင်တောနက်ဘက်
ပက်လက်အနေအထား လဲလျှောင်းခြေဆင်း
အထက်ဗမာပြည် နေပြင်းပြင်းအောက်
ခြောက်ပေါင်တူ တစ်ချောင်းနဲ့တူတဲ့
ငါတို့ တန့်ဆည်မြို့ကလေးလည်း
ကမ်းကုန်အောင် ဒေါသကြီး ပေါက်ကွဲတတ်
ဘယ်တော့မှ
ခေတ်ကို မျက်ခြေပြတ် မခံဘူး။

မောင်စူးရဲ(တန့်ဆည်)

တန့်ဆည်၏သမိုင်းအစကို ဆရာကြီးဒေါက်တာသန်းထွန်း ၏ The Royal Order of Burma (သက္ကရာဇ် ၁၁၁၉ ခုနှစ် ကဆုန်လပြည့်ကျော် ၇ ရက်နေ့ အမိန့်တော်စာဟော င်းစာတမ်း)အပိုင်း ၈ စာမျက်နှာ ၆၂၉ တွင် အောက်ဖေါ်ပြပါအတိုင်း ဖတ်ကြရသည်။

ပေါက္ကံ အနော်ရထာမင်းလက်ထက် မိုးကောင်း၊မိုးညှင်း၊
ပုရင်းတွင်း၊ရှမ်း၊စလုံ၊ထမုံ၊သိုဟံဘွားတို့ မငြိမ်မဝပ် သောင်းကျန်းသောကြောင့် ယောက်ဖဖြစ်သူ ပရဝါဘမင်းကို မြောက်မူးညာသို့တက်၍ တည်ထားပြုစုရမည်။
ခန့်ငြားလျှင် ၄င်းပရဝါဘမင်း၊ဆင်မြင်းစစ်သည်ဗိုလ်ခြေများနှင့်ချီတက်လာ၍ မြေခန့်မြေခင်း ဆင်မြင်းဗိုလ်ခြေ
နေလောက်ရာအရပ်က အောင်တပ်ချ၍ နေသည်။

၄င်းတပ်က နေ၍ "တဆယ်" မြို့ကို ပြုစုသည်။၄င်းတဆယ်မြို့က ပရဝါဘမင်းသည် ဗိုလ်ခြေများနှင့်ချီတက် ၍ ဆင်မြင်းဗိုလ်ခြေ နေလောက်ရာအရပ်တပ်ချ၍ နေပြီးလျှင် မြေဒူးမြို့ကို တည်သည်ဟု ဆရာကြီးက အခိုင်အ မာ ဆိုပါသည်။

ဆရာကြီးဦးနီတွတ်၏"ရှေးမြန်မာကျောက်စာများလေ့ လာချက်"အတွဲ ၁ ၌လည်း•••

မပင်စရသည် တန့်ဆည်နယ်( တစယ်) အမှန်ဆိုလျှင်

၁။။ ၁၈ကြိမ်မြောက် စည်သင်ခါ၏မယား သင်လတ်သည် သခင်မဟာကဿပကို ခရစ်နှစ်၁၂၄၇။မြန်မာသက္ကရဇ် ၆၀၉ခုတွင်

က။။ မပင်စရအခွင် (တစယ်အရပ်) တန့်ဆည်အရပ်မှ ဥယျာဉ်ရာလယ်။ ၅ ပယ်လှူသည်။

ခ။မြေဒူးခွင်။( မ္လီယ်တူခွင်)။ ငါလတ်နယ်အရပ်မှ မြေ ၁၀၀ လှူပါသည်။

, စာမျက်နှာ ၁၆၇

၂။၁၅ကြိမ်မြောက်လှူဒါန်းသူမှာ သိင်္ဃပတေ့ဖြစ်ပါသည်။

က။မပင်စရခရိုင်အခွင်ရှိ မုခယ်အရပ်မှ ၎င်းပိုင်သောလယ်ပယ်၆၀အနက် သခင်မမဟာကဿပကို ပယ်၃၀ လှူပါသည်။

စာမျက်နှာ ၁၉၅

၃။သက္ကရဇ် ၆၄၀ခု အမတ်ကြီးဣန္တပစ္စယာသည် မြတ်ကြီးမဟာကဿပအရပ် ထေရသီတင်းသုံးရန် ကျောင်း ဆောက်၍ မြေများလှူသည်။

က။မပင်စရအရပ် ကိတွန်ကန်အောက် လယ်ပယ် ၁၀၀ လှုဒါန်းခဲ့သည်။

စာမျက်နှာ၂၂၃

၄။ သက္ကရဇ်၆၂၉ စိသာနှစ်တွင် နရသီဟပတေ့မင်းက ကျောင်းကြီးအားလှူဒါန်းသည့်စာရင်း။

က။ မပင်စရအရပ် ရှားကိုရွာအပါဝင် လယ်ပယ်။၁၀၀။ထန်း၂၀၀လှူဒါန်းသည်။

ခ။လှထွေအရပ် လယ်ပျမြေ ၁၀၀ဝလှူဒါန်းပါသည်။

စာမျက်နှာ ၂၂၅

၅။ကျစွာမင်းကြီး၏သမီး။ ဥစ္စနာမင်ကြီး၏ပယ်မယား ဖြစ်သော မိဖုရားခေါင်ကြီးသည် ဂူ၊ဘုရား၊ပိဋကတ်၊ကျောင်းများကို တရုပ်ပြေးမင်းလက်ထက် ၆၁၇ ခု တ ပေါင်းလဆုပ် ၅ ရက် တနင်္လာနေ့တွင်လှုဒါန်းခဲ့ပါသည်။ လယ်နှင့်ကျွန်များကို လှူဒါန်းပါသည်။

သံတိုင်လယ်။ ၃၇၀ပယ်။ ကျွန်၂၅၇ယောက်
တောင်နီလယ်။ ၈၈ပယ်။ ကျွန်၂၃၅ယောက်
မပင်စရလယ်။ ၅၂၈ပယ်။ ____

စာမျက်နှာ၂၄၁

၆။သက္ကရဇ် ၅၅၄။ ဖလကုန်နှစ် တပေါင်းဆန်း၅ရက်။
အိုင်မွန်သင်သမီး စေတီကို လယ်ပယ်လှူဒါန်းသည်။

မပင်စရလယ်။ ၅၀၀ပယ်ကိုလှူဒါန်းခဲ့ပါသည်။

စာမျက်နှာ ၂၄၉

၇။မထိလိုမြေး မင်း၏မယား၊သိင်္ဃသူသမီးသည် သက္ကရဇ် ၆၂၈ခုနှစ် ပိသျက်နှစ် နံ့ကာလဆန်း ၇ရက် ကြာ သ ပတေးနေ့လှူသည်။

က။ မပင်စရ ကောင်ကမူမှ လယ်ပယ်။ ၁၀၀
ခ။ခင်မွန်လယ်၂၀၀နှင့် ကျွန်များကိုလှူသည်။
သက္ကရဇ် ၆၃၀ခု သိင်္ဃသူ့သမီးနှင့်ဆွေမျိုးတော်စပ်သယတို့က

မပင်စရ၊ ပင်မြိုင်အရပ် ပစ္စတေ့အမိ၊နှမအိုပ၊ အိုတိုတို့က အမနာကျောင်းကို လယ်ပယ်၂ဝလှူသည်။

စာမျက်နှာ ၂၆၂

၈။ သက္ကရဇ် ၆၃၆ခု နတ်တော်လဆုပ် ၁၀ ရက် ကြာသပ တေးနေ့ မင်းအမတ်တျာ ၏ကျောင်း၌ မပင်စရအရပ် ကြံမဖတ်မယားထံမှ လယ်၃၆ပယ် ၊ ထန်း၅ဝပင် မင်းအမတ်တျာက ဝယ်ယူလှူဒါန်းခဲ့ပါသည်။

စာမျက်နှာ ၄၈၀

ဟု တဆယ် နှင့်ပတ်သက်သော မှတ်တမ်းများကို တွေ့ရှိကြရပါသည်။တဖန် ကံဖျားကျောင်း၌ ရှိနေသော ကုန်း ဘောင်ခေတ်က လှူဒါန်းထားခဲ့သည့် ခေါင်းလောင်းစာ ၌လည်း•••

၃။လင်းထိပ်ထား။နှစ်ပါးဝရီးတော် စမြက်ဒုံမြို့အုပ် မင်းလှရွှေတောင်နော်ရထာ သာမိအယ်တို့ မြေဒူးမြို့နယ်ကြီးအဝင် "တံစင်"ရွာတွင် မြေစိုက်စေတီ လှိုင်သွင်ဘုရား အု ပ်စရပ် ကူ ကျောင်း ခေါင်းလောင်းအချိန် ၂၀၀ ကျော် ရွှေထီရွှေကွန် ရေတွင်းရေကန် ပဒေသာပင်ရေ ၂၅ ပင် အစုစုတို့ကို တွက်စစ်ရငွေမွေရွက်နီ ၂၃၅ ငွေကို စီရံတိဋ္ဌတု လောကမှီ ဒက္ခဏံ သပ္ပပါနီနံ ဟူသောပါဌ်နှင့်အညီ သီရိထွဋ်တင် ပန်းသို့ဆင်သည် ခြစ်ရှင်ဘုရား လာဘနရားကို စိတ်ထာနာဝ သံလကဖြင့်ရတုံဝမ်းမှာ သဒ္ဒါရိုသေ ပူ ဇော်ပေ၍ ဟု ရေးထိုးထားပြီး အဆုံး၌ ရေမြေအရှင် ဘဝ
သခင်မှစ၍ ဝေနေရသတ္တဝါအပေါင်းတို့ကို အမျှဝေဘာ ၏။အမျှ ရကြသည် ဖြစ်စေသော်။သက္ကရာဇ် ၁၁၉၈ ခု တပေါင်းလဆန်း၂ ရက်နေ့တွင် ကြေးအချိန် ၂၂၀၁၀ ငွေမွေရွက်နီ၃၃၀ ၁ူး ၁ဲ ငွေကို လက်ခပေး၍ ယူသည် ဟုရေး ထိုးထားသည်ကို တွေ့ကြရပြန်ပါသည်။

ဤတွင် ပုဂံခေတ်နှင့်ရှေးအထက်ကာရီက တည်ခံကြသောမြို့ရွာများကို "တ"နှင့်စသော မြို့ရွာများအဖြစ် အ များအပြားတွေ့ကြရသည်။ဥပမာ တကောင်း၊ထို့နောက်တမူး၊တပယင်း၊တနယ်၊တဆိပ်၊တနိုင်း၊တပင်ကောင်း၊တဆယ် စသည်ဖြင့် များပြားပါသည်။

ဤ၌"တ"နှင့်ပါတ်သက်၍ကျော်အောင်စံထားဆရာတော် ၏ ဝေါဟာရတ္ထပကာသနီ၌ ရှာဖွေရာ "တ"သည် တောင့်တသည်၊ယူတသည်၊အောက်မေ့ခြင်းအနက်တည်း ဟုဆိုထားကာ"မတောင့်မတ၊မကြောင့်ကြတည်း"စီပွားတောင့်တ အောက်မေ့ကြ၍"တီးတုံးဆိုကြ၊အိမ်ကိုတခဲ့"ဟု ကိုးကားထားပါသည်။"ဆယ်" ဟူရာ၌ကား "တစ်ရာ့ငါးဆယ်
အံ့သြဖွယ်ဆောင်"ငါ၏အရွယ် သက်ရှစ်ဆယ်ဟု"ဟုလ ည်းကောင်း ရင့်ကျက်ခြင်းကို ပြ၍ "လယ်လုပ်ကုန်သွယ်၊ကြေးဆယ်မြီချ"လူ့ဘုံတို့ဝယ်၊ကျွန်းထင်းဆယ်၍" ဟု
ကယ်ဆယ်ခြင်းအဓိပ္ပါယ်ကိုလည်းဆောင်ပါသည်။တဆယ်ကို "မြတ်နိုးဘွယ်မြို့"ဟုဆိုသော် ရကောင်းပါ၏။

ဤ "တဆယ်"ဟူသောမြို့အမည်ကို မိမိ၏အဖိုး(အမေကြီး၏ဖခင်)ရေးသားထားခဲ့သော ကုန်းစာချုပ်၊လယ်စာ ချုပ် ပေခွေများတွင်လည်း တခုတ်တရ မှတ်တမ်းတင်ခဲ့သည်ကို ငယ်ရွယ်စဥ်က ဖတ်ရဘူးပါသည်။မိမိနည်းတူ
ကိုပါ(လမ်းဆုံ)ကလည်း သူ၏ နနွင်းတောတွင် စာချုပ်များ၌ တဆယ်ဟူ၍ပင် ဖတ်ရဘူးကြောင်း ဆိုပါသည်။

ကုန်ဘောင်ခေတ်ထိုး ခေါင်းလောင်စာပါ "တံစင်"နှင့်စပ်လျှဥ်း၍ကား တံ နှင့် စင် တွဲစပ်သုံးသည်မှာ နည်းပါးလှပါသည်။တံ ကို စဥ်နှင့်သာ တွဲဖက်သုံးပါ၏။ထို တံစဥ်၏ အဓိပ္ပါယ်ကို ဝေါဟာရတ္ထပကာသနီ အဋ္ဌမပိုင်းစာမျက်နှာ ၆၀၃ ၌"မေတ္တာဖဲကျဥ်၊မိစ္ဆာယှဥ်သား၊တံစဥ်အသွင်"ဟု တံစဥ် ကို ဥပမာ ပေးထားသည်ဖြစ်ရာ ပယ်ခြင်း အနက်ကို ရပါသည်။

ထို တံစဥ် ကိုပင် မြန်မာစာ အဘိဓာန်၌ မြက်ပင်ကောက် ပင် ရိတ်ဖြတ်ရသည့်အသွားကောက်သောကရိယာဟု ဆိုထားရာ ပယ်ရှားခြင်း၊ရိတ်သိမ်းခြင်းအဓိပ္ပါယ်ကို ဆောင် ပြန်ပါသည်။အကုသိုလ်တရားများကို ပယ်ရှားရာအရပ် ဟု ဆိုလိုခြင်ဟန် တူပါသည်။မည်သို့ ဆိုစေကာမူ "တဆယ်"ဖြစ်ဖြစ်၊"တံစဥ်"ဖြစ်ဖြစ် ကောင်းသော အတိတ် နိမိတ်ကို ဆောင်ပါသည်။

"တံစဥ်"ကို အသံထွက်ကြည့်ပါ။"ဒဇင်" ဟူ၍ အသံဖြစ် လာပါလိမ့်မည်။ထို မှ ဇင် က ဇယ် ပြောင်းကာ(ဒဇယ်)
ဖြစ်လာခြင်း ဖြစ်နှိုင်ပါသည်။"တံစဥ်း"က 'ဒဇင်း' ဖြစ် လာသကဲ့သို့ပင်။ဟို ယခင် တန့်တည်မြို့နယ်၏ မှတ်ပုံ တင်အမှတ်အသားမှာ D Z ဖြစ်ပါ၏။

တစ်ပါတီအာဏာရှင်ခေတ်တွင် တန့်ဆည်မြို့နယ်ကို တ ရားရေးဝန်ထမ်းအဖြစ် ကဗျာဆရာဆင်ပေါင်ဝဲအေးကြူ
ရောက်လာခဲ့ဘူးသည်။သူက ဒဇယ်၏အနက်ကို ကြံ သ ည်။(ခွေးနက်ချောင်းကြီးကို တန့်ဆယ်၍ သီရိကန်ကြီးကို
တူးဖေါ်ခဲ့ကြသည့်အတွက် အမည်သညာခေါ်စရာမှာ "တန့်ဆည်")ဟူ၍ ဖြစ်လာပါသတတ်။

Ref; Ko Pa+Ko Chit Toe Posts

CREDIT this post📲

Address

Nokesville, VA
20181

Website

Alerts

Be the first to know and let us send you an email when Light of Dhamma ဓမ္မအလင်းရောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Light of Dhamma ဓမ္မအလင်းရောင်:

Share