Human Mechanic ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Human Mechanic, เว็บไซต์สุขภาพและความเป็นอยู่, 9 หมู่ที่ 1 ค้างภิบาล ต. พระธาตุผาแดง อ. แม่สอด จ. ตาก, • พระธาตุผาแดง/Phra That Pha Daeng, ตาก/, Tak, laon/, Mae Sot.
(3)

👉🏿Online ဆေးခန်း-09425324153 (Viber)
👉🏿PED online class(ကာယဗလ)Heal your body (unlimited lifetime version)
👉🏿BNC(ကာယဗလ အာဟာရ သင်တန်း)
👉🏿Diet and supplement plan
👉🏿Hormone Therapy (FTM)
👉🏿Testosterone therapy for men
👉🏿လိင်မှတဆင့်ကူးစက်ရောဂါ

2005 ခုနှစ်တဲ့လားဧရာဝတီမြစ် သဲသောင်ပြင်  မြသလွန်စေတီခြေရင်း အမှတ်တရလေးတွေ
26/05/2026

2005 ခုနှစ်တဲ့လား
ဧရာဝတီမြစ် သဲသောင်ပြင် မြသလွန်စေတီခြေရင်း အမှတ်တရလေးတွေ

26/05/2026

Metformin ရိုးရိုး vs Metformin SR /ER


26/05/2026

ကျောက်ကပ်အဆင့်(၄) နှင့် Magnesium ဆေး

ေးခန်း


26/05/2026

သံဓာတ်အားဆေးရပ်လိုက်တာနဲ့ လူနှုံးသွားတာမျိုး။ ရေရှည်စွဲသောက်နေရတော့ ဆိုးကျိုးစိတ်ပူရပြန်


#သံဓာတ်
ေးခန်း

25/05/2026

ဝမ်းခဏ ခဏ ချုပ်တဲ့အခါ ကင်ဆာ ဖြစ်နိုင်ချေများသလား?


25/05/2026

ဆီးချို ကမျိုးရိုးလိုက်တတ်သလား?


25/05/2026
ဇာတ်ကြောတက်ရုံတင်မကဘဲ လူကိုပါ မူးနောက်ချာလည်သွားစေတဲ့ Cervical Spondylosis (လည်ပင်းဆစ်ရိုးကျီးပေါင်းရောဂါ)“ဇာတ်ကြောတွေ အ...
25/05/2026

ဇာတ်ကြောတက်ရုံတင်မကဘဲ လူကိုပါ မူးနောက်ချာလည်သွားစေတဲ့ Cervical Spondylosis (လည်ပင်းဆစ်ရိုးကျီးပေါင်းရောဂါ)

“ဇာတ်ကြောတွေ အရမ်းတက်ပြီး ခေါင်းတွေပါ မူးနောက်လာတယ်၊ တစ်ခါတလေ အိပ်ရာကအထ မျက်နှာကျက်တွေပါ ချာလည်ပြာဝေသွားတယ်” လို့ ညည်းတွားတတ်တဲ့သူတွေကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ခဏခဏ တွေ့ဖူးမှာပါ။ တချို့က ဒါကို သွေးတိုးတာ၊ ဒါမှမဟုတ် အာရုံကြောအားနည်းတာလို့ပဲ ထင်တတ်ကြပါတယ်။
တကယ်တော့ လည်ပင်းဆစ်ရိုးကျီးပေါင်းရောဂါ (Cervical Spondylosis) က လူကို တကယ့်ကို မူးဝေစေတတ်ပါတယ်။

👉Cervical Spondylosis က တကယ်ပဲ မူးစေတာလား?
ဟုတ်ပါတယ်။ တကယ်ကို မူးစေတတ်ပါတယ်ခင်ဗျာ။
ဆေးပညာအရ ဒါကို Cervical Vertigo (သို့မဟုတ်) Cervicogenic Dizziness (လည်ပင်းကြောင့်ဖြစ်သော မူးဝေခြင်း) လို့ ခေါ်ပါတယ်။ လည်ပင်းဆစ်ရိုးတွေ ကျီးပေါင်းတက်ခြင်း၊ အရိုးနုပြားလေးတွေ ပွန်းပဲ့ယိုယွင်းခြင်းနဲ့ ကြွက်သားတွေ တောင့်တင်းခြင်းကနေတစ်ဆင့် သင့်ကို မူးဝေအောင် ပုံစံ (၂) မျိုးနဲ့ ဒုက္ခပေးတတ်ပါတယ်။
👉သွေးကြောကို ဖိမိခြင်း (Vascular Component): ကျွန်တော်တို့ ဦးနှောက်နောက်ဘက်ဆီကို သွေးပို့ပေးတဲ့ သွေးကြောမကြီးတွေဟာ လည်ပင်းဆစ်ရိုးလေးတွေရဲ့ ဘေးအပေါက်လေးတွေထဲကနေ ဖြတ်သန်းသွားရတာပါ။ လည်ပင်းရိုး ကျီးပေါင်းတက်ပြီး အတက်တွေ ထွက်လာတဲ့အခါ၊ ဒါမှမဟုတ် လည်ပင်းအနေအထား မမှန်ဘဲ လှည့်လိုက်တဲ့အခါ အဲဒီသွေးကြောတွေကို သွားဖိမိသလိုဖြစ်ပြီး ဦးနှောက်ဆီ သွေး ရုတ်တရက် အရောက်နည်းသွားကာ မူးခနဲ ဖြစ်သွားတတ်ပါတယ်။
👉အာရုံခံစနစ် ရှုပ်ထွေးသွားခြင်း (Proprioceptive Component): ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ဟန်ချက် (Balance) ကို ထိန်းညှိဖို့ ဦးနှောက်က မျက်လုံး၊ နားတွင်းအာရုံခံစနစ်နဲ့ လည်ပင်းကြွက်သား/အဆစ်တွေမှာရှိတဲ့ အာရုံခံဆဲလ်တွေဆီက အချက်အလက်တွေကို ပေါင်းစပ်ယူရပါတယ်။ လည်ပင်းကျီးပေါင်းကြောင့် လည်ပင်းကြွက်သားတွေ အရမ်းတောင့်တင်းပြီး ပုံမှန်မဟုတ်တဲ့ အချက်ပြချက်တွေ ဦးနှောက်ဆီ ပို့တဲ့အခါ၊ ဦးနှောက်က ဇဝေဇဝါဖြစ်ပြီး လူကို မူးဝေ အာရုံနောက်စေတာ ဖြစ်ပါတယ်။
👉ဘယ်လို မူးဝေမှုမျိုး ဖြစ်တတ်သလဲ?
ဒီရောဂါကြောင့်ဖြစ်တဲ့ မူးဝေမှုဟာ အခြားအကြောင်းရင်းတွေကြောင့် ဖြစ်တာနဲ့ နည်းနည်း ကွဲပြားပါတယ်။
ခေါင်းကို ဘယ်၊ ညာ လှည့်လိုက်တဲ့အခါ၊ ဒါမှမဟုတ် အပေါ်မော့ အောက်ငုံ့လုပ်တဲ့အခါမျိုးမှာ မူးဝေမှု ပိုဆိုးတတ်ပါတယ်။
လူက လွင့်ခနဲ ဖြစ်သွားသလို၊ ဟန်ချက်မထိန်းနိုင်သလို ခံစားရတတ်ပါတယ်။
မူးဝေရုံတင်မကဘဲ ဇာတ်ကြောတက်တာ၊ ပခုံးနဲ့ လက်မောင်းဆီ ကိုက်ခဲတာ၊ လက်ထုံတာ စတဲ့ လည်ပင်းလက္ခဏာတွေပါ တွဲဖြစ်လေ့ရှိပါတယ်။

👉မူးဝေခြင်း ကင်းဝေးစေဖို့
လည်ပင်းကျီးပေါင်းကြောင့် မူးဝေတာကို သက်သာချင်ရင် အရင်းအမြစ်ဖြစ်တဲ့ လည်ပင်းကို အဓိက ပြုပြင်ရပါမယ်။
👉🏿Ergonomics (ထိုင်ခုံ၊ ကွန်ပျူတာ အနေအထား ပြင်ပါ): အခုခေတ်မှာ ဖုန်းအကြာကြီး ငုံ့ကြည့်တာ၊ ကွန်ပျူတာရှေ့မှာ လည်ပင်းကြီး ရှေ့ထွက်ပြီး အကြာကြီး ထိုင်တာတွေက လည်ပင်းရိုးကို အမြန်ဆုံး ပျက်စီးစေပါတယ်။
👉🏿Screen ကို မျက်စိနဲ့ တစ်တန်းတည်းထားပါ။
👉🏿လည်ပင်း လေ့ကျင့်ခန်း လုပ်ပေးပါ: ဆရာဝန် သို့မဟုတ် အကြောအဆစ်ပညာရှင် (Physiotherapist) ညွှန်ကြားတဲ့ လည်ပင်းကြွက်သား သန်မာစေမယ့် အကြောလျှော့ လေ့ကျင့်ခန်း (Isometrics) တွေကို ပုံမှန်လုပ်ပေးပါ။
👉🏿လည်ပင်းကို ရုတ်တရက် အကြမ်းပတမ်း လှည့်ခြင်း ရှောင်ပါ: အညောင်းပြေတယ်ဆိုပြီး လည်ပင်းကို အသံမြည်အောင် လှည့်တာ၊ အကြောပြင်ဆိုင်တွေမှာ လည်ပင်းကို အကြမ်းပတမ်း အကော့ခံတာမျိုးဟာ သွေးကြောနဲ့ အာရုံကြောတွေကို ပိုညှပ်မိစေပြီး ဘေးအန္တရာယ် အလွန်များပါတယ်။

❗️❗️❗️❗️မူးဝေတဲ့အပြင် စကားဗလုံးဗထွေးဖြစ်လာခြင်း၊ မျက်နှာတစ်ခြမ်းရွဲ့ခြင်း၊ လက်ခြေတစ်ခြမ်းမလှုပ်နိုင်ခြင်း၊ အမြင်အာရုံ ကမောက်ကမဖြစ်ခြင်း စတာတွေ တွဲဖြစ်လာရင် ဒါဟာ ကျီးပေါင်းကြောင့်မဟုတ်ဘဲ ဦးနှောက်သွေးဖြတ်ခြင်း (Stroke) ရဲ့ လက္ခဏာဖြစ်နိုင်လို့ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး သွားရောက်ရပါမယ်။

👉လည်ပင်းဆစ်ရိုးကျီးပေါင်းရောဂါဟာ အသက်ကြီးမှ ဖြစ်တာတင်မဟုတ်ဘဲ အခုခေတ်မှာ လူငယ်လူလတ်ပိုင်းတွေမှာပါ Posture (နေထိုင်မှုပုံစံ) မမှန်လို့ အဖြစ်များလာနေပါပြီ။ ခဏခဏ မူးဝေနေလို့ စိတ်ညစ်နေရရင် အခြားရောဂါတွေ မဟုတ်ကြောင်း သေချာအောင် ဆရာဝန်နဲ့ ပြသစစ်ဆေးပြီး လည်ပင်းကျီးပေါင်းအတွက် စနစ်တကျ ကုသမှု ခံယူဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။
ကျန်းမာကြံ့ခိုင်တဲ့ လည်ပင်းဆစ်ရိုးနဲ့ လန်းဆန်းတဲ့ နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ။




ေးခန်း

25/05/2026

မိုးလေး တဖွဲဖွဲမှာ
Coffee ကောင်းကောင်းလေး သောက်ပြီး
သီချင်းကောင်းကောင်းလေး နားထောင်ချင်တဲ့သူတွေအတွက် စေတနာလေးတဖြတ်

သီချင်းလေးတော့ ပီးအောင်နားထောင်သွားကြနော် 😁😁


25/05/2026

ကင်ဆာ က နာတာလား?
နာတာက ကင်ဆာလား?
#ရင်သားကင်ဆာ
ေးခန်း

ที่อยู่

9 หมู่ที่ 1 ค้างภิบาล ต. พระธาตุผาแดง อ. แม่สอด จ. ตาก, • พระธาตุผาแดง/Phra That Pha Daeng, ตาก/, Tak, Laon/
Mae Sot
63110

เวลาทำการ

จันทร์ 09:00 - 15:00
อังคาร 09:00 - 15:00
พุธ 09:00 - 15:00
พฤหัสบดี 09:00 - 15:00
ศุกร์ 09:00 - 15:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Human Mechanicผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Human Mechanic:

แชร์