Pulse & Purpose

Pulse & Purpose Pulsing with the Purpose of Medical and Life Sciences

22/08/2026

ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်ခြင်းက ပုံမှန်ပဲလား ?




ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးလှုပ်ရှားတာကို ဘယ်အချိန်ကစပြီး ခံစားရလဲ ? မေမေတို့ ဖြေပေးခဲ့ကြပါဦးနော် 🤍 𝐀. 𝟖-𝟏𝟎 𝐰𝐞𝐞𝐤𝐬𝐁. 𝟏𝟔-𝟐𝟒...
18/08/2026

ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးလှုပ်ရှားတာကို ဘယ်အချိန်ကစပြီး ခံစားရလဲ ?
မေမေတို့ ဖြေပေးခဲ့ကြပါဦးနော် 🤍

𝐀. 𝟖-𝟏𝟎 𝐰𝐞𝐞𝐤𝐬
𝐁. 𝟏𝟔-𝟐𝟒 𝐰𝐞𝐞𝐤𝐬
𝐂. 𝟐𝟖-𝟑𝟎 𝐰𝐞𝐞𝐤𝐬



ကလေးငယ်တွေ ဝမ်းချုပ်ခြင်းကို သက်သာစေမယ့် လျင်မြန်ထိရောက်တဲ့ နည်းလမ်း( ၄ )ခု ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမွေးဖွားပြီးချိန်နဲ့...
14/08/2026

ကလေးငယ်တွေ ဝမ်းချုပ်ခြင်းကို သက်သာစေမယ့် လျင်မြန်ထိရောက်တဲ့ နည်းလမ်း( ၄ )ခု

ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမွေးဖွားပြီးချိန်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြောပြပြီးတဲ့နောက်မှာ မိခင်တော်တော်များများ စိုးရိမ်ရတဲ့ ကလေးငယ်တွေ ဝမ်းချုပ်တာနဲ့ပတ်သက်ပြီး ဆက်လက်ပြောပြပေးချင်ပါတယ်။

ဝမ်းချုပ်တာက ကလေးငယ်တွေမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပြီး အထူးသဖြင့် ဖြည့်စွက်စာ စစားတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ ကလေးလေးတွေ ဝမ်းချုပ်တာနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အချက်တွေ၊ သက်သာအောင်လုပ်ပေးနိုင်မယ့် နည်းလမ်းလေးတွေနဲ့ ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်လဲဆိုတာကို ဒီနေ့မှာ knowledge sharing လေး လုပ်ပေးချင်ပါတယ်။

ကလေးက ဝမ်းချုပ်နေတယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ?

ကလေးက ဝမ်းသွားရခက်နေမယ် ဒါမှမဟုတ် ဝမ်းသွားဖို့အခက်အခဲရှိနေမယ်ဆိုရင် ဒါက ဝမ်းချုပ်တာပါ။

လက္ခဏာတွေအနေနဲ့ -

▫️ပုံမှန်ထက် ဝမ်းသွားတာ နည်းလာခြင်း (အထူးသဖြင့် ၃ ရက်နဲ့အထက် ဝမ်းမသွားခြင်း၊ ဝမ်းသွားရင်လည်း အဆင်မပြေခြင်း)၊
▫️ဝမ်းခဲမာမာများသွားခြင်း၊
▫️၁၀ မိနစ်ကျော် အားစိုက်ပြီးတာတောင် ဝမ်းမသွားခြင်း၊
▫️ပုံမှန်ထက် ပိုမအီမသာဖြစ်နေခြင်း (သို့) နို့ပြန်အန်တာ များလာခြင်း၊

သတိပြုရမှာကတော့ ကလေးငယ်တွေ ဝမ်းသွားခါစမှာ အော်ငိုတာ၊ မျက်နှာနီတာတွေက ပုံမှန်ပါပဲ။ ဝမ်းပျော့ပျော့သွားနေသရွေ့တော့ စိတ်ပူစရာမလိုပါဘူး။ ဒါက ကလေးအသက် ၆ လဝန်းကျင်မှာ အဆင်ပြေသွားတတ်ပါတယ်။

အထူးသိထားရမှာက မိခင်နို့တစ်မျိုးတည်း သောက်တဲ့ကလေးငယ်တွေမှာ ဝမ်းချုပ်တာ အလွန်ရှားပါတယ်။ တစ်ပတ်ကို တစ်ခါပဲ ဝမ်းသွားပေမယ့် ဝမ်းပျော့နေရင် ဝမ်းမချုပ်ပါဘူး။

ကလေးတွေ ဝမ်းချုပ်ရတဲ့ အကြောင်းအရင်းတွေကတော့ -

➡️ဖြည့်စွက်စာ – အမျှင်ဓာတ်နည်းတဲ့ ဆန်မှုန့်ကိုစကျွေးခြင်း ( အုတ်ဂျုံမှုန့်လို အမျှင်ဓာတ်များတဲ့အစားအစာတွေကို ပြောင်းကျွေးပေးပါ။)
➡️ဖော်မြူလာနို့မှုန့် – ဖော်မြူလာနို့မှုန့်မှာပါတဲ့ ပရိုတင်းဓာတ်က တချို့ကလေးတွေအတွက် ဝမ်းချုပ်စေနိုင်ပါတယ် (လိုအပ်ရင် ဆရာဝန်နဲ့တိုင်ပင်ပြီး တခြားနို့မှုန့် brand တစ်ခု ပြောင်းတိုက်တာမျိုး လုပ်ကြည့်ပေးပါ။)
➡️နွားနို့ – ကလေးအသက် ၁ နှစ်မပြည့်မချင်း မတိုက်သင့်ပါဘူး။ ၁နှစ်ကျော်သွားလို့ တိုက်တဲ့အခါမှာလည်း တစ်နေ့ကို ၁၆-၂၄ အောင်စ (၀.၅-၀.၇ လီတာ) ထက် ပိုမတိုက်သင့်ပါဘူး။
➡️သံဓာတ်ဖြည့်စွက်ဆေး – ဖော်မြူလာထဲပါတဲ့ သံဓာတ်က ဝမ်းမချုပ်စေနိုင်ပေမယ့် သံဓာတ်အားဆေးကတော့ ဝမ်းချုပ်စေနိုင်ပါတယ်။
➡️ရေဓာတ်ခန်းခြောက်ခြင်း – ရေဓာတ်မလုံလောက်ရင်လည်း ဝမ်းချုပ်တတ်ပါတယ်။
➡️နို့ဖြတ်ခြင်း – မိခင်နို့ပမာဏ လျှော့လိုက်တာနဲ့ ရေဓာတ်ခန်းခြောက်ပြီး ဝမ်းချုပ်နိုင်ပါတယ်။
➡️တခြားရောဂါအခြေအနေများ - ရှားပါးပေမယ့် သိုင်းရွိုက်ဟော်မုန်းနည်းပါးခြင်း၊ Cystic Fibrosis၊ Botulism၊ အစားအစာဓာတ်မတည့်ခြင်းနဲ့ ဇီဝဖြစ်ပျက်မှုဆိုင်ရာ ရောဂါအခြေအနေတွေကြောင့်လည်း ဝမ်းချုပ်တတ်ပါတယ်။ ကလေးဝမ်းချုပ်ရတဲ့ အကြောင်းအရင်းကို ရှာမတွေ့ဘူးဆိုရင်တော့ ကလေးအထူးကုဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။

ဒါဆိုရင် ကလေးလေးတွေ ဝမ်းချုပ်တာကို သက်သာအောင် ဘယ်လိုလုပ်ပေးလို့ရမလဲ?

အခုပြောပြပေးသွားမယ့် နည်းလမ်း (၄)ခုကို လိုက်လုပ်ကြည့်ပေးလို့ ရပါတယ်။

🔹လေ့ကျင့်ခန်း လုပ်ပေးပါ။
ကလေးကတွားသွားတတ်ပြီဆိုရင် အခန်းထဲ တွားသွားဖို့ အားပေးပါ။
တွားမသွားတတ်သေးဘူးဆိုရင်လည်း ကလေးကို ပက်လက်အိပ်ခိုင်းပြီး ခြေထောက်လေးတွေကို စက်ဘီးနင်းသလို ရှေ့ကိုဝိုင်းပြီး ညင်ညင်သာသာလေး လှုပ်ရှားပေးပါ။ ဒီအလေ့အကျင့်က အူလမ်းကြောင်းကို ကောင်းမွန်အောင် လှုံ့ဆော်ပေးပါတယ်။

🔹ကလေးရဲ့ဝမ်းဗိုက်ကို နှိပ်နယ်ပေးပါ။
ကလေးရဲ့ဗိုက်ကို ညင်ညင်သာသာ နှိပ်နယ်ပေးတာကလည်း အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။

🔹အစားအစာတွေကို ပြောင်းကျွေးပါ။
ကလေးက အစားအစာ အမျိုးမျိုးကို သေချာစားနိုင်တဲ့အရွယ်ရောက်ပြီဆိုရင် ဝမ်းချုပ်စေတဲ့ အစားအစာတွေ (ဆန်၊ ငှက်ပျောသီး)ကို လျှော့ကျွေးပါ။ ဝမ်းပျော့စေဖို့ အမျှင်ဓာတ်ပါတဲ့ ဆီးသီးအနှစ်၊ ပဲစေ့အနှစ်၊ သင်္ဘောသီးအနှစ်၊ သစ်တော်သီးအနှစ်စတာတွေကို ကျွေးပေးပါ။

အိမ်မှာ ကလေးအစားအစာလုပ်တဲ့အခါ အသီးအနှံအခွံပါ ရောကြိတ်ပေးပါ၊ ဘာလို့လဲဆိုတော့ အခွံမှာ အမျှင်ဓာတ်အများဆုံးပါဝင်လို့ပါ။ ကလေးငယ်လေး သီးခြင်း/နင်ခြင်း (Choking Hazard) မဖြစ်စေဖို့အတွက် သေသေချာချာညက်နေအောင် ကြိတ်ပေးဖို့လည်း လိုအပ်ပါတယ်။

ဖျော်ရည် (သို့မဟုတ်) ရေအနည်းငယ် တိုက်ကျွေးခြင်း

ကလေးလေးတွေ ဝမ်းချုပ်တဲ့အခါ ရေ ဒါမှမဟုတ် သစ်သီးဖျော်ရည် အနည်းငယ်တိုက်ပေးတာက ဝမ်းပျော့စေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် ကလေးအသက်အရွယ်အလိုက် တိုက်ကျွေးရမယ့် ပမာဏနဲ့ သတိပြုရမယ့် အချက်လေးတွေ ရှိပါတယ်။

- အသက် (၁) လမှ (၄) လအထိ
ဒီအရွယ်ကလေးငယ်တွေကို ဖျော်ရည်မတိုက်ခင်မှာ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

- အသက် (၄) လနဲ့အထက်
သစ်တော်သီး၊ ပန်းသီး (သို့မဟုတ်) ဆီးသီး ဖျော်ရည်ကို တစ်နေ့လျှင် ၂ အောင်စမှ ၄ အောင်စ (၆၀-၁၂၀ မီလီလီတာ) ခန့် တိုက်ကျွေးနိုင်ပါတယ်။

မှတ်ချက်။ ၁ ပတ်မှ ၂ ပတ်ခန့်သာ တိုက်ကျွေးသင့်ပါတယ်။ ဒါ့အပြင် ၁၀၀% သဘာဝသစ်သီးစစ်စစ် ဖြစ်ဖို့လိုအပ်ပြီး သကြားလုံးဝ (လုံးဝ) ထပ်မံဖြည့်စွက်ထားခြင်း မရှိတဲ့ ဖျော်ရည်ဖြစ်ဖို့လည်း အလွန်အရေးကြီးပါတယ်။

- အသက် (၆) လမှ (၁၂) လအထိ
ဒီအရွယ်ရောက်ပြီဆိုရင်တော့ ဝမ်းပျော့စေဖို့အတွက် တစ်နေ့လျှင် ၄ အောင်စမှ ၆ အောင်စ (၁၂၀-၁၈၀ မီလီလီတာ) ပမာဏရှိတဲ့ ရေနွေးနွေးလေးကို တိုက်ပေးနိုင်ပါပြီ။

⚠️ အထူးသတိပြုရန် (ရေတိုက်ခြင်း ကန့်သတ်ချက်)

အသက် (၆) လအောက် ကလေးငယ်လေးတွေဟာ မိခင်နို့တမျိုးတည်းသာ တိုက်ရမယ့် ကာလဖြစ်ပါတယ်။ ဆရာဝန်မညွှန်ကြားဘဲ ရေတိုက်ခြင်းဟာ ရေဆိပ်တက်ခြင်း (Water Intoxication) ဆိုတဲ့ အန္တရာယ်ရှိတဲ့ အခြေအနေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်က လိုအပ်လို့ ဖျော်ရည်တိုက်ဖို့ ညွှန်ကြားတာမျိုးကလွဲရင် ကိုယ့်သဘောနဲ့ကိုယ် ရေတိုက်တာမျိုးကို အထူးသတိပြု ရှောင်ကြဉ်ရပါမယ်။

ဝမ်းနှုတ်ဆေးတိုက်လို့ရလား?
ဆရာဝန်နဲ့ မတိုင်ပင်ဘဲ ကလေးကို ဝမ်းနှုတ်ဆေး မတိုက်သင့်ပါဘူး။ လိုအပ်တဲ့အခါမှသာ ဆရာဝန်က ဝမ်းပျော့ဆေး (Stool softeners)၊ Glycerin suppositories တို့ကို ညွှန်ပေးပါလိမ့်မယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်သလဲ?
အသက် ၄ လအောက် ကလေးမှာ ဒီလိုလက္ခဏာတွေ ဖြစ်နေရင် ဆရာဝန်နဲ့ ချက်ချင်းပြပေးပါ။

➡️ဝမ်းမာမာတွေ သွားနေရင်၊
➡️ပုံမှန်သွားလေ့သွားထရှိတဲ့ အချိန်အတိုင်း ၂၄ နာရီအတွင်း ဝမ်းမသွားရင်၊

ကလေးဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် ဒီလိုလက္ခဏာတွေ ဖြစ်လာရင် ဆရာဝန်နဲ့ ချက်ချင်းပြပေးပါ။

➡️အစာမစားချင်ဖြစ်နေရင်၊
➡️ကိုယ်အလေးချိန်ကျနေရင်၊
➡️အော့အန်နေရင်၊
➡️ဝမ်းဗိုက်ဖောင်းကားနေရင်၊
➡️ဝမ်းထဲမှာ သွေးပါနေရင်၊
➡️အားစိုက်ပေမယ့်လည်း ဝမ်းဆက်ချုပ်နေရင်၊
➡️အစားအသောက်ပြောင်းတာမျိုးလို အခြေခံကုသနည်းတွေနဲ့ မထူးခြားရင်၊

မေမေတို့အနေနဲ့ သတိထားရမှာက ကလေးဝမ်းအရမ်းချုပ်လို့ စအိုဝအနီးတစ်ဝိုက် နူးညံ့တဲ့အရေပြားမှာ အက်ကွဲတာမျိုး (fissures) ဖြစ်ပြီး သွေးအနည်းငယ်ပါလာရင် Petroleum Jelly အနည်းငယ်လိမ်းပေးပြီး သန့်ရှင်းခြောက်သွေ့ အောင်ထားပေးပါ။ ဆရာဝန်ကိုလည်း ပြောပြပေးပါ။

အခုဆိုရင်တော့ ကလေးငယ်လေးတွေ ဝမ်းချုပ်တာနဲ့ပတ်သက်ပြီး သိထားသင့်တာလေးတွေရယ် ဘယ်လိုသက်သာအောင် လုပ်ပေးရမလဲဆိုတဲ့ နည်းလမ်းလေးတွေရယ်ကို မေမေတို့ သိသွားလောက်ပြီ ထင်ပါတယ်နော်။

နောက်ထပ်လည်း မေမေတို့အတွက် ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေ ကို တင်ပေးသွားမှာဖြစ်လို့ Page ကို Like & Follow လေး လုပ်ပေးထားကြပါဦးနော် ….

📌𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞
4 quick ways to relieve constipation in babies | BabyCenter

𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ရဲ့ Update များကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက် Viber Channel ကိုပါ Join ပေးထားကြပါဦးနော်…

𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://invite.viber.com/?g2=AQABkjkdsX9HxFGwWZXP%2BnyIOC2axqwK3znxLvTpZNn0MM7Dbntry64Ua2O0ofSE

🏢 𝐒𝐮𝐥𝐞 𝐁𝐫𝐚𝐧𝐜𝐡: 10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township, Yangon

🏢 𝐘𝐚𝐧𝐤𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡: No 56 Ground Floor, Room No 106, Maha Land Business Centre, Yankin Township, Yangon

📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟗 𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://pnp.com.mm/

💌 𝐌𝐚𝐢𝐥 : 𝐜𝐨𝐧𝐭𝐚𝐜𝐭@𝐩𝐧𝐩.𝐜𝐨𝐦.𝐦𝐦

#ဝမ်းချုပ်ခြင်း #ကလေးငယ်များ

ဆေးရုံဆေးခန်း၊ ဓာတ်ခွဲခန်းများအတွက် 𝐂𝐥𝐞𝐚𝐧𝐫𝐨𝐨𝐦 များ တည်ဆောက်ပေးခြင်း𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 မှ ဆေးရုံဆေးခန်းများနဲ့ ဓာတ်ခွဲခန်းမျ...
11/08/2026

ဆေးရုံဆေးခန်း၊ ဓာတ်ခွဲခန်းများအတွက် 𝐂𝐥𝐞𝐚𝐧𝐫𝐨𝐨𝐦 များ တည်ဆောက်ပေးခြင်း

𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 မှ ဆေးရုံဆေးခန်းများနဲ့ ဓာတ်ခွဲခန်းများအတွက် အဓိကလိုအပ်သော 𝐏𝐨𝐬𝐢𝐭𝐢𝐯𝐞 & 𝐍𝐞𝐠𝐚𝐭𝐢𝐯𝐞 𝐏𝐫𝐞𝐬𝐬𝐮𝐫𝐞 𝐂𝐥𝐞𝐚𝐧𝐫𝐨𝐨𝐦 တို့ကို တာဝန်ယူတည်ဆောက်ပေးလျက်ရှိပါတယ်။
ရွေးချယ်စရာ Cleanroom Type အနေနဲ့ကတော့ 𝐌𝐨𝐝𝐮𝐥𝐚𝐫, 𝐒𝐭𝐢𝐜𝐤-𝐛𝐮𝐢𝐥𝐭, နဲ့ 𝐒𝐨𝐟𝐭-𝐰𝐚𝐥𝐥 ဆိုပြီး (၃)မျိုး ရှိပါတယ်။

ကျွန်တော်တို့ 𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 မှာဆိုရင် -

▫️Cleanroom ရဲ့ Size, Layout, Airflow Patterns, Classification ( ISO Class ) စတဲ့ အချက်တွေပေါ်မူတည်ပြီးတော့ ဒီဇိုင်းရေးဆွဲပေးခြင်း၊

▫️Cleanroom Design ရဲ့ လိုအပ်ချက်နဲ့အညီ လျှပ်စစ်မီးစနစ်၊ ရေပိုက်လိုင်း၊ Flooring (Epoxy or Vinyl Floor ) နဲ့ HVAC ( heating, ventilation, and air conditioning ) Systems တို့ကိုလည်း တပ်ဆင်ပေးခြင်း၊

▫️Particle count testing, Air velocity measurements, Pressure differential testing, Temperature and humidity mapping နဲ့ Microbial testing အစရှိတဲ့ Testing တွေကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။

အသေးစိတ်သိရှိလိုပါက 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 - 𝟎𝟗𝟗 𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐 (သို့) Page Messenger မှာ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ရဲ့ Update များကို အချိန်နဲ့ တပြေးညီ သိရှိနိုင်ဖို့အတွက် Viber Channel ကိုပါ Join ပေးထားကြပါဦးနော် …

𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://invite.viber.com/?g2=AQABkjkdsX9HxFGwWZXP%2BnyIOC2axqwK3znxLvTpZNn0MM7Dbntry64Ua2O0ofSE

🏢 𝐒𝐮𝐥𝐞 𝐁𝐫𝐚𝐧𝐜𝐡 : 10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township, Yangon

🏢 𝐊𝐚𝐛𝐚𝐫 𝐀𝐲𝐞 𝐁𝐫𝐚𝐧𝐜𝐡 : No 56 Ground Floor, Room No 106, Maha Land Business Centre , Yankin Township ,Yangon.

📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟗 𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://pnp.com.mm/









ကိုယ်ဝန်ဆောင်ချိန် လေ့ကျင့်ခန်းလုပ်ခြင်း၏ ကောင်းကျိုးများ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်တိုင်း လိုက်နာသင့်တဲ့ အလေ့အကျင့်ကော...
10/08/2026

ကိုယ်ဝန်ဆောင်ချိန် လေ့ကျင့်ခန်းလုပ်ခြင်း၏ ကောင်းကျိုးများ

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်တိုင်း လိုက်နာသင့်တဲ့ အလေ့အကျင့်ကောင်းတစ်ခုက ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ တချို့က ကိုယ်ဝန်ဆောင်ချိန်ဆိုတာ အနားယူသင့်တယ်၊ မလှုပ်ရှားသင့်ဘူးလို့ ထင်နေတတ်ပေမယ့် တကယ်တမ်းမှာတော့ နိုင်ငံတကာ သားဖွားနှင့် မီးယပ်အထူးကုဆရာဝန်များရဲ့ လမ်းညွှန်ချက်တွေအရ "ကိုယ်ဝန်ဆောင်စဉ် သင့်တင့်မျှတတဲ့ လေ့ကျင့်ခန်းလုပ်ခြင်းက မိခင်ရော ကလေးအတွက်ပါ အထူးကောင်းမွန်တယ်" ဆိုတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကိုယ်ဝန်ဆောင်ချိန် လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ ကောင်းကျိုးတွေနဲ့ မေမေတို့ သတိပြုရမယ့် အချက်လေးတွေကိုပါ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်းလုပ်ခြင်း၏ အကျိုးကျေးဇူး (၈) ချက်

🔹စွမ်းအင်ကို တိုးပွားစေနိုင်ခြင်း
ကိုယ်ဝန်ရှိလာချိန်မှာ ခန္ဓာကိုယ်အပြောင်းအလဲတွေကြောင့် မောပန်းလွယ်တတ်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးခြင်းက နှလုံးနဲ့ အဆုတ်ကို သန်စွမ်းစေပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတာကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အားအင်မကုန်ဘဲ လန်းလန်းဆန်းဆန်း လုပ်နိုင်စေပါတယ်။

🔹အိပ်ရေးဝဝအိပ်စေနိုင်ခြင်း
မကြာခဏ ဆီးသွားချင်တာ၊ ရင်ပူတာတွေက ညဘက်အိပ်ရေးပျက်စေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်ကို ပေါ့ပါးစေပြီး ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

🔹ကိုယ်ဝန်ဆောင်ရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း
လေ့လာမှုများအရ လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်းက ကိုယ်ဝန်ဆောင်ဆီးချို (Gestational Diabetes) နဲ့ ကိုယ်ဝန်ဆောင်သွေးတိုး/အဆိပ်တက်ခြင်း (Preeclampsia) ဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ကြောင်း အတည်ပြုထားပါတယ်။

🔹ကိုယ်ဝန်ဆောင်စဉ် မသက်မသာဖြစ်မှုများကို လျှော့ချပေးခြင်း
လမ်းလျှောက်ခြင်းက သွေးလည်ပတ်မှုကောင်းစေပြီး၊ ဆန့်တန်းလေ့ကျင့်ခန်း (Stretching) နဲ့ ယောဂလေ့ကျင့်ခန်းတို့က ခါးနာခြင်းနဲ့ ကြွက်သားတင်းမာမှုတွေကို သက်သာစေပါတယ်။ ရေကူးခြင်းကလည်း ဝမ်းဗိုက်နဲ့ ခါးကြွက်သားတွေကို သန်စွမ်းစေပါတယ်။

🔹ကလေးမီးဖွားရန်အတွက် ပြင်ဆင်ပေးခြင်း
ကလေးမွေးဖွားခြင်းက ခံနိုင်ရည်၊ ဇွဲနဲ့ အာရုံစူးစိုက်မှု အများကြီးလိုအပ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ထားလို့ ကြံ့ခိုင်နေတဲ့ မိခင်ဟာ သက်လုံပိုကောင်းသဖြင့် ကလေးမွေးဖွားချိန် (Labor) ဝေဒနာကို ပိုမိုမြန်ဆန်လွယ်ကူစွာ ဖြတ်သန်းနိုင်ပါတယ်။

🔹စိတ်ဖိစီးမှုကို လျှော့ချပေးပြီး စိတ်ကျန်းမာရေးကို ကောင်းမွန်စေခြင်း
လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ခံစားချက်ကို ကောင်းမွန်စေတဲ့ ဆီရိုတိုနင် (Serotonin) နဲ့ အင်ဒိုဖင် (Endorphins) ဓာတ်တွေကို မြှင့်တင်ပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းတွေကို အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။

🔹မိမိကိုယ်ကို ယုံကြည်မှု တိုးပွားစေခြင်း
ကိုယ်အလေးချိန်တက်လာတာကို မြင်ရတာ စိတ်ညစ်စရာကောင်းနိုင်ပေမယ့်၊ လေ့ကျင့်ခန်းလုပ်ခြင်းက “ကိုယ်နဲ့ကလေးအတွက် အကောင်းဆုံး ပြင်ဆင်နေတယ်” ဆိုတဲ့ အသိကို ရရှိစေပြီး မိခင်ကို ပိုမိုယုံကြည်မှု ရှိလာစေပါတယ်။

🔹မီးဖွားပြီးနောက် မြန်မြန်ဆန်ဆန် ပြန်လည်နာလန်ထူခြင်း
ကိုယ်ဝန်ဆောင်ချိန် ကြွက်သားသန်စွမ်းအောင် လုပ်ထားခြင်းက ကလေးမွေးဖွားပြီးနောက် (Postpartum) ခန္ဓာကိုယ် ပုံမှန်အနေအထားကို အမြန်ဆုံးပြန်ရောက်ဖို့နဲ့ မွေးကင်းစကလေးကို ပြုစုရတာ ပိုမိုလွယ်ကူစေပါတယ်။

လေ့ကျင့်ခန်းမလုပ်ခင် မေမေတို့ သတိပြုရမယ့် အချက်တွေကတော့ -

ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ရက်ကို မိနစ် ၂၀-၃၀ ခန့် (တစ်ပတ်လျှင် စုစုပေါင်း မိနစ် ၁၅၀ ခန့်) လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ ယောဂကျင့်ခြင်းစတဲ့ သင့်တင့်တဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် အောက်ပါအခြေအနေတွေ ရှိနေရင်တော့ အထူးသတိပြုရပါမယ်။

➡️ လေ့ကျင့်ခန်း လုံးဝမလုပ်သင့်သော အခြေအနေများ (𝐂𝐨𝐧𝐭𝐫𝐚𝐢𝐧𝐝𝐢𝐜𝐚𝐭𝐢𝐨𝐧𝐬):
အချင်းရှေ့ရောက်နေခြင်း (Placenta Previa)၊ လမစေ့ဘဲ မွေးဖွားနိုင်ခြေရှိခြင်း (Risk of Preterm Labor)၊ သားအိမ်ခေါင်းမလုံခြင်း၊ ရေမြွာပေါက်နေခြင်းနဲ့ ပြင်းထန်တဲ့ နှလုံး/အဆုတ်ရောဂါ ရှိသူများအနေနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

➡️ ချက်ချင်းရပ်တန့်ပြီး ဆရာဝန်ပြသရမယ့် လက္ခဏာများ:
လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း မိန်းမကိုယ်မှ သွေးဆင်းခြင်း၊ မူးဝေခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်း၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း သို့မဟုတ် သားအိမ်ပုံမှန်မဟုတ်ဘဲ ညှစ်ခြင်းများ ခံစားရပါက လေ့ကျင့်ခန်းကို ချက်ချင်းရပ်တန့်ပြီး ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

မေမေတို့အနေနဲ့ မိမိရဲ့ ကိုယ်ဝန်အခြေအနေဟာ ဆေးဘက်ဆိုင်ရာ အတားအဆီးမရှိဘူးဆိုရင် လေ့ကျင့်ခန်းလုပ်ဖို့ တွန့်ဆုတ်မနေပါနဲ့နော်။ လုံခြုံစိတ်ချရမှုရှိစေဖို့ မိမိရဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီးတာနဲ့ ပုံမှန်လေ့ကျင့်ခန်း အနည်းငယ်လောက်ကို စလုပ်ပေးလို့ ရပါတယ်ရှင်။

ကိုယ်ဝန်ဆောင် မေမေတို့အားလုံး ဘေးကင်းကျန်းမာပြီး တက်ကြွလန်းဆန်းတဲ့ ကိုယ်ဝန်ဆောင်ဘဝကို ပိုင်ဆိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။

နောက်ထပ်လည်း ကိုယ်ဝန်ဆောင်မေမေတို့အတွက် ဒီလိုမျိုး ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို ဆက်တိုက်တင်ပေးသွားမှာဖြစ်လို့ Page ကို Like & Follow လေး လုပ်ပေးထားကြပါဦးနော်……..

📌𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞
https://www.babycenter.com/pregnancy/diet-and-fitness/eight-great-benefits-of-pregnancy-exercise_7864

𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ရဲ့ Update များကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက် Viber Channel ကိုပါ Join ပေးထားကြပါဦးနော်…

𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://invite.viber.com/?g2=AQABkjkdsX9HxFGwWZXP%2BnyIOC2axqwK3znxLvTpZNn0MM7Dbntry64Ua2O0ofSE

🏢 𝐒𝐮𝐥𝐞 𝐁𝐫𝐚𝐧𝐜𝐡: 10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township, Yangon

🏢 𝐘𝐚𝐧𝐤𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡: No 56 Ground Floor, Room No 106, Maha Land Business Centre, Yankin Township, Yangon

📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟗 𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://pnp.com.mm/

💌 𝐌𝐚𝐢𝐥 : 𝐜𝐨𝐧𝐭𝐚𝐜𝐭@𝐩𝐧𝐩.𝐜𝐨𝐦.𝐦𝐦

#ကိုယ်ဝန်ဆောင်စဥ်လေ့ကျင့်ခန်းလုပ်ခြင်း #ကိုယ်ဝန်ဆောင်မိခင်

ကိုယ်ဝန်ဆောင်ချိန် ခြေထောက်မငြိမ်မသက်ဖြစ်ခြင်း (Restless Legs Syndrome) အတွက် သက်သာစေမယ့် နည်းလမ်း (၁၀) ခု ကိုယ်ဝန်ဆောင်...
07/08/2026

ကိုယ်ဝန်ဆောင်ချိန် ခြေထောက်မငြိမ်မသက်ဖြစ်ခြင်း (Restless Legs Syndrome) အတွက် သက်သာစေမယ့် နည်းလမ်း (၁၀) ခု

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်တိုင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် တချို့မေမေတွေအနေနဲ့ ညအချိန် ခြေထောက်ထဲမှာ တစ်ခုခု တွားသွားသလို၊ ယားယံသလိုမျိုး ခံစားရတတ်ပြီး မလှုပ်ရမနေနိုင်အောင် စိတ်တိုဒေါသထွက်စရာမျိုး ကြုံရတတ်ပါတယ်။ ဒါကို ခြေထောက်မငြိမ်မသက်ဖြစ်ခြင်း (𝐑𝐞𝐬𝐭𝐥𝐞𝐬𝐬 𝐋𝐞𝐠𝐬 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞 - 𝐑𝐋𝐒) လို့ ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေအဖြစ်များတဲ့ ဝေဒနာတစ်ခုပါ။

လေ့လာမှုများအရ ကိုယ်ဝန်ဆောင် အမျိုးသမီး ၃ ဦးမှာ ၁ ဦးက RLS ခံစားရတတ်ပြီး အထူးသဖြင့် ကိုယ်ဝန် ဒုတိယနဲ့ တတိယသုံးလပတ်တွေမှာ ပိုဆိုးရွားတတ်ပါတယ်။ ဒီဝေဒနာက ကလေးကိုဖြစ်စေ၊ အမေကိုဖြစ်စေ ဘေးအန္တရာယ်မရှိဘဲ ကလေးမွေးဖွားပြီးနောက် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ အလိုအလျောက် ပျောက်ကင်းသွားတတ်ပါတယ်။ ဒီဝေဒနာကို သက်သာအောင် လုပ်ရမယ့်နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။

(၁) ညင်သာစွာ လေ့ကျင့်ခန်းလုပ်ခြင်း
တစ်နေ့တာအတွင်း ပုံမှန်‌လေ့ကျင့်ခန်းတွေ (ဥပမာ - လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ ထိုင်ထပြုလုပ်ခြင်း) လုပ်ပေးတာက ကြွက်သားတင်းမာတာကို ပြေလျော့စေပါတယ်။ အိပ်ရာမဝင်ခင် ၃-၄ နာရီအတွင်း ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်တာကိုတော့ ရှောင်ပေးပါ။

(၂) ဆန့်တန်းလေ့ကျင့်ခန်း(Stretching exercise) နဲ့ ယောဂ
အိပ်ရာမဝင်ခင် မိနစ် ၂၀ လောက် ညင်သာစွာ Stretching exercise သို့မဟုတ် ကိုယ်ဝန်ဆောင်ယောဂ ပြုလုပ်ပေးခြင်းက ကြွက်သားတင်းမာမှုကို လျှော့ချပေးနိုင်ပါတယ်။ အထူးသဖြင့် ခြေသလုံး၊ ပေါင်နောက်ဘက်နဲ့ ပေါင်ရင်းတစ်ဝိုက်ကို ဆန့်တန်းပေးတာက အကောင်းဆုံးဖြစ်ပါတယ်။

(၃) နှိပ်နယ်ပေးခြင်း
ညဘက်အိပ်ရာမဝင်ခင် ခြေထောက်၊ ခြေဖဝါးနဲ့ ပေါင်တွေကို အုန်းဆီ သို့မဟုတ် ဗာဒံဆီနဲ့ ညင်သာစွာ နှိပ်နယ်ပေးမယ်ဆိုရင် သွေးလည်ပတ်မှုကောင်းစေပြီး မငြိမ်မသက်ဖြစ်မှုကိုလည်း သက်သာစေပါတယ်။ အိမ်သုံးလက်နှိပ်စက် (massager) ကိုလည်း အသုံးပြုနိုင်ပါတယ်။

(၄) အပူပေးခြင်း
ရေနွေးနွေးနဲ့ ရေချိုးခြင်း၊ ရေနွေးအိတ် သို့မဟုတ် အပူပေးခေါင်းအုံးကို ခြေသလုံး သို့မဟုတ် ပေါင်ပေါ်တင်ထားပေးခြင်းကလည်း ကြွက်သားတွေကို ပြေလျော့စေပြီး ဝေဒနာကိုလည်း သက်သာစေပါတယ်။ ( ရေတအားပူတာကိုတော့ ရှောင်ပေးပါ )

(၅) အအေးခံခြင်း
တချို့မိခင်တွေအတွက် အအေးက ပိုသက်သာစေပါတယ်။ ခြေထောက်ကို ရေအေးအေးနဲ့ စိမ်တာ၊ ရေခဲအိတ်ကို ခြေဖဝါးအောက် ၅-၁၀ မိနစ်လောက် ထားပြီး ကပ်ပေးတာ သို့မဟုတ် menthol ပါတဲ့ လိမ်းဆေးကို ခြေသလုံးမှာ လိမ်းပေးတာက အာရုံကြောကို ပြောင်းလဲစေနိုင်ပါတယ်။

(၆) အပန်းဖြေနည်းနဲ့ အသက်ရှူလေ့ကျင့်ခန်း
စိတ်တည်ငြိမ်အောင်ထားခြင်းက RLS ကို အနိုင်ယူနိုင်ပါတယ်။ ဒီအတိုင်း လုပ်ကြည့်ပါ။
➡️ခြေချောင်းတွေကို ကွေးထားပြီး အသက်ရှူသွင်း၊ ၅-၁၀ စက္ကန့်ထား၊ ပြေလျော့လိုက်ပါ။
➡️ခြေဖဝါးကနေစပြီး မျက်နှာအထိ တစ်ကိုယ်လုံးကို အလားတူ လုပ်ပါ။
➡️မျက်လုံးပိတ်ပြီး ၁၀ ကနေ ၁ ကို ရေတွက်ပါ။ ဂဏန်းတိုင်းမှာ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ အိပ်ရာနဲ့ တစ်သားတည်းဖြစ်သွားပြီလို့ တွေးပေးပါ။

(၇) အိပ်ရာဝင်ချိန် ပြုလုပ်နိုင်တဲ့ ကုထုံးများ
အိပ်ရာမဝင်ခင် နှစ်နာရီအလို ခြေထောက်ကို Epsom ဆားနဲ့ ရေနွေးနွေးစိမ်ပါ။ ခြောက်အောင် သုတ်ပြီး ဆေးပရုတ်ဆီကို ခြေဖဝါးနဲ့ ခြေချင်းဝတ်မှာ လိမ်းပေးပါ။

(၈) အိပ်ရာမဝင်မီ အစာအနည်းငယ်စားခြင်း
Magnesium ကြွယ်ဝသောအစားအစာ – ရွှေဖရုံစေ့၊ ဗာဒံစေ့၊ ဟင်းနုနွယ်ရွက်တို့ကိုလည်း စားသုံးနိုင်ပါတယ်။

(၉) လိင်ပိုင်းဆိုင်ရာ ကျေနပ်မှု ရရှိခြင်း
လိင်ပိုင်းဆိုင်ရာ ကျေနပ်မှု ရရှိချိန်တွင် ခန္ဓာကိုယ်ကနေ "အင်ဒိုဖင် (endorphins)" လို့ ခေါ်တဲ့ သဘာဝ ပျော်ရွှင်စေတဲ့ ဓာတုပစ္စည်းကို ထုတ်လွှတ်ပေးပါတယ်။ ဒီ Endorphins ဓာတ်က ကြွက်သားတွေကို ပြေလျော့စေပြီး ခန္ဓာကိုယ်တစ်ခုလုံး အေးချမ်းစေကာ RLS လက္ခဏာတွေကို လျှော့ချပေးနိုင်ပါတယ်။

(၁၀) ဆရာဝန်နဲ့ တိုင်ပင်ပြီး ဖြည့်စွက်စာသောက်ပါ
သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ် ဖြည့်စွက်စာတွေက RLS ကို သက်သာစေနိုင်ပါတယ်။ ဆရာဝန်ခွင့်ပြုမှသာ သောက်ပါ။

❕သတိပြုရန် အချက်များ (RLS ရှိလျှင် ရှောင်ရန် )
➡️ ကဖိန်းဓာတ် – လက်ဖက်ရည်၊ ကော်ဖီ၊ ကိုလာ၊ ချောကလက်
➡️ ဆေးလိပ် နဲ့ အရက်
➡️ ဓာတ်မတည့်မှုတိုက်ဖျက်ဆေး (Antihistamines) – အထူးသဖြင့် diphenhydramine (Benadryl) ပါတဲ့ဆေးများ
➡️ အိပ်ရာပေါ်တွင် နိုးနိုးကြားကြားလှဲနေခြင်း – အိပ်ချင်မှ အိပ်ရာဝင်ပေးပါ

ခြေထောက်မငြိမ်မသက်ဖြစ်ခြင်းက ကိုယ်ဝန်ဆောင်စဉ် အလွန်အဖြစ်များပြီး အိပ်ရေးပျက်စေပေမယ့်လည်း ခဏယာယီဖြစ်ပြီး ကလေးမွေးဖွားပြီးတဲ့နောက် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ပျောက်ကင်းသွားတတ်ပါတယ်။ အရေးကြီးဆုံးကတော့ မိခင်တိုင်း စိတ်ရှည်သည်းခံပြီး ကိုယ်နဲ့ အသင့်တော်ဆုံး နည်းလမ်းကို ရှာဖွေဖို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ ရောဂါလက္ခဏာက ပိုပြီးပြင်းထန်လာမယ်ဆိုရင် ဆရာဝန်နဲ့ ပြသပြီး သွေးအားနည်းခြင်း၊ သံဓာတ်ချို့တဲ့ခြင်း စတာတွေကို စစ်ဆေးသင့်ပါတယ်။

အခုဆိုရင်တော့ မေမေတို့ ကိုယ်ဝန်ဆောင်ချိန်မှာ ခြေထောက်မငြိမ်မသက်ဖြစ်ခြင်း (𝐑𝐞𝐬𝐭𝐥𝐞𝐬𝐬 𝐋𝐞𝐠𝐬 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞) အတွက် သက်သာစေမယ့် နည်းလမ်းလေးတွေကို သေချာသိသွားလောက်ပြီလို့ထင်ပါတယ်နော်။ ကိုယ်ဝန်ဆောင် မေမေတို့အားလုံး တက်ကြွလန်းဆန်းတဲ့ ကိုယ်ဝန်ဆောင်ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်

နောက်ထပ်လည်း ကိုယ်ဝန်ဆောင်မေမေတို့အတွက် ဒီလိုမျိုး ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို တင်ပေးသွားမှာဖြစ်လို့ Page ကို Like & Follow လေး လုပ်ပေးထားကြပါဦးနော်……..

📌𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞
https://www.babycenter.com/pregnancy/your-body/sleep-problem-restless-legs-syndrome-during-pregnancy_7549

𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ရဲ့ Update များကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက် Viber Channel ကိုပါ Join ပေးထားကြပါဦးနော်…

𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://invite.viber.com/?g2=AQABkjkdsX9HxFGwWZXP%2BnyIOC2axqwK3znxLvTpZNn0MM7Dbntry64Ua2O0ofSE

🏢 𝐒𝐮𝐥𝐞 𝐁𝐫𝐚𝐧𝐜𝐡: 10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township, Yangon

🏢 𝐘𝐚𝐧𝐤𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡: No 56 Ground Floor, Room No 106, Maha Land Business Centre, Yankin Township, Yangon

📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟗 𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://pnp.com.mm/

💌 𝐌𝐚𝐢𝐥 : 𝐜𝐨𝐧𝐭𝐚𝐜𝐭@𝐩𝐧𝐩.𝐜𝐨𝐦.𝐦𝐦

#ခြေထောက်မလှုပ်ရမနေနိုင်ခြင်း # #ကိုယ်ဝန်ဆောင်မိခင်

04/08/2026

ဗိုက်ထဲက ကလေးလေးနဲ့ စကားပြောတာက အလေ့အကျင့်ကောင်းလား ? 👶🤍




𝐖𝐨𝐫𝐥𝐝 𝐋𝐮𝐧𝐠 𝐂𝐚𝐧𝐜𝐞𝐫 𝐃𝐚𝐲 ၂၀၂၆ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့ဟာ 𝐖𝐨𝐫𝐥𝐝 𝐋𝐮𝐧𝐠 𝐂𝐚𝐧𝐜𝐞𝐫 𝐃𝐚𝐲 ဖြစ်ပါတယ်။ဒီနေ့မှာ အဆုတ်ကင်ဆာနဲ့ပတ်သက်ပြီး လ...
01/08/2026

𝐖𝐨𝐫𝐥𝐝 𝐋𝐮𝐧𝐠 𝐂𝐚𝐧𝐜𝐞𝐫 𝐃𝐚𝐲

၂၀၂၆ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့ဟာ 𝐖𝐨𝐫𝐥𝐝 𝐋𝐮𝐧𝐠 𝐂𝐚𝐧𝐜𝐞𝐫 𝐃𝐚𝐲 ဖြစ်ပါတယ်။
ဒီနေ့မှာ အဆုတ်ကင်ဆာနဲ့ပတ်သက်ပြီး လူတွေပိုမိုသိရှိလာစေရန်နဲ့ ကာကွယ်နည်းများ၊ ရောဂါကို စောစီးစွာသိရှိပြီး ကုသမှုခံယူနိုင်ရန် စတဲ့ ရည်ရွယ်ချက်များနဲ့ ကျင်းပတာဖြစ်ပါတယ်။

အဆုတ်ကင်ဆာဟာ အဖြစ်အများဆုံးကင်ဆာတွေထဲက တစ်ခုဖြစ်ပြီးတော့ အဓိကဖြစ်ရတဲ့ အကြောင်းအရင်းကတော့ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပါတယ်။ လေထုညစ်ညမ်းမှုနဲ့ ဆေးလိပ်ငွေ့ကို တစ်ဆင့်ခံရှုရှိုက်မိတဲ့ အခါမှာလည်း အဆုတ်ကင်ဆာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ရှားပြီး မိမိကိုယ်တိုင်ရော ချစ်ရတဲ့သူတွေရဲ့ ကျန်းမာရေးကိုပါ အတူတကွ ကာကွယ်ပေးကြပါစို့ …

#အဆုတ်ကင်ဆာ

ကိုယ်ဝန်ဆောင်မေမေတို့အတွက် ဆေးလိပ်သောက်ခြင်း အန္တရာယ် 🚭ကိုယ်ဝန်ဆောင်ချိန်မှာ  𝐂𝐢𝐠𝐚𝐫𝐞𝐭𝐭𝐞𝐬 နဲ့ 𝐄- 𝐜𝐢𝐠𝐚𝐫𝐞𝐭𝐭𝐞𝐬 သောက်တာက အလွန...
31/07/2026

ကိုယ်ဝန်ဆောင်မေမေတို့အတွက် ဆေးလိပ်သောက်ခြင်း အန္တရာယ် 🚭

ကိုယ်ဝန်ဆောင်ချိန်မှာ 𝐂𝐢𝐠𝐚𝐫𝐞𝐭𝐭𝐞𝐬 နဲ့ 𝐄- 𝐜𝐢𝐠𝐚𝐫𝐞𝐭𝐭𝐞𝐬 သောက်တာက အလွန်ကို အန္တရာယ်များပါတယ်။ ဒါက မိခင်နဲ့ကလေးအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိလဲ၊ ဘယ်လိုဖြတ်နိုင်မလဲဆိုတာကို sharing လုပ်ပေးသွားပါ့မယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်ဖြတ်ဖို့ ခက်ခဲနေလား ?

ဒါက နှစ်နဲ့ချီပြီး အကျင့်ပါနေတဲ့သူတွေအတွက် တကယ့်ကို ခက်ခဲတဲ့ တိုက်ပွဲကြီးတစ်ခုပါ။ ဒါကြောင့်လည်း ကိုယ်ဝန်ဆောင်မိခင် (၇) ရာခိုင်နှုန်းကျော်က ဆက်လက်သောက်နေကြတာပါ။

ကိုယ်ဝန်ဆောင်ချိန် ဆေးလိပ် သောက်တာ အန္တရာယ်ကင်းပါသလား ?

လုံးဝ မကင်းပါဘူး။ ဆေးလိပ်မီးခိုးထဲမှာ နီကိုတင်း၊ ဓာတုပစ္စည်းပေါင်း ၄၀၀၀ လောက်ပါဝင်ပြီး အဲဒီထဲက အဓိကအန္တရာယ်ရှိတဲ့အရာတွေဟာ အချင်းကိုဖြတ်ပြီး ကလေးဆီကို ရောက်သွားနိုင်ပါတယ်။ ကိုယ်ဝန်မရသေးခင်ကတည်းက ဆေးလိပ် ဖြတ်ဖို့ကြိုးစားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ စီးကရက်က ကိုယ်ဝန်ရရှိနိုင်ခြေကို ကျဆင်းစေနိုင်လို့ပါ။

ကိုယ်ဝန်ဆောင်ချိန် E - ci******es (𝐕𝐚𝐩𝐞) က ပိုပြီး ဘေးကင်းသလား ?

လုံးဝမဟုတ်ပါဘူး။ 𝐄- 𝐜𝐢𝐠𝐚𝐫𝐞𝐭𝐭𝐞𝐬 က စီးကရက်ထက် ဓာတုပစ္စည်းနည်းပေမယ့်၊ နီကိုတင်းနဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေကတော့ ပါနေဆဲပါ။ ဒါတွေက ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု၊ နှလုံးနဲ့ အဆုတ်ကို ထိခိုက်စေနိုင်ပါတယ်။ အဓိကအချက်ကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ E- ci******es ကိုလည်း ရှောင်ကြဉ်ဖို့ပဲဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် 𝐂𝐢𝐠𝐚𝐫𝐞𝐭𝐭𝐞𝐬 နဲ့ 𝐄- 𝐜𝐢𝐠𝐚𝐫𝐞𝐭𝐭𝐞𝐬 သောက်ရင် ဘာတွေဖြစ်နိုင်သလဲ ?

မိခင်အတွက် အန္တရာယ်များ -

▪️အချင်းဆိုင်ရာ ပြဿနာများ - ကလေးအာဟာရ မရဖြစ်ခြင်း၊ သွေးအလွန်ထွက်ခြင်း၊ ကလေးအသေမွေးခြင်းတို့ ဖြစ်နိုင်ပါတယ်။

▪️လမစေ့ဘဲ မီးဖွားခြင်း - တစ်နေ့ကို စီးကရက်အနည်းငယ်ပဲသောက်တာတောင် လမစေ့ဘဲ မွေးဖွားနိုင်ခြေ မြင့်မားပါတယ်။

▪️ကိုယ်ဝန်ပျက်ကျခြင်းနဲ့ သန္ဓေသားအဖတ်မတင်ခြင်း - စီးကရက်သောက်တာက သန္ဓေသားသေဆုံးနိုင်ခြေကို ၄၇% အထိ တိုးစေပါတယ်။

▪️ရောဂါအသစ်များ ဖြစ်ပေါ်နိုင်ခြေ - အဆုတ်၊ နှလုံး၊ လေဖြတ်ခြင်း၊ ဆီးချိုနဲ့ ကင်ဆာအမျိုးမျိုး ဖြစ်နိုင်ခြေ မြင့်မားပါတယ်။

ကလေးအတွက် အန္တရာယ်များ -

▫️လမစေ့ဘဲ မွေးဖွားခြင်း - လမစေ့ဘဲမွေးရင် ကလေးက အသက်တစ်လျှောက်လုံး အဝလွန်ခြင်း၊ အဆုတ်နဲ့ အမြင်အာရုံ ချို့ယွင်းခြင်း၊ သင်ယူမှုအခက်အခဲရှိတာ စတာတွေ ကြုံတွေ့ရနိုင်ပါတယ်။

▫️ကိုယ်အလေးချိန်နည်းပြီး အရပ်ပုခြင်း - မေမေတို့သောက်တဲ့ စီးကရက်အရေအတွက် များလေ၊ ကလေးရဲ့ ကိုယ်အလေးချိန်နည်းပြီး အရပ် ပုနိုင်ခြေ ပိုများပါတယ်။

▫️အဆုတ်လုပ်ဆောင်ချက် အားနည်းခြင်း - ပန်းနာရင်ကျပ်၊ အသက်ရှူကြပ်ခြင်းနဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းတွေ ခံစားရနိုင်ပါတယ်။

▫️ဦးနှောက်ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများ - ကလေးရဲ့ ဦးနှောက်ထုထည် သေးငယ်ခြင်း၊ စိတ်ခံစားချက်နဲ့ မှတ်ဉာဏ်ကို ထိန်းချုပ်တဲ့ တစ်ရှူးတွေ သေးငယ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

▫️ရုတ်တရက် ကလေးသေဆုံးမှုအန္တရာယ် (SIDS) - ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်က 𝐂𝐢𝐠𝐚𝐫𝐞𝐭𝐭𝐞𝐬 နဲ့ 𝐄- 𝐜𝐢𝐠𝐚𝐫𝐞𝐭𝐭𝐞𝐬 တွေ မသောက်ခဲ့ရင် သုံးပုံတစ်ပုံသော ရုတ်တရက်ကလေးသေဆုံးမှုတွေကို ကာကွယ်နိုင်ပါတယ်။

▫️အာခေါင်ကွဲခြင်း အပါအဝင် မွေးရာပါချို့ယွင်းချက်တွေ ဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ တခြားသူဆီက ဆေးလိပ်ငွေ့ကို ရှူမိရင်ရော အန္တရာယ်ရှိလား?

အလွန်အန္တရာယ်များပါတယ်။ ကိုယ်တိုင်သောက်တာနဲ့ အခြားသူသောက်တဲ့ အငွေ့ကို ရှူမိတာက အန္တရာယ်ရှိတာချင်း အတူတူပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ မိသားစုဝင်တွေကို ကိုယ့်အနားမှာ ဆေးလိပ်မသောက်ဖို့ ကြိုတင်ပြောထားသင့်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်သောက်တာကို ဘယ်လိုဖြတ်မလဲ ?

အများစုအတွက်ဆေးလိပ်သောက်တာဟာ နီကိုတင်းစွဲလမ်းတာထက် အကျင့်တစ်ခုအနေနဲ့ ပိုဖြစ်နေတာပါ။ ဒါကြောင့် အောက်ပါနည်းလမ်းတွေက ထိရောက်ပါတယ်။

🔹အလေ့အထကိုပြောင်းပါ - မနက်ခင်း ကော်ဖီသောက်ရင်း ဆေးလိပ်သောက်တတ်တယ်ဆိုရင် ကော်ဖီအစား လက်ဖက်ရည်သောက်ပြီး၊ ဆေးလိပ်မသောက်နိုင်တဲ့/သောက်မရတဲ့ နေရာမှာ သွားသောက်ပါ။

🔹ဆေးလိပ် သောက်ဖြစ်အောင် ဆွယ်တတ်တဲ့ အရာတွေ (ဥပမာ - ဆေးလိပ်နံ့) ကို ဝေးဝေးရှောင်ပါ။

🔹အနည်းဆုံးဖြစ်အောင် လျှော့သောက်ပါ - လုံးဝမဖြတ်နိုင်သေးရင်တောင် သောက်တဲ့အရေအတွက်ကို တတ်နိုင်သမျှ လျှော့လိုက်တာဟာ ကလေးအတွက် အကျိုးရှိပါတယ်။

🔹နောက်ဆုံးအချက်ကတော့ ကိုယ့်ကိုယ်ကို စိတ်ရှည်ပါ။ ကိုယ်က ပြန်သောက်မိသွားရင်လည်း စိတ်မပူပါနဲ့။ အောင်မြင်တဲ့အထိ ထပ်ခါထပ်ခါ ကြိုးစားသွားလို့ရပါတယ်။

အခုဆိုရင်တော့ ကိုယ်ဝန်ဆောင်မေမေတို့ ဆေးလိပ်သောက်တာက မိခင်ရော ကလေးအတွက်ပါ ဘယ်လောက်ထိ အန္တရာယ် ဖြစ်စေနိုင်လဲဆိုတာနဲ့ပတ်သက်ပြီးသေချာသိသွားပြီလို့ မျှော်လင့်ပါတယ်။

မေမေတို့အတွက် ကျန်းမာလှပတဲ့ ကိုယ်ဝန်ဆောင်ကာလလေး ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။

နောက်ထပ်လည်း ကိုယ်ဝန်ဆောင်မေမေတို့အတွက် ဒီလိုမျိုး ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို တင်ပေးသွားမှာဖြစ်လို့ Page ကို Like & Follow လေး လုပ်ပေးထားကြပါဦးနော်….။

📌𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞
https://www.thebump.com/a/why-its-dangerous-smoke-during-pregnancy

𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ရဲ့ Update များကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက် Viber Channel ကိုပါ Join ပေးထားကြပါဦးနော်…

𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://invite.viber.com/?g2=AQABkjkdsX9HxFGwWZXP%2BnyIOC2axqwK3znxLvTpZNn0MM7Dbntry64Ua2O0ofSE

🏢 𝐒𝐮𝐥𝐞 𝐁𝐫𝐚𝐧𝐜𝐡: 10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township, Yangon

🏢 𝐘𝐚𝐧𝐤𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡: No 56 Ground Floor, Room No 106, Maha Land Business Centre, Yankin Township, Yangon

📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟗 𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://pnp.com.mm/

💌 𝐌𝐚𝐢𝐥 : 𝐜𝐨𝐧𝐭𝐚𝐜𝐭@𝐩𝐧𝐩.𝐜𝐨𝐦.𝐦𝐦

******es #ကိုယ်ဝန်ဆောင်မိခင်

ဝါဆိုလပြည့်နေ့ ( ဓမ္မစကြာ အခါတော်နေ့ ) 🌕၂၀၂၆ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်နေ့တွင် ကျရောက်သော “ ဝါဆိုလပြည့်နေ့”သည် ဗုဒ္ဓဘာသာဝင်...
29/07/2026

ဝါဆိုလပြည့်နေ့ ( ဓမ္မစကြာ အခါတော်နေ့ ) 🌕

၂၀၂၆ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်နေ့တွင် ကျရောက်သော “ ဝါဆိုလပြည့်နေ့”သည် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်ပါသည်။

ယခုလို မင်္ဂလာရှိသော နေ့ထူးနေ့မြတ်လေးမှာ ခုနှစ်ရက်သားသမီးများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေလို့ 𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာအခါတော်နေ့

Address

#10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township
Yangon
11182

Alerts

Be the first to know and let us send you an email when Pulse & Purpose posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pulse & Purpose:

Shortcuts

Share