MYINT MYAT Hospital

Call Directions Website Contact the business

MYINT MYAT Hospital 💕🏥ကျန်းမာရေးအတွက် ယုံကြည်စိတ်ချရာ-ဟင်္သာတ - မြင့်မြတ်ဆေးရုံပါ💕

မြင့်မြတ်အထူးကုဆေးရုံ

အမှတ် (၂၅၂) မြို့ပတ်လမ်း လယ်တီကွင်းရပ်ကွက် ဟင်္သာတမြို့

�09 7654 22507
�09 4444 22507
�09 9650 22507

NaDe Healthcare Group (ဘိုကလေးမြို့) တွင် လက်တွဲတာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးအတွက် အလုပ်ခေါ်ယူလျက်ရှိပါသည်။ ခေါ်ယူမည့်ရ...
17/10/2026

NaDe Healthcare Group (ဘိုကလေးမြို့) တွင် လက်တွဲတာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးအတွက် အလုပ်ခေါ်ယူလျက်ရှိပါသည်။
ခေါ်ယူမည့်ရာထူး -
👨‍⚕️👩‍⚕️ဆရာဝန် (Medical Officer - MO)
▫️M.B.B.S ဘွဲ့ရရှိထားသူဖြစ်ရမည်။
▫️Team နှင့်ဆောင်ရွက်တက်သူဖြစ်ရမည်။
▫️နေ့ ညမရွေး တာဝန်ထမ်းဆောင်နိူင်သူဖြစ်ရမည်။
▫️ပေါင်းသင်းဆက်ဆံရေးပြေပြစ်ရမည်။

💴လစာ - ကျပ် (၂၅) သိန်း + (အလုပ်ချိန်ပေါ်မူတည်၍ လစာထပ်မံညှိနှိုင်းနိုင်ပါသည်။)
▪️ အခြားခံစားခွင့် - နေ့စား စီစဉ်ပေးထားပါသည်။
​စိတ်ပါဝင်စားပါက အောက်ပါဖုန်းနံပါတ်များသို့ (Phone သို့မဟုတ် Viber မှတစ်ဆင့်) ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါသည်။
​ဆက်သွယ်ရန် (HR Manager)
📞 09 8916 35194
📞 09 520 8214

tiktok.com/

https://www.instagram.com/myintmyathospitalhinthada?igsh=bjd1M3JtbXJvbm0w

🌟 ဒီနှစ် သီတင်းကျွတ်မှာ မိဘဘိုးဘွားတွေကို "ကျန်းမာရေး အဖိုးတန်လက်ဆောင်" နဲ့ ကန်တော့ကြစို့ 🌟​သီတင်းကျွတ်အခါသမယရောက်တိုင်း...
16/10/2026

🌟 ဒီနှစ် သီတင်းကျွတ်မှာ မိဘဘိုးဘွားတွေကို "ကျန်းမာရေး အဖိုးတန်လက်ဆောင်" နဲ့ ကန်တော့ကြစို့ 🌟
​သီတင်းကျွတ်အခါသမယရောက်တိုင်း ကျေးဇူးရှင် မိဘနှစ်ပါးနဲ့ သက်ကြီးရွယ်အို ဘိုးဘွားတွေကို ဂါရဝပြု ကန်တော့ကြတာ မြန်မာတို့ရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့တစ်ခုပါ။ 🙏
​ဒီနှစ် သီတင်းကျွတ်မှာတော့ ပုံမှန်ကန်တော့နေကျ လက်ဆောင်တွေထက် ပိုပြီး အဓိပ္ပာယ်ရှိတဲ့ "ကျန်းမာရေး (Health Gift)" ဆိုတဲ့ အဖိုးတန်လက်ဆောင်လေးနဲ့ ကန်တော့ကြည့်ရင်ရော...။ ဖေဖေမေမေတို့၊ ဘိုးဘိုးဘွားဘွားတို့ သက်ရှည်ကျန်းမာစွာနဲ့ ကျွန်မတို့အနားမှာ အကြာကြီးနေနိုင်ဖို့ သူတို့ရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးတာဟာ အကောင်းဆုံးသော ကျေးဇူးဆပ်ခြင်းပါပဲ။ ❤️
​အသက်အရွယ်ရလာတာနဲ့အမျှ မိဘတွေမှာ ရောဂါလက္ခဏာ မပြဘဲ ငုပ်လျှိုးနေတတ်တဲ့ ကျန်းမာရေးပြဿနာလေးတွေ ရှိတတ်တာမို့ ပုံမှန် စစ်ဆေးပေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်...
​✨ လူကြီးမိဘများအတွက် မဖြစ်မနေ စစ်ဆေးသင့်သည့် စစ်ဆေးမှုများ (Recommended Health Screenings) -
​🩺 သွေးတိုး၊ ဆီးချိုနှင့် သွေးတွင်းအဆီဓာတ် စစ်ဆေးခြင်း
(Hypertension, Diabetes & Lipid Profile)
​❤️ နှလုံးကျန်းမာရေး စစ်ဆေးခြင်း
(ECG / Cardiac Health Check)
​🧪 ကျောက်ကပ်နှင့် အသည်း လုပ်ဆောင်ချက်များ စစ်ဆေးခြင်း
(Kidney & Liver Function Tests)
​🫁 အဆုပ်ဓာတ်မှန် ရိုက်ကူးခြင်း
(Chest X-Ray)
​🔍 ဝမ်းဗိုက် အာထရာဆောင်း စစ်ဆေးခြင်း
(Ultrasound Abdomen)
​👨‍⚕️ အထူးကုဆရာဝန်နှင့် ကျန်းမာရေး တိုင်ပင်ဆွေးနွေးခြင်း
(Doctor Consultation)
​🎁 သီတင်းကျွတ် အထူး Promotion အစီအစဉ် 🎁
🔸 စုပေါင်းကျန်းမာရေးစစ်ဆေးမှု (Medical Check-up) Package များအတွက် ၁၀% အထူးလျှော့စျေး (10% OFF)
🔸 စစ်ဆေးမှုအဖြေများအတွက် ဆရာဝန်နှင့် အခမဲ့ တိုင်ပင်ဆွေးနွေးခွင့် (Free Consultation)
​ဒီနှစ်သီတင်းကျွတ်မှာ... တန်ဖိုးအထားရဆုံး မိဘတွေအတွက် အကောင်းမွန်ဆုံးသော ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့အတူ ကုသိုလ်ယူ ကန်တော့လိုက်ကြရအောင်နော်။ 🪔✨
​💕ကျန်းမာရေးအတွက် ယုံကြည့်စိတ်ချရာ မြင့်မြတ်ဆေးရုံပါ💕
☎️ ဆက်သွယ်ရန်ဖုန်း
09 765 422 507,
09 765 421 287
09 444 422 507,
09 444 499 287
📍 အမှတ်(၂၅၂) လယ်တီကွင်း၊မြို့ပတ်လမ်း၊ဟင်္သာတမြို့။

#10 %Discount
tiktok.com/

https://www.instagram.com/myintmyathospitalhinthada?igsh=bjd1M3JtbXJvbm0w

October  ❤️🎉🎁 October 2nd  wk   မွေးဖွားခဲ့သော ကလေးလေးများ အားလုံး လာခြင်းကောင်းသော ကလေးလေးများ ဖြစ်ကြပါစေဟု ဆုမွန်ကောင်...
13/10/2026

October ❤️🎉🎁

October 2nd wk မွေးဖွားခဲ့သော ကလေးလေးများ အားလုံး လာခြင်းကောင်းသော ကလေးလေးများ ဖြစ်ကြပါစေဟု ဆုမွန်ကောင်း တောင်းပေးပါတယ်ရှင့် 💛😍💦☔

😍 ချစ်စရာကြီးတွေပါရှင့်
ကိုယ့် ဘေဘီလေး ကိုယ်ရှာပြီး Heart Reacted လုပ်သွားလိုက်ပါဦးနော်

Babies လေးနှင့်မိသားစုများ ပျော်ရွှင်ချမ်း‌မြေ့ပါစေ စီးပွားဥစ္စာများ တိုးတက်ကြပါစေကြောင်း မြင့်မြတ် အထူးကုဆေးရုံ မိသားစုမှ ဆုမွန်ကောင်း တောင်းပါတယ်။

မြင့်မြတ်အထူးကုဆေးရုံတွင် ကလေးလေးများ အောင်မြင်စွာ မွေးဖွားနိုင်ရန်
💛 ရိုးရိုးမွေး၊
💛 ခွဲစိတ်မွေး package များဖြင့် အကောင်းဆုံး ဝန်ဆောင်မှုများ ပေးနေပါပြီရှင့်။
အသေးစိတ်ကို page messenger မှ စုံစမ်းမေးမြန်းနိုင်ပါတယ်။

"ကျန်းမာရေးအတွက် ယုံကြည်စိတ်ချရာ-မြင့်မြတ်ဆေးရုံပါ"

tiktok.com/

https://www.instagram.com/myintmyathospitalhinthada?igsh=bjd1M3JtbXJvbm0w

အောက်တိုဘာ ၁၂ ရက်နေ့ ကမ္ဘာ့အဆစ်မြစ်ရောင် ရောဂါနေ့.. မနက်နိုးလာလို့ ကုတင်ပေါ်ကနေ ဆင်းပြီး မတ်တပ်ရပ်လိုက်တာနဲ့ ဒူးဆစ်တွေ၊ ...
12/10/2026

အောက်တိုဘာ ၁၂ ရက်နေ့ ကမ္ဘာ့အဆစ်မြစ်ရောင် ရောဂါနေ့.. မနက်နိုးလာလို့ ကုတင်ပေါ်ကနေ ဆင်းပြီး မတ်တပ်ရပ်လိုက်တာနဲ့ ဒူးဆစ်တွေ၊ အဆစ်အမြစ်တွေ တောင့်ပြီး ကိုက်ခဲနေလို့ မျက်နှာငယ်ရတာမျိုး ရှိနေပြီလားဟင်... 🥺
​ဒီလိုမျိုး အဆစ်အမြစ် ကိုက်ခဲတာ၊ ရောင်ရမ်းတာလေးတွေကို "အသက်ကြီးလို့ပါ၊ ညောင်းလို့ပါ" ဆိုပြီး ပေါ့ပေါ့ဆဆ မထားစေချင်ဘူးနော်။ ဒါလေးတွေက "အဆစ်အမြစ်ရောင်ရောဂါ" ရဲ့ သတိပေးချက်လေးတွေ ဖြစ်နေတတ်လို့ပါ။
​အောက်တိုဘာ ၁၂ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့အဆစ်အမြစ်ရောင်ရောဂါနေ့ လေးကို အကြောင်းပြုပြီး ကိုယ့်ရဲ့ချစ်လှစွာသော မိသားစုဝင်တွေနဲ့ ကိုယ်တိုင်ရဲ့ အဆစ်အမြစ်လေးတွေကို သတိတရ ဂရုစိုက်ကြရအောင်လား ရှင်..... 💙
​🩺 အဆစ်အမြစ်လေးတွေ အမြဲတမ်း ကျန်းမာပျော်ရွှင်ဖို့ဆိုရင် -
• ကိုယ်အလေးချိန်လေးကို အလွန်အမင်း မများသွားအောင် ထိန်းမယ်
• ကိုယ့်အသက်အရွယ်နဲ့ ကိုက်ညီတဲ့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေ ပုံမှန်လုပ်မယ်
• တစ်ခုခု နာကျင်ကိုက်ခဲပြီဆိုရင် ကိုယ့်သဘောနဲ့ကိုယ် ဆေးသောက်တာမျိုးထက် ဆရာဝန်ဆီသွားပြီး တိုင်ပင်ဖို့ မမေ့နဲ့နော်
​ကိုက်ခဲနာကျင်မှုတွေကြောင့် စိတ်ညစ်နေရတဲ့ အခက်အခဲလေးတွေကို အမြန်ဆုံး သက်သာပျောက်ကင်းစေဖို့အတွက် မြင့်မြတ်ဆေးရုံ (ဟင်္သာတ) ရဲ့ အရိုး၊ အကြော၊ အဆစ် အထူးကုဆရာဝန်ကြီးတွေနဲ့ အမြဲတမ်း တိုင်ပင်ပြသနိုင်ပါတယ်ရှင်။
​လာမယ့်ရက်တွေမှာလည်း အမြဲတမ်း ကျန်းမာပျော်ရွှင်ပြီး လန်းဆန်းတက်ကြွတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ မြင့်မြတ်ဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်..... ✨
💕ကျန်းမာရေးအတွက် ယုံကြည်စိတ်ချရာ
မြင့်မြတ်ဆေးရုံပါ💕

📞 ဖုန်းဆက်သွယ်ရန်

09765421287
09765422507
09444422507
09444499287

📍​🏥 လိပ်စာ: [အမှတ် ၂၅၂၊ မြို့ပတ်လမ်း၊လယ်တီကွင်းရပ်ကွက်၊ဟင်္သာတမြို့။]

​ #မြင့်မြတ်ဆေးရုံ





tiktok.com/

https://www.instagram.com/myintmyathospitalhinthada?igsh=bjd1M3JtbXJvbm0w

ဒီနေ့ အောက်တိုဘာ (၁၀) ရက်နေ့ဟာ "World Mental Health Day (ကမ္ဘာ့စိတ်ကျန်းမာရေးနေ့)" ဖြစ်ပါတယ်။​စိတ်ပင်ပန်းတာ၊ ဝမ်းနည်းတာန...
10/10/2026

ဒီနေ့ အောက်တိုဘာ (၁၀) ရက်နေ့ဟာ "World Mental Health Day (ကမ္ဘာ့စိတ်ကျန်းမာရေးနေ့)" ဖြစ်ပါတယ်။
​စိတ်ပင်ပန်းတာ၊ ဝမ်းနည်းတာနဲ့ အားငယ်တာတွေဟာ လူတိုင်းကြုံတွေ့ရလေ့ရှိတဲ့ ခံစားချက်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် တခါတရံမှာ အဆင်မပြေဖြစ်နေရင်လည်း မိမိကိုယ်ကို ဖိအားမပေးဘဲ သက်ပြင်းအရှည်ကြီးရှူပြီး ခဏလောက် နားလိုက်ပါ။
​သင့်ရဲ့ စိတ်ကျန်းမာရေးဟာ သင် ပထမဆုံး ဦးစားပေးရမယ့်အရာ ဖြစ်ပါတယ်။
​💚 မိမိကိုယ်ကို ချစ်ပါ၊ မိမိစိတ်ကို ဂရုစိုက်ပါ။
💚 ပတ်ဝန်းကျင်က အကူအညီလိုနေသူတွေကိုလည်း နားလည်စာနာမှုနဲ့ ကမ်းလက်လှမ်းပေးကြပါစို့။

💕ကျန်းမာရေးအတွက် ယုံကြည် စိတ်ချရာ မြင့်မြတ်ဆေးရုံပါ💕

📞 ဖုန်း - 09 765422507,
09765421287

09444422507

094444 99287

📜လိပ်စာ။ ။အမှတ်(၂၅၂) လယ်တီကွင်း၊မြို့ပတ်လမ်း၊ဟင်္သာတမြို့။

​



tiktok.com/

https://www.instagram.com/myintmyathospitalhinthada?igsh=bjd1M3JtbXJvbm0w

အယ်လ်နီညိုအပူဒဏ်ကို ကျန်းမာစွာ ရင်ဆိုင်စို့ ☀️🌡️အယ်လ်နီညိုကြောင့် အပူချိန် လွန်ကဲနေတဲ့ ဒီအချိန်မှာ မိသားစုကျန်းမာရေးအတွက...
09/10/2026

အယ်လ်နီညိုအပူဒဏ်ကို ကျန်းမာစွာ ရင်ဆိုင်စို့ ☀️🌡️
အယ်လ်နီညိုကြောင့် အပူချိန် လွန်ကဲနေတဲ့ ဒီအချိန်မှာ မိသားစုကျန်းမာရေးအတွက် ဒီ (၅) ချက်ကို အထူးဂရုစိုက်ပေးပါနော် -
၁။ ရေပုံမှန်သောက်ပါ - ရေမဆာလည်း ခပ်စိပ်စိပ် သောက်ပေးပါ။
၂။ နေပူထဲ မထွက်ပါနဲ့ - မွန်းလွဲပိုင်း အပူဆုံးအချိန် အပြင်ထွက်ခြင်း ရှောင်ပါ။
၃။ အဝတ်အစား ပေါ့ပါးစွာ ဝတ်ပါ - လေဝင်လေထွက်ကောင်းတာ ရွေးချယ်ပါ။
၄။ လုံလောက်စွာ အနားယူပါ - အပူကြောင့် ပင်ပန်းနွမ်းနယ်မှုကို သက်သာစေပါတယ်။
၅။ သန့်ရှင်းသော ရေ/အစားအသောက်ကိုပဲ သုံးဆောင်ပါ - ဝမ်းပျက်ဝမ်းလျှော ကာကွယ်ပါ။
ပြင်းထန်စွာ မူးဝေခြင်း၊ သတိလစ်ခြင်းများ ဖြစ်ပါက နီးစပ်ရာ ဆေးရုံ/ဆေးခန်းသို့ ချက်ချင်း သွားရောက်ပါရှင်။
မိသားစုတိုင်း ကျန်းမာရေးအတွက် "မြင့်မြတ်ဆေးရုံ" မှ အမြဲတမ်း ဂရုစိုက်လျက်... 💙🏥
💕ကျန်းမာရေးအတွက် ယုံကြည်စိတ်ချရာ မြင့်မြတ်ဆေးရုံပါ💕
📞 ဖုန်း - 09 765422507,
09765421287

09444422507

094444 99287




tiktok.com/

https://www.instagram.com/myintmyathospitalhinthada?igsh=bjd1M3JtbXJvbm0w

October  ❤️🎉🎁 October 1st wk   မွေးဖွားခဲ့သော ကလေးလေးများ အားလုံး လာခြင်းကောင်းသော ကလေးလေးများ ဖြစ်ကြပါစေဟု ဆုမွန်ကောင်း...
06/10/2026

October ❤️🎉🎁

October 1st wk မွေးဖွားခဲ့သော ကလေးလေးများ အားလုံး လာခြင်းကောင်းသော ကလေးလေးများ ဖြစ်ကြပါစေဟု ဆုမွန်ကောင်း တောင်းပေးပါတယ်ရှင့် 💛😍💦☔

😍 ချစ်စရာကြီးတွေပါရှင့်
ကိုယ့် ဘေဘီလေး ကိုယ်ရှာပြီး Heart Reacted လုပ်သွားလိုက်ပါဦးနော်

Babies လေးနှင့်မိသားစုများ ပျော်ရွှင်ချမ်း‌မြေ့ပါစေ စီးပွားဥစ္စာများ တိုးတက်ကြပါစေကြောင်း မြင့်မြတ် အထူးကုဆေးရုံ မိသားစုမှ ဆုမွန်ကောင်း တောင်းပါတယ်။

မြင့်မြတ်အထူးကုဆေးရုံတွင် ကလေးလေးများ အောင်မြင်စွာ မွေးဖွားနိုင်ရန်
💛 ရိုးရိုးမွေး၊
💛 ခွဲစိတ်မွေး package များဖြင့် အကောင်းဆုံး ဝန်ဆောင်မှုများ ပေးနေပါပြီရှင့်။
အသေးစိတ်ကို page messenger မှ စုံစမ်းမေးမြန်းနိုင်ပါတယ်။

"ကျန်းမာရေးအတွက် ယုံကြည်စိတ်ချရာ-မြင့်မြတ်ဆေးရုံပါ"

tiktok.com/

https://www.instagram.com/myintmyathospitalhinthada?igsh=bjd1M3JtbXJvbm0w

☀️ မင်္ဂလာပါရှင်  🙏ကျန်းမာပျော်ရွှင်တဲ့ တစ်နေ့တာကို ပိုင်ဆိုင်နိုင်ဖို့အတွက် နံနက်ခင်းအချိန်ဟာ အင်မတန်အရေးကြီးပါတယ်။ မနက...
02/10/2026

☀️ မင်္ဂလာပါရှင် 🙏
ကျန်းမာပျော်ရွှင်တဲ့ တစ်နေ့တာကို ပိုင်ဆိုင်နိုင်ဖို့အတွက် နံနက်ခင်းအချိန်ဟာ အင်မတန်အရေးကြီးပါတယ်။ မနက်ခင်း အလေ့အထလေးတွေကို ပြောင်းလဲလိုက်ရုံနဲ့ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပြီး တစ်နေ့တာလုံးကို လန်းဆန်းတက်ကြွစွာ ဖြတ်သန်းနိုင်ပါတယ်။
ဒါကြောင့် ဒီကနေ့မှာတော့ နံနက်ခင်းတိုင်း သတိပြုသင့်ပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ့် အလေ့အထ (၃) ခုကို မျှဝေပေးလိုက်ပါတယ်—
၁။ ရေနွေးကြမ်း (သို့မဟုတ်) ရေနွေးတစ်ခွက် သောက်သုံးခြင်း 🫖💧
အိပ်ရာထလာတာနဲ့ ရေနွေးတစ်ခွက် (သို့မဟုတ်) ရေနွေးကြမ်းသောက်သုံးပေးခြင်းက ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အစာခြေစနစ်ကို အလုပ်လုပ်ဖို့ နှိုးဆွပေးပါတယ်။ ဇီဝကမ္မဖြစ်စဉ် (Metabolism) ကို ကောင်းမွန်စေတဲ့အတွက် တစ်နေ့တာကို ကျန်းမာစွာ စတင်နိုင်ပါတယ်။
၂။ ပေါ့ပါးတဲ့ ကိုယ်လက်လှုပ်ရှားမှု သို့မဟုတ် ဆန့်ထုတ်လေ့ကျင့်ခန်းလုပ်ခြင်း 🧘‍♂️🚶‍♀️
နံနက်စောစော လမ်းလျှောက်ခြင်း၊ ယောဂကျင့်ခြင်း (သို့မဟုတ်) ပေါ့ပါးတဲ့ ဆန့်ထုတ်လေ့ကျင့်ခန်း (Stretching) မိနစ်အနည်းငယ်လုပ်ပေးပါ။ သွေးလည်ပတ်မှုကောင်းမွန်စေပြီး ကြွက်သားတင်းမာမှုတွေကို လျော့ပါးစေကာ စိတ်ကြည်လင်လန်းဆန်းမှုကို ဖြစ်စေပါတယ်။
၃။ အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ နံနက်စာ စားသုံးခြင်း 🍳🥗
"မနက်စာကို ဘုရင်လိုစားပါ" ဆိုတဲ့အတိုင်း နံနက်စာကို မကျော်သင့်ပါဘူး။ ပရိုတင်း၊ ဗီတာမင်နဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးခြင်းက တစ်နေ့တာအတွက် လိုအပ်တဲ့စွမ်းအင်ကို ပြည့်ဝစေပြီး ဦးနှောက်မှတ်ဉာဏ်နဲ့ အာရုံစိုက်မှုကို တိုးတက်စေပါတယ်။
💡 အကြံပြုချက်:
ကျန်းမာရေးဆိုတာ နေ့စဉ်ပြုမူနေထိုင်မှုလေးတွေကနေ စတင်တာဖြစ်ပါတယ်။ မိမိတို့ရဲ့ ခန္ဓာကိုယ်ကျန်းမာရေးအခြေအနေကို ပုံမှန်စစ်ဆေးဖို့နဲ့ လိုအပ်တဲ့ ကျန်းမာရေးအကြံဉာဏ်များ ရယူဖို့အတွက် —
🏥 မြင့်မြတ်ဆေးရုံ ရဲ့ အထူးကုဆေးခန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို အမြဲယုံကြည်စိတ်ချစွာ လာရောက်တိုင်ပင်နိုင်ပါတယ်။

💕ကျန်းမာရေးအတွက် ယုံကြည်စိတ်ချရာ
မြင့်မြတ်ဆေးရုံပါ💕

📞 ဆက်သွယ်စုံစမ်းရန်:
✔️ 09765422507

✔️09765421287

✔️ 09444422507

✔️09444499287

📍 လိပ်စာ။ ။အမှတ် (၂၅၂)၊မြို့ပတ်လမ်း၊လယ်တီကွင်းရပ်ကွက်၊ဟင်္သာတမြို့။
#မြင့်မြတ်ဆေးရုံ
#ကျန်းမာရေးဗဟုသုတ




tiktok.com/

https://www.instagram.com/myintmyathospitalhinthada?igsh=bjd1M3JtbXJvbm0w

September  ❤️🎉🎁 September 4th wkတွင်    မွေးဖွားခဲ့သော ကလေးလေးများ အားလုံး လာခြင်းကောင်းသော ကလေးလေးများ ဖြစ်ကြပါစေဟု ဆုမ...
29/09/2026

September ❤️🎉🎁

September 4th wkတွင် မွေးဖွားခဲ့သော ကလေးလေးများ အားလုံး လာခြင်းကောင်းသော ကလေးလေးများ ဖြစ်ကြပါစေဟု ဆုမွန်ကောင်း တောင်းပေးပါတယ်ရှင့် 💛😍💦☔

😍 ချစ်စရာကြီးတွေပါရှင့်
ကိုယ့် ဘေဘီလေး ကိုယ်ရှာပြီး Heart Reacted လုပ်သွားလိုက်ပါဦးနော်

Babies လေးနှင့်မိသားစုများ ပျော်ရွှင်ချမ်း‌မြေ့ပါစေ စီးပွားဥစ္စာများ တိုးတက်ကြပါစေကြောင်း မြင့်မြတ် အထူးကုဆေးရုံ မိသားစုမှ ဆုမွန်ကောင်း တောင်းပါတယ်။

မြင့်မြတ်အထူးကုဆေးရုံတွင် ကလေးလေးများ အောင်မြင်စွာ မွေးဖွားနိုင်ရန်
💛 ရိုးရိုးမွေး၊
💛 ခွဲစိတ်မွေး package များဖြင့် အကောင်းဆုံး ဝန်ဆောင်မှုများ ပေးနေပါပြီရှင့်။
အသေးစိတ်ကို page messenger မှ စုံစမ်းမေးမြန်းနိုင်ပါတယ်။

"ကျန်းမာရေးအတွက် ယုံကြည်စိတ်ချရာ-မြင့်မြတ်ဆေးရုံပါ"

tiktok.com/

https://www.instagram.com/myintmyathospitalhinthada?igsh=bjd1M3JtbXJvbm0w

❤️🫀 ကမ္ဘာ့နှလုံးနေ့ (World Heart Day) 🫀❤️စက်တင်ဘာလ ၂၉ ရက်နေ့သည် ကမ္ဘာ့နှလုံးနေ့ ဖြစ်ပါတယ်။နှလုံးဟာ ကျွန်ုပ်တို့ရဲ့ဘဝတစ်လ...
29/09/2026

❤️🫀 ကမ္ဘာ့နှလုံးနေ့ (World Heart Day) 🫀❤️
စက်တင်ဘာလ ၂၉ ရက်နေ့သည် ကမ္ဘာ့နှလုံးနေ့ ဖြစ်ပါတယ်။
နှလုံးဟာ ကျွန်ုပ်တို့ရဲ့ဘဝတစ်လျှောက် မရပ်မနား အလုပ်လုပ်ပေးနေတဲ့ အရေးကြီးဆုံးအင်္ဂါအစိတ်အပိုင်းတစ်ခုပါ။
ဒါကြောင့် နှလုံးကျန်းမာရေးကို နေ့စဉ်ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ❤️
🌿 နှလုံးကျန်းမာစေဖို့— • အာဟာရပြည့်ဝတဲ့ အစားအစာများကို ရွေးချယ်စားသုံးပါ
• ဆားနှင့် အဆီများတဲ့အစားအစာများကို လျှော့စားပါ
• ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ
• ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို ရှောင်ကြဉ်ပါ
• သွေးပေါင်ချိန်၊ သွေးချိုနှင့် ကိုလက်စထရောကို ပုံမှန်စစ်ဆေးပါ
နှလုံးကျန်းမာမှ ဘဝလည်း ပိုမိုကျန်းမာပျော်ရွှင်နိုင်မှာပါ။ ❤️
💗 ဒီနေ့ကစပြီး ကိုယ့်နှလုံးကို ဂရုစိုက်ကြပါစို့။
💕ကျန်းမာရေး အတွက် ယုံကြည်စိတ်ချရာ-မြင့်မြတ်ဆေးရုံပါ💕
မြင့်မြတ်ဆေးရုံ (Myint Myat Hospital)

📞 09 765 422 507

📞09 765 421 287

#ကမ္ဘာ့နှလုံးနေ့


tiktok.com/

https://www.instagram.com/myintmyathospitalhinthada?igsh=bjd1M3JtbXJvbm0w

Address

No 252 Myo Patt Street, Hinthata
Hinthada

Alerts

Be the first to know and let us send you an email when MYINT MYAT Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MYINT MYAT Hospital:

Shortcuts

Share