Forward Food Tech MM

Directions Website

Forward Food Tech MM Sharing information on sustainable food tech to reduce animal agriculture, its environmental footprint and animal exploitation

📚သိန်း ၂၀ ကျော်ကနေစပြီး သိန်း ၁၀၀ နီးပါး grant funding ရနိုင်မယ့် အခွင့်အရေး၊ 📚တိရစ္ဆာန်လေးတွေကို ကူညီပေးချင်ပေမဲ့ ရန်ပု...
09/27/2026

📚သိန်း ၂၀ ကျော်ကနေစပြီး သိန်း ၁၀၀ နီးပါး grant funding ရနိုင်မယ့် အခွင့်အရေး၊

📚တိရစ္ဆာန်လေးတွေကို ကူညီပေးချင်ပေမဲ့ ရန်ပုံငွေမရှိလို့ စိတ်ကူးထဲမှာပဲ ချန်ထားခဲ့ရတာတွေ ရှိလား? 🐾✨

📚ဒါဆိုရင်တော့ Spark for Animals Fund ကိုလျှောက်ဖို့ ပြင်ဆင်လိုက်ပါ၊
📚တိရစ္ဆာန်တွေရဲ့ နာကျင်ခံစားရမှုတွေကို လျှော့ချပေးနိုင်မယ့် စိတ်ကူးကောင်းလေးတွေ ရှိတယ်ဆိုရင် ဒေါ်လာ ၅၀၀ ကနေ ၂,၀၀၀ အထိ Spark Grant ထောက်ပံ့ကြေး လျှောက်ထားနိုင်ပါတယ်။

📚မသေချာသေးလို့၊ အစအဆုံး မပြင်ဆင်ရသေးလို့ ဆိုပြီး စိတ်မပူပါနဲ့။
စမလုပ်ရသေးတဲ့ စိတ်ကူးသစ်တစ်ခုဖြစ်နေရင်ဖြစ်ဖြစ်၊ ဒေသတွင်း Campaign လေးလုပ်ချင်တာ၊ အသိပညာပေးစာအုပ်/ဗီဒီယို ဖန်တီးချင်တာ၊ တိရိစ္ဆာန်လေးတွေကို နာကျင်မှု နည်းအောင် လုပ်နိုင်မယ့် နည်းပညာဆန်းဆန်းလေးတွေ စမ်းသပ်ချင်တာပဲဖြစ်ဖြစ် လုပ်ချင်တာတွေအတွက် အစပိုင်း စတင်လုပ်နိုင်ဖို့ funding ပေးနေပါတယ်၊
အဖွဲ့အစည်း (Nonprofit) ထူထောင်ထားစရာမလိုပါဘူး။ ခိုင်မာတဲ့ ရည်ရွယ်ချက်၊ သေချာပြင်ဆင်ထားတဲ့ အစီအစဉ်နဲ့ တကယ်လုပ်ချင်တဲ့ စိတ်ဓာတ်ရှိရုံနဲ့ လုံလောက်ပါတယ်။ 💡

📚ဒါပေမဲ့ ဒီ Fund က idea တိုင်းနဲ့တော့ မကိုက်ညီနိုင်ပါဘူး။

📚ဘယ်လိုမျိုးတွေနဲ့ မကိုက်ညီဘူးလဲ?
တိရစ္ဆာန်လေးတွေကို တစ်ကောင်ချင်းစီ ကယ်ဆယ်ဖို့ သို့မဟုတ် ဆေးကုသစောင့်ရှောက်ခ ပေးဖို့အတွက် ရန်ပုံငွေ လျှောက်ထားတာမျိုးဆိုရင်တော့ ဒီ Fund က မကိုက်ညီပါဘူး။

📚ဘယ်လို စိတ်ကူးမျိုးတွေအတွက် အဆင်ပြေဆုံးလဲ?
ဒီ Fund ရဲ့ အဓိက ရည်ရွယ်ချက်က တိရစ္ဆာန်လေးတွေ နှိပ်စက်ညှင်းပန်းခံရတာကို အစကတည်းက ကာကွယ်ပေးနိုင်မယ့် လူမှုအပြောင်းအလဲ (Social Change) တွေကို ဖန်တီးပေးဖို့ဖြစ်ပါတယ်။
➡️တိရစ္ဆာန်တွေအကြောင်း အသိပညာပေးမယ့် Social Media Channel စတင်ဖို့ သို့မဟုတ် တိုးချဲ့ဖို့
➡️တိရစ္ဆာန်အပေါ် ရက်စက်ပြီး အမြတ်အစွန်းယူတာတွေ လျှော့ချနိုင်မယ့် နည်းပညာ/တီထွင်ဆန်းသစ်မှုတွေကို စမ်းသပ်ဖို့
➡️တိရစ္ဆာန်ကာကွယ်ရေး ဥပဒေ/မူဝါဒတွေ ပေါ်ပေါက်လာဖို့ လူထုလှုပ်ရှားမှု (Public Policy Campaign) တွေပြုလုပ်ဖို့
➡️စာအုပ်၊ စာစောင် ဒါမှမဟုတ် ရုပ်ရှင်/ဗီဒီယို တိုလေးတွေ ဖန်တီးဖို့
➡️တိရစ္ဆာန်တွေ ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေကို လျှော့ချပေးနိုင်မယ့် အခြား လူမှုအသိုင်းအဝိုင်း ပြောင်းလဲရေး အစီအစဉ်တွေအတွက်ဖြစ်ပါတယ်။

ဒါတွေက ရန်ပုံငွေပေးမယ့် စိတ်ကူးအချို့ကိုပဲ နမူနာပြောပြတာပါ။ တိရစ္ဆာန်လေးတွေအတွက် ပိုမိုကောင်းမွန်တဲ့ ကမ္ဘာတစ်ခုဖြစ်အောင် ဖန်တီးပေးချင်တဲ့ အခြား စိတ်ကူးဆန်းဆန်းလေးတွေ ရှိရင်လည်း လျှောက်ထားလို့ရပါတယ်။

📚ဒီ Fund ကို NASA engineer တစ်ယောက်ဖြစ်တဲ့ Brian Ottens နဲ့ စီးပွါးရေးလုပ်ငန်းပိုင်ရှင် တစ်ဦးဖြစ်တဲ့ Paul Shapiro က စတင်ခဲ့ပါတယ်၊

📚တိရိစ္ဆာန်မွေးမြူသတ်ဖြတ်ပြီး အသားထုတ်တဲ့ လုပ်ငန်းကို ပပျောက်စေရေးအတွက် ကြိုးစားနေသူ ၂ ဦးဖြစ်ပါတယ်၊
Paul Shapiro အကြောင်းအရင်ကရေးထားတာရှိပါတယ်၊ comment မှာ link ပေးထားမယ်

📚Deadline မရှိပေမယ့် တက်န်ုင်သမျှ စောစောလျှောက်ဖို့တိုက်တွန်းလိုပါတယ်၊
📚US က မဟုတ်တဲ့ လူတွေ အဖွဲ့အစည်းတွေလဲလျှောက်လို့ရပါတယ်၊

📚လျှောက်လွှာမှာပါတွေပါလဲ
ခက်ခက်ခဲခဲဖြည့်ရတဲ့ လျှောက်လွှာမဟုတ်ပါဘူး၊ Online မှာပဲဖြည့်ရမှာပါ၊

➡️နာမည်
➡️နေထိုင်တဲ့နိုင်ငံ
➡️အသက်
➡️အရင်တုန်းက တိရိစ္ဆာန်တွေအတွက်ဘာလုပ်ပေးခဲ့ဖူးလဲ
➡️သင်အခုအကောင်အထည်ဖော်ချင်တဲ့ idea အကြောင်း စာတစ်ကြောင်းတဲ့နဲ့ရေးပြပါ၊
➡️Funding သာရရှိမယ်ဆိုရင် idea ကို ဘယ်လို အကောင်အထည်ဖော်မလဲဆိုတာ 500 words နဲ့ရှင်းပြပါ
➡️လိုတဲ့ ငွေမပါဏ ( အများဆုံးပေးမှာက USD 2,000 ပါ)
➡️Project ကို ဘယ်လို budget ခွဲထားလဲ
➡️သင့်ရဲ့ idea ကသာအောင်မြင်တယ်ဆိုရင် ကမ္ဘာကြီးစီမှာ ဘယ်လို သက်ရောက်မှုရှိမလဲ
➡️ဘယ်နေရာမှာ သင့်ရဲ့ project ကို အကောင်အထည်ဖော်မှာလဲ၊

သူတို့ရဲ့ website ပေါ်မှာတိုက်ရိုက် application form ဖြည့်ရမှာပါ၊ Link ကို comment မှာပေးထားပါမယ်၊

📚ကျွန််မမြန်မာပြည်ကထွက်လာတာ ၂ နှစ်ကျော်ပါပြီ၊ ကျွန်မရဲ့ ရန်ကုန်အိမ်က ကြောင်နဲ့ ယုန်လေးတွေကရန်ကုန်မှာကျန်ခဲ့တာကလွဲပြီး ကျ...
09/16/2026

📚ကျွန််မမြန်မာပြည်ကထွက်လာတာ ၂ နှစ်ကျော်ပါပြီ၊ ကျွန်မရဲ့ ရန်ကုန်အိမ်က ကြောင်နဲ့ ယုန်လေးတွေကရန်ကုန်မှာကျန်ခဲ့တာကလွဲပြီး ကျွန်မကို တွန့်ဆုတ်စေခဲ့တဲ့ အကြောင်းအရာကြီးကြီးမားမား မရှိခဲ့ဘူး၊ immediate family member တွေ အများစုလည်း မြန်မာပြည်မှာ မဟုတ်တော့ဘူးဆိုတော့ ပြည်ပထွက်ဖို့ ဆုံးဖြတ်ချက်ချရတာလွယ်တယ်၊ အိမ်ချက်မြန်မာအစားအစာကို မကြာခဏ သတိရတာတခုပဲရှိတယ်၊

📚ပြည်ပမှာ နေထိုင်ရင်းရန်ကုန်က ကိုယ်ပိုင်လုပ်ငန်းကိုလည်း ဆက်လက်လုပ်ကိုင်နေပါတယ်၊ Timezone ကွာခြားတာတွေအပြင်တခြားခက်ခဲတာတွေလည်းကြုံခဲ့ရတယ်၊ မတူတဲ့ ကမ္ဘာ၂ ခုမှာအလုပ်လုပ်နေရသလိုပါပဲ၊

📚ပြည်ပကိုထွက်လာတဲ့ အကြောင်းအရင်းထဲက တစ်ခုက Food Technology ကိုလေ့လာချင်လို့ပါ၊ တိိရိစ္ဆာန်တွေကိုသ-တ်ဖြ-တ်ဖို့မလိုပဲ ဘယ်လိုမျိုး အစားအစာတွေကိုထုတ်လုပ်လဲဆိုတာကို သိချင်တာပါ၊ University of Cambridge မှာ ကျောင်းတက်ရင်း connection တွေရခဲ့တယ်၊ တိရိစ္ဆာန်လေးတွေကိုသ-တ်စရာမလိုပဲ သူတို့ရဲ့ Cellကိုပဲယူပြီး အသားထုတ်တဲ့ လုပ်ငန်းတွေမှာ Commercialization ကိုအဓိက ပါဝင်လုပ်ကိုင်ခွင့်ရခဲ့တယ်၊

📚ကျွန်မနဲ့ အတူတူအလုပ်လုပ်နေတဲ့ cultivated meat start up က တကယ့် ဖြေရှင်းဖို့လိုတဲ့ အရေးကြီးတဲ့ပြသနာကိုဖြေရှင်းနေတာပါ၊ သိပ္ပံပညာရှင်တွေ engineer တွေက သူတို့ရဲ့ research အကြောင်းကိုပြောတာကို ကျွန်မနားထောင်ရင်း ဒါက တကယ် ဖြေရှင်းဖို့လိုတဲ့ပြသနာပဲလို့ယုံကြည်ထားတာက ပိုခိုင်မာလာတယ်၊
တိရိစ္ဆာန်တွေကိုမွေးဖြူပြီး အသားထုတ်ရတာ ရေတွေမြေတွေ ဖြူန်းတီးရာရောက်ပါတယ်၊ မွေးမြူရေးတိရိစ္ဆာန်တွေကို ဟော်မုန်းတွေ antibiotics တွေအများအပြားပေးရလို့ anti microbial resistance ဆိုတဲ့ ဆေးယဉ်မှုတွေဖြစ်လာန်ုင်ပြီး လူတွေကိုပါ ဆိုးကျိုးရှိလာနိုင်ပါတယ်၊
ဒါတွေအပြင် တိရိစ္ဆာန်တွေသန်းပေါင်းများစွာမှာ နာကျင်ကြောက်ရွံံ့ချင်းတွေ အဆပေါင်းများစွာဖြစ်စေရပါတယ်၊ လှောင်အိမ်လေးထဲမှာ သက်တမ်းတစ်လျှောက်နေရတာတွေ၊ လွတ်မြောက်ခြင်းမရှိတာတွေလည်း ခံစားနေရပါတယ်၊

📚အသားကို တိရိစ္ဆာန်မပါတဲ့ တခြားနည်းနဲ့သာထုတ်နိုင်ရင် ဒီပြသနာတွေအကုန်ပပျောက်သွားမယ်၊ ဒါကြောင့် နိုင်ငံတော်တော်များများက ကိုယ့်နိုင်ငံရဲ့ စားစရာဖူလုံအောင် တခြားနည်လမ်းတွေကိုစစဉ်းစားလာပြီး အကောင်အထည်ဖော်လာကြပါတယ်၊

📚ကျွန်မနဲ့ အတူလုပ်နေတဲ့ cultivated meat company တွေမှာ အဖြေတွေအကုန်မရှိသေးဘူး၊ ကြိုးစားရှာဖွေနေဆဲပါပဲ၊ သူတို့မှာ science နဲ့ဆိုင်တဲ့ အခက်အခဲတွေရှိတယ်၊ လုပ်ငန်းလည်ပတ်ဖို့ ငွေကြေးအတွက်ကြိုးစားရတဲ့ အခိုက်အတန့်တွေရှိတယ်၊ သူတို့ရဲ့ အချိန်နဲ့ အာရုံတွေကဒီ ပြသနာဖြေရှင်းဖို့မှာကုန်ရတယ်၊

📚ဒီလိုမျိုးပတ်ဝန်းကျင်မှာကျင်လည်ရတာက အဓိပ္ပာယ်ရှိတယ်၊ ခေါင်းကိုက်စရာတွေရှိပေမယ့်လည်းတန်တယ်၊ တကယ်လိုတဲ့ အဖြေတွေကိုရှာရတာကိုး၊

📚တချိန်တည်းမှာပဲ ကျွန်မရဲ့ လုပ်ငန်းက မြန်မာပြည်မှာပါ၊ လုပ်ငန်းရဲ့ Business model က ရိုးရှင်းပါတယ်၊ client တွေလိုအပ်တာတွေကိုဖြည့်ဆည်းပေးပြီး လုပ်ငန်းက လည်ပတ်နေတာပေါ့၊ ကျွန်မက ပြည်ပမှာရောက်နေပေမယ့် မြန်မာပြည်တွင်းက ပြသနာတွေနဲ့ကို နေ့တိုင်း ထိတွေ့နေရတာပေါ့၊

📚ကွာခြားချက်တွေကတော့ မိုးနဲ့မြေပါ၊
မနက်မှာ frontier technology တွေအကြောင်းနားထောင်သင်ယူစဉ်စားပြီးရင် ညနေခင်းမှာ မြန်မာပြည်နဲ့ဖုန်းပြောပြီး ရန်ကုန်မှာ မိီးပြတ်လို့ အလုပ်မလုပ်နိုင်တဲ့ပြသနာကို ဖြေရှင်းရတယ်၊

📚မနက်မှာ Scientist နဲ့ investor တွေ အမေးအဖြေလုပ်တဲ့ meeting အတွက်ပြင်ဆင်ပြီးရင် နေ့လည်မှာ မြန်မာပြည်က လုပ်ငန်းမှာ ငွေပမာဏ မဖြစ်စလောက်လေးအတွက် ဝန်ထမ်းက fraud လုပ်ပြီးလိမ်လည်ထားတာ တွေ့ရှိပြီးဖြေရှင်းရတယ်၊

📚ကျွန်မရဲ့ US နဲ့ UK က လုပ်ဖော်ကိုင်ဖက်တွေကိုပြောပြတဲ့ အခါ သူတို့က ပါးစပ်အဟောင်းသားပေါ့၊ High trust society မှာ နေသားကျနေတဲ့ သူတွေက ကျွန်မစီကနေ သူတို့နားမလည်နိုင်လောက်တဲ့ ဖြေရှင်းနည်းတွေအကြောင်း ကြားရတာပေါ့၊

📚မြန်မာပြည်က မထွက်ခင်ကတည်းကကျွန်မမရှိရင်ဒါတွေကတော့ဖြစ်လာနိုင်တယ်ဆိုတာလက်ခံထားပြီးသား။ ဖြစ်လာတော့လည်း ဖြေရှင်းရတာပေါ့၊ မြန်မာပြည်မှာ လုပ်ငန်းလုပ်သူသူငယ်ချင်းတွေနဲ့ စကားပြောရင်း သူတို့ရဲ့ အတွေ့အကြုံတွေပါကြားရတဲ့ အခါ ဒါတွေက သူတို့အတွက်လည်းမထူးဆန်းဘူးဆိုတာသိလာတယ်၊

📚မကြာသေးခင်ကပဲ Cambridge က talk တစ်ခုကို သွားနားထောင်ခဲ့တယ်၊ သေးသေးလေးဖြစ်တဲ့ ကိစ္စတွေကို တနေကုန်မလွှဲမရှောင်သာဖြေရှင်းပြီးသွားလို့ စိတ်ဖြေချင်လို့ lecture တွေကိုသွားနားထောင်တာပါ၊

📚Lecture က Is Cosmology in crisis? တဲ့၊ ရောက်တာနောက်ကျသွားလို့ talk တွေ အကုန် မမှီလိုက်ဖူး၊ Universe ရဲ့ အသက်ကို ခန့်မှန်းတာရယ် Universe ကို ဘာတွေနဲ့ဖွဲ့စည်းထားလည်းဆိုတာကို ရှင်းပြတဲ့ talk ပါ၊ Universe ရဲ့ဖွဲ့စည်းပုံထဲ မှာ လူတွေသိတဲ့ matter က 5% ပဲပါတယ်၊ ကျန်တာက လူတွေနားမလည်နိုင်သေးတဲ့ dark energy and dark matter ဆိုတာနဲ့ အများဆုံးဖွဲ့စည်းထားတယ်၊
ပညာရှင်တွေက dark energy and matter က ဘာတွေလဲဆိုတာကို နားမလည်နိုင်သေးပေမယ့် သူတို့က ဘာတွေတော့ မဟုတ်ဘူးဆိုတာကို သေသေချာချာသိထားတယ်၊

📚ဒီလိုလူတွေရဲ့ အလုပ်ကိုကျွန်မ အားကျမိတဲ့ အခါတွေရှိတယ်၊ ဘယ်သူ့စီမှာမှ အဖြေမရှိသေးတဲ့ စိတ်ဝင်စားစရာမေးခွန်းတွေကို စူးစမ်းလေ့လာခွင့်ရတဲ့လူတွေမို့လို့ပါ၊ သူတို့တွေက ကိုယ့်ရဲ့ ဖြစ်တည်မှုနဲ့ လောကနိယာမရဲ့အကြောင်း ကို ပိုနားလည်လာစေမယ့် အဖြေတွေကို ရှာနေရတယ်ဆိုတော့ သူတို့ရဲ့ စိတ်ထားတက ကျွန်မရဲ့ စိတ်နဲ့များဘယ်လိုမျိုးကွာမလဲဆိုတာသိချင်တယ်၊

📚ကျွန်မ တခါတခါစိုးရိမ်မိတဲ့ day to day အချက်အလက်တွေက ကိုယ်စိုးရိမ်ဖို့ ထိုက်တန်သေးလားဆိုတာကိုပါ မေးခွန်းမေးမိတယ်၊

📚ရန်ကုန်မှာကတည်းက ကျွန်မက ကံကောင်းတဲ့သူထဲမှာပါပါတယ်၊ အစားအသောက်အတွက်မစိုးရိမ်ရဖူး၊ နေစရာလည်း အဆင်ပြေတယ်၊ ကိုယ်ကယ်ချင်တဲ့ တိရိစ္ဆာန်လေးတွေကိုကယ်နိုင်တဲ့ အချိန်နဲ့ resources တွေရှိသင့်သလောက်ရှိတယ်၊ စာဖတ်ချင်တဲ့ အခါ စာဖတ်မယ့် အချိန်ကို ကိုယ့်ဘာကိုယ် အချိန်ဖယ်ထားပိုင်ခွင့်ရှိတယ်၊

📚ဒါတောင်မှပဲ Cambridge ကိုရောက်လာတဲ့ အခါ သက်ပြင်းလုံးလုံးချနိုင်တာကို သတိထားမိတယ်၊ မီးပျက်တာတွေဆီမရှိတဲ့ ပြသနာတွေကို စိတ်ထဲ ကနေ လုံးဝ ထုတ်ပစ်နိုင်တယ်၊
📚Supermarket မှာလည်း ဝယ်ချင်တဲ့ စားသောက်ကုန် တံစိပ်တွေ မပြတ်ဖူး၊ အကုန်လုံး predictable ဖြစ်တယ်၊ ကြိုတင်စီစဉ်လို့ရတယ်၊
📚ကျွန်မရဲ့ ဒီက သူငယ်ချင်းတွေ colleagues တွေအတွက် ဒါတွေက ပုံမှန်လိုမျိုးဖြစ်နေပေမယ့် ဒါတွေက ကမ္ဘာ့လူတော်တော်များများအတွက် luxury ပါ၊ ကမ္ဘာပေါ်က လူတော်တော်များများအတွက် ပုံမှန်အေးဆေးလေးနေထိုင်ပြီး ကိုယ်စိတ်ဝင်စားတာကို လေ့လာနိုင်တာကိုက luxury တစ်ခုပါပဲ၊

📚ဒီလိုမျိုး တည်ငြိမ်တဲ့ stable foundation ရှိရင်၊ survival အတွက်အဖြေနေ့တိုင်းမရှာနေရရင် ကိုယ်အဖြေရှာချင်တဲ့ မေးခွန်းတွေကိုစပြီး အဖြေရှာဖို့ အခွင့်အရေးရလာတာပါပဲ၊

📚အခုလိုမျိုး universe အကြောင်းပြောပြတဲ့ talk တွေကို သွားရင်းနဲ့ နေ့စဉ်ဖြစ်နေကျ အသေးအမွှားကိစ္စတွေကို အကုန် လွှတ်ချနိုင်ဖို့ ကျွန်မ လေ့ကျင့်နိုင်တယ်၊ နားလည်ဖို့ မလွယ်တဲ့ အကြောင်းအရာတွေကို သင်ယူရတာလည်း ကျေနပ်စရာအရာတွေထဲက တစ်ခုပါပဲ၊

I am my best self when I am confronted with the bigger mysteries of life.

📚အဖြေရှာဖို့ လိုတဲ့မေးခွန်းတွေကမ္ဘာပေါ်မှာ မရေမတွက်နိုင်အောင်အများကြီးရှိပါတယ်၊

📚ကိုယ့်ရဲ့ အကြောင်းကို ကိုယ်ဘယ်လောက်သိလဲကနေစပြီး စကြဝဠာကြီးက ဘယ်လို အလုပ်လုပ်လဲဆိုတာအထိကို စူးစမ်းစရာတွေအများကြီးပါ၊
ကိုယ်တိုင်ဘယ်လို မေးခွန်းတွေကို အဖြေရှာမလဲဆိုတာကို ရွေးချယ်ခွင့်ရဖို့က အရေးကြီးဆုံးပါပဲ၊ အဲဒီလိုရွေးချယ်ခွင့်ရတဲ့သူက ကံကောင်းတဲ့ သူပါ၊

📚စာဖတ်သူတို့ကော ဘယ်လိုမျိုး topic မျိုးကိုလေ့လာရင် ပျော်ရွှင်မှုရရှိနေလဲ၊
ဘယ်လိုမျိုး လုပ်ငန်းမှာဆိုရင် ဘဝက အဓိပ္ပာယ်ရှိတယ်လို့ခံစားရလဲ၊

📚ပုံတွေက ကျွန်မ အခုဖတ်နေတဲ့ စာအုပ်ရယ်၊
£30 နဲ့ဝယ်ထားတဲ့ second hand bike ရယ်၊ သွားခဲ့တဲ့ lecture မှာရိုက်ထားတဲ့ ပုံတွေရယ်၊ သွားချင်တဲ့ plant-based market ကို bus နဲ့သွားတဲ့ပုံတွေပါ၊

📚Cambridge နားက တခြားမြို့မှာ plant-based market တစ်ရက်လုပ်တယ်လို့ဖတ်ရလို့ အလည်လာခဲ့ပါတယ်၊ 🌱မြို့နာမည်က Saffron Walden တ...
09/13/2026

📚Cambridge နားက တခြားမြို့မှာ plant-based market တစ်ရက်လုပ်တယ်လို့ဖတ်ရလို့ အလည်လာခဲ့ပါတယ်၊

🌱မြို့နာမည်က Saffron Walden တဲ့၊ Cambridge ကနေ ၁၅ မိနစ် ရထားစီးတယ်ပြီးရင် bus ကားစီးလာလို့ရတယ်

ပွဲစျေးလေးလိုမျိုးပဲ၊
🌱1) ပထမဆုံးစားတာက vegan Mac and cheese ကိုစားတယ်၊ topping က Hoisin ‘duck အသားတုထည့်တယ်၊ portion များတယ်၊ £12 ပေးရတယ်၊

🌱2) vegan cheese တွေ ၃ မျိုး ဝယ်လာတယ်၊ အကုန်လုံးက cashew သီဟိုဠ်စေ့နဲ့လုပ်ထားတာ၊ သူ့စီမှာ cheese ၁၀ မျိုးလောက်ရှိတယ်၊ အကုန်လုံးကို အလကား မြည်းလို့ရတယ်၊ ကျွန်မကြိုက်တဲ့ ၃ မျိုးကို ဝယိလာတယ်
-blue cheese ရယ်
-Smokey cheese ရယ်
-Gouda ရယ်၊
၃ မျိုးဝယ်လို့ Parmesan cheese အပိုရတယ်၊ အားလုံးပေါင်း £38 ကျတယ်၊ တမျိုးထဲဝယ်ရင်တော့ £10 ပေါင်ကနေ £13 ပေါင်ကျမယ်

🌱3) ပြီးတော့ cake မုန့်ကို espresso coffee cake slice တစ်ခုဝယ်တယ်၊ £9 ကျတယ်

နောက် ၂ ပတ်လောက်ကျရင် Cambridge မှာလဲ vegan market ရှိမှာမို့ သွားဖို့စီစဉ်ထားတယ်၊

ပုံတစ်ပုံချင်းစီမှာစာရေးပေးထားပါတယ်

ကိုယ့်ရဲ့ original content တွေကို သူများက credit မပေးပဲ သုံးတာ ကြုံဖူးကြလား၊ ဒီနေ့ပဲ လမ်းလျှောက်ရင်းနဲ့ ကြောင်ဖြူလေးတစ်က...
09/05/2026

ကိုယ့်ရဲ့ original content တွေကို သူများက credit မပေးပဲ သုံးတာ ကြုံဖူးကြလား၊

ဒီနေ့ပဲ လမ်းလျှောက်ရင်းနဲ့ ကြောင်ဖြူလေးတစ်ကောင်တွေ့တယ်၊ လည်ပတ်လေးနဲ့ ငှက်ကြည့်နေတာ ချစ်စရာလေး။ မျက်လုံးက တစ်ဖက်က အပြာ တစ်ဖက်က အဝါဖြစ်နေတော့
ထူးဆန်းလို့ ပုံရိုက်ပြီးကျွန်မရဲ့ family group chat ထဲကိုပို့လိုက်တာပေါ့၊ သူတို့လည်းမြင်ဖူးအောင်၊

အဲဒီမှာ content အလကားအယူခံရတာပဲ၊ ကျွန်မရဲ့ မာတာမိခင်က ခပ်တည်တည်နဲ့ ပုံကိုယူသုံးပြီး သူ့ story မှာတင်တယ်၊ Caption ပါရေးလိုက်သေးတယ်၊ ထူးခြားချက်ဘာလဲတဲ့၊
Original source ကိုလည်း credit မပေးဘူး။ 😭

AI ကို သုံးပြီး အစားအသောက်တွေအကုန်လုံးကို အသားမပါပဲ အသားအတိုင်းအရသာဖြစ်အောင်လုပ်လို့ရလား၊ 📚AI for Food Innovation ဆိုတဲ့...
08/26/2026

AI ကို သုံးပြီး အစားအသောက်တွေအကုန်လုံးကို အသားမပါပဲ အသားအတိုင်းအရသာဖြစ်အောင်လုပ်လို့ရလား၊

📚AI for Food Innovation ဆိုတဲ့ paper တခုမကြာသေးခင်က ထွက်လာပါတယ်၊ US, UK နဲ့ Canada က တက္ကသိုလ်တွေပေါင်းပြီးရေးထားတဲ့ paper ပါ၊

📚Food scientist တွေဆိုတာ အစားအသောက်တစ်ခုရဲ့ ကျွတ်တာ၊ ရွတာ၊ စပ်တာ စသည့်ဖြင့် ရှိတာတွေကို chemical and physical properties အနေနဲ့ ပြန်သုံးသပ်ရတာဖြစ်တယ်၊
📚အစားအစာထဲမှာ ပါတဲ့ ပါဝင်ပစ္စည်းတွေရဲ့ အခြေခံ molecule ဖွဲ့စည်းပုံကို လိုက်ပြီး ဘယ်လို အရသာထွက်လာမလဲ၊ texture ကောဘယ်လိုရှိမလဲ၊ အာဟာရအနေနဲ့ကောဘယ်လိုရှိမလဲဆိုတာကို စမ်းသပ်ရပါတယ်။
📚AI ကို သုံးလို့ရပြီဆိုတော့ဆိုတော့ တစ်ခုချင်းစီ စမ်းသပ်နေဖို့မလိုတော့ပဲ၊ AI က ခန့်မှန်းပေးတဲ့ ပါဝင်ပစ္စည်းတွေကို သုံးလို့ရမယ်၊
ကိုယ်လိုချင်တဲ့ အရသာ၊ အာဟာရ၊ ကုန်ကျစရိတ်ကိုပြောလိုက်ရင် ဘယ်လို ပါဝင်ပစ္စည်းတွေကို ဘယ်လိုအချိိုးအစားနဲ့ရောရမလဲဆိုတာ ကိုသိရလိမ့်မယ်။ အဲဒိတော့မှ လူက စမ်းသပ်ပြီး validate လုပ်လို့ရမယ်၊ လူကိုယ်အတိုင် အစအဆုံး အမှားမှားအယွင်းယွင်းနဲ့ တစ်ခုချင်းစီ စမ်းသပ်ရမယ့် အချိန်ကိုလျှော့လိုက်သလိုဖြစ်လို့ပိုမြန်သွားတာပေါ့၊

📚ဒါမျိုးကို ဆယ်စုနှစ်နီးပါးလုပ်လာတဲ့ AI company တစ်ခုရှိပါတယ်၊ ဒီ company က အလုပ်ဖြစ်လွန်းလို့ unicorn status တောင်ဖြစ်သွားပြီ၊

📚အသားပါဝင်တဲ့ အစားအစာတွေကို သက်သတ်လွတ် ပစ္စည်းတွေနဲ့ အစားထိုးပြီး အရသာဆင်တူအောင်လုပ်တဲ့ company ပါ၊ NotCo လို့ခေါ်တယ်၊

📚နာနတ်သီးနဲ့ဂေါ်ဖိီထုတ်ကိုရောလိုက်ရင် နွားနို့နဲ့ အရသာတစ်ပုံစံဖြစ်လာမယ်ဆိုတာမျိုးကို သူတို့ရဲ့ AI စနစ်က ခန့်မှန်းခဲ့တာ၊

📚အစားအစာတွေမှာ အခြေခံအုပ်မြစ်က molecule လေးတွေပါ၊ အပင်ကပဲဖြစ်ဖြစ်အသားကပဲ ဖြစ်ဖြစိ molecule တွေက အခြေခံပါပဲ။
အသားမှာပါတဲ့ molecule တွေကို အပင်မှာရှာတွေ့ပြီး အသားအစားထိုးနိုင်ဖို့ AI ကရှာဖွေပေးတယ်၊ ဒီ ကုပ္ပဏီအကြောင်းကျွန်မရေးထားတဲ့ post ကို comment မှာ link ပေးထားပါမယ်၊

📚Food Innovation မှာ AI က အစပဲရှိပါသေးတယ်၊ နောက်ပိုင်း ပိုတိုးတက်လာတာနဲ့အမျှ တိရိစ္ဆာန်တွေကို မွေးမြူသ-တ်ဖြတ်ပြီး အသားထုတ်လုပ်ဖို့ မလိုတော့ဘူးလို့မျှော်လင့်ပါတယ်

📚ဒီလိုမျိုး အပင်နဲ့ အစားထိုးတာအပြင် cultivated meat companies တွေလဲများလာပါတယ်၊ တိရိစ္ဆာန်တွေကို သ-တ်ဖို့မလိုပဲ cell ကိုပဲယူပြီး အသားဖြစ်အောင်လုပ်တာပါ၊
Fermentation ကို သုံးပြီး fungi ကနေ အသားနဲ့တူတဲ့ အစားအသောက်လုပ်တဲ့ company တွေလဲရှိပါတယ်၊ အရင်ကရေးဖူးတဲ့ company တွေ comment မှာ link ပေးထားမယ်၊

📚သင်ကောဘယ်လိုထင်လဲ။ Animal agriculture မရှိတော့မယ့် အနာဂတ်ကို တွေးကြည့်လို့ရလား

နွားနို့ထွက် ပစ္စည်းမသုံးတဲ့ vegan ice-cream 😋Flavor က Dark chocolate and sea salt ပါ၊ £2.90 ပေးရတယ်၊ Cambridge က Jack's...
08/24/2026

နွားနို့ထွက် ပစ္စည်းမသုံးတဲ့ vegan ice-cream 😋

Flavor က Dark chocolate and sea salt ပါ၊
£2.90 ပေးရတယ်၊

Cambridge က Jack's Gelato ကနေဝယ်စားပါတယ်၊ သူက ဒီမှာ နာမည်ကြီးတယ်၊ အမြဲတမ် တန်းစီစောင့်ရတယ်၊

🇬🇧London က Korean aesthetic clinic ကိုသွားပြီး treatment ကို ဘယ်လိုရွေးလဲ၊ အထူးသဖြင့် တိရိစ္ဆာန်ထွက်ပစ္စည်းမပါတဲ့ treatm...
08/23/2026

🇬🇧London က Korean aesthetic clinic ကိုသွားပြီး treatment ကို ဘယ်လိုရွေးလဲ၊
အထူးသဖြင့် တိရိစ္ဆာန်ထွက်ပစ္စည်းမပါတဲ့ treatment တွေကို ရွေးယူတဲ့အကြောင်းကိုမျှဝေပေးပါမယ်၊

📚ရန်ကုန်နဲ့ ဘန်ကောက် aesthetic clinic တွေရဲ့ aesthetics တွေက ရင်းနှီးပြီးသားမိုလို့ ကိုယ်လိုချင်တာ သူတို့နားလည်မယ်ဆိုတာ စိတ်ချရတယ်၊

📚US နဲ့ UK မှာတော့ Korean clinics တွေကို သေချာလိုက်ရှာပြီးမှ သွားဖြစ်တယ်၊

📚US မှာတုန်းက Virginia မှာ ကြိုက်တဲ့နေရာတစ်ခုတွေ့တယ်၊ ပုံမှန်သွားဖြစ်တယ်၊ အဲဒါကလည်း Korean clinic နဲ့ Korean ဆရာဝန်ပဲ၊ ဆိုတော့ သူရဲ့ judgment ကို ကျွန်မယုံတယ်၊

📚အခု UK ဆိုရင် London မှာ တစ်နေရာအသစ်တွေ့လို့ သွားစမ်းကြည့်တယ်၊ Fine Clinic လို့ ခေါ်တယ်၊ ပထမဆုံး သွားတာဆိုတော့ consultation ယူဖို့ကျွန််မကိုပြောတယ်၊ appointment ကို book လုပ်ရင်း consultation fee £75 တစ်ခါတည်းပေးရတယ်၊

📚ဟိုရောက်သွားတော့ ဆရာဝန်နဲ့တွေ့ပြီး ဘာတွေလုပ်သင့်လဲဆိုတာကို ၂၀ မိနစ်လောက်ပြောတယ်၊ ဆရာဝန် ညွှန်းတာက PDRN injection တွေပေါ့၊ Salmon s***m ကနေယူထားတဲ့ salmon DNA ကနေလုပ်ထားတဲ့ injection တွေပါ၊ ဒါက အခုလည်း popular ဖြစ်နေတယ်၊

ဆရာဝန်ကို animal-derived မဟုတ်တဲ့ treatment တွေပဲ လုပ်ချင်ပါတယ်။ တိရိစ္ဆာန်ထွက် ပစ္စည်းမပါတာပဲယူမယ်လို့ပြောတော့ သူက ဒါတွေရွေးချယ်စရာပေးတယ်၊

📚၁)PRF under eye injections လုပ်ပါတဲ့၊ (plant-derived) အပင်ကနေယူထားတဲ့ ပစ္စည်းတွေပဲဖြစ်လို့ကျွန်မ အတွက်အဆင်ပြေမယ်၊ မျက်လုံးအောက်ကို ပိုပြီး လန်းဆန်းသွားစေမယ်ဆိုပြီး recommend ပေးတယ်၊ 3 sessions လောက်လုပ်ရမယ်၊ One session ကို £700 ဝန်းကျင်

📚၂)MCT auto exosomes
ဒါက ကိုယ်ရဲ့ သွေးကိုသုံးပြီး လုပ်ရမယ့် treatment ဖြစ်တယ်၊ 3 sessions လောက်လုပ်ရမယ်၊ One session ကို £1,000 ဝန်းကျင်လောက်၊

ဒါ ၂ မျိုးစလုံးကက PDRN ထပ် စျေးနည်းနည်းပိုများတယ်၊

📚၃)နောက် Micro-needling လဲလုပ်လို့ရတယ်၊

📚ဒီမှာကလေ ဆရာဝန်ပဲမဟုတ်ပဲ ရှင်းပြတဲ့ staff ကတောင် ဘယ် treatment က animal-derived ဖြစိလဲ ဘယ်ဟာက plant and animal ရောပြီး ထုတ်ထားလဲ ဆိုတာချက်ချင်းမေးလို့ရတယ်၊ သူတို့မှာ အဖြေရှိတယ်၊ ကျွန်မက animal ပါဝင်ပစ္စည်းမလိုချင်ဘူးဆိုရင် သူတို့ တန်းပြီး ရွေးချယ်ဖို့ရှိတာတွေကို list ပြရှင်းပြပေးတယ်၊ သူတို့အတွက်က ကျွန်မရဲ့ မေးခွန်းတွေက foreign concept မဖြစ်မနေဘူး၊ သူတို့မကြောင်သွားဘူး၊ သူတို့စီမှာလည်း ဒီလို concern ရှိတဲ့သူတွေရှိတယ်၊ မေးခွန်းမေးတဲ့သူတွေရှိတယ်လို့ယူဆလို့ရတယ်၊

📚ဒါကြောင့် သူတို့ ပေါ်မှာ ကျွန်မယုံကြည်မှုတိုးခဲ့ပါတယ်။
နေ့တိုင်းသုံးနေကျ ပစ္စည်းတွေက တိရိစ္ဆာန်တွေကို ဓာတ်ခွဲခန်းမှာချုပ်နှောင်ထားပြီး စမ်းသပ်မှုလုပ်တာကင်းတဲ့ cruelty free ပစ္စည်းဖြစ်ရမယ်၊ vegan ဖြစ်ရမယ်လို့ရည်ရွယ်ပြီး တက်နိုင်သမျှရွေးချယ်ဝယ်ယူပါတယ်၊ အိတ်တို့ ဖိနပ်တို့ပါ သားရေမပါအောင်၊ အနွေးထည်မှာလည်း ငှက်မွှေးမပါအောင် ကြိုးစားရွေးချယ်ပါတယ်၊ 100% perfection ရရင်အကောင်းဆုံးပါ၊ ဒါပေမယ့်တိိရိစ္ဆာန်တွေကို အသုံးချပြီး ထုတိလုပ်တဲ့ပစ္စည်းတွေများတော့ တစ်ခါတလေ မထင်မှတ်ပဲ ဝယ်မိသွားတဲ့ အခါတော့ရှိပါတယ်၊

အရင်က ဝယ်ယူသုံးခဲ့တဲ့ cruelty fee ပစ္စည်း ပို့စ်တွေ comment မှာ link ပေးထားပါမယ်၊

2009 မှာ အရင်းအနှီး ဒေါ်လာ 5,000 နဲ့စခဲ့တဲ့ လုပ်ငန်းက အခုဆိုရင် US$ 800 million တန်သွားပါပြီ. ဒီဇာတ်လမ်းရဲ့ ပဲ့ကိုင်ရှင်...
08/21/2026

2009 မှာ အရင်းအနှီး ဒေါ်လာ 5,000 နဲ့စခဲ့တဲ့ လုပ်ငန်းက အခုဆိုရင် US$ 800 million တန်သွားပါပြီ.

ဒီဇာတ်လမ်းရဲ့ ပဲ့ကိုင်ရှင်ကတော့ Nutrition counselor တစ်ဦးဖြစ်တဲ့ Elizabeth Stein ဆိုတဲ့ အမျိုးသမီးပါ။ သူကိုယ်တိုင် အချိုကြိုက်သလို
သူ့ရဲ့ client တွေကို healthy sweet ညွှန်းပေးချင်လို့ ဆိုပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ချိုတဲ့ အစာတွေကို စတင်ရောင်းချခဲ့ပါတယ်၊

ပထမဆုံး Chia seeds၊ Quinoa၊ coconut sugar တို့နဲ့ muffin mix တွေကို ကိုယ်တိုင်စလုပ်ပြီး အားကစားပြိုင်ပွဲတွေမှာ လိုက်ရောင်းခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ သူ့အမေရဲ့ အကြံပေးမှုနဲ့အတူ Granola တွေကို စမ်းသပ်ထုတ်လုပ်ခဲ့ရာကနေ အကြီးအကျယ် popular ဖြစ် သွားခဲ့ပါတယ်။

Granola ဆိုတာကို ကျွန်မငယ်ငယ်တုန်းကတော့ ဘာမှန်းမသိခဲ့ပါဘူး၊ မြန်မာစာထဲမှာမပါဘူးဆိုတော့ granola နဲ့မရင်းနှီးဘူး၊
တက္ကသိုလ်မှာမှ စပြီးစားဖူးတာ၊ အလွယ်ဆုံးမှတ်ရရင်
Oats တို့ အစေ့အဆံတို့ရောထားတာကို granola လို့ ခေါ်တယ်၊ တခါတလေ honey ပါထည့်တယ်၊ honey မပါရင် ပုံမှန်များသောအားဖြင့် granola တွေက vegan များတယ်၊
Granola ကို non dairy ဒိန်ချဉ်သို့မဟုတ် soy milk နဲ့ ရောစားလေ့ရှိတယ်၊

တဖြည်းဖြည်းနဲ့ Purely Elizabeth ဆိုတဲ့ နာမည်နဲ့ အမေရိကန်တစ်ဝန်း ဆိုင်ပေါင်း ၃၀,၀၀၀ ကျော်အထိ တင်ရောင်းနိုင်ခဲ့ပြီး နှစ်စဉ် ပျမ်းမျှရောင်းရငွေ ဒေါ်လာ သန်း ၁၄၇ -၂၀၀ အထိ ရှိလာခဲ့ပါတယ်။

2026 ရဲ့ နောက်ဆုံးရ သတင်းထူးကတော့...

Nutella၊ Kinder၊ Ferrero Rocher တို့လို ကမ္ဘာကျော် ချောကလက်တွေကို ပိုင်ဆိုင်တဲ့ အီတလီကုမ္ပဏီကြီး Ferrero Group က Purely Elizabeth ကို အပြီးသတ်ဝယ်ယူဖို့ သဘောတူညီချက် ရယူလိုက်ပါပြီ။
📚ဒါကို Acquisition လို့ခေါ်ပါတယ်၊ ကုပ္ပဏီကြီးတခုကနေ brand တစ်ခု၊ လုပ်ငန်းတခုကို ဝယ်ယူလိုက်တာပါ၊

📚လုပ်ငန်းတခုလုံးကို US$ 800 million နဲ့ဝယ်တာပါ၊ လုပ်ငန်းတစ်ခုကို တန်ဖိုးဖြတ်တဲ့နည်းက အမျိုးမျိုးရှိပါတယ်၊ သိတဲ့ public information ကိုပဲ သုံးရမယ်ဆိုရင်သူတို့က revenue ရဲ့4-5.4x ဆကိုပေးပြီးဝယ်တယ်လို့ တွက်လို့ရတယ်၊
တကယ်တွက်တဲ့ valuation နည်းလမ်းကတော့ ဒီထပ်ပိုရှုပ်ပေမယ့် တစ်နှစ်ရောင်းအားရဲ့ 4,5 ဆလို့ ယူဆပြီးလုပ်ငန်းကို တန်ဖိုးဖြတ်ထားတယ်၊

တည်ထောင်သူ Elizabeth Stein က ကုပ္ပဏီရဲ့ 2/3 ကိုပိုင်တဲ့အတွက်ကြောင့် ဒီ acqusition ကနေ US$ 400-500 million လောက်ရရှိမယ်လို့မှန်းထားကြပါတယ်၊

ဒီလိုမျိုးပဲ လွန်ခဲ့တဲ့ 4-5 လတုန်းက vegan brand တစ်ခုဖြစ်တဲ့ Huel ကိုလည်း US$ 1 billion acquisition ဖြစ်မြောက်သွားခဲ့ပါတယ်၊ Huel ရဲ့ founder လဲ US$ 400-500 million လောက် ရရှိသွားပါတယ်၊

မြန်မာပြည်က vegan/vegetarian founder တွေလဲဖတ်ရှုလေ့လာလို့ရအောင် မျှဝေပေးလိုက်ပါတယ်၊

Post က ပုံတွေအကုန်လုံးကို Purely Elizabeth website ကယူထားပါတယ်၊ Source တွေကို link မှာရေးပေးထားပါမယ်

နေ့တိုင်းစားဖြစ်တဲ့ protein and carbs 😋အစားအစာကို အလွယ်ပဲ လုပ်တက်သူကျွန််မအတွက် ဒီကွေကာအုတ်နဲ့နေ့တိုင်း အဆင်ပြေနေတယ်/ ကွ...
08/20/2026

နေ့တိုင်းစားဖြစ်တဲ့ protein and carbs 😋
အစားအစာကို အလွယ်ပဲ လုပ်တက်သူကျွန််မအတွက် ဒီကွေကာအုတ်နဲ့နေ့တိုင်း အဆင်ပြေနေတယ်/

ကွေကာအုတ်က vegan လို့မရေးထားပေးမယ့် ပါဝင်ပစ္စည်းတွေက အကုန် vegan ပဲ၊
Quaker protein တစ်ထုတ်က်ု Soy milk နဲ့သောက်ရင် 15 G protein ပါ၊ carbs လဲများတဲ့ အစားအစာမို့ workout မလုပ်ခင်စားဖို့သင့်တော်တယ်၊

လုပ်ရတာလဲ အရမ်းလွယ်တယ်၊ တစ်ထုတ်ကို soy milk နဲ့ရောပြီး microwave 2.5 minutes ဆိုရင် စားလို့ရပြီ၊ ဒီအတိုင်းစားရင် အရသာ က plain ဖြစ်လို့ raisins နဲ့ ထည့်စားပါတယ်၊

မြန်မာနိုင်ငံမှာရှိတဲ့ ဆယ်စုနှစ်တခုနီးပါးလုပ်ငန်းလာတဲ့ ကိုယ်ပိုင်လုပ်ငန်းကို အနောက်နိုင်ငံတစ်နေရာရာမှာနေပြီး စီမံ ခန့်ခွ...
08/18/2026

မြန်မာနိုင်ငံမှာရှိတဲ့ ဆယ်စုနှစ်တခုနီးပါးလုပ်ငန်းလာတဲ့ ကိုယ်ပိုင်လုပ်ငန်းကို အနောက်နိုင်ငံတစ်နေရာရာမှာနေပြီး စီမံ ခန့်ခွဲလို့ရမလားဆိုတာကို 2024 ကနေစပြီး အရဲစွန့်ပြီး စမ်းသပ်ခဲ့တယ်၊

ဘာလို့စမ်းသပ်ခဲ့တာလဲဆိုတာရယ်နဲ့ ရှာဖွေတွေ့ရှိခဲ့တဲ့ Pros and cons တွေရယ်ပါ ပြောပြပါမယ်၊

📚ငယ်ငယ်ကတည်း မတူတဲ့နိုင်ငံတစ်ခုပြီး တစ်ခုမှာသွားနေချင်တဲ့စိတ်ရှိတယ်၊ Visitor/tourist အနေနဲ့ ရက်တိုလေးတွေသွားတာကိုကြိုက်ပေမယ့်၊ လချိီနှစ်ချီနေပြီးနေရာသစ်မှာနေပြီး စူးစမ်းချင်တဲ့ စိတ်က အမြဲရှိတယ်၊ ၁၇-၁၈ နှစ်ကတည်းက ရှိလာတဲ့ ဆန္ဒက အခု ၃၀ ကျော်မှာလည်းမပျောက်သွားဘူး၊

📚ကိုယ့် luggage ကိုဆွဲပြီး နေရာသစ်တစ်နေရာကို move in လုပ်ရတယ်၊ ရပ်ကွက်သစ်ထဲမှာ လမ်းလျှောက်ပြီးနေရာအသစ်ကို တပတ်နှစ်ပတ်လောက်ရင်းနှီးအောင်စူးစမ်းရတယ်၊ လျှောက်ကြည့်ရတယ်၊ ဘယ်နေရာမှာ grocery shopping လုပ်ရလည်း၊ ဘယ်နေရာမှာ bus ကားစီးရလည်း၊ ဘယ်နေရာမှာ ရုပ်ရှင်ကြည့်လို့ရလဲစသည့်ဖြင့်သိသွားတဲ့ အချိန်မှာဆိုရင် ကမ္ဘာရဲ့ အဲဒီတစ်နေရာကို အပိုင်ရလိုက်သလိုပဲ၊ စိတ်ထဲမှာ ကျေနပ်သွားတာ

📚တက္ကသိုလ်တက်ပြီးတော့ မြန်မာပြည်ပြန်လာတယ်၊ ၉ နှစ်လောက်ရန်ကုန်မှာ အလုပ်လုပ်ပြီး ကိုယ်ပိုင်လုပ်ငန်းလည်းရှိတော့ တခြားန်ုင်ငံတွေမှာ သွားနေဖြစ်တော့မှာ မဟုတိဘူးလေဆ်ုပြီးစိတ်ထဲမှာထားထားမိလိုက်တယ်၊

📚သတိထားမိလာတာက တကယ်လိုချင်တဲ့အရာတွေဆိုရင် စိတ်ထဲကနေမပျောက်သွားဘူး၊ အမြဲပြန်ပြန်ပေါ်လာတယ်၊ နှစ်တွေကြာနေတော့ စိတ်လျှော့ထားသလိုဖြစ်ပေမယ့် TV show တွေ real estate Show တွေကြည့်ပြီး စိတ်ဖြေတယ်၊

📚ငယ်ငယ်တုန်းက UK မှာ summer တစ်ခုနေဖူးတယ်၊ အခုပြန်သွားကြည့်ချင်တယ်၊ ဒါကြောင့် 2022 မှာ UK မှာ ၃-၄ ပတ်ကြာခရီးသွားဖို့စီစဉ်တယ်၊ အဲဒါပြီးရင် စိတ်ပြေသွားမလားဆိုတာ ကြည့်မယ်ပေါ့၊ တိုက်တိုက်ဆိုင်ဆ်ုင်ပဲ UK က cousin တစ်ယောက်က လည်း မင်္ဂလာဆောင်တော့မင်္ဂလာဆောင်သွားရင်: UK မှာ ၃ ပတ်လောက် တစ်ယောက်ထဲ ခရီးထွက်လိုက်တယ်၊
အဲဒီထဲမှာကတည်း UK နဲ့ မြန်မာပြည်အချိန်ကိုမှန်းတက်သွားတယ်၊

📚UK နဲ့ မြန်မာပြည် ၅ နာရီခွဲကွာတယ်၊ UK မှာ မနက်နိုးလာပြီဆိုရင် ရန်ကုန်မှာ နေ့လည် ၁၁-၁၂ လောက်၊ UK မနက်ချိန်မှာ ရန်ကုန်က ရုံးနဲ့ စကားပြောတယ်၊ မေးစရာရှိဖြေရှင်းစရာရှိတာတွေပြောတယ်၊ UK ချိန် နေ့လည်၁၁-၁၂ နောက်ပိုင်းပြီးရင် ကျွနိမ အတွက် ကိုယ်ပိုင်အချိန်ဖြစ်သွားပြီး ကြိုက်သလို plan လုပ်လို့ရပြီ၊ လုပ်ငန်းအတွက်ကြိုစဉ်းစားစီမံစရာရှိရင် ပြင်ဆင်န်ုင်ပြီ၊ ရန်ကုန်ရုံးကလူတွေနဲ့ရုံးချိန် အချိန်တူတာ တစ်နေ့ ၄ နာရီလောက်ရှိတယ်၊ ဒီလောက် အတူတူ online ရှိနေလို့ရတယ်ဆိုတော့ ရုံးကလူနဲ့လည်း အဆက်မပြတ်ဘူး၊

📚အဲဒီကတည်းက UK က ငါ့အတွက် Timezone အဆင်ပြေတဲ့နေရာပဲဆိုတာစတင်တွေ့ရှိခဲ့တယ်၊ တကယ်လုပ်ကြည့်ဖြစ်ခဲ့တဲ့ ၃ ပတ်တာအတွင်းမှာ Timezone အနေနဲ့အဆငိပြေတယ်ပေါ့၊
တကယ့် ရုံးက operations မှာတော့ ကျွန်မမရှိလို့ ထိခိုက်သွားတာတွေရှိတယ်၊ This is a whole other story, unfortunately.

📚ဒါနဲ့ပဲ UK မှာ ၃ ပတ်နေပြီးရန်ကုန်ပြန်ရောက်၊ ရန်ကုန်မှာပဲ ပုံမှန်ပြန်လည်ပတ်၊ အဲဒီကတည်းက ရန်ကုန်မှာ ၁၀၀% စိတ်မကပ်တော့ဘူး၊
ဒီကြားထဲမှာပဲ ကျွန်မရဲ့ ကိုယ်ပိုင်လုပ်ငန်းနဲ့ သဘောတရားခြင်းမတူတဲ့ နယ်ပယ်တစ်ခုကို စူးစမ်းလေ့လာချင်တဲ့စိတ်ပေါ်လာတယ်၊
နယ်ပယ်သစ်ကို ၁၀၀% ခြေစုံပစ်ပြီး မဝင်ရဲဘူး၊ ဝင်ဖို့လည်း အတွေ့အကြုံနဲ့ expertise မရှိဘူး၊ ဒါပေမယ့် ဒီနယ်ပယ်က ပြသနာကြီးတစ်ခုကို ဖြေရှင်းနေတဲ့ နယ်ပယ်ဆိုတာယုံကြည်ထားတယ်၊

📚ကိုယ်ပိုင်လုပ်ငန်းစလုပ်ကတည်းကကျွန်မက ဒီကိုယ်ပိုင်လုပ်ငန်းကိုပဲ 100% အာရုံထားရမယ်လို့ခိုင်ခိုင်မာမာယုံကြည်တယ်၊ ဒါကြောင့်လည်း အတော်အသင့်အဆင်ပြေခဲ့တဲ့နှစ်တွေများတယ်၊ တခြားအသစ်အစမ်းနယ်ပယ်တွေကိုစပ်စုချင်တာတွေရှိရင်တောင် အာရုံမများဖို့က ကိုယ့်ကိုယ်ကို သတိပေးတယ်၊

📚အခုကျွန်မစလေ့လာချင်တဲ့ အသစ်နယ်ပယ်ကတော့ စာဖတ်သူတို့ ဖတ်နေတဲ့ Forward Food Tech page ရဲ့ နယ်ပယ်ပါပဲ၊ တိရိစ္ဆာန်တွေကို မသုံးပဲ ပရိုတင်းထုတ်မယ့် နယ်ပယ် Food Technology ဖြစ်ပါတယ်၊

📚ဒါက UK မှာ လေ့လာလို့ရမယ့်နယ်ပယ်ဖြစ်တယ်၊ ကျွန်မက scientist မဟုတ်ဘူး၊ Business and entrepreneurship background ကိုပဲ သုံးပြီး ဒီနယ်ပယ်မှာဘယ်လို မျိုးနေရာမှာ ပါဝင်လို့ရမလဲဆိုတာ စူးစမ်းချင်တယ်။ ဒီ technology တွေနဲ့လည်းပိုမိုရင်းနှီးချင်တယ်။ ကျွန်မ စိတ်ဝင်စားတာနဲ့ ကျွန်မရဲ့ ကျွမ်းကျင်မှုနဲ့ပေါင်းစပ်နိုင်ဖို့ အကောင်းဆုံးဖြစ်မယ့်နေရာကို သွားခဲ့တယ်

📚University of Cambridge ရဲ့ MBA ကို ရန်ကုန်ကနေပဲ လျှောက်ခဲ့တယ်၊ စာမေးပွဲတွေဖြေ၊ interview တွေဖြေရတာအပါအဝင် ပြင်ဆင်ချိန်၆ လလောက်ကြာခဲ့တယ်၊ ဝင်ခွင့်ရတဲ့ email ရတော့ အတိုင်းထက်အလွန်ပျော်၊ ဒီလိုပြင်ဆင်နေတဲ့ အချိိန်အတွင်းမှာ ကိုယ်ပိုင်လုပ်ငန်းက လည်ပတ်နေတယ်၊ ကျွန်မအာရုံကို 100% မပေးနိုင်တော့ ဘာတွေဖြစ်ပျက်သွားလဲဆိုတာ သိတဲ့ အချိန် ပြန်ပြင်ရတာလည်း ၁ လလောက် အချိန်ပေးလိုက်ရတယ်၊

📚UK ကို ပြောင်းဖို့လုပ်နေတဲ့ အချိနိ အတွင်းမှာပဲ ရန်ကုန်က လုပ်ငန်းကို ကျွန်မ ရန်ကုန်မှာမရှိပဲ ဆက်လက်လည်ပတ်ဖို့ပြင်ဆင်ရတယ်၊ အဝေးကနေပြီး ဘယ်လိုစီမံတာအဆင်ပြေမလဲဆိုတာကို ပထမဆုံး စစမ်းရတာဆိုတာ့ သတ္တိမွေးရတယ်၊ Risk ကအမြဲတမ်းရှိနေတာဆိုတာ အမြဲ သတိသွင်းရတယ်၊

📚ရန်ကုန်မှာပြင်ဆင်နေတဲ့တချိန်လုံးလဲ Harry Potter series တွေကြည့်လိုက်၊ Downton Abbey ကို Binge လိုက်၊ Westlife နားထောင်လိုက်နဲ့ mood က အပြည့်သွင်း၊

📚ဒါတွေ အကုန်ပြီးလို့ အောင်မြင်စွာပဲ UK ကိုရောက်သွားတယ်၊ စိတ်ထဲက ကျေနပ်လွန်းလို့ ငါဘယ်လောက်ထိ ကံကောင်းတဲ့သူလည်းဆ်ုကို မနက်နိုးလာတိုင်း သတိတရဖြစ်မိတယ်၊ ရန်ကုန်ကကိုယ်ပိုင်business ကို ဆက်လက်လည်ပတ်ခွင့်ရပြီး၊ ကျောင်းသားဘဝကိုလည်း ပြန်လည်ခံစားရတယ်၊ လုပ်ငန်းဘက်မှာတော့ ဖြေရှင်းရတာတွေကတော့ မပျက်ဘူး၊ အဝေးကနေ လှမ်းဖြေရှင်းရတာဆိုတော့ စိတ်မောတဲ့အခါတွေရှိတယ်၊

📚ဒါတွေက ကျွန်မ ရွေးချယ်ခဲ့တဲ့ လမ်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းပေါ့၊

📚တစ်ခုကံကောင်းတာကတော့ ကျွန်မရဲ့ new client base ကို UK မှာစတင်တွေ့ရှိခဲ့တယ်၊ ဒါကြောင့်ရန်ကုန်က အဆင်မပြေတာတွေကို UK က operations အဆင်ပြေတာနဲ့ ကာမိသွားတယ်လို့ဆိုရမှာပဲ၊

📚UK မှာ တနှစ်နီးပါးကြာတော့ US ကိုပြောင်းလို့ရမယ့် အခွင့်အရေးပေါ်လာတယ်၊ အဲဒီမှာပဲ Timezone ဘယ်လောက်အရေးပါလဲဆိုတာသိလာတယ်၊ US east coast နဲ့မြန်မာပြည် 12 နာရီကွာတယ်၊ ရန်ကုန်မှာမနက်ရုံးစဖွင့်တဲ့အချိန်မှာဆိုရင် US မှာ ည ၁၀ နာရီခွဲ၊ ညဘက်တွေစောစောအ်ပ်ရတာကြိုက်တဲ့ကျွန်မ US east coast timezone နဲ့ အဆင်မပြေတာသိလာတယ်၊ ဒါပေမယ့် တစ်နှစ်လောက်တော့ကြိတ်မှိတ်လုပ်ခဲ့တယ်၊ လူလည်းအိပ်ရေးပျက်၊ မဟုတ်တဲ့ သေးသေးတွေကိုဖြေရှင်းနေရတာက ကြာ၊
ကံကောင်းတာကတော့ လုပ်ငန်းထဲမှာတွေ့ရှိသင့်တာတွေကို အချိန်မှီတွေ့ရှိပြင်ဆင်နိုင်ခဲ့တယ်၊

📚Timezone အကြောင်းပြန်ပြောရမယ်ဆိုရင် US east coast မှာနေတုန်းက ရန်ကုန် timezone နဲ့ အဆင်မပြေပေမယ့် US west coast မှာနေတဲ့ အခါ ညနေဘက် ၆ ခွဲလောက်ဆိုရင် ရန်ကုန်မနက်ရုံးချိန်စပြီဆိုတော့ West coast က ပို အဆင်ပြေခဲ့တယ်၊

📚ဒါကတော့ သွားလာနေထိုင်ရင်းတွေ့ခဲ့တာတွေပေါ့၊ အဲဒီအချိန်အတွင်းမှာပဲ food technology နဲ့ပက်သတ်ပြီး business development advisor အဖြစ်လည်း US က company တွေ start up တွေနဲ့ အလုပ်လုပ်ခဲ့တယ်၊ သူတို့ကလည်း singapore က လူတွေနဲ့လည်း meeting တွေလုပ်ရတဲ့ အခါရှိတော့ ညှိရမယ့် time zone တွေများခဲ့တယ်။

📚ဒီနှစ်တွေကတော့ အချိန်ကုန်တာအရမ်းမြန်သလို၊ ပြသနာတွေလည်းရှင်းရသလို၊ အခွင့်အလမ်းတွေမထင်မှတ်ပဲ တခုပြီးတခုပေါ်လာတဲ့ နှစိတွေပါပဲ၊ အသက်ကြီးလာတာနဲ့ အမျှ expertise ကျွမ်းကျင်မှုတွေပိုများလာပြီး သူများအတွကိ ဖြေရှင်းပေးနိုင်တဲ့ အရာတွေပိုများလာလေပဲဆိုတာ လက်တွေ့သိလာရတဲ့ နှစ်တွေပေါ့၊

📚ကိုယ်လိုချင်တဲ့ ဘဝကို design လုပ်ရတာလဲ ကြိုးကြိုးစားစားလုပ်ရတယ်၊ ရန်ကုန်မှာ လမ်းဘေးကနေကယ်ထားတဲ့ ကြောင်လေးတွေကျန်ခဲ့တယ်၊ ယုန်လေးတွေလည်းရှိသေးတယ်။ သူတို့ကိုချစ်ပေးပြီးကြည့်ပေးနေတဲ့လူကို ငှါးထားလို့ရလို့သာ၊ စိတ်အေးရတာ၊ ဒီကြားထဲမှာ တာဝန်မကျေတဲ့ cat sitter တစ်ယောက်ကို ခေါ်မိလို့ ကြောင်လေးတစ်ကောင်ပျောက်သွားလို့ အဝေးကနေ ပူဆွေးသောကရောက်တဲ့ ရက်တွေရှိလိုက်သေးတယ်၊ ကံကောင်းစွာနဲ့ပဲ ပြန်တွေ့ပြီး နောက် cat sitter တစ်ယောက်ပြောင်းလိုက်ရတယ်၊

📚ဒါတွေကို လုပ်န်ုင်ဖို့ privilege တွေအပြင်အရင်ငယ်ငယ်ကချခဲ့တဲ့ foundation တွေကလည်းအထောက်အကူဖြစ်ခဲ့တယ်၊
ငယ်ငယ်ကတည်းက foundation ကတော့ language skills တွေ၊ စာလုပ်န်ုင်တဲ့ skill တွေရှ်တော့ မြန်မာပြည်ပြင်ပရောက်လည်း လုပ်လို့ရတဲ့ food tech နဲ့ဆိုင်တဲ့ project တွေရလာဖြစ်ခဲ့တယ်၊

📚ကျွန်မနားထောင်ခဲ့ရတဲ့ Graham Weaver ရဲ့ quote တစ်ခုကလည်း ကျွန်မကို အားအင်တွေပေးခဲ့တယ်၊ ဆုံးဖြတ်ချက်ချစရာတွေကို ချန်ုင်စေခဲ့တယ်၊ သူက Stanford က lecturer တစ်ယောက်၊

ဘယ်သူမှ “ငါ့ရဲ့ အိမ်မက်တွေကို ဘယ်တော့မှ အကောင်အထည်မဖော်ဘူး”လို့မပြောဘူးတဲ့၊ အဲဒီစကားအစား ပိုပြီးလက်တွေ့ဆန်တယ်လို့ထင်ရတဲ့ စကားတစ်ခွန်းနဲ့ဖုံးကွယ်စေတယ်တဲ့၊

“ငါအခု အကောင်အထည်မဖော်သေးဘူး” “Not now”လို့ ပဲပြောကြတယ်တဲ့၊
“ဒီအလုပ်မှာ ၃ နှစ်လုပ်ပြီးမှ၊”
“ငါ အသက် ၃၀ ပြည့်မှ၊”
“ ငါ ပိုက်ဆံစုပြီး comfortable ဖြစ်တော့မှရလို့ဆိုတဲ့စကားအမျိုးမျိုး ပြောလေ့ရှိတယ်တဲ့

အဲဒီစကား Not now ကပဲ အချိန်တွေကို ကုန်စေပြီး အိမ်မက်တွေကို ပျောက်ကွယ်စေတာတဲ့.

📚သူပြောတဲ့စကားတွေကတော့ context-dependent ပါ၊ US မှာသာမန်လူတန်းစားအတွက် ဒီ message မှာ အသုံးဝင်ပေမယ့်၊ မြန်မာပြည်မှာ ရုန်းကန်နေရသူကတော့ survival နဲ့ လုံးပန်းနေရရင် ဒီ message က အသုံးမဝင်ပါဘူး၊
Privilege မလိုပဲ အကောင်အထည်ဖော်လို့ရတဲ့ အိမ်မက်လေးတွေရှိရင်တော့ စပြီး အကောင်အထည်ဖော်ပါလို့လည်းသူက ထပ်မံပြောမှာပါ၊

📚ကျွန်မ စာရေးရတာကြိုက်ပါတယ်၊ အခုဆိုရင် စာရေးဖို့ အချိန်များများပိုဖယ်ထားချင်တယ်၊
ကျွန်မအရင်က ရေးခဲ့တဲ့ စာတွေဖတ်ချင်ရင် ဒီ website မှာဖတ်ကြညိ့လို့ရပါတယ်၊ link in the comment

📚သင်ကောသင့်ရဲ့ နေ့စဉ်ဘဝကို ဘယ်လို ဒီဇိုင်းလုပ်ထားလဲ၊

Address

Denver, NC
28037

Alerts

Be the first to know and let us send you an email when Forward Food Tech MM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share