Appeton Myanmar

Appeton Myanmar အရပ်ရှည်ဖို့ လိုအပ်နေတဲ့ ဒီအချိန်တွေအတွက် Appeton Essentials Teengrow

ဉာဏ်စမ်းလေးတွေဖြေရင်း လက်ဆောင်ယူကြတဲ့ အစီအစဉ်လေးရဲ့ နောက်ဆုံးအပတ်လေးကို ရောက်ရှိလာပါပြီ 😉ဒီတစ်ခေါက်မှာတော့ တစ်မျိုးဆန်းအ...
14/08/2026

ဉာဏ်စမ်းလေးတွေဖြေရင်း လက်ဆောင်ယူကြတဲ့ အစီအစဉ်လေးရဲ့ နောက်ဆုံးအပတ်လေးကို ရောက်ရှိလာပါပြီ 😉

ဒီတစ်ခေါက်မှာတော့ တစ်မျိုးဆန်းအောင် (မှန်/မှား) ပုံစံလေးနဲ့ မေးခွန်းလေးလုပ်ထားပါတယ်။ ဘယ်ဘက်ကစမ်းစမ်း Hi-Q နဲ့အစွမ်းပြကြမဲ့ ကလေးတွေအတွက်တော့ အေးဆေးပဲထင်ပါတယ်။
ကဲ မေးခွန်းလေးတွေကို ကြည့်ကြရအောင် 💪

1. ဒိုင်နိုဆောတွေအကုန်လုံးက ဥကပေါက်တဲ့ သတ္တဝါတွေဖြစ်ပါတယ် ✅❌
2. T-Rex အစရှိတဲ့ အသားစားဒိုင်နိုဆောတွေက ခြေလေးချောင်းအသုံးပြုပြီး သွားလာလှုပ်ရှားပါတယ် ✅❌
3. တစ်ချို့ဒိုင်နိုဆောတွေက အခုခေတ်ကြက်တစ်ကောင်အရွယ်အစားထက် သေးငယ်ပါတယ် ✅❌
4. ဥကပေါက်ကာစ ဘေဘီ T-Rex လေးတွေရဲ့အရွယ်အစားက ပုံမှန်အိမ်စီးကားတစ်စီးစာအရွယ်လောက်ရှိပါတယ် ✅❌

အခုပြောထားအချက်အလက်တစ်ခုစီတိုင်းကို မှန် ✅ (သို့) မှား ❌ဆိုပြီး မှတ်ချက်တွေပေးပေးရမှာဖြစ်ပါတယ်။ အချက်လေးခုလုံးမှန်ကန်စွာဖြေဆိုပြီးမှန်/မှား ကိုသေချာမှန်မှန်ပြောနိုင်တဲ့သူကိုပဲ အဖြေမှန်သူအဖြစ်သတ်မှတ်မှာဖြစ်တာကြောင့် နံပါတ်စဉ်အတိုင်း မှန် (သို့) မှား သေချာလေးဖြေပေးဖို့လိုပါမယ်။
နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဖို့အတွက် ဒီတစ်ပတ်ကြာသပတေးနေ့ကို နောက်ဆုံးထားပြီး comment မှာဖြေပေးဖို့မမေ့နဲ့နော် 💪

ဒီအစီအစဥ်မှာလွဲခဲ့မယ်ဆိုလည်း စိတ်ဓာတ်မကျပဲ Coloring Contest လေး မှာလည်း DHA ပါဝင်တဲ့ Hi-Q ဆေးဗူးလေးကို လက်ဆောင်ရယူလို့ ရတယ်နော်။ Post Link လေးကတော့ ဒီမှာနော် 👇
https://www.facebook.com/photo/?fbid=1525686066268541&set=a.651813093655847

Hi-Q နဲ့ ဉာဏ်ရည်အပြိုင်သွေးကြတဲ့ ကလေးတွေထဲက တတိယအပတ် ဉာဏ်စမ်းအဖြေမှန်အတွက် ဆုလက်ဆောင်ရရှိတဲ့သူတွေ ထွက်ပေါ်လာပါပြီ ​အဖြေမ...
14/08/2026

Hi-Q နဲ့ ဉာဏ်ရည်အပြိုင်သွေးကြတဲ့ ကလေးတွေထဲက တတိယအပတ် ဉာဏ်စမ်းအဖြေမှန်အတွက် ဆုလက်ဆောင်ရရှိတဲ့သူတွေ ထွက်ပေါ်လာပါပြီ ​

အဖြေမှန်ဖြစ်တဲ့ “(B) Brachiosaurus ​” ကို‌မှန်ကန်စွာ‌ရွေးချယ်ဖြေဆိုကြသူများထဲကမှ ကျပန်းစနစ်နဲ့ ပြန်လည်ရွေးချယ်ထားတာဖြစ်ပါတယ်။

🎁AAppeton Hi-Q Taurine with DHA အလုံး 60 ပါတစ်ဘူးလက်ဆောင်ရရှိသူတွေကတော့ ​

🎉 Nyein Soe Si Thar (Senorita)
🎉 Thoon Hay Thar
🎉 Yoon Me Me Kyaw

တို့ပဲဖြစ်ပါတယ်။ Congratuations! ပါနော် ..... 👏👏👏👏
လက်ဆောင်ရရှိသူတွေအနေနဲ့ Appeton Myanmar Page Messenger ကို (၁)လအတွင်း လာရောက်ဆက်သွယ်ပေးဖို့တောင်းဆိုပါရစေရှင်။ ​

ဒီတစ်ပတ်အတွက် လက်ဆောင်မရလိုက်သူတွေကတော့ နောက်ထပ် (၁)ပတ်ပဲ ကျန်တော့တာမို့ လုံးဝ အားမလျှော့ဘဲ နောက်ဆုံးပိတ် အိတ်နဲ့လွယ်အနေနဲ့ ပါဝင် ဉာဏ်စွမ်းပြကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် 😉

ဒီအစီအစဥ်မှာလွဲခဲ့မယ်ဆိုလည်း စိတ်ဓာတ်မကျပဲ Coloring Contest လေး မှာလည်း အိပ်မက်တွေကို ဆေးရောင်ခြယ်ရင်း DHA ပါဝင်တဲ့ Hi-Q Taurine ဆေးဗူးလေးကို လက်ဆောင်ရယူလို့ ရတယ်နော်။ Post Link လေးကတော့ ဒီမှာနော် 👇👇👇
https://www.facebook.com/photo?fbid=1525686066268541&set=a.651813093655847

ကဲ ... ဒီတစ်ခါ တတိယမြောက် ဉာဏ်စမ်းလေးကဘာလေးဖြစ်မလဲ သိချင်နေကြပြီလား ?​Jurassic Park တို့လို ရုပ်ရှင်တွေမှာ မြင်တွေ့နေကျ ...
07/08/2026

ကဲ ... ဒီတစ်ခါ တတိယမြောက် ဉာဏ်စမ်းလေးကဘာလေးဖြစ်မလဲ သိချင်နေကြပြီလား ?​

Jurassic Park တို့လို ရုပ်ရှင်တွေမှာ မြင်တွေ့နေကျ အသားစားဒိုင်နိုင်ဆောတွေအပြင် ထူးထူးခြားခြားအရွက်ပဲစားတဲ့ အကောင်တွေရှိတာ ကလေးတို့သိကြမယ်ထင်ပါတယ်။ အခု ပေးထားတဲ့ နာမည်လေးခုထဲမှာ အရွက်ပဲစားတဲ့အကောင်လေးတစ်ကောင်ပါနေပါတယ်။ ဘယ်နာမည်လေးဖြစ်မလဲဆိုတာကို‌ရွေးပြီး comment မန့်ပေးရမှာပါ။

Hints ပေးရရင် အရွက်ပဲစားပေမဲ့ အထင်မသေးနဲ့နော် သူကအရွယ်အစားအရမ်းကြီးပြီး လည်ပင်းက ပေ ၃၀ နီးပါးလောက်ရှည်ကြပါတယ်တဲ့ ✌️

A. Tyrannosaurus Rex (T-Rex) ​
B. Brachiosaurus ​
C. Spinosaurus ​
D. Velociraptor ​

ဒီအရွက်စား ဒိုင်နိုဆောနဲ့ပက်သက်ပြီး တခြားအချက်အလက်လေးတွေ သိထားတာတွေရှိလည်း သူငယ်ချင်းတွေပါသိသွားအောင်ဝေမျှပေးခဲ့ကြပါဦး။

ထုံးစံအတိုင်းဖြေဆိုမှုအချိန်က နောက်အပတ်ကြာသပတေးနေ့ဖြစ်ပြီး အဖြေမှန်နဲ့ ဆုရရှိသူစာရင်းကို နောက်အပတ် သောကြာနေ့မှာကြေညာပေးမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Quiz Week (2) ခုစလုံးမှာ ကြိုးစားပမ်းစား ဖြေပေးခဲ့ကြပေမယ့် ခုထိ Winner မဖြစ်သေးဘူးဆိုရင် ဒီအပတ်ရဲ့ ဆုလက်ဆောင်ရရှိသူ ဖြစ်နိုင်တဲ့အတွက် ဇွဲမလျော့သွားကြနဲ့နော် 💪

ဒုတိယအပတ်အတွက် Hi-Q နဲ့ ဉာဏ်ရည်အပြိုင်သွေးကြတဲ့ ကလေးတွေထဲကနေ ဉာဏ်စမ်းအဖြေမှန်အတွက် ဆုလက်ဆောင်ရရှိတဲ့ သူတွေ ထွက်ပေါ်လာပါပ...
07/08/2026

ဒုတိယအပတ်အတွက် Hi-Q နဲ့ ဉာဏ်ရည်အပြိုင်သွေးကြတဲ့ ကလေးတွေထဲကနေ ဉာဏ်စမ်းအဖြေမှန်အတွက် ဆုလက်ဆောင်ရရှိတဲ့ သူတွေ ထွက်ပေါ်လာပါပြီ 👏
ဒီတစ်ပတ်တော့ မေမေနဲ့ ကလေးတွေ စောစောရင်ခုန်လို့ရအောင် ခုထဲက တင်ပေးလိုက်ပြီနော်! အဖြေမှန်ဖြစ်တဲ့ “(C) Tyrannosaurus Rex (T-Rex)” ကို‌မှန်ကန်စွာ‌ရွေးချယ်ဖြေဆိုကြသူများထဲကမှ ကျပန်းစနစ်နဲ့ ပြန်လည်ရွေးချယ်ထားတာဖြစ်ပါတယ်။

🎁Appeton Hi-Q Taurine with DHA အလုံး 60 ပါတစ်ဘူးလက်ဆောင် 🎁ရရှိသူတွေကတော့ ....

🎉 Chit Tone Lay
🎉 Nyein Chan Aung
🎉 Eoon Lay
တို့ပဲဖြစ်ပါတယ်။ Congratuations! ပါနော် .....။
လက်ဆောင်ရရှိသူတွေအနေနဲ့ Appeton Myanmar Page Messenger ကို (၁)လအတွင်း လာရောက်ဆက်သွယ်ပေးဖို့တောင်းဆိုပါရစေရှင်။

ဒီတစ်ပတ်အတွက် လက်ဆောင်မရလိုက်သူတွေအတွက်လည်း အားမလျှော့ဘဲ နောက်အပတ်အတွက် မေးခွန်းလေးတွေကျန်သေးတာမို့ ထပ်မံပါဝင် ဉာဏ်စွမ်းပြကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ခရေယွန်နဲ့ အိပ်မက်တွေကို ဆေးရောင်ခြယ်ပြီး အနုပညာလက်စွမ်းတွေပြပြီးကြပြီလား ? အိပ်မက်တွေကိုဆေးရောင်ခြယ်ဖို့ ပျော်စရာအမှတ်တ...
01/08/2026

ခရေယွန်နဲ့ အိပ်မက်တွေကို ဆေးရောင်ခြယ်ပြီး အနုပညာလက်စွမ်းတွေပြပြီးကြပြီလား ?
အိပ်မက်တွေကိုဆေးရောင်ခြယ်ဖို့ ပျော်စရာအမှတ်တရလေးတွေနဲ့ ဆုလက်ဆောင်ကံထူးမဲ့ အစီအစဉ်လေးကို မသိသေးဘူးဆိုရင်တော့ အောက်က link မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ် 👇
https://www.facebook.com/photo?fbid=1525686066268541&set=a.651813093655847

ဒီနေ့မှာတော့ ကလေးတို့အတွက် ဆေးရောင်ခြယ်စွမ်းရည်တွေ သူများထက် တမူထူးစေဖို့ ကောင်းနိုးရာရာအချက်‌လေးတွေကို ဖော်ပြပေးလိုက်ပါတယ်

✨ အရောင်ခြယ်တဲ့အခါ ဦးတည်ရာတစ်ဘက်တည်းကိုပဲ ရေးဆွဲခြယ်သပေးတဲ့အခါ ပိုပြီးညီညာလှပတဲ့လက်ရာတွေရနိုင်ပါတယ်
✨ အရောင်တွေကို တညီတညာတည်းထွက်ဖို့ဆိုရင် လက်ညှစ်အား၊ ဖိအားမှန်မှန်လေးသုံးဖို့လိုပါမယ်။
✨ အရောင်တစ်မျိုးတည်းမှာပဲ အနုအရင့်လိုချင်ရင် အတင်းဖိဆွဲတာမျိုး (သို့) ဖွဖွလေးခြယ်ပေးတာမျိုး စသဖြင့်လိုသလိုချိန်ဆနိုင်ပါတယ်။
✨ ရှိနေတဲ့ ခရေယွန်အရောင်တွေကို တစ်လွှာပြီးတစ်လွှာ ထပ်မံခြယ်သခြင်းဖြင့် နောက်ထပ်အရောင်တစ်ခု ဖန်တီးနိုင်ပါတယ်။
✨ ခရေယွန်တွေက အသွားတုံးတတ်တော့ အစွန်းတွေကိုဆေးရောင်ခြယ်တဲ့အခါ အပြင်မထွက်သွားဖို့ဆိုရင် တစောင်းလေးခြယ်ပေးတာမျိုး လုပ်ပေးဖို့မမေ့နဲ့နော်။
✨ မျက်စိပသာဒဖြစ်စေဖို့ အရောင်အတွဲအစပ်‌လေးတွေကိုလည်း စနစ်တကျအသုံးပြုပေးနိုင်ပါတယ်။ အပြာ၊ ခရမ်း၊ အစိမ်း၊ စိမ်းဝါ စတာတွေက ငြိမ်တဲ့အရောင်အတွဲစပ်တွေဖြစ်ပြီး အနီ၊ လိမ္မော်၊ အဝါ စတာတွေကတော့ တောက်ပတဲ့အ‌ရောင်အတွဲစပ်တွေပဲဖြစ်ပါတယ်။

ကဲဒီလောက်ဆို အိပ်မက်တွေကို အကောင်းဆုံး ပို .. ပိုပြီး ဆေးရောင်ခြယ်နိုင်‌ဖို့အတွက် ဗဟုသုတတော်တော်စုံပြီဆိုတော့ အခုပဲလက်တွေ့ခြယ်သပြီး ပြိုင်ပွဲ post အောက်မှာ အခုပဲ အလှဆုံးလက်ရာလေးတွေကို ပြသလိုက်ကြပါစို့ 🥰

Hi-Q နဲ့ဉာဏ်စွမ်းထက်မြက်နေကျ ကလေးတို့အတွက် နောက်ထပ်ပိတ်ရက်မှာ အပျင်းပြေ ဉာဏ်စမ်းလေးတွေဖြေကြည့်ရင်း ဆုလက်ဆောင်လေးတွေယူဖို...
31/07/2026

Hi-Q နဲ့ဉာဏ်စွမ်းထက်မြက်နေကျ ကလေးတို့အတွက် နောက်ထပ်ပိတ်ရက်မှာ အပျင်းပြေ ဉာဏ်စမ်းလေးတွေဖြေကြည့်ရင်း ဆုလက်ဆောင်လေးတွေယူဖို့ ဒုတိယမြောက် ဉာဏ်စမ်းမေးခွန်းလေးလာပါပြီ.. ​

ကဲ .... ဒီအပတ်အတွက် ဉာဏ်စမ်းမေးခွန်းလေးကတော့ ဒိုင်နိုဆောတွေရဲ့ ဘုရင်ကိုရွေးပေးရမှာပါ 👑

အခုနောက်ပိုင်း ဒိုင်နိုဆောလို့ ခြုံငုံပြီးမပြောကြတော့ဘဲ နာမည်တွေနဲ့ အမျိုးအစားတွေကိုခွဲခြားပြီး သိနေကြပြီဆိုတော့ အောက်မှာပေးထားတဲ့ နာမည်လေးခုတည်းကနေ ဘယ်သူကကြောက်ဖို့အကောင်းဆုံးလဲဆိုတာ ဖြေပေးရမှာပါ။ သူတို့အချင်းချင်းကတောင် ကြောက်ရလောက်အောင်ကြမ်းတဲ့ ဒိုင်နိုဆောတို့ရဲ့ဘုရင်လို့ တင်စားခေါ်ဝေါ်နိုင်တာ ဘယ်သူဖြစ်မလဲ ? ​

A. Triceratops ​
B. Velociraptor ​
C. Tyrannosaurus Rex (T-Rex) ​
D. Stegosaurus ​

ထုံးစံအတိုင်းပဲ အဖြေမှန်ကို comment မှာ ✅ရေးပေးဖို့ အချိန်ကတော့ လာမယ့်အပတ်ရဲ့ ကြာသပတေးနေ့ထိပဲဖြစ်ပါတယ်။ သောကြာနေ့မှာတော့ ဒုတိယမြောက် ဉာဏ်စမ်းမေးခွန်းလေးအတွက် ဆုလက်ဆောင်ရရှိသူတွေကို Appeton Page မှတစ်ဆင့် ကြေညာပေးသွားမှာဖြစ်ပါတယ်

ကံထူးသူလေးတွေကို ကျပန်းစနစ်နဲ့ ရွေးချယ်တာဖြစ်တာကြောင့် ဘယ်သူမဆို Hi-Q နဲ့ အတူ ဉာဏ်စမ်းလေးတွေ ဖြေဆိုပြီး ဆုလက်ဆောင်လေးတွေကို ရယူလိုက်ပါ

Hi-Q နဲ့ ဉာဏ်ရည်အပြိုင်သွေးကြတဲ့ ကလေးတွေထဲက ပထမအပတ် ဉာဏ်စမ်းအဖြေမှန်အတွက် ဆုလက်ဆောင်ရရှိတဲ့သူတွေ ထွက်ပေါ်လာပါပြီ ​👏အဖြေမ...
31/07/2026

Hi-Q နဲ့ ဉာဏ်ရည်အပြိုင်သွေးကြတဲ့ ကလေးတွေထဲက ပထမအပတ် ဉာဏ်စမ်းအဖြေမှန်အတွက် ဆုလက်ဆောင်ရရှိတဲ့သူတွေ ထွက်ပေါ်လာပါပြီ ​👏

အဖြေမှန်ဖြစ်တဲ့ “(C) Tyrannosaurus Rex (T-Rex)” ကို‌မှန်ကန်စွာ‌ရွေးချယ်ဖြေဆိုကြသူများထဲကမှ ကျပန်းစနစ်နဲ့ ပြန်လည်ရွေးချယ်ထားတာဖြစ်ပါတယ်။

🎁Appeton Hi-Q Taurine with DHA အလုံး 60 ပါတစ်ဘူးလက်ဆောင် 🎁ရရှိသူတွေကတော့ ​.......

1. Hsuyee Kyaw Tun​
2. Chu Lay Tar​
3. Thizar Lay
တို့ပဲဖြစ်ပါတယ်။ Congratuations! ပါနော် 🎉🎉🎉

ဆုလက်ဆောင်ရရှိသူတွေအနေနဲ့ Appeton Myanmar Page Messenger ကို (၁)လအတွင်း လာရောက်ဆက်သွယ်ပေးဖို့တောင်းဆိုပါရစေရှင်။ ​

ဒီတစ်ပတ်အတွက် လက်ဆောင်မရလိုက်သူတွေအတွက်လည်း အားမလျှော့ဘဲ နောက်အပတ်အတွက် မေးခွန်းလေးတွေကျန်သေးတာမို့ ထပ်မံပါဝင် ဉာဏ်စွမ်းပြကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် 💪

30/07/2026

သင့်ကလေးအစားအစာ စားချင်စိတ်နည်းနေလား ????



ဒိုင်နိုဆောလေးတွေနဲ့ပက်သက်ပြီး ဗဟုသုတဘယ်လောက်ရှိလဲစစ်ကြည့်ရင်း လက်ဆောင်လေးတွေယူကြမယ် 😍သားသားမီးမီးတို့ အပတ်စဥ်ကျောင်းပိတ...
24/07/2026

ဒိုင်နိုဆောလေးတွေနဲ့ပက်သက်ပြီး ဗဟုသုတဘယ်လောက်ရှိလဲစစ်ကြည့်ရင်း လက်ဆောင်လေးတွေယူကြမယ် 😍

သားသားမီးမီးတို့ အပတ်စဥ်ကျောင်းပိတ်ရက် (၂) ရက်အတွင်းမှာ အပန်းဖြေရင်း ဉာဏ်စမ်းလေးတွေ ပါဝင်ဖြေဆိုပြီး Hi-Q ဆုလက်ဆောင်ကို အရယူနိုင်ဖို့အတွက် ဒီအပတ်သောကြာနေ့ကနေစပြီး အပတ်စဥ်ဉာဏ်စမ်းလေးတွေကို တင်ပေးသွားမှာဖြစ်ပြီး အဖြေမှန်သူတွေထဲက (၃)ယောက်ကိုကျပန်းရွေးချယ်ကာ Appeton Hi-Q Taurine with DHA ဘူးတစ်ဘူးစီ လက်ဆောင်ပေးသွားမှာဖြစ်ပါတယ် 🏅
မေးခွန်းလေးတွေတိုင်းရဲ့ဖြေဆိုချိန်ကတော့ ကြာသပတေးနေ့အထိဖြစ်ပြီး နောက်တစ်ပတ်ရဲ့ သောကြာနေ့တိုင်းမှာ ဆုလက်ဆောင်ရရှိသူတွေကို ကြေညာပေးသွားမှာဖြစ်ပါတယ်။ ကဲဒီတစ်ပတ်ရဲ့မေးခွန်းလေးကိုဖြေဖို့အသင့်ပဲလား???
ဒီတစ်ပတ်ရဲ့မေးခွန်းလေးကတော့......
အောက်ကပုံလေးမှာပါတဲ့ ဒိုင်နိုဆောကဘယ်အမျိုးအစားဖြစ်မလဲ? အဖြေမှန်ကို ဒီသုံးမျိုးထဲကရွေးချယ်ပေးပြီး comment မှာပြောပေးရမှာပါ။

1. Brachiosaurus
2. Parvicursor
3. Tyrannosaurus Rex (T-Rex)

သဲလွန်စပေးရရင်‌တော့ သူတို့တွေက
• အသားစားမျိုးစိတ်ထဲမှာပါဝင်တယ်
• အနံ့ခံအာရုံအရမ်းကောင်းတယ်
• ခန္ဓာကိုယ်ကြီးပြီး အမြန်မပြေးနိုင် အမြင့်ကြီးမခုန်နိုင်ပါဘူး

ကဲဘာကောင်လေးဖြစ်မလဲဆိုတာ မှန်းကြည့်ပြီး တခြားသိထားတဲ့အချက်တွေရှိရင် အားလုံးသိရအောင် ပြောပြပေးသွားကြပါဦး။ Hi-Q နဲ့ဉာဏ်စွမ်းထက်မြက်နေကျ ကလေးတို့အတွက်တော့ လွယ်နေမှာသေချာပါတယ်…

ခရေယွန်နဲ့အိပ်မက်တွေကိုဆေးခြယ်ရင်း ဆုလက်ဆောင်တွေရယူကြမယ် 🤗ဆေးရောင်ခြယ်ခြင်းဟာ စိတ်တည်ငြိမ်ပြီး အာရုံစူးစိုက်မှုအားကောင်း...
17/07/2026

ခရေယွန်နဲ့အိပ်မက်တွေကိုဆေးခြယ်ရင်း ဆုလက်ဆောင်တွေရယူကြမယ် 🤗
ဆေးရောင်ခြယ်ခြင်းဟာ စိတ်တည်ငြိမ်ပြီး အာရုံစူးစိုက်မှုအားကောင်းစေကာ ဦးနှောက်ရဲ့ဖန်တီးမှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။ အားလပ်ချိန်မှာ screen ကြည့်တာထက် စာရွက်တွေပေါ်မှာ ဆေးရောင်ခြယ်တဲ့ အချိန်တွေပိုများစေဖို့ တစ်ဖက်တစ်လမ်းကအားပေးတဲ့အနေနဲ့ Appeton ကနေပြီးတော့ကလေးတွေအတွက်စီစဉ်ထားတဲ့ ဆေး‌ရောင်ခြယ်ပြိုင်ပွဲလေး နဲ့မိတ်ဆက်ပေးချင်ပါတယ်။

ဒီအစီအစဉ်မှာပါဝင်ယှဉ်ပြိုင်ဖို့အတွက် အခု ပို့စ်ကို public နဲ့ share ပေးပြီးတော့ ဒီပို့စ်ရဲ့ comment မှာပဲ သားသားမီးမီးတို့ရဲ့ ဆေးရောင်ခြယ်လက်ရာလေးတွေကို comment မန့်ပေးရမှာဖြစ်ပါတယ်။ ခရေယွန်ကာလာခြယ်ဖို့အတွက် ပေးထားတဲ့ Link ထဲကိုဝင်ပြီး ကြိုက်နှစ်သက်ရာ ရုပ်ပုံ​လေး​တွေကို​ရွေးချယ် ပရင့်ထုတ်ကာ ​ဆေး​ရောင်ခြယ်သနိုင်သလို ကိုယ်နှစ်သက်ရာရုပ်ပုံ​တွေကို စိတ်တိုင်းကျ​ရေးဆွဲ​ခြယ်သနိုင်ဖို့အတွက်လည်း စာရွက်ဖြူဗလာကွက်​လေး​တွေထည့်သွင်း​ပေးထားပါတယ်။

ဒေါင်းလုပ်ဆွဲရန် https://drive.google.com/drive/folders/1rDrh9WzRXQIntgiHgcgIObDK6o-oZcVY?usp=sharing

စိတ်တိုင်းကျအ​​​ရောင်ခြယ်ပြီးသွားတဲ့ လက်ရာလှလှလေးတွေကို ဓါတ်ပုံရိုက်ပြီး ပြိုင်ပွဲကာလအတွင်း အကြိမ်အရေအတွက် အကန့်အသတ်မရှိ comment မှာပြသပြီးပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။
​ပြိုင်ပွဲ​ကာလက​တော့ ဇူလိုင်လ ၁၇ ရက်​နေ့က​နေ ဩဂုတ်လ ၂၁ ရက်​နေ့အထိပါ။

ပါဝင်ယှဉ်ပြိုင်ကြတဲ့ထဲက ထူးခြားလှပတဲ့လက်ရာ​လေး​တွေကို ဆန်ခါတင် ​ရွေးချယ်​​ဖော်ပြပေးသွားမှာဖြစ်ပြီး အဆိုပါဆန်ခါတင်လက်ရာများထဲကမှ React အများဆုံး ၁၀ ​ရောက်ကို Appeton Hi-Q Taurine witH DHA ဘူးလက်​ဆောင်​ပေးသွားမှာဖြစ်ပါတယ်။

ဒါ​ကြောင့် က​လေးတို့ရဲ့အနုပညာလက်ရာ​ဖန်တီးနိုင်စွမ်းတွေကို Hi-Q နဲ့ အမြင့်ဆုံးဖြန့်ကျက်ရင်း ဆုလက်​ဆောင်​တွေသိမ်းပိုက်လိုက်ရ​အောင်။

Address

No(30/40A), Yan Naing Swe (2) Street, Thakayta Industries Park
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Appeton Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Appeton Myanmar:

Shortcuts

Share