Forward Food Tech MM

Forward Food Tech MM Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Forward Food Tech MM, Health & Wellness Website, Denver, NC.
(1)

Sharing information on sustainable food tech to reduce animal agriculture, its environmental footprint and animal exploitation
We help early professionals upskill and build careers aligned with their values and goals

AI ကို သုံးပြီး အစားအသောက်တွေအကုန်လုံးကို အသားမပါပဲ အသားအတိုင်းအရသာဖြစ်အောင်လုပ်လို့ရလား၊ 📚AI for Food Innovation ဆိုတဲ့...
08/26/2026

AI ကို သုံးပြီး အစားအသောက်တွေအကုန်လုံးကို အသားမပါပဲ အသားအတိုင်းအရသာဖြစ်အောင်လုပ်လို့ရလား၊

📚AI for Food Innovation ဆိုတဲ့ paper တခုမကြာသေးခင်က ထွက်လာပါတယ်၊ US, UK နဲ့ Canada က တက္ကသိုလ်တွေပေါင်းပြီးရေးထားတဲ့ paper ပါ၊

📚Food scientist တွေဆိုတာ အစားအသောက်တစ်ခုရဲ့ ကျွတ်တာ၊ ရွတာ၊ စပ်တာ စသည့်ဖြင့် ရှိတာတွေကို chemical and physical properties အနေနဲ့ ပြန်သုံးသပ်ရတာဖြစ်တယ်၊
📚အစားအစာထဲမှာ ပါတဲ့ ပါဝင်ပစ္စည်းတွေရဲ့ အခြေခံ molecule ဖွဲ့စည်းပုံကို လိုက်ပြီး ဘယ်လို အရသာထွက်လာမလဲ၊ texture ကောဘယ်လိုရှိမလဲ၊ အာဟာရအနေနဲ့ကောဘယ်လိုရှိမလဲဆိုတာကို စမ်းသပ်ရပါတယ်။
📚AI ကို သုံးလို့ရပြီဆိုတော့ဆိုတော့ တစ်ခုချင်းစီ စမ်းသပ်နေဖို့မလိုတော့ပဲ၊ AI က ခန့်မှန်းပေးတဲ့ ပါဝင်ပစ္စည်းတွေကို သုံးလို့ရမယ်၊
ကိုယ်လိုချင်တဲ့ အရသာ၊ အာဟာရ၊ ကုန်ကျစရိတ်ကိုပြောလိုက်ရင် ဘယ်လို ပါဝင်ပစ္စည်းတွေကို ဘယ်လိုအချိိုးအစားနဲ့ရောရမလဲဆိုတာ ကိုသိရလိမ့်မယ်။ အဲဒိတော့မှ လူက စမ်းသပ်ပြီး validate လုပ်လို့ရမယ်၊ လူကိုယ်အတိုင် အစအဆုံး အမှားမှားအယွင်းယွင်းနဲ့ တစ်ခုချင်းစီ စမ်းသပ်ရမယ့် အချိန်ကိုလျှော့လိုက်သလိုဖြစ်လို့ပိုမြန်သွားတာပေါ့၊

📚ဒါမျိုးကို ဆယ်စုနှစ်နီးပါးလုပ်လာတဲ့ AI company တစ်ခုရှိပါတယ်၊ ဒီ company က အလုပ်ဖြစ်လွန်းလို့ unicorn status တောင်ဖြစ်သွားပြီ၊

📚အသားပါဝင်တဲ့ အစားအစာတွေကို သက်သတ်လွတ် ပစ္စည်းတွေနဲ့ အစားထိုးပြီး အရသာဆင်တူအောင်လုပ်တဲ့ company ပါ၊ NotCo လို့ခေါ်တယ်၊

📚နာနတ်သီးနဲ့ဂေါ်ဖိီထုတ်ကိုရောလိုက်ရင် နွားနို့နဲ့ အရသာတစ်ပုံစံဖြစ်လာမယ်ဆိုတာမျိုးကို သူတို့ရဲ့ AI စနစ်က ခန့်မှန်းခဲ့တာ၊

📚အစားအစာတွေမှာ အခြေခံအုပ်မြစ်က molecule လေးတွေပါ၊ အပင်ကပဲဖြစ်ဖြစ်အသားကပဲ ဖြစ်ဖြစိ molecule တွေက အခြေခံပါပဲ။
အသားမှာပါတဲ့ molecule တွေကို အပင်မှာရှာတွေ့ပြီး အသားအစားထိုးနိုင်ဖို့ AI ကရှာဖွေပေးတယ်၊ ဒီ ကုပ္ပဏီအကြောင်းကျွန်မရေးထားတဲ့ post ကို comment မှာ link ပေးထားပါမယ်၊

📚Food Innovation မှာ AI က အစပဲရှိပါသေးတယ်၊ နောက်ပိုင်း ပိုတိုးတက်လာတာနဲ့အမျှ တိရိစ္ဆာန်တွေကို မွေးမြူသ-တ်ဖြတ်ပြီး အသားထုတ်လုပ်ဖို့ မလိုတော့ဘူးလို့မျှော်လင့်ပါတယ်

📚ဒီလိုမျိုး အပင်နဲ့ အစားထိုးတာအပြင် cultivated meat companies တွေလဲများလာပါတယ်၊ တိရိစ္ဆာန်တွေကို သ-တ်ဖို့မလိုပဲ cell ကိုပဲယူပြီး အသားဖြစ်အောင်လုပ်တာပါ၊
Fermentation ကို သုံးပြီး fungi ကနေ အသားနဲ့တူတဲ့ အစားအသောက်လုပ်တဲ့ company တွေလဲရှိပါတယ်၊ အရင်ကရေးဖူးတဲ့ company တွေ comment မှာ link ပေးထားမယ်၊

📚သင်ကောဘယ်လိုထင်လဲ။ Animal agriculture မရှိတော့မယ့် အနာဂတ်ကို တွေးကြည့်လို့ရလား

နွားနို့ထွက် ပစ္စည်းမသုံးတဲ့ vegan ice-cream 😋Flavor က Dark chocolate and sea salt ပါ၊ £2.90 ပေးရတယ်၊ Cambridge က Jack's...
08/24/2026

နွားနို့ထွက် ပစ္စည်းမသုံးတဲ့ vegan ice-cream 😋

Flavor က Dark chocolate and sea salt ပါ၊
£2.90 ပေးရတယ်၊

Cambridge က Jack's Gelato ကနေဝယ်စားပါတယ်၊ သူက ဒီမှာ နာမည်ကြီးတယ်၊ အမြဲတမ် တန်းစီစောင့်ရတယ်၊

🇬🇧London က Korean aesthetic clinic ကိုသွားပြီး treatment ကို ဘယ်လိုရွေးလဲ၊ အထူးသဖြင့် တိရိစ္ဆာန်ထွက်ပစ္စည်းမပါတဲ့ treatm...
08/23/2026

🇬🇧London က Korean aesthetic clinic ကိုသွားပြီး treatment ကို ဘယ်လိုရွေးလဲ၊
အထူးသဖြင့် တိရိစ္ဆာန်ထွက်ပစ္စည်းမပါတဲ့ treatment တွေကို ရွေးယူတဲ့အကြောင်းကိုမျှဝေပေးပါမယ်၊

📚ရန်ကုန်နဲ့ ဘန်ကောက် aesthetic clinic တွေရဲ့ aesthetics တွေက ရင်းနှီးပြီးသားမိုလို့ ကိုယ်လိုချင်တာ သူတို့နားလည်မယ်ဆိုတာ စိတ်ချရတယ်၊

📚US နဲ့ UK မှာတော့ Korean clinics တွေကို သေချာလိုက်ရှာပြီးမှ သွားဖြစ်တယ်၊

📚US မှာတုန်းက Virginia မှာ ကြိုက်တဲ့နေရာတစ်ခုတွေ့တယ်၊ ပုံမှန်သွားဖြစ်တယ်၊ အဲဒါကလည်း Korean clinic နဲ့ Korean ဆရာဝန်ပဲ၊ ဆိုတော့ သူရဲ့ judgment ကို ကျွန်မယုံတယ်၊

📚အခု UK ဆိုရင် London မှာ တစ်နေရာအသစ်တွေ့လို့ သွားစမ်းကြည့်တယ်၊ Fine Clinic လို့ ခေါ်တယ်၊ ပထမဆုံး သွားတာဆိုတော့ consultation ယူဖို့ကျွန််မကိုပြောတယ်၊ appointment ကို book လုပ်ရင်း consultation fee £75 တစ်ခါတည်းပေးရတယ်၊

📚ဟိုရောက်သွားတော့ ဆရာဝန်နဲ့တွေ့ပြီး ဘာတွေလုပ်သင့်လဲဆိုတာကို ၂၀ မိနစ်လောက်ပြောတယ်၊ ဆရာဝန် ညွှန်းတာက PDRN injection တွေပေါ့၊ Salmon s***m ကနေယူထားတဲ့ salmon DNA ကနေလုပ်ထားတဲ့ injection တွေပါ၊ ဒါက အခုလည်း popular ဖြစ်နေတယ်၊

ဆရာဝန်ကို animal-derived မဟုတ်တဲ့ treatment တွေပဲ လုပ်ချင်ပါတယ်။ တိရိစ္ဆာန်ထွက် ပစ္စည်းမပါတာပဲယူမယ်လို့ပြောတော့ သူက ဒါတွေရွေးချယ်စရာပေးတယ်၊

📚၁)PRF under eye injections လုပ်ပါတဲ့၊ (plant-derived) အပင်ကနေယူထားတဲ့ ပစ္စည်းတွေပဲဖြစ်လို့ကျွန်မ အတွက်အဆင်ပြေမယ်၊ မျက်လုံးအောက်ကို ပိုပြီး လန်းဆန်းသွားစေမယ်ဆိုပြီး recommend ပေးတယ်၊ 3 sessions လောက်လုပ်ရမယ်၊ One session ကို £700 ဝန်းကျင်

📚၂)MCT auto exosomes
ဒါက ကိုယ်ရဲ့ သွေးကိုသုံးပြီး လုပ်ရမယ့် treatment ဖြစ်တယ်၊ 3 sessions လောက်လုပ်ရမယ်၊ One session ကို £1,000 ဝန်းကျင်လောက်၊

ဒါ ၂ မျိုးစလုံးကက PDRN ထပ် စျေးနည်းနည်းပိုများတယ်၊

📚၃)နောက် Micro-needling လဲလုပ်လို့ရတယ်၊

📚ဒီမှာကလေ ဆရာဝန်ပဲမဟုတ်ပဲ ရှင်းပြတဲ့ staff ကတောင် ဘယ် treatment က animal-derived ဖြစိလဲ ဘယ်ဟာက plant and animal ရောပြီး ထုတ်ထားလဲ ဆိုတာချက်ချင်းမေးလို့ရတယ်၊ သူတို့မှာ အဖြေရှိတယ်၊ ကျွန်မက animal ပါဝင်ပစ္စည်းမလိုချင်ဘူးဆိုရင် သူတို့ တန်းပြီး ရွေးချယ်ဖို့ရှိတာတွေကို list ပြရှင်းပြပေးတယ်၊ သူတို့အတွက်က ကျွန်မရဲ့ မေးခွန်းတွေက foreign concept မဖြစ်မနေဘူး၊ သူတို့မကြောင်သွားဘူး၊ သူတို့စီမှာလည်း ဒီလို concern ရှိတဲ့သူတွေရှိတယ်၊ မေးခွန်းမေးတဲ့သူတွေရှိတယ်လို့ယူဆလို့ရတယ်၊

📚ဒါကြောင့် သူတို့ ပေါ်မှာ ကျွန်မယုံကြည်မှုတိုးခဲ့ပါတယ်။
နေ့တိုင်းသုံးနေကျ ပစ္စည်းတွေက တိရိစ္ဆာန်တွေကို ဓာတ်ခွဲခန်းမှာချုပ်နှောင်ထားပြီး စမ်းသပ်မှုလုပ်တာကင်းတဲ့ cruelty free ပစ္စည်းဖြစ်ရမယ်၊ vegan ဖြစ်ရမယ်လို့ရည်ရွယ်ပြီး တက်နိုင်သမျှရွေးချယ်ဝယ်ယူပါတယ်၊ အိတ်တို့ ဖိနပ်တို့ပါ သားရေမပါအောင်၊ အနွေးထည်မှာလည်း ငှက်မွှေးမပါအောင် ကြိုးစားရွေးချယ်ပါတယ်၊ 100% perfection ရရင်အကောင်းဆုံးပါ၊ ဒါပေမယ့်တိိရိစ္ဆာန်တွေကို အသုံးချပြီး ထုတိလုပ်တဲ့ပစ္စည်းတွေများတော့ တစ်ခါတလေ မထင်မှတ်ပဲ ဝယ်မိသွားတဲ့ အခါတော့ရှိပါတယ်၊

အရင်က ဝယ်ယူသုံးခဲ့တဲ့ cruelty fee ပစ္စည်း ပို့စ်တွေ comment မှာ link ပေးထားပါမယ်၊

2009 မှာ အရင်းအနှီး ဒေါ်လာ 5,000 နဲ့စခဲ့တဲ့ လုပ်ငန်းက အခုဆိုရင် US$ 800 million တန်သွားပါပြီ. ဒီဇာတ်လမ်းရဲ့ ပဲ့ကိုင်ရှင်...
08/21/2026

2009 မှာ အရင်းအနှီး ဒေါ်လာ 5,000 နဲ့စခဲ့တဲ့ လုပ်ငန်းက အခုဆိုရင် US$ 800 million တန်သွားပါပြီ.

ဒီဇာတ်လမ်းရဲ့ ပဲ့ကိုင်ရှင်ကတော့ Nutrition counselor တစ်ဦးဖြစ်တဲ့ Elizabeth Stein ဆိုတဲ့ အမျိုးသမီးပါ။ သူကိုယ်တိုင် အချိုကြိုက်သလို
သူ့ရဲ့ client တွေကို healthy sweet ညွှန်းပေးချင်လို့ ဆိုပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ချိုတဲ့ အစာတွေကို စတင်ရောင်းချခဲ့ပါတယ်၊

ပထမဆုံး Chia seeds၊ Quinoa၊ coconut sugar တို့နဲ့ muffin mix တွေကို ကိုယ်တိုင်စလုပ်ပြီး အားကစားပြိုင်ပွဲတွေမှာ လိုက်ရောင်းခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ သူ့အမေရဲ့ အကြံပေးမှုနဲ့အတူ Granola တွေကို စမ်းသပ်ထုတ်လုပ်ခဲ့ရာကနေ အကြီးအကျယ် popular ဖြစ် သွားခဲ့ပါတယ်။

Granola ဆိုတာကို ကျွန်မငယ်ငယ်တုန်းကတော့ ဘာမှန်းမသိခဲ့ပါဘူး၊ မြန်မာစာထဲမှာမပါဘူးဆိုတော့ granola နဲ့မရင်းနှီးဘူး၊
တက္ကသိုလ်မှာမှ စပြီးစားဖူးတာ၊ အလွယ်ဆုံးမှတ်ရရင်
Oats တို့ အစေ့အဆံတို့ရောထားတာကို granola လို့ ခေါ်တယ်၊ တခါတလေ honey ပါထည့်တယ်၊ honey မပါရင် ပုံမှန်များသောအားဖြင့် granola တွေက vegan များတယ်၊
Granola ကို non dairy ဒိန်ချဉ်သို့မဟုတ် soy milk နဲ့ ရောစားလေ့ရှိတယ်၊

တဖြည်းဖြည်းနဲ့ Purely Elizabeth ဆိုတဲ့ နာမည်နဲ့ အမေရိကန်တစ်ဝန်း ဆိုင်ပေါင်း ၃၀,၀၀၀ ကျော်အထိ တင်ရောင်းနိုင်ခဲ့ပြီး နှစ်စဉ် ပျမ်းမျှရောင်းရငွေ ဒေါ်လာ သန်း ၁၄၇ -၂၀၀ အထိ ရှိလာခဲ့ပါတယ်။

2026 ရဲ့ နောက်ဆုံးရ သတင်းထူးကတော့...

Nutella၊ Kinder၊ Ferrero Rocher တို့လို ကမ္ဘာကျော် ချောကလက်တွေကို ပိုင်ဆိုင်တဲ့ အီတလီကုမ္ပဏီကြီး Ferrero Group က Purely Elizabeth ကို အပြီးသတ်ဝယ်ယူဖို့ သဘောတူညီချက် ရယူလိုက်ပါပြီ။
📚ဒါကို Acquisition လို့ခေါ်ပါတယ်၊ ကုပ္ပဏီကြီးတခုကနေ brand တစ်ခု၊ လုပ်ငန်းတခုကို ဝယ်ယူလိုက်တာပါ၊

📚လုပ်ငန်းတခုလုံးကို US$ 800 million နဲ့ဝယ်တာပါ၊ လုပ်ငန်းတစ်ခုကို တန်ဖိုးဖြတ်တဲ့နည်းက အမျိုးမျိုးရှိပါတယ်၊ သိတဲ့ public information ကိုပဲ သုံးရမယ်ဆိုရင်သူတို့က revenue ရဲ့4-5.4x ဆကိုပေးပြီးဝယ်တယ်လို့ တွက်လို့ရတယ်၊
တကယ်တွက်တဲ့ valuation နည်းလမ်းကတော့ ဒီထပ်ပိုရှုပ်ပေမယ့် တစ်နှစ်ရောင်းအားရဲ့ 4,5 ဆလို့ ယူဆပြီးလုပ်ငန်းကို တန်ဖိုးဖြတ်ထားတယ်၊

တည်ထောင်သူ Elizabeth Stein က ကုပ္ပဏီရဲ့ 2/3 ကိုပိုင်တဲ့အတွက်ကြောင့် ဒီ acqusition ကနေ US$ 400-500 million လောက်ရရှိမယ်လို့မှန်းထားကြပါတယ်၊

ဒီလိုမျိုးပဲ လွန်ခဲ့တဲ့ 4-5 လတုန်းက vegan brand တစ်ခုဖြစ်တဲ့ Huel ကိုလည်း US$ 1 billion acquisition ဖြစ်မြောက်သွားခဲ့ပါတယ်၊ Huel ရဲ့ founder လဲ US$ 400-500 million လောက် ရရှိသွားပါတယ်၊

မြန်မာပြည်က vegan/vegetarian founder တွေလဲဖတ်ရှုလေ့လာလို့ရအောင် မျှဝေပေးလိုက်ပါတယ်၊

Post က ပုံတွေအကုန်လုံးကို Purely Elizabeth website ကယူထားပါတယ်၊ Source တွေကို link မှာရေးပေးထားပါမယ်

နေ့တိုင်းစားဖြစ်တဲ့ protein and carbs 😋အစားအစာကို အလွယ်ပဲ လုပ်တက်သူကျွန််မအတွက် ဒီကွေကာအုတ်နဲ့နေ့တိုင်း အဆင်ပြေနေတယ်/ ကွ...
08/20/2026

နေ့တိုင်းစားဖြစ်တဲ့ protein and carbs 😋
အစားအစာကို အလွယ်ပဲ လုပ်တက်သူကျွန််မအတွက် ဒီကွေကာအုတ်နဲ့နေ့တိုင်း အဆင်ပြေနေတယ်/

ကွေကာအုတ်က vegan လို့မရေးထားပေးမယ့် ပါဝင်ပစ္စည်းတွေက အကုန် vegan ပဲ၊
Quaker protein တစ်ထုတ်က်ု Soy milk နဲ့သောက်ရင် 15 G protein ပါ၊ carbs လဲများတဲ့ အစားအစာမို့ workout မလုပ်ခင်စားဖို့သင့်တော်တယ်၊

လုပ်ရတာလဲ အရမ်းလွယ်တယ်၊ တစ်ထုတ်ကို soy milk နဲ့ရောပြီး microwave 2.5 minutes ဆိုရင် စားလို့ရပြီ၊ ဒီအတိုင်းစားရင် အရသာ က plain ဖြစ်လို့ raisins နဲ့ ထည့်စားပါတယ်၊

မြန်မာနိုင်ငံမှာရှိတဲ့ ဆယ်စုနှစ်တခုနီးပါးလုပ်ငန်းလာတဲ့ ကိုယ်ပိုင်လုပ်ငန်းကို အနောက်နိုင်ငံတစ်နေရာရာမှာနေပြီး စီမံ ခန့်ခွ...
08/18/2026

မြန်မာနိုင်ငံမှာရှိတဲ့ ဆယ်စုနှစ်တခုနီးပါးလုပ်ငန်းလာတဲ့ ကိုယ်ပိုင်လုပ်ငန်းကို အနောက်နိုင်ငံတစ်နေရာရာမှာနေပြီး စီမံ ခန့်ခွဲလို့ရမလားဆိုတာကို 2024 ကနေစပြီး အရဲစွန့်ပြီး စမ်းသပ်ခဲ့တယ်၊

ဘာလို့စမ်းသပ်ခဲ့တာလဲဆိုတာရယ်နဲ့ ရှာဖွေတွေ့ရှိခဲ့တဲ့ Pros and cons တွေရယ်ပါ ပြောပြပါမယ်၊

📚ငယ်ငယ်ကတည်း မတူတဲ့နိုင်ငံတစ်ခုပြီး တစ်ခုမှာသွားနေချင်တဲ့စိတ်ရှိတယ်၊ Visitor/tourist အနေနဲ့ ရက်တိုလေးတွေသွားတာကိုကြိုက်ပေမယ့်၊ လချိီနှစ်ချီနေပြီးနေရာသစ်မှာနေပြီး စူးစမ်းချင်တဲ့ စိတ်က အမြဲရှိတယ်၊ ၁၇-၁၈ နှစ်ကတည်းက ရှိလာတဲ့ ဆန္ဒက အခု ၃၀ ကျော်မှာလည်းမပျောက်သွားဘူး၊

📚ကိုယ့် luggage ကိုဆွဲပြီး နေရာသစ်တစ်နေရာကို move in လုပ်ရတယ်၊ ရပ်ကွက်သစ်ထဲမှာ လမ်းလျှောက်ပြီးနေရာအသစ်ကို တပတ်နှစ်ပတ်လောက်ရင်းနှီးအောင်စူးစမ်းရတယ်၊ လျှောက်ကြည့်ရတယ်၊ ဘယ်နေရာမှာ grocery shopping လုပ်ရလည်း၊ ဘယ်နေရာမှာ bus ကားစီးရလည်း၊ ဘယ်နေရာမှာ ရုပ်ရှင်ကြည့်လို့ရလဲစသည့်ဖြင့်သိသွားတဲ့ အချိန်မှာဆိုရင် ကမ္ဘာရဲ့ အဲဒီတစ်နေရာကို အပိုင်ရလိုက်သလိုပဲ၊ စိတ်ထဲမှာ ကျေနပ်သွားတာ

📚တက္ကသိုလ်တက်ပြီးတော့ မြန်မာပြည်ပြန်လာတယ်၊ ၉ နှစ်လောက်ရန်ကုန်မှာ အလုပ်လုပ်ပြီး ကိုယ်ပိုင်လုပ်ငန်းလည်းရှိတော့ တခြားန်ုင်ငံတွေမှာ သွားနေဖြစ်တော့မှာ မဟုတိဘူးလေဆ်ုပြီးစိတ်ထဲမှာထားထားမိလိုက်တယ်၊

📚သတိထားမိလာတာက တကယ်လိုချင်တဲ့အရာတွေဆိုရင် စိတ်ထဲကနေမပျောက်သွားဘူး၊ အမြဲပြန်ပြန်ပေါ်လာတယ်၊ နှစ်တွေကြာနေတော့ စိတ်လျှော့ထားသလိုဖြစ်ပေမယ့် TV show တွေ real estate Show တွေကြည့်ပြီး စိတ်ဖြေတယ်၊

📚ငယ်ငယ်တုန်းက UK မှာ summer တစ်ခုနေဖူးတယ်၊ အခုပြန်သွားကြည့်ချင်တယ်၊ ဒါကြောင့် 2022 မှာ UK မှာ ၃-၄ ပတ်ကြာခရီးသွားဖို့စီစဉ်တယ်၊ အဲဒါပြီးရင် စိတ်ပြေသွားမလားဆိုတာ ကြည့်မယ်ပေါ့၊ တိုက်တိုက်ဆိုင်ဆ်ုင်ပဲ UK က cousin တစ်ယောက်က လည်း မင်္ဂလာဆောင်တော့မင်္ဂလာဆောင်သွားရင်: UK မှာ ၃ ပတ်လောက် တစ်ယောက်ထဲ ခရီးထွက်လိုက်တယ်၊
အဲဒီထဲမှာကတည်း UK နဲ့ မြန်မာပြည်အချိန်ကိုမှန်းတက်သွားတယ်၊

📚UK နဲ့ မြန်မာပြည် ၅ နာရီခွဲကွာတယ်၊ UK မှာ မနက်နိုးလာပြီဆိုရင် ရန်ကုန်မှာ နေ့လည် ၁၁-၁၂ လောက်၊ UK မနက်ချိန်မှာ ရန်ကုန်က ရုံးနဲ့ စကားပြောတယ်၊ မေးစရာရှိဖြေရှင်းစရာရှိတာတွေပြောတယ်၊ UK ချိန် နေ့လည်၁၁-၁၂ နောက်ပိုင်းပြီးရင် ကျွနိမ အတွက် ကိုယ်ပိုင်အချိန်ဖြစ်သွားပြီး ကြိုက်သလို plan လုပ်လို့ရပြီ၊ လုပ်ငန်းအတွက်ကြိုစဉ်းစားစီမံစရာရှိရင် ပြင်ဆင်န်ုင်ပြီ၊ ရန်ကုန်ရုံးကလူတွေနဲ့ရုံးချိန် အချိန်တူတာ တစ်နေ့ ၄ နာရီလောက်ရှိတယ်၊ ဒီလောက် အတူတူ online ရှိနေလို့ရတယ်ဆိုတော့ ရုံးကလူနဲ့လည်း အဆက်မပြတ်ဘူး၊

📚အဲဒီကတည်းက UK က ငါ့အတွက် Timezone အဆင်ပြေတဲ့နေရာပဲဆိုတာစတင်တွေ့ရှိခဲ့တယ်၊ တကယ်လုပ်ကြည့်ဖြစ်ခဲ့တဲ့ ၃ ပတ်တာအတွင်းမှာ Timezone အနေနဲ့အဆငိပြေတယ်ပေါ့၊
တကယ့် ရုံးက operations မှာတော့ ကျွန်မမရှိလို့ ထိခိုက်သွားတာတွေရှိတယ်၊ This is a whole other story, unfortunately.

📚ဒါနဲ့ပဲ UK မှာ ၃ ပတ်နေပြီးရန်ကုန်ပြန်ရောက်၊ ရန်ကုန်မှာပဲ ပုံမှန်ပြန်လည်ပတ်၊ အဲဒီကတည်းက ရန်ကုန်မှာ ၁၀၀% စိတ်မကပ်တော့ဘူး၊
ဒီကြားထဲမှာပဲ ကျွန်မရဲ့ ကိုယ်ပိုင်လုပ်ငန်းနဲ့ သဘောတရားခြင်းမတူတဲ့ နယ်ပယ်တစ်ခုကို စူးစမ်းလေ့လာချင်တဲ့စိတ်ပေါ်လာတယ်၊
နယ်ပယ်သစ်ကို ၁၀၀% ခြေစုံပစ်ပြီး မဝင်ရဲဘူး၊ ဝင်ဖို့လည်း အတွေ့အကြုံနဲ့ expertise မရှိဘူး၊ ဒါပေမယ့် ဒီနယ်ပယ်က ပြသနာကြီးတစ်ခုကို ဖြေရှင်းနေတဲ့ နယ်ပယ်ဆိုတာယုံကြည်ထားတယ်၊

📚ကိုယ်ပိုင်လုပ်ငန်းစလုပ်ကတည်းကကျွန်မက ဒီကိုယ်ပိုင်လုပ်ငန်းကိုပဲ 100% အာရုံထားရမယ်လို့ခိုင်ခိုင်မာမာယုံကြည်တယ်၊ ဒါကြောင့်လည်း အတော်အသင့်အဆင်ပြေခဲ့တဲ့နှစ်တွေများတယ်၊ တခြားအသစ်အစမ်းနယ်ပယ်တွေကိုစပ်စုချင်တာတွေရှိရင်တောင် အာရုံမများဖို့က ကိုယ့်ကိုယ်ကို သတိပေးတယ်၊

📚အခုကျွန်မစလေ့လာချင်တဲ့ အသစ်နယ်ပယ်ကတော့ စာဖတ်သူတို့ ဖတ်နေတဲ့ Forward Food Tech page ရဲ့ နယ်ပယ်ပါပဲ၊ တိရိစ္ဆာန်တွေကို မသုံးပဲ ပရိုတင်းထုတ်မယ့် နယ်ပယ် Food Technology ဖြစ်ပါတယ်၊

📚ဒါက UK မှာ လေ့လာလို့ရမယ့်နယ်ပယ်ဖြစ်တယ်၊ ကျွန်မက scientist မဟုတ်ဘူး၊ Business and entrepreneurship background ကိုပဲ သုံးပြီး ဒီနယ်ပယ်မှာဘယ်လို မျိုးနေရာမှာ ပါဝင်လို့ရမလဲဆိုတာ စူးစမ်းချင်တယ်။ ဒီ technology တွေနဲ့လည်းပိုမိုရင်းနှီးချင်တယ်။ ကျွန်မ စိတ်ဝင်စားတာနဲ့ ကျွန်မရဲ့ ကျွမ်းကျင်မှုနဲ့ပေါင်းစပ်နိုင်ဖို့ အကောင်းဆုံးဖြစ်မယ့်နေရာကို သွားခဲ့တယ်

📚University of Cambridge ရဲ့ MBA ကို ရန်ကုန်ကနေပဲ လျှောက်ခဲ့တယ်၊ စာမေးပွဲတွေဖြေ၊ interview တွေဖြေရတာအပါအဝင် ပြင်ဆင်ချိန်၆ လလောက်ကြာခဲ့တယ်၊ ဝင်ခွင့်ရတဲ့ email ရတော့ အတိုင်းထက်အလွန်ပျော်၊ ဒီလိုပြင်ဆင်နေတဲ့ အချိိန်အတွင်းမှာ ကိုယ်ပိုင်လုပ်ငန်းက လည်ပတ်နေတယ်၊ ကျွန်မအာရုံကို 100% မပေးနိုင်တော့ ဘာတွေဖြစ်ပျက်သွားလဲဆိုတာ သိတဲ့ အချိန် ပြန်ပြင်ရတာလည်း ၁ လလောက် အချိန်ပေးလိုက်ရတယ်၊

📚UK ကို ပြောင်းဖို့လုပ်နေတဲ့ အချိနိ အတွင်းမှာပဲ ရန်ကုန်က လုပ်ငန်းကို ကျွန်မ ရန်ကုန်မှာမရှိပဲ ဆက်လက်လည်ပတ်ဖို့ပြင်ဆင်ရတယ်၊ အဝေးကနေပြီး ဘယ်လိုစီမံတာအဆင်ပြေမလဲဆိုတာကို ပထမဆုံး စစမ်းရတာဆိုတာ့ သတ္တိမွေးရတယ်၊ Risk ကအမြဲတမ်းရှိနေတာဆိုတာ အမြဲ သတိသွင်းရတယ်၊

📚ရန်ကုန်မှာပြင်ဆင်နေတဲ့တချိန်လုံးလဲ Harry Potter series တွေကြည့်လိုက်၊ Downton Abbey ကို Binge လိုက်၊ Westlife နားထောင်လိုက်နဲ့ mood က အပြည့်သွင်း၊

📚ဒါတွေ အကုန်ပြီးလို့ အောင်မြင်စွာပဲ UK ကိုရောက်သွားတယ်၊ စိတ်ထဲက ကျေနပ်လွန်းလို့ ငါဘယ်လောက်ထိ ကံကောင်းတဲ့သူလည်းဆ်ုကို မနက်နိုးလာတိုင်း သတိတရဖြစ်မိတယ်၊ ရန်ကုန်ကကိုယ်ပိုင်business ကို ဆက်လက်လည်ပတ်ခွင့်ရပြီး၊ ကျောင်းသားဘဝကိုလည်း ပြန်လည်ခံစားရတယ်၊ လုပ်ငန်းဘက်မှာတော့ ဖြေရှင်းရတာတွေကတော့ မပျက်ဘူး၊ အဝေးကနေ လှမ်းဖြေရှင်းရတာဆိုတော့ စိတ်မောတဲ့အခါတွေရှိတယ်၊

📚ဒါတွေက ကျွန်မ ရွေးချယ်ခဲ့တဲ့ လမ်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းပေါ့၊

📚တစ်ခုကံကောင်းတာကတော့ ကျွန်မရဲ့ new client base ကို UK မှာစတင်တွေ့ရှိခဲ့တယ်၊ ဒါကြောင့်ရန်ကုန်က အဆင်မပြေတာတွေကို UK က operations အဆင်ပြေတာနဲ့ ကာမိသွားတယ်လို့ဆိုရမှာပဲ၊

📚UK မှာ တနှစ်နီးပါးကြာတော့ US ကိုပြောင်းလို့ရမယ့် အခွင့်အရေးပေါ်လာတယ်၊ အဲဒီမှာပဲ Timezone ဘယ်လောက်အရေးပါလဲဆိုတာသိလာတယ်၊ US east coast နဲ့မြန်မာပြည် 12 နာရီကွာတယ်၊ ရန်ကုန်မှာမနက်ရုံးစဖွင့်တဲ့အချိန်မှာဆိုရင် US မှာ ည ၁၀ နာရီခွဲ၊ ညဘက်တွေစောစောအ်ပ်ရတာကြိုက်တဲ့ကျွန်မ US east coast timezone နဲ့ အဆင်မပြေတာသိလာတယ်၊ ဒါပေမယ့် တစ်နှစ်လောက်တော့ကြိတ်မှိတ်လုပ်ခဲ့တယ်၊ လူလည်းအိပ်ရေးပျက်၊ မဟုတ်တဲ့ သေးသေးတွေကိုဖြေရှင်းနေရတာက ကြာ၊
ကံကောင်းတာကတော့ လုပ်ငန်းထဲမှာတွေ့ရှိသင့်တာတွေကို အချိန်မှီတွေ့ရှိပြင်ဆင်နိုင်ခဲ့တယ်၊

📚Timezone အကြောင်းပြန်ပြောရမယ်ဆိုရင် US east coast မှာနေတုန်းက ရန်ကုန် timezone နဲ့ အဆင်မပြေပေမယ့် US west coast မှာနေတဲ့ အခါ ညနေဘက် ၆ ခွဲလောက်ဆိုရင် ရန်ကုန်မနက်ရုံးချိန်စပြီဆိုတော့ West coast က ပို အဆင်ပြေခဲ့တယ်၊

📚ဒါကတော့ သွားလာနေထိုင်ရင်းတွေ့ခဲ့တာတွေပေါ့၊ အဲဒီအချိန်အတွင်းမှာပဲ food technology နဲ့ပက်သတ်ပြီး business development advisor အဖြစ်လည်း US က company တွေ start up တွေနဲ့ အလုပ်လုပ်ခဲ့တယ်၊ သူတို့ကလည်း singapore က လူတွေနဲ့လည်း meeting တွေလုပ်ရတဲ့ အခါရှိတော့ ညှိရမယ့် time zone တွေများခဲ့တယ်။

📚ဒီနှစ်တွေကတော့ အချိန်ကုန်တာအရမ်းမြန်သလို၊ ပြသနာတွေလည်းရှင်းရသလို၊ အခွင့်အလမ်းတွေမထင်မှတ်ပဲ တခုပြီးတခုပေါ်လာတဲ့ နှစိတွေပါပဲ၊ အသက်ကြီးလာတာနဲ့ အမျှ expertise ကျွမ်းကျင်မှုတွေပိုများလာပြီး သူများအတွကိ ဖြေရှင်းပေးနိုင်တဲ့ အရာတွေပိုများလာလေပဲဆိုတာ လက်တွေ့သိလာရတဲ့ နှစ်တွေပေါ့၊

📚ကိုယ်လိုချင်တဲ့ ဘဝကို design လုပ်ရတာလဲ ကြိုးကြိုးစားစားလုပ်ရတယ်၊ ရန်ကုန်မှာ လမ်းဘေးကနေကယ်ထားတဲ့ ကြောင်လေးတွေကျန်ခဲ့တယ်၊ ယုန်လေးတွေလည်းရှိသေးတယ်။ သူတို့ကိုချစ်ပေးပြီးကြည့်ပေးနေတဲ့လူကို ငှါးထားလို့ရလို့သာ၊ စိတ်အေးရတာ၊ ဒီကြားထဲမှာ တာဝန်မကျေတဲ့ cat sitter တစ်ယောက်ကို ခေါ်မိလို့ ကြောင်လေးတစ်ကောင်ပျောက်သွားလို့ အဝေးကနေ ပူဆွေးသောကရောက်တဲ့ ရက်တွေရှိလိုက်သေးတယ်၊ ကံကောင်းစွာနဲ့ပဲ ပြန်တွေ့ပြီး နောက် cat sitter တစ်ယောက်ပြောင်းလိုက်ရတယ်၊

📚ဒါတွေကို လုပ်န်ုင်ဖို့ privilege တွေအပြင်အရင်ငယ်ငယ်ကချခဲ့တဲ့ foundation တွေကလည်းအထောက်အကူဖြစ်ခဲ့တယ်၊
ငယ်ငယ်ကတည်းက foundation ကတော့ language skills တွေ၊ စာလုပ်န်ုင်တဲ့ skill တွေရှ်တော့ မြန်မာပြည်ပြင်ပရောက်လည်း လုပ်လို့ရတဲ့ food tech နဲ့ဆိုင်တဲ့ project တွေရလာဖြစ်ခဲ့တယ်၊

📚ကျွန်မနားထောင်ခဲ့ရတဲ့ Graham Weaver ရဲ့ quote တစ်ခုကလည်း ကျွန်မကို အားအင်တွေပေးခဲ့တယ်၊ ဆုံးဖြတ်ချက်ချစရာတွေကို ချန်ုင်စေခဲ့တယ်၊ သူက Stanford က lecturer တစ်ယောက်၊

ဘယ်သူမှ “ငါ့ရဲ့ အိမ်မက်တွေကို ဘယ်တော့မှ အကောင်အထည်မဖော်ဘူး”လို့မပြောဘူးတဲ့၊ အဲဒီစကားအစား ပိုပြီးလက်တွေ့ဆန်တယ်လို့ထင်ရတဲ့ စကားတစ်ခွန်းနဲ့ဖုံးကွယ်စေတယ်တဲ့၊

“ငါအခု အကောင်အထည်မဖော်သေးဘူး” “Not now”လို့ ပဲပြောကြတယ်တဲ့၊
“ဒီအလုပ်မှာ ၃ နှစ်လုပ်ပြီးမှ၊”
“ငါ အသက် ၃၀ ပြည့်မှ၊”
“ ငါ ပိုက်ဆံစုပြီး comfortable ဖြစ်တော့မှရလို့ဆိုတဲ့စကားအမျိုးမျိုး ပြောလေ့ရှိတယ်တဲ့

အဲဒီစကား Not now ကပဲ အချိန်တွေကို ကုန်စေပြီး အိမ်မက်တွေကို ပျောက်ကွယ်စေတာတဲ့.

📚သူပြောတဲ့စကားတွေကတော့ context-dependent ပါ၊ US မှာသာမန်လူတန်းစားအတွက် ဒီ message မှာ အသုံးဝင်ပေမယ့်၊ မြန်မာပြည်မှာ ရုန်းကန်နေရသူကတော့ survival နဲ့ လုံးပန်းနေရရင် ဒီ message က အသုံးမဝင်ပါဘူး၊
Privilege မလိုပဲ အကောင်အထည်ဖော်လို့ရတဲ့ အိမ်မက်လေးတွေရှိရင်တော့ စပြီး အကောင်အထည်ဖော်ပါလို့လည်းသူက ထပ်မံပြောမှာပါ၊

📚ကျွန်မ စာရေးရတာကြိုက်ပါတယ်၊ အခုဆိုရင် စာရေးဖို့ အချိန်များများပိုဖယ်ထားချင်တယ်၊
ကျွန်မအရင်က ရေးခဲ့တဲ့ စာတွေဖတ်ချင်ရင် ဒီ website မှာဖတ်ကြညိ့လို့ရပါတယ်၊ link in the comment

📚သင်ကောသင့်ရဲ့ နေ့စဉ်ဘဝကို ဘယ်လို ဒီဇိုင်းလုပ်ထားလဲ၊

📚The Good Food Institute Europe (GFI Europe) ကနေ ခေါ်ယူနေတဲ့ Executive Director ရာထူး အလုပ်ခေါ်စာ ကို အကျဉ်းချုပ်ရေးပေးထ...
08/17/2026

📚The Good Food Institute Europe (GFI Europe) ကနေ ခေါ်ယူနေတဲ့ Executive Director ရာထူး အလုပ်ခေါ်စာ ကို အကျဉ်းချုပ်ရေးပေးထားပါတယ်၊
📚သူတို့ website မှာတိုက်ရိုက်လျှောက်ပါ၊
📚Deadline က 13 September ပါ

ရာထူးက Executive Director ပါ၊ Remote လုပ်လို့ရမယ်၊ UK and Europe မှာ အလုပ်လုပ်ခွင့်ရှိရမယ်၊

📚The Good Food Institute ရဲ့ Europe ရုံးမှာခေါ်နေတဲ့ management ပိုင်းအလုပ်ပါ၊
The Good Food Institute ဆိုတာ တိရိစ္ဆာန်မွေးမြူသ-တ်ဖြတ်ပြီးအသားထုတ်တဲ့ လုပ်ငန်းတွေကို အစားထိုးဖို့ကြိုးစားတဲ့ non-profit အဖွဲ့အစည်းတခုပါ၊ Alternative proteins ဆိုတဲ့ နယ်ကယ်ကိုတိုးတက်အောင်လုပ်နေတဲ့ အဖွဲ့အစည်းပါ၊ သူတို့ရဲ့အကြောင်းတွေက်ု ကျွန်မအရင်က ခဏခဏရေးဖူးပါတယ်၊ link တွေ comment မှာပေးထားမယ်၊

📚ဒီရာထူးမှာတာဝန်ယူရမှာတွေကတော့
📚ဥရောပ ၉ နိုင်ငံမှာရှိတဲ့ အဖွဲ့ဝင် ၅၀ ဝန်းကျင်ပါဝင်တဲ့ အဖွဲ့ကို ဦးဆောင်ရမှာဖြစ်ပြီး အဓိကအားဖြင့် GFI Europe ကို ဌာနခွဲ ၆ ခုက ခေါင်းဆောင်တွေနဲ့အတူ strategy ဘက်ကဆုံးဖြတ်စီမံရပါမယ်၊
📚GFI မှာ ဥရောပကိုယ်စား ပါဝင်ဆွေးနွေးရပါမယ်။
📚Donor and philanthropists တွေနဲ့ ဆက်ဆံရေး တည်ဆောက်ပြီး မီဒီယာ/ပွဲတွေမှာ အဖွဲ့အစည်းရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ပါဝင်ရပါမယ်။
📚GFI Europe ရဲ့ စီမံခန့်ခွဲမှုတွေကို ဘုတ်အဖွဲ့ (Board) သို့ အစီရင်ခံတင်ပြမှုတွေကို တာဝန်ယူရပါမယ်။

📚လိုအပ်ချက်များ (Core Capabilities)
📚GFI ရဲ့ ရည်မှန်းချက် (Mission) ကို စိတ်အားထက်သန်စွာ ယုံကြည်လက်ခံသူ ဖြစ်ရမည်။
📚Strategic thinking နဲ့ ဦးဆောင်နိုင်စွမ်း ရှိရမည်။
📚လူမှုဆက်ဆံရေးကောင်းမွန်ပြီးလူအမျိုးမျို: အဆင်ပြေစွာ လက်တွဲလုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
📚အဖွဲ့အစည်း၏ ဘတ်ဂျက်နှင့် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲနိုင်စွမ်း ရှိရမည်။
📚Fundraising နှင့် အလှူရှင်များနှင့် ချိတ်ဆက်မှု အတွေ့အကြုံရှိရမည်။
📚အင်္ဂလိပ်ဘာသာစကား (အရေး/အပြော) ကျွမ်းကျင်ပိုင်နိုင်ရမည်။
လစာနှင့် ခံစားခွင့်များ
📚ပြောင်းရွှေ့စရိတ် (Relocation Support): လိုအပ်ပါက £8,000 (UK) သို့မဟုတ် €8,700 (Belgium) အထိ ပံ့ပိုးပေးမည်။

ဒီအလုပ်က လစာနဲ့ရာထူးကောင်းတဲ့အပြင်ဘာတွေပိုကောင်းတာတွေရှိလဲဆိုတာကျွန်မ အမြင်ကိုပြောပါမယ်၊

📚တိရိစ္ဆာန်တွေကို သုံးရတာ၊ သ-တ်ရတာတွေကို အားမပေးချင်ဘူး၊ တခြားနည်းလမ်းတွေကို အားပေးပြီး strategy ကျကျ လုပ်ချင်သူတွေအတွက် purpose နဲ့ work တထပ်တည်းကျပါတယ်၊
📚High impact ဖြစ်တဲ့ အလုပ်လို့ပြောလို့ရမယ်၊
📚UK နဲ့ Europe မှာ အလုပ်လုပ်ပိုင်ခွင့်ရှိရမှာဖြစ်ပေမယ့် Remote လုပ်လို့ရမယ်၊
📚ဥရောပ နိုင်ငံပေါင်း ၉ နိုင်ငံက ကျွမ်းကျင်သူတွေအပြင် ကမ္ဘာတစ်ဝန်းက GFI အဖွဲ့ခွဲတွေ၊ အစိုးရအဖွဲ့အစည်းတွေ၊ researchers တွေထိပ်တန်း အလှူရှင်တွေနဲ့ တိုက်ရိုက် လက်တွဲလုပ်ကိုင်ရမှာဖြစ်လို့ Professional Network ကို အကြီးအကျယ် ချဲ့ထွင်နိုင်မယ့် အခွင့်အရေးဖြစ်ပါတယ်။

ဘယ်လိုလျှောက်ရမလဲ
📚Comment မှာ တိုကိရိုက်လျှောက်နိုင်တဲ့ Link ပေးထားမယ်၊
📚Application form ကိုဖြည့်ပြီးတင်ပါဖ
📚တစ်ဆင့်တက်ရင် Assignment လုပ်ရပါမယ်၊ 1.5-2 hours လောက်ကြာမယ်
📚ရွေးခံရရငိ interview 2-3 ဆင့်လောက်ရှိပါမယ်
📚ပြီးရငိ reference 3 ခုတောင်းပါမယ်

လျှောက်ကြည့်ပါနော်၊

လမ်းလျှောက်ထွက်တိုင်းကြောင်တွေ့ရင် ကျွေးဖို့ snack တွေ အိတ်ထဲအမြဲ သေချာထည့်သွားတယ်၊ အခုရက်ပိုင်းတော့ ဝယ်ရကျိုးနပ်ပြီလေ၊C...
08/16/2026

လမ်းလျှောက်ထွက်တိုင်းကြောင်တွေ့ရင် ကျွေးဖို့ snack တွေ အိတ်ထဲအမြဲ သေချာထည့်သွားတယ်၊
အခုရက်ပိုင်းတော့ ဝယ်ရကျိုးနပ်ပြီလေ၊

Cambridge 🇬🇧မှာလူကြောက်တဲ့ ကြောင်မရှိဘူး၊ လူကို အဖတ် မလုပ်တဲ့ကြောင်ပဲရှိတယ်၊ snack လေးပါမှ သူတို့ က လူနားလာတယ်၊ လူစီလာဖို့ ထလာပြီးရင် အကြောလေးဆန့်ရမှ၊ ပြီးမှ တစ်လှမ်းချင်းအေးဆေးလျှောက်လာတာ၊
တော်တော်များများကလည်း သင်းထားပြီးသားကြောင်တွေပဲ၊

ဒီက ဓလေ့ကလည်း ကြောင်တွေ့ရင် သင်းရမယ်၊ သားအိမ်ထုတ်ရမယ်ဆိုတာယုံကြည်ထားပြီး တစ်ဦးမဟုတ် တစ်ဦး ကြောင်ကို ဆေးခန်းခေါ်သွားကြတယ်၊။

ဒါကြောင့်လမ်းဘေးကြောင် stray တွေမတွေ့ရဘူး၊ ကြောင်ကလေးတွေနေရာတကာပေါက်နေတာမတွေ့ရတော့ ဒုက္ခရောက်တဲ့ကြောင်လေးတွေလည်းမရှိဘူး၊

ဒီပုံထဲက အဖြူလေးဆ်ုရင် ၁၀ နှစ်လောက်တောင်ရှိပြီ၊ ကြောင်သက်တမ်းနဲ့ဆိုရင် လူ အသက် ၉၀ ကျော်နဲ့တူတယ်၊ ကောင်းကောင်းနေရတော့အသက်ရှည်ကြတယ်၊

သင်းတယ်၊ သားအိမ်ထုတ်တယ်ဆိုတာ ကောင်းတဲ့ လုပ်ရပ်ပါ၊ ကြောင်လေးတွေ အဆကိမပြတ်မမွေးတော့ရင် အစားစာစရာမရှိလို့ ဒုက္ခရောက်တာတွေမရှိတော့ဘူး၊ ကြောင်တွေလည်း အချင်းချင်းရန်ဖြစ်တာမရှိတော့ဘူး၊ ပိုလည်းကျန်းမာတယ်၊
ကြောင်မလေးတွေလည်း ခဏခဏကလေးမမွေးရတော့ ဒုက္ခမခံရတော့ဘူး၊

📚သင်က cancer ရှိလို့ ၆ လပဲ နေလို့ရတော့မယ်လို့ ဆရာဝန်ကပြောတယ်၊ ပြောတဲ့အတိုင်းပဲ ၆ လ ပဲ နေရတယ်၊ ၈ လမြောက်မှာ သင့်ရဲ့ cance...
08/15/2026

📚သင်က cancer ရှိလို့ ၆ လပဲ နေလို့ရတော့မယ်လို့ ဆရာဝန်ကပြောတယ်၊ ပြောတဲ့အတိုင်းပဲ ၆ လ ပဲ နေရတယ်၊ ၈ လမြောက်မှာ သင့်ရဲ့ cancer အတွက် ဆေးထွက်လာတယ်၊ သင်သာလပိုင်းလောက်ပိုနေလိုက်ရရင် သင့်အသက်က နှစ်များစွာပိုရှည်ဖို့ မျှော်လင့်ချက်ရှိမယ်၊

📚သင်လိုနေတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်း organ တခုကိုသာ အချိန်မှီအစားထိုးလို့ရရင်လည်း သင်နှစ်များစွာပိုနေရဖို့ အလားအလာရှိမယ်၊
Organ အသစ်ကပေးတဲ့ နှစ်ပိုင်း၊ လပိုင်းအတွင်းမှာ ရောဂါကိုပျောက်အောင်ကုမလား၊ ရောဂါကို နှစ်ပေါင်းများစွာထိန်းနိုင်တဲ့ ဆေးကိုသောက်မလား၊ ရွေးချယ်စရာတွေရှိနိုင်မယ်၊

📚Organ donor တွေလည်း ကမ္ဘာတဝန်းမှာရှိပါတယ်၊ Organ တွေကို လိုချင်တဲ့ လူနာတွေလည်းအများကြီးပါပဲ၊ Waitlist တွေတန်းစီနေတာ၊ ဒါပေမယ့် US တစ်နိုင်ငံထဲကိုပဲကြည့်မယ်ဆိုရင်တောင် တစ်နှစ်မှာ organ အခု ပေါင်း ၂၈၀၀၀ လောက်ကို စွန့်ပစ်ရတယ်၊ အလဟသဖြစ်သွားတယ်၊
ဘာကြောင့်လဲဆိုရင် organ တော်တော်များများက လူခန္ဓာကိုယ်ရဲ့ အပြင်ရောက်ပြီဆိုရငိ 4-36 နာရီကြာပြီးရင် သုံးလို့မရတော့ပါဘူး၊ ဒီကြားထဲ organ ကို အရွှေ့အပြောင်းလုပ်နေရင်းပျက်စီးတာတွေလဲ ပါတယ်၊ စွန့်ပစ်လိုက်ရတဲ့ 28,000 ကို သုံးလို့ရရင် လူ့အသစ် 28,000 ကိုကယ်နိုင်မယ်၊ ဒီ organ တွေကို ပိုရေရှည်ခံနိုင်အောင် လုပ်န်ုင်ရင် ဘယ်လောက်ကောင်းမလဲ၊

📚ဒီပြသနာကိုဖြေရှင်းနေတဲ့ start up တစ်ခုအကြောင်းကျွန်မ သိရှိခဲ့ရတယ်၊ ကျွန်မရဲ့ မိတ်ဆွေတစ်ယောက်က အဲဒီမှာ engineer တစ်ယောက်အနေနဲ့ လုပ်နေလို့ သူကနေတစ်ဆင့်သိတာ၊ တကယ်ကို ရှေ့ပြေး technology တွေကိုတည်ဆောက်နေတဲ့ start up ပေါ့၊

📚Technology က reversible cryopreservation လို့ခေါ်တယ်၊ ဒီ နည်းပညာက အခုမှစပေါ်တာတော့မဟုတ်ပါဘူး၊ 1978 လောက်ကတည်းက ကမ္ဘာတစ်ဝှမ်းမိသားစုသန်းပေါင်းများစွာ ကလေးယူနိုင်ခဲ့တဲ့ IVF က ဒီ နည်းပညာကိုပဲသုံးတာပါ၊

📚လွယ်လွယ်ပြောရရင် အစားအသောက်တွေ တာရှည်ခံအောင် ရေခဲရိုက်တာနဲ့တူတယ်၊ နောက်မှ ပြန်နွှေးပြီး စားသုံးတာပေါ့၊
လူတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကတော့ ဒီနည်းလမ်းက သဘောသဘာဝအရ ဆင်တူပေမယ့် လက်တွေ့အဲဒီလောက်မလွယ်ဘူး၊
Organ တွေကို ရေခဲရိုက်ပြီးရင် ပြန်အပူပေးပြီး ပုံမှန်ပြန်အလုပ်လုပ်ဖို့လည်းလိုတာကိုး။
အသည်းဆိုရင် လူအသစ်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာလည်း ပုံမှန် လည်ပတ်ဖို့လိုတယ်၊

📚ဒါကြောင့် ဒီ start up က ခန္ဓာကိုယ်အစိတ်အပိုင်းကို ခဲစေတဲ့အခါမှာ organ မပျက်စီးအောင်လုပ်ရတယ်။ -130 degree Celsius လောက်ထိကို အေးခဲအောင်လုပ်ရင် organ ကိုရေရှည်ထိမ်းသိန်းထားနိုင်တယ်၊ ဒါပေမယ့် -60 degrees လောက်မှာ ရေခဲတွေက organ ကိုပေါက်တာတို့ပျက်တာတို့ဖြစိစေတယ်၊ ဒါကိုဖြေရှင်းန်ုင်ပြီးရင်လည်း နောက်တစ်ဆင့်က ပြန်ပြီး နွှေးရတာ၊

📚Organ ကို ရေရှည်ခံအောင်ခဲထားပြီးရင် ပြန်နွှေးတဲ့ အခါလည်း သေချာလုပ်ရတယ်၊ organ အပြင်ဘက်က ကြတ်သွားပြီး အထဲက ခဲနေတုန်းပဲဆိုရင်လည်းမရဘူး၊
Microwave လိုပြီး အပူပေးတာနဲ့နည်းစပ်တာမျိုးကို organ အတွက်လုပ်ရတယ်။ ကျွန်မသိရသမျှ သူတို့ဒီနည်းလမ်းကိုဆက်လက်လေ့လာရှာဖွေနေတုန်းပဲ။

📚ဒီ အဖွဲ့အစည်းတစ်ခုလုံးက နယ်ပယ်မတူတဲ့ scientist တွေ မျိုးစုံနဲ့ဖွဲ့ထားတာ၊ ရည်ရွယ်ချက်ကလည်း ပိုများတဲ့ လူသားတွေ healthy life ကိုပိုနေရအောင်၊ မိသားစုဘဝကို ရေရှည်ပျော်ပျော်ရွှင်ရွှငိနေခွင့်ရအောင်၊ ကိုယ့်ဘဝမှာ လုပ်ချင်တာတွေကို လုပ်ရဖို့ နှစ်ပိုများများနေခွင့်ရအောင်တစ်စိတ်တစ်ပိုင်းကနေကူညီပေးနေတဲ့ start up ပါ၊ ဒီလိုမျိုးကောင်းကျိုးတွေရစေတာကြောင့်လည်း ဒီ start up က investor တွေစီကနေ US$ 100 million ရပြီးသွားပါပြီ

📚ဒါတွေကို စမ်းသပ်နေတဲ့ အချိနိမှာ တိရိစ္ဆာန်တွေကို သုံးရပါတယ်၊ ကြွက်လေးတွေကစပြီး ဝက်တွေမျောက်တွေအထိသုံးရတယ်၊ ဒါကို xeno transplantation လို့ခေါ်ပါတယ်၊ species မျိုးစိတ်မတူပေမယ့် organ ရဲ့ လုပ်ပုံဆင်တော့ တခြား သတ္တဝါတွေရဲ့ organ ကို သုံးလို့ရမလားဆိုတာ အဖြေရှာစမ်းသပ်ဆဲဖြစ်ပါတယ်၊

📚ဒီလိုမျိုး organ အစားထိုးဖို့ဆိုရင် သဘာဝမှာကျက်စားနေတဲ့ ဝက်မဟုတ်ပဲ သီးသန့် ဗီဇပြုပြင်ထားတဲ့ တိရိစ္ဆာန်တွေက်ုမွေးပြီးသုံးရတယ်၊ အရမ်းသန့်တဲ့ အခန်းတွေမှာ သီးသန့်မွေးပြီး အချိန်တန်ရင် organ ထုတ်ယူဖို့သက်သက်မွေးရပါတယ်၊
တိရိစ္ဆာန်တွေအကြောင်းကိုတော့ ကုပ္ပဏီက သီးသန့်ရေးပြထားတာမရှိပါဘူး၊ xeno transplant တွေအကြောင်းကိုရှာဖတ်ရင်းကျွန်မလေ့လာရတာကိုရေးထားတာပါ၊

📚ဒါကိုစဉ်းစားကြည့်ရင်း ကျွန်မငယ်ငယ်ကဖတ်ဖူးတဲ့ စာအုပ်တခုကိုတောင်သတိရသွားတယ်၊ Never let me go လို့ခေါ်တယ်။ British author တစ်ယောက်ဖြစ်တဲ့ Kazuo Ishiguro ကရေးထားတာ၊ စာအုပ်ရဲ့ title ကိုကြည့်ပြီး romance လိုထင်ပြီး စဖတ်လိုက်တာပါ၊ romance လဲပါပါတယ်၊
Spoiler alert ‼️
ဇာတ်လမ်းက တော့ organ transplant တွေ အတွက် လူရဲ့ organ ကိုလိုရင်သုံးလို့ရအောင်လို့ organ donor လူတွေကို သီးသန့်မွေးထားတာ၊
အနာဂတ်မှာ ဒီ organ donor တွေရဲ့ organ တွေကို လိုရင်သုံးဖို့ပေါ့။

📚သူတို့တွေကတော့ ပုံမှန်လူအတိုင်းပဲကြီးပြင်းလာတယ်၊ ကျောင်းလဲတက်တယ်၊ social life လဲရှိတယ်။ သူတို့ကျောင်းထဲမှာပဲနေရတာ၊ အပြင်လောကရှိမှန်းတော့သူတို့သိတယ်၊ အပြင်လောကနဲ့တော့ အထိအတွေ့မရှိဘူး။ ဒါပေမယ့် စာဖတ်တဲ့သူတစ်ယောက်အနေနဲ့တော့ သူတို့ဘဝအကြောင်းကိူ ဖတ်နေရင်း ပုံမှန်မဟုတ်တာမရှိလောက်အောင်ကို ပုံမှန်အတိုင်းကြီးပျင်းလာတာလို့ထင်ရတယ်၊ အချင်းချင်း drama တွေလည်းရှိတယ်၊ အချစ်ဇာတ်လမ်းတွေလည်းရှိတယ်၊
📚နောက်ပိုင်းမှာမှ တစ်ယောက်ပြီး တစ်ယောက်အပြင်လောကကိုထွက်သွားသလိုပြပြီး ပြန်မလာတော့မှ ဇာတ်လမ်းအဖြေကပေါ်လာတယ်၊
အပြင်လောကက လူတွေအတွက် အဆင်သင့်ဖြစ်တဲ့ အခါ၊ လိုတဲ့အခါ ဒီကျောင်းကသူတို့တွေရဲ့ organ တွေကိုအသုံးချတာပေါ့၊
အေးအေးဆေးဆေးနဲ့ ရက်စက်မှုတွေ၊ မတရားမှုတွေမပါဘူးလို့ထင်ရတဲ့ ဘဝတွေကိုပုံဖော်ထားတာပေါ့၊
📚ကျောင်းသားတွေက good life ရှိပါတယ်၊ အစားအသောက်ကောင်းကောင်းမွန်မွန်စားရတယ်၊ ကျောင်းသွားရတယ်၊ social life ရှိခွင့်ရတယ်။ ဒီကျောင်းကသာ မမွေးထားရင် သူတို့တွေလည်းမွေးလာမှာမဟုတိဘူး၊ နောက်ဆုံးအဆုံးသတ်ကိုလည်း ဒီကျောင်းကပဲ သူတို့အတွက်ရွေးချယ်ပေးတယ်၊ ကျောင်းသားတွေကိုယ်တိုင်ကတော့ကြီးလာရင်ဘာဖြစိမလဲဆိုတာတော့မသိဘူးပေါ့၊

Spoiler ends ‼️📚

📚ကမ္ဘာကြီးရဲ့ organ transplant ပြသနာကိုဖြေရှင်းနိုင်ရင် လူတော်တော်များများရဲ့ ဘဝကို အဆမတန်ကောင်းမွန်စေမှာဆိုတာကတော့ငြင်းလို့မရပါဘူး၊
ဒါအတွက် တိရိစ္ဆာန်တွေကို မွေးမြူပြီး xeno organ အလှူရှင်ဖြစ်ခိုင်းစေသင့်လား၊ အဖြေကတော့လွယ်ချင်မှလွယ်မှာပါ။ ရှိချင်မှာလည်းရှိဦးမှာပါ။
ခံစားချက်ရှိတဲ့ တိရိစ္ဆာန်တွေကိုသုံးဖို့မလိုတဲ့၊ ထပ်ကောင်းတဲ့ technology ရှိလာတဲ့ အချိနိထိ xeno transplant ကို လုပ်ရတာက လက်ခံထားလို့ရမယ့်အရာလား၊
📚ကျွန်မတို့ အကုန်လုံးက technology တိုးတက်လာတာတွေရဲ့ အခွင့်ထူးခံလူသားတွေပါ၊ တပြိုင်နက်ထဲမှာပဲ ဒါတွေရဲ့ victim တွေကောရှိလား၊

📚စာဖတ်သူတို့ကော ဘယ်လိုထင်လဲ၊

Credit: ပုံတွေအကုန်လုံးက ဒီ start up ရဲ့ website ကယူထားတာပါ၊ Link in the comment

ဖိနပ်ဝယ်ပြီးမှ သားရေနဲ့ လုပ်ထားလား၊ တိရိစ္ဆာန်ကနေယူထားတဲ့ ပစ္စည်းတွေပါလား ပြန်စစ်ဖို့ သတိရတယ်၊ ပုံမှန်ဝယ်နေကျပစ္စည်းမဟုတ...
08/14/2026

ဖိနပ်ဝယ်ပြီးမှ သားရေနဲ့ လုပ်ထားလား၊ တိရိစ္ဆာန်ကနေယူထားတဲ့ ပစ္စည်းတွေပါလား ပြန်စစ်ဖို့ သတိရတယ်၊

ပုံမှန်ဝယ်နေကျပစ္စည်းမဟုတ်ရင် သတိလက်လွတ်ဖြစ်ပြီး စစ်ဖို့ သတိမရဘူး၊

တော်သေးတယ်၊ ဖိနပ်က vegan တဲ့၊

Skechers ကဝယ်တာ၊ £70 ကို student discount နဲ့ဆိုတော့ $59.90 ပဲပေးရတယ်၊ 👏

ကျွန်မအမြဲသုံးနေကျ လက်ကိုင်အိတ်က လည်း vegan ပဲ၊ သားရေ leather ကိုမသုံးထားဘူး၊

More posts in the comment

Address

Denver, NC
28037

Alerts

Be the first to know and let us send you an email when Forward Food Tech MM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share