February

February လှသည်ထက် ပိုလှကြစေရန်

- ဓညင်းသီး နှင့် ကျန်းမာရေး မင်္ဂလာပါခင်ဗျာ…. ဒေါက်တာရဲ ဖြစ်ပါတယ်။ ဓညင်းသီး (Djenkol Bean) ဆိုတာ ကျွန်တော်တို့ မြန်မာနို...
30/05/2026

- ဓညင်းသီး နှင့် ကျန်းမာရေး

မင်္ဂလာပါခင်ဗျာ…. ဒေါက်တာရဲ ဖြစ်ပါတယ်။

ဓညင်းသီး (Djenkol Bean) ဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေမှာ အများဆုံးပေါက်ရောက်ပြီး လူကြိုက်များတဲ့ အသီးတစ်မျိုးပါ။ သူ့မှာ ထူးခြားတဲ့ အနံ့ပြင်းပြင်းလေးရှိပြီး ငါးပိရည်လေးနဲ့ တို့စားမလား၊ ပြုတ်ပြီး ဆီလေး၊ ဆားလေးနဲ့ပဲ နယ်စားမလား အရမ်းကို ထမင်းမြိန်စေတဲ့ အစားအစာပါ။ ဒါပေမယ့် သူ့ဆီမှာ ဆိုးရွားတဲ့ အဆိပ်တစ်ခုလည်း ကိန်းအောင်းနေတယ်ဆိုတာကို မမေ့ပါနဲ့။

ဓညင်းသီးမှာ ဆေးပညာအရ Djenkolic Acid လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်တစ်မျိုး ပါဝင်ပါတယ်။ ဒီအက်ဆစ်ဟာ ရေမှာပျော်ဝင်ဖို့ အရမ်းခက်ခဲပါတယ်။

ကျွန်တော်တို့ ဓညင်းသီးကို စားလိုက်တဲ့အခါ အဲဒီ အက်ဆစ်တွေက သွေးကြောထဲကနေတစ်ဆင့် ကျောက်ကပ်ဆီကို ရောက်သွားပါတယ်။ ဆီးလမ်းကြောင်းထဲ ရောက်တဲ့အခါ အဲဒီ Djenkolic acid တွေက ချွန်ထက်တဲ့ "ပုံဆောင်ခဲ (Crystals)" လေးတွေအဖြစ် ပြောင်းသွားပါတယ်။ အဲဒီ ပုံဆောင်ခဲလေးတွေက ကျောက်ကပ်နဲ့ ဆီးပြွန် သွေးကြောလေးတွေကို ထိုးဆွပြီး ပိတ်ဆို့ပစ်လိုက်တဲ့အတွက်
* ခါးနဲ့ ဆီးစပ် တဝိုက် ပြင်းထန်စွာ နာကျင်ခြင်း
* ဆီးသွားရ ခက်ခဲခြင်း၊ ဆီးကျင်ခြင်း
* ဆီးထဲ သွေးပါခြင်း
* အချိန်မီ မကုသရင် ရုတ်တရက် ကျောက်ကပ်ပျက်စီးခြင်း (Acute Kidney Injury - ရှားပါးဆေးပညာအခေါ် Djenkolism) ဖြစ်စေပြီး အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။

❌ ဘယ်သူတွေ လုံးဝ မစားသင့်ဘူးလဲ?
* ကျောက်ကပ်ရောဂါ ရှိသူများ - ကျောက်ကပ်အားနည်းနေသူတွေ၊ ကျောက်ကပ်စွမ်းဆောင်ရည် ကျဆင်းနေသူတွေအတွက် ဓညင်းသီးက အဆိပ်အတောက်လို ဖြစ်နိုင်လို့ လုံးဝ ရှောင်သင့်ပါတယ်။

* ဆီးကျောက်တည်ဖူးသူများ - ဆီးလမ်းကြောင်းမှာ ကျောက်တည်တတ်တဲ့ ရာဇဝင်ရှိသူတွေ၊ ဆီးလမ်းကြောင်း ပိုးဝင်နေသူတွေ အနေနဲ့ မစားသင့်ပါ။

* ရေသောက်နည်းသူများ - နေ့စဉ် ရေလုံလောက်အောင် မသောက်တဲ့သူတွေဟာ ဆီးထဲမှာ အက်ဆစ်တွေ ပိုပြီးစုပုံလွယ်တာကြောင့် ရှောင်သင့်ပါတယ်။

* ကလေးငယ်များ - ကလေးတွေရဲ့ ကျောက်ကပ်က သေးငယ်ပြီး နုနယ်တဲ့အတွက် အနည်းငယ်စားမိရုံနဲ့ အလွယ်တကူ အန္တရာယ်ဖြစ်နိုင်ပါတယ်။

* ကိုယ်ဝန်ဆောင်သည်များ- သွေးထဲကို ရောက်သွားတဲ့ ဓညင်းသီးရဲ့ အဆိပ်တွေက အချင်းကနေတဆင့် ကလေးဆီကိုလည်း ရောက်ရှိသွားနိုင်တာကြောင့် ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

✅ ဒါဆိုရင် ဘယ်လို စားပေးသင့်လဲ?
ဓညင်းသီးကို လုံးဝ မစားရဘူးလို့ မဆိုလိုပါဘူး။ စားတဲ့အခါ အန္တရာယ်ကင်းအောင် အောက်ပါအတိုင်း လုပ်ဆောင်ပါ-
* အစိမ်း လုံးဝ (လုံးဝ) မစားပါနဲ့ - အစိမ်းစားခြင်းဟာ အက်ဆစ်ဓာတ်ကို အပြည့်အဝ ခန္ဓာကိုယ်ထဲ ရောက်စေပါတယ်။

* ရေကြာကြာစိမ်ပါ (သို့) သေချာပြုတ်ပါ - ဓညင်းသီးကို မချက်ပြုတ်မီ ရေထဲမှာ ၂ ရက်၊ ၃ ရက်လောက် ကြာကြာစိမ်ထားပေးပါ။ (သို့မဟုတ်) ပြုတ်တဲ့အခါ ဆော်ဒါ (Baking Soda) အနည်းငယ် ထည့်ပြုတ်ပေးပါ။ အယ်လ်ကာလီ (Alkaline) ဓာတ်က Djenkolic acid ကို အလွယ်တကူ ပျော်ဝင်စေပြီး အဆိပ်အတောက် လျော့ကျစေပါတယ်။ ပြုတ်ရည်ကို လုံးဝ မသောက်ရပါဘူး။

* အများကြီး မစားပါနဲ့ - တစ်ခါစားရင် (၂) လုံး၊ (၃) လုံး ထက်ပိုပြီး မစားပါနဲ့။

* ရေများများသောက်ပါ - ဓညင်းသီးစားပြီးတဲ့ နေ့တွေမှာ ဆီးလမ်းကြောင်းထဲက အက်ဆစ်ဓာတ်တွေ အနည်မကျဘဲ ဆီးနဲ့အတူ ပါသွားအောင် ရေကို ပုံမှန်ထက် ပိုပြီး များများသောက်ပေးပါ။

❗️ဘယ်အချိန် ဆေးရုံ/ဆေးခန်း အမြန်သွားပြသင့်လဲ?
ဓညင်းသီး စားပြီးနောက် ၂ နာရီ ကနေ ၁၄ နာရီ အတွင်း အောက်ပါ လက္ခဏာတွေထဲက တစ်ခုခု ပြလာပြီဆိုရင် ဆေးရုံ၊ဆေးခန်းကို ချက်ချင်း သွားပြဖို့ လိုအပ်ပါတယ်-
* ခါးတစ်လျှောက် သို့မဟုတ် ဆီးခုံတဝိုက် ပြင်းထန်စွာ ထိုးအောင့်ပြီး နာကျင်ခြင်း။
* ဆီးသွားလျှင် အရမ်းနာကျင်ခြင်း (သို့မဟုတ်) ဆီးထဲတွင် သွေးပါခြင်း။
* ဆီးသွားချင်သော်လည်း ဆီးလုံးဝ မထွက်တော့ခြင်း၊ ဆီးသွားရခက်ခြင်း။
* ပျို့ခြင်း၊ အန်ခြင်း။

💡အကြံပြုချက်
"အစားအသောက်ဆိုတာ တန်ဆေး လွန်ဘေးပါ။ ဓညင်းသီးဟာ မြန်မာတို့ရဲ့ အကြိုက် ရာသီစာဖြစ်ပေမယ့် မိမိရဲ့ ကျောက်ကပ်လေးတွေကို မထိခိုက်အောင် စနစ်တကျ ပြုတ်ချက်ပြီး ချင့်ချိန်စားသုံးကြဖို့ တိုက်တွန်းချင်ပါတယ်။"

မိတ်ဆွေတို့ရော ဓညင်းသီး ကြိုက်ကြလား။
ဓညင်းသီးကို ဘယ်လိုစားသုံးလေ့ရှိကြလဲဆိုတာ ပြောပြခဲ့ကြပါဦးဗျ။
ဓညင်းသီး ကြိုက်တတ်တဲ့ ကိုယ့်သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကိုလည်း အန္တရာယ်ကင်းကင်း စားတတ်အောင် ဒီ Post လေးကို Share ပေးလိုက်ကြပါဦးခင်ဗျ။

အားလုံးပဲ ကျန်းမာကြပါစေ
ဒေါက်တာရဲ။

#ဒေါက်တာရဲ #ဓညင်းသီး

ကျွန်မကတော့ ငယ်စဉ်ကတည်းက မှတ်မိနေတဲ့ အမှတ်တရတစ်ခု ရှိနေဆဲပါ။ အိမ်နီးချင်း အဘိုးတစ်ယောက်ဟာ မိုးမလင်းမီကတည်းက ခြံထဲဝင်ပြီး...
18/04/2026

ကျွန်မကတော့ ငယ်စဉ်ကတည်းက မှတ်မိနေတဲ့ အမှတ်တရတစ်ခု ရှိနေဆဲပါ။ အိမ်နီးချင်း အဘိုးတစ်ယောက်ဟာ မိုးမလင်းမီကတည်းက ခြံထဲဝင်ပြီး အလုပ်လုပ်ရင်း သူ့ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းနေသူပါ။ တစ်နေ့လုံး ဖုန်မှုန့်တွေ၊ မီးခိုးတွေ၊ နေပူဒဏ်တွေကြားမှာ အလုပ်လုပ်နေရလို့ နာတာရှည် ချောင်းဆိုးခြင်း၊ လည်ချောင်းထဲ သလိပ်ပိတ်ဆို့ခြင်းနဲ့ အသက်ရှူခက်ခဲမှုတွေကို ခံစားနေရသူဖြစ်ပါတယ်။

အဘိုးက မကြာခဏ ခပ်တိုးတိုးနဲ့
“လည်ချောင်းထဲ ပွင့်သွားပြီး အသက်ဝဝ ရှူလို့ရရင်တောင် လုံလောက်ပြီ” လို့ ညည်းတွားလေ့ရှိပါတယ်။

ရှေးခေတ်က လူကြီးတွေလိုပဲ ဆေးခန်းသွားဖို့ အခြေအနေမရှိတဲ့အတွက် သူတို့ရဲ့ နေရာပတ်ဝန်းကျင်ထဲက အပင်တွေကိုပဲ အားကိုးခဲ့ကြတာပါ။ တစ်နေ့မှာတော့ အိမ်နီးချင်းအဘွားတစ်ယောက်က ဗောက်ပင်တစ်ပင်လုံးကို ခူးယူပြီး “ဒီဟာက အဆုတ်ကို သန်မာစေပြီး သလိပ်တွေကို ဖယ်ရှားပေးနိုင်တယ်” လို့ ပြောပြီး အဘိုးကို ပြုတ်သောက်ဖို့ ယူလာပေးခဲ့ပါတယ်။

အဘိုးလည်း အရွက်၊ ပင်စည်၊ အသီး အကုန်လုံးကို ထုချေပြီး မီးအေးအေးနဲ့ ကျိုကာ မနက်တစ်ခွက်၊ ညတစ်ခွက် သောက်သုံးခဲ့ပါတယ်။ အချိန်တစ်ချို့ကြာလာတော့ အဘိုးက မျက်နှာပေါ်မှာ ဝမ်းသာမှုနဲ့
“လည်ချောင်းထဲ ပြန်လည်ပွင့်သွားသလိုပဲ၊ အသက်ရှူရတာ အရမ်းသက်သာလာပြီ” လို့ ပြောလာခဲ့ပါတယ်။

အရင်က ပိတ်ဆို့နေတဲ့ သလိပ်တွေ တဖြည်းဖြည်း ပြေလည်လာပြီး ချောင်းဆိုးမှုလည်း လျော့နည်းသွားခဲ့ပါတယ်။ အဘိုးက မျက်ရည်ဝဲရင်း
“နှစ်ပေါင်းများစွာအတွင်း အဆုတ်က ဒီလို ပြန်လည်အလုပ်လုပ်နိုင်တာ ပထမဆုံးပဲ” လို့ ပြောခဲ့တာကိုလည်း မမေ့နိုင်ပါဘူး။

ဒီအပင်ရဲ့ အကျိုးကျေးဇူးကြောင့်
အဘိုးရဲ့ မျက်နှာလည်း ပိုလန်းဆန်းလာပြီး
ကိုယ်ခန္ဓာ ပိုပေါ့ပါးလာခဲ့သလို
အိပ်စက်မှုလည်း ပိုကောင်းမွန်လာခဲ့ပါတယ်။

အဲဒီနေ့ကစပြီး အဘိုးဟာ ဗောက်ပင်ကို အထူးတန်ဖိုးထားပြီး မျက်နှာမလှုပ်ဘဲ ထိန်းသိမ်းလာခဲ့ပါတယ်။ သူ့အတွက်တော့ ဒီအပင်ဟာ သူ့လိုအပ်နေတဲ့ “အသက်ရှူလွတ်လပ်မှု” ကို ပြန်လည်ပေးစွမ်းခဲ့တဲ့ အရာတစ်ခုပါပဲ။

🍵 ဗောက်ပင်ပြုတ်နည်း (အလွယ်တကူ ပြုလုပ်နိုင်)

အရွက်၊ ပင်စည်၊ အသီးတို့ကို လက်တစ်ဆုပ်စာယူပြီး သန့်စင်စွာ ဆေးကြောပါ

ထုချေပြီး ရေ ၂ ခွက်နဲ့အတူ မီးအေးအေးမှာ ၁၀–၁၅ မိနစ်ခန့် ကျိုပါ

✅ သောက်သုံးနည်း

မနက်: အဆုတ်ရှင်းလင်းစေဖို့ တစ်ခွက်

ည: ကိုယ်ခန္ဓာ ပြန်လည်သန်မာစေဖို့ တစ်ခွက်

ပတ်ဝန်းကျင်မှာ ရှိနေတဲ့ သဘာဝအပင်တွေကို မှန်ကန်စွာ အသုံးချနိုင်ရင် ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်တာကို ဒီအတွေ့အကြုံလေးက ပြောပြနေပါတယ်။

#ကျန်းမာရေးဗဟုသုတရကြပါစေ
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

🌿 အဘိုးပြောပြမယ်... သေချာမှတ်သားကြနော်"ဆူးပုပ်ရွက် ဆိုတာ အနံ့နံရုံတင် မဟုတ်ဘူး"အခုခေတ် ကလေးတွေကတော့ အနံ့ရတာနဲ့ ရှောင်ဖယ်...
18/04/2026

🌿 အဘိုးပြောပြမယ်... သေချာမှတ်သားကြနော်
"ဆူးပုပ်ရွက် ဆိုတာ အနံ့နံရုံတင် မဟုတ်ဘူး"
အခုခေတ် ကလေးတွေကတော့ အနံ့ရတာနဲ့ ရှောင်ဖယ်ကြတာပဲ။ ဒါပေမဲ့ လူကြီးသူမတွေကတော့ မြင်တာနဲ့ ဆွတ်ခူးပြီး မီးဖိုချောင်ထဲ အပြေးယူသွားကြတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ရိုးရိုးဟင်းသီးဟင်းရွက် မဟုတ်ဘဲ "အဖိုးတန် ဆေးဖက်ဝင်အပင်" ဖြစ်လို့ပါပဲ။
✨ လူအများစု သတိမထားမိတဲ့ ဆူးပုပ်ရွက်ရဲ့ အစွမ်းသတ္တိများ
• 🦴 အရိုးနဲ့ အဆစ်အမြစ်ကို အားဖြည့်ပေးခြင်း
ဆူးပုပ်ကြီးမှာ ကယ်လ်စီယမ်ဓာတ်က နွားနို့ထက်တောင် ပိုမိုမြင့်မားပါတယ်။ ဒူးနာ၊ ခါးနာတဲ့သူတွေ ပုံမှန်စားပေးရင် အဆစ်အမြစ် နာကျင်တာတွေ သိသိသာသာ သက်သာလာတာ ခံစားရပါလိမ့်မယ်။
• 🩸 သွေးအားကောင်းစေပြီး နုံးချိတာကို ပြေပျောက်စေခြင်း
သံဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ မျက်နှာဖျော့တော့တဲ့သူ၊ ခေါင်းမူးလွယ်တဲ့သူတွေ စားပေးရင် အားအင် ပြည့်ဝလာစေပါတယ်။
• 💨 လေအောင့်လေပွခြင်းကို ကင်းဝေးစေခြင်း
ရှေးလူကြီးတွေက ဆူးပုပ်ကို ကြက်ဥနဲ့ ကြော်စားခိုင်းတာဟာ အရသာရှိလို့တင် မဟုတ်ပါဘူး၊ အစာခြေစနစ်ကို ကောင်းမွန်စေလို့ ဖြစ်ပါတယ်။
• 🧠 အိပ်စက်ခြင်းနဲ့ ဦးနှောက်ကို အကျိုးပြုခြင်း
ဗီတာမင် B ပါဝင်ပါတယ်။ စိတ်ဖိစီးမှုများတဲ့သူ၊ အိပ်ပျော်ဖို့ ခက်ခဲသူတွေ စားပေးရင် စိတ်ကို ကြည်လင်လန်းဆန်း စေပါတယ်။
• 🦠 အူလမ်းကြောင်း သန့်စင်ပေးပြီး ကိုယ်နံ့ဆိုးကို လျှော့ချပေးခြင်း
အမျှင်ဓာတ် (Fiber) မြင့်မားတာကြောင့် အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ကိုယ်နံ့ပြင်းတာကို သက်သာစေပါတယ်။
• 👁️ အမြင်အာရုံကို အားကောင်းစေခြင်း
အခြားဟင်းသီးဟင်းရွက်တွေထက် Beta-carotene ပါဝင်မှု မြင့်မားတာကြောင့် မျက်စိကွယ်ခြင်းနဲ့ မှုန်ခြင်းကို ကာကွယ်ပေးပါတယ်။
🔥 အဘိုး အတိုချုပ် ပြောပြမယ်...
အနံ့ပြင်းလေ အာနိသင်ကောင်းလေပဲ။ အနံ့စူးလေလေ ဆေးစွမ်းထက်မြက်လေလေ ပါပဲ။ ဒါကြောင့်ပဲ ရှေးလူကြီးတွေက အိမ်နောက်ဖေးမှာ စိုက်ထားကြတာပေါ့။ အလှစိုက်တာ မဟုတ်ဘူး... "ကျန်းမာရေးကို စောင့်ရှောက်ဖို့" စိုက်ကြတာ။
တစ်ပတ်ကို ၂-၃ ကြိမ်လောက် စားပေးပါ။ ဈေးကြီးတဲ့ ဗီတာမင်အားဆေးတွေထက်တောင် တချို့နေရာမှာ ပိုကောင်းပါသေးတယ်။
မှတ်ထားနော်...
ခန္ဓာကိုယ်အတွက် တကယ်လိုအပ်တဲ့ အရာတွေဟာ တစ်ခါတလေကျရင် မွှေးပျံ့ချင်မှ မွှေးနေတတ်တာမျိုးပါ။ 🌿

#ကျန်းမာရေးဗဟုသုတရကြပါစေ
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

ကျန်းမာရေးအတွက် အသည်းကို ဆေးကြောသန့်စင်ခြင်းလူ့ခန္ဓာကိုယ်တွင် အသည်းကျန်းမာရေးသည် အလွန်အရေးကြီးသော ကဏ္ဍမှ ပါဝင်ပါသည်။ ထို...
29/03/2026

ကျန်းမာရေးအတွက် အသည်းကို ဆေးကြောသန့်စင်ခြင်း

လူ့ခန္ဓာကိုယ်တွင် အသည်းကျန်းမာရေးသည် အလွန်အရေးကြီးသော ကဏ္ဍမှ ပါဝင်ပါသည်။ ထို့ကြောင့် တစ်ပတ်တစ်ကြိမ် အဆိပ်အတောက်ဖြေဖျောက်သည့် အစီအစဉ်အရ ယခုအပတ်တွင် အသည်းကို မည်သို့သန့်စင်ရမည်ကို မျှဝေတင်ဆက် ပေးသွားပါမည်။

ခန္ဓာကိုယ်တွင် အသည်းသည် အဓိကကျသော အင်္ဂါတစ်ခုဖြစ်သလို အလုပ်အများဆုံး ကိုယ်တွင်းအင်္ဂါလည်း ဖြစ်ပါသည်။ စားသမျှ အစားအစာများရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးရပါသည်။ နေ့စဉ်စားသုံးနေသော အစာများထဲတွင် အဆိပ်အတောက်များစွာ ပါဝင်နေသဖြင့် အသည်းကျန်းမာဖို့ အထူးပင် လိုအပ်ပါသည်။

အသည်းကို သန့်စင်ရန် အကောင်းဆုံးမှာ မန်ကျည်းဖျော်ရည် ဖြစ်ပါသည်။ မန်ကျည်းသီးသည် အသည်းအတွက် သဘာဝကပေးသော ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပြီး အသည်းကို နုပျိုလန်းဆန်းစေပါသည်။ အသည်းခြောက်ခြင်း၊ ကျုံ့ခြင်းနှင့် အသည်းရောဂါအမျိုးမျိုး မဖြစ်အောင်လည်း ကာကွယ်တားဆီး ပေးနိုင်ပါသည်။

ပြုလုပ်ပုံအဆင့်ဆင့်

မန်ကျည်းမှည့်တစ်လက်ဆုပ်၊ ထန်းလျက်သင့်ရုံနှင့် ဆားအနည်းငယ်ကို ဖန်ခွက်ထဲထည့်ပါ။

ရေနွေးဆူဆူကို လောင်းထည့်၍ အဖုံးအုပ်ထားပေးပါ။

မနက်ပိုင်းတွင် နှပ်ထားပါက ညနေပိုင်းတွင် သောက်သုံးနိုင်ပါပြီ။

အနှစ်များကို ဆန်ကာဖြင့်စစ်လိုက်လျှင် အရသာထူးကဲသော မန်ကျည်းဖျော်ရည်ကို ရရှိပါမည်။

(သံပရာရည် သို့မဟုတ် ရေခဲအနည်းငယ်ထည့်၍လည်း မိမိစိတ်ကြိုက် မှီဝဲနိုင်ပါသည်။)

ဤဖျော်ရည်သည် အသည်းထဲက အဆိပ်အတောက်များသာမက ဝမ်းဗိုက်အတွင်းရှိ အပူအပုပ်များကိုပါ ဖယ်ရှားပေးသဖြင့် ကိုယ်လက်ပေါ့ပါး လန်းဆန်းစေပါသည်။ သွေးသားသန့်စင်ကာ ကျန်းမာလှပသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်စေမှာဖြစ်ပါသည်။


#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် .
#ကျန်းမာရေးဗဟုသုတရကြပါစေ

မျက်မှန်ချွတ်ထားလိုက်တော့... ရှားစောင်းလက်ပတ်ရဲ့ အံ့မခန်းစွမ်းအား 🌵✨ငွေကုန်ကြေးကျ သက်သာပြီး မျက်စိနဲ့ နားဝေဒနာရှင်တွေအတွ...
01/03/2026

မျက်မှန်ချွတ်ထားလိုက်တော့... ရှားစောင်းလက်ပတ်ရဲ့ အံ့မခန်းစွမ်းအား 🌵✨
ငွေကုန်ကြေးကျ သက်သာပြီး မျက်စိနဲ့ နားဝေဒနာရှင်တွေအတွက် တကယ့်ကို ထိရောက်တဲ့ သဘာဝဆေးနည်းကောင်းတစ်ခုကို မျှဝေပေးချင်ပါတယ်ဗျာ။ အဘိုးကိုယ်တိုင် လက်တွေ့အသုံးချပြီး မျက်စိဝေဒနာတွေ ယူပစ်သလို ပျောက်ကင်းသွားတဲ့ ရှားစောင်းလက်ပတ် (Aloe Vera) ရဲ့ အံ့မခန်းအစွမ်းတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်!

👁️ မျက်စိမှုန်၊ မျက်စိတိမ်အတွက် ထိရောက်တဲ့ဆေးနည်း
မျက်စိခွဲစိတ်ဖို့ ပြင်ဆင်နေရသူတွေ၊ အတွင်းတိမ်ရှိသူတွေနဲ့ မျက်မှန်အမြဲတပ်နေရသူတွေအတွက် အလွန်ထူးခြားတဲ့ နည်းလမ်းပါ။
ပြုလုပ်ပုံ - ရှားစောင်းလက်ပတ်ကို ဘေးဆူးတွေခြစ်၊ သန့်စင်အောင်ဆေးပြီး ထက်ခြမ်းခြမ်းလိုက်ပါ။ အတွင်းက အနှစ် (ဂျယ်လ်သား) လေးတွေကို မျက်လုံးပေါ်မှာ မိနစ် (၂၀) ကနေ နာရီဝက်ခန့်အထိ မှိန်းပြီး ကပ်ပေးထားရုံပါပဲ။
မနက် (၁) ကြိမ်၊ ညအိပ်ရာဝင်ခါနီး (၁) ကြိမ် ပုံမှန်လုပ်ပေးမယ်ဆိုရင် မျက်စိမှုန်တာတွေ သိသိသာသာကြည်လင်လာပြီး မျက်စိတိမ်တွေကို သက်သာပျောက်ကင်းစေပါတယ်။

👂 နားကိုက်၊ နားအူသူများအတွက်
နားထဲမှာ အူနေတာပဲဖြစ်ဖြစ်၊ နားကိုက်လို့ ခံစားနေရရင်လည်း ရှားစောင်းလက်ပတ်အနှစ်လေးကို နားထဲ အသာအယာ ထည့်ပေးထားခြင်းဖြင့် အေးမြတဲ့အာနိသင်ကိုရရှိစေပြီး ဝေဒနာတွေကို အမြန်ဆုံး သက်သာစေမှာပါ။

မှတ်ချက် - သဘာဝဆေးဖက်ဝင်အပင်ဖြစ်လို့ ဘေးထွက်ဆိုးကျိုးမရှိဘဲ လူတိုင်းလက်တွေ့ စမ်းသပ်ကြည့်နိုင်တဲ့ နည်းလမ်းကောင်းလေး ဖြစ်ပါတယ်။

#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#ကျန်းမာရေးဗဟုသုတရကြပါစေ

အာလူးကို ဝိတ်ချဖို့ စားလို့ရလား ?? ထမင်းအစားထိုးစားလို့ရလား?? အာလူးက ထမင်းထက် ပိုဆိုးတယ် !! အာလူးက ကစီဓာတ် ‼️✅အာလူးကို ဝ...
23/02/2026

အာလူးကို ဝိတ်ချဖို့ စားလို့ရလား ??

ထမင်းအစားထိုးစားလို့ရလား??

အာလူးက ထမင်းထက် ပိုဆိုးတယ် !! အာလူးက ကစီဓာတ် ‼️

✅အာလူးကို ဝိတ်ချဖို့အတွက် စားလို့ ရပါတယ် — ဒါပေမယ့် ဘယ်လိုချက်စားသလဲ ဆိုတာက အရေးကြီးဆုံးပါ။

✅လူတော်တော်များများက “အာလူးက ထမင်းထက် ဆိုးတယ်” လို့ပြောတာက ချက်စားပုံမှားတဲ့အခါ ဖြစ်တာပါ။



🥔 အာလူး vs 🍚 ထမင်း (Weight Loss အတွက်)

✅ Calories နှိုင်းယှဉ်ပြမယ်နော်
• အာလူး (ပြုတ် 100g) → ~ 80 kcal
• ထမင်း (ဖြူ 100g) → ~ 130 kcal

👉 အာလူးက ထမင်းထက် calorie အများကြီး ပိုနည်းပါတယ်



✅ ဗိုက်ပြည့်ခံမှု (Satiety) မှာ

• အာလူး → ဗိုက်ပြည့်တာကြာတယ်
• ထမင်း → မကြာခင်ဗိုက်ဆာတတ်တယ်

👉 Weight loss အတွက် အာလူးက အားသာပါတယ်။



✅ အာဟာရ (Nutrition) မှာ

အာလူးမှာရှိတာတွေ
✔ Fiber (အစာချေကောင်း)
✔ Vitamin C
✔ Potassium (ရေဖျော့မှုမဖြစ်အောင်ကာကွယ်)
✔ Fat almost မရှိ

ထမင်းဖြူ → mostly carbs only



🫵🏻❌ အာလူးကို ဒီလိုတော့မစားနဲ့လေ ❌🫵🏻

🚫 French fries
🚫 အဆီများတဲ့ အာလူးနှပ်
🚫 Cheese + butter + mayo များများထည့်တာ
🚫 အဆီများတဲ့ mashed potato ပုံစံ

🫵🏻 အာလူးထက် ထပ်ပေါင်းထည့်တဲ့ ဆီ + ဆား + ဆော့စ်တွေကြောင့် calories အရမ်းမြင့်သွားတာမျိုး ဖြစ်တတ်ပါတယ်



✅ ဝိတ်ချဖို့ အာလူးစားနည်းက

✔ ပြုတ်စား
✔ အငွေ့ပေါင်း
✔ Oven bake ၊ Airfryer bake (oil အနည်းငယ်သာထည်ြ )
✔အခွံပါစားလို့ရတယ် (fiber များ)
✔ ဆား နည်းနည်းပဲထည့်ပါ
✔ တခြား sauceတွေ ငံပြာရည်တွေ အရသာမှုန့်တွေ အများကြီး မထည့်ပါနဲ့

ဝိတ်ချဖို့ carbs လုံးဝဖြတ်ရမလား?
👉 မလိုပါဘူး — carbs ကို လျှော့ပြီး မှန်မှန်စားတာ က ပိုမှန်ပါတယ်။



🍚 Carbs ဆိုတာဘာလဲ (အရင်နားလည်အောင် လုပ်ပါ )

Carbs = ကိုယ်ခန္ဓာရဲ့ energy source အဓိက
• ထမင်း
• အာလူး
• ပေါင်မုန့်
• noodle
• သကြား
• အသီးအချို့ ပါမယ်

လူတိုင်းဟာ energy လိုအပ်ပါတယ်။

❌ Carbs လုံးဝဖြတ်ရင် ဘာဖြစ်မလဲ
• အားနည်း၊ မောလွန်း
• exercise performance ကျ
• muscle loss ဖြစ်နိုင်
• ခဏတဖြုတ်ဝိတ်ကျပြီး ပြန်တက်လွယ်
• stress hormones တက်

👉 Long-term weight loss မတည်မြဲပါ ..

✅ Weight loss အတွက် အမှန်ဆုံးနည်းက

⭐ နည်းလမ်း 1. Carbs လျှော့ — မဖြတ်ပါနဲ့
• ထမင်း portion လျှော့စားပါ
• ညပိုင်း carbs နည်းနည်းသာစားပါ
• သကြား / sweet drinks လုံးဝရှောင်ပါ



⭐ နည်းလမ်း 2. Good carbs ရွေးစားပါ

✔ အာလူးပြုတ်
✔ brown rice
✔ whole grain
✔ oats
✔ အသီးအရွက် fiber များများ

🚫 white breadမစားရ
🚫 cake မစားရ
🚫 bubble tea မသောက်ရ
🚫 fries အကြော်များမစားရပါ



⭐ နည်းလမ်း 3. Protein ပိုစားပါ

• ကြက်သား
• ငါး
• ဥ
• tofu

👉 muscle ထိန်းပြီး fat လျော့စေတယ်။



⭐ 4. Calorie deficit = အဓိကပါနော်

Weight loss က
👉 စားတဲ့ calorie < သုံးတဲ့ calorie ဖြစ်ရပါမယ်

Carbs ဖြတ်တာထက် total calories ပိုအရေးကြီးပါတယ်။

စာဖတ်ပါနော် လေ့လာပါ ၊

ချစ်ခြင်းများစွာနဲ့

မအာလူး 🫵🏻🫠

#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#ကျန်းမာရေးဗဟုသုတရကြပါစေ

တရုတ်နှစ်ကူးကာလပဲဖြစ်ဖြစ်၊ရိုးရိုးအချိန်မှာပဲဖြစ်ဖြစ် အချဉ်ရည်လေးနဲ့တို့စားလို့ကောင်းတဲ့ အဆာပြေမုန့်တစ်ခုကိုရှာနေရင်တော့...
10/02/2026

တရုတ်နှစ်ကူးကာလပဲဖြစ်ဖြစ်၊ရိုးရိုးအချိန်မှာပဲဖြစ်ဖြစ် အချဉ်ရည်လေးနဲ့တို့စားလို့ကောင်းတဲ့ အဆာပြေမုန့်တစ်ခုကိုရှာနေရင်တော့ “ဝက်ကောက်ညှင်း”လေးက အကောင်းဆုံးပါပဲ။
တရုတ်ရိုးရာယဉ်ကျေးမှုအရ ကောက်ညှင်းဟာ "စည်းလုံးခြင်း" နဲ့ "တိုးတက်ခြင်း" ကို ကိုယ်စားပြုပါတယ်။
အခုချက်မျှဝေပေးမယ့် ဝက်ကောက်ညှင်းကိုတော့ ဆိုင်ကဝယ်စားသလို အရသာထူးကဲပြီး စေးစေးအိအိလေးဖြစ်အောင် အိမ်ရှိလျှပ်စစ်ထမင်းပေါင်းအိုးနဲ့တင် အလွယ်တကူ ချက်ပြုတ်နိုင်ပါတယ်။ ပြုလုပ်နည်းက ရိုးရှင်းပေမယ့် ပါဝင်ပစ္စည်းတွေကတော့ အမယ်စုံလင်လို့ အရသာကတော့ ရှယ်ပဲဖြစ်မှာပါနော်။ 👇
🛒 လိုအပ်သော ပါဝင်ပစ္စည်း အသေးစိတ်
၁။ အဓိက ပါဝင်ပစ္စည်း-
• ကောက်ညှင်းဆန်- ၂ ခွက် (ပေါင်းအိုးဆန်ချိန်ခွက်ဖြင့်)
• ဝက်သား- ၁၅ ကျပ်သားခန့် (အနေတော် အတုံးလေးများ လှီးထားပါ)
• ကြက်အူချောင်း- ၁ ချောင်း (မထူမပါး လှီးဖြတ်ထားပါ)
• ပုဇွန်ခြောက်- အနည်းငယ် (ရေစိမ်ထားပါ)
• ရှီတာကီမှို- ၄-၅ ပွင့်ခန့် (ရေစိမ်ပြီး ပါးပါးလှီးထားပါ)
• သီဟိုဠ်စေ့- အနည်းငယ် (အပေါ်မှဖြူးရန်)
၂။ အရသာအတွက်-
• ကြက်သွန်ဖြူ- ၅ မွှာ (နုတ်နုတ်စင်းပါ)၊ ဂျင်း- အနည်းငယ် (ပါးပါးလှီးပါ)
• ခရုဆီ- ထမင်းစားဇွန်း ၂ ဇွန်း
• ပဲငံပြာရည်အနောက်- ထမင်းစားဇွန်း ၁ ဇွန်း
• ပဲငံပြာရည်အကြည်- ထမင်းစားဇွန်း ၁ ဇွန်း
• တရုတ်မဆလာ၊ ငရုတ်ကောင်းမှုန့်- အနည်းငယ်စီ
• ဆား၊ သကြား၊ ကြက်သားမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီ
• နှမ်းဆီ- ထမင်းစားဇွန်း တစ်ဝက်ခန့်
👨‍🍳 ပြုလုပ်နည်း အဆင့်ဆင့်
၁။ ကြိုတင်ပြင်ဆင်ခြင်း-
• ကောက်ညှင်းဆန်ကို ရေစင်အောင်ဆေးပြီး အနည်းဆုံး ၃ နာရီ (သို့မဟုတ်) တစ်ညတာ ကြိုတင်ရေစိမ်ထားပါ။
• ရေစစ်ထားတဲ့ ကောက်ညှင်းကို ခရုဆီ (၁ ဇွန်း)၊ ပဲငံပြာရည်အနောက် (ဇွန်းဝက်)၊ တရုတ်မဆလာ၊ ဆားနှင့် သကြား (လက်ဖက်ရည်ဇွန်းတစ်ဝက်) တို့ဖြင့် ကြိုတင်နယ်ဖတ်ထားပါ။
• ဝက်သားကို ပဲငံပြာရည်အကြည်၊ အနောက် (ဇွန်းဝက်)၊ ခရုဆီ (၁ ဇွန်း)၊ သကြား (လက်ဖက်ရည်ဇွန်းတစ်ဝက်)၊ ကြက်သားမှုန့်၊ တရုတ်မဆလာ၊ ငရုတ်ကောင်းနှင့် နှမ်းဆီတို့ဖြင့် ၁ နာရီခန့် နှပ်ထားပေးပါ။
၂။ ဆီသတ်ကြော်ခြင်း-
• ဆီပူတွင် ကြက်အူချောင်းကို အရင်ကြော်ပြီး ဆယ်ယူထားပါ။ ထို့နောက် ရေစိမ်ထားသော ပုဇွန်ခြောက်ကို ကြော်ပြီး ခေတ္တဖယ်ထားပါ။
• ကျန်ရှိသောဆီတွင် ဂျင်း၊ ကြက်သွန်ဖြူကို ဆီသတ်ပြီး နှပ်ထားသော ဝက်သားနှင့် မှိုများကို ထည့်ပါ။ ရေအနည်းငယ်ထည့်၍ ဝက်သားနူးအိပြီး ဆီပြန်လာသည်အထိ တည်ပေးပါ။
၃။ ကောက်ညှင်းချက်ခြင်း-
• ဆီပြန်လာလျှင် အရသာနယ်ထားသော ကောက်ညှင်းဆန်များကို ထည့်ပြီး ၇ မိနစ်ခန့် အနံ့မွှေးပျံ့လာအောင် မွှေကြော်ပေးပါ။
• ပြီးလျှင် ထမင်းပေါင်းအိုးထဲသို့ ပြောင်းထည့်ပြီး ရေ (ဆန်ချိန်ခွက်ဖြင့် ၂ ခွက်) ထည့်၍ ချက်ပြုတ်ပါ။
၄။ နှပ်ထားခြင်း-
• ပေါင်းအိုးခလုတ် တက်သွားလျှင် ကောက်ညှင်းကို အထက်အောက် သမအောင်လှန်ပေးပြီး ခလုတ်ပြန်ချပေးပါ။ ဤသို့ (၃) ကြိမ်ခန့် ပြုလုပ်ပြီးမှ သီဟိုဠ်စေ့ ဖြူးပေးပါ။
• မီးခလုတ်တက်ပြီးနောက် အဖုံးမဖွင့်သေးဘဲ မိနစ် ၂၀ ခန့် အပူရှိန်ဖြင့် နှပ်ထားပါက စားချင်စဖွယ် စေးစေးအိအိ ဝက်ကောက်ညှင်းမွှေးမွှေးလေးကို ရရှိပါပြီ။
ဒီနည်းလမ်းလေးက အိုးကပ်မှာကိုလည်း စိုးရိမ်စရာမလိုသလို အရသာကလည်း အသားထဲအထိ စိမ့်ဝင်နေမှာပါ။ ဝက်သားမစားသူများအနေဖြင့် ကြက်ကောက်ညှင်းကိုလည်း ဤနည်းအတိုင်း ချက်ကြည့်နိုင်ပါတယ်။
မိသားစု နံနက်စာအဖြစ်ဖြစ်စေ၊ ဧည့်သည်များကို တည်ခင်းဧည့်ခံဖို့ဖြစ်စေ အလွန်အဆင်ပြေစေမယ့် ဟင်းလျာလေးဖြစ်ပါတယ်။ ကိုယ်တိုင်ချက်စားကြည့်ပြီးရင် အရသာလေး ဘယ်လိုရှိလဲ comment မှာ ပြန်လည်မျှဝေပေးဦးနော်။ 😋🍱✨

#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

ပြန်ရည်ကျိတ်စီးဆင်းမှု နှေးကွေးခြင်း၊ အညစ်အကြေးများပိတ်မိခြင်းကြောင့် ကိုယ်လက်ဖောရောင်ခြင်း၊ ကိုယ်လေးခြင်း၊ ဗိုက်ပွခြင်း...
09/02/2026

ပြန်ရည်ကျိတ်စီးဆင်းမှု နှေးကွေးခြင်း၊ အညစ်အကြေးများပိတ်မိခြင်းကြောင့် ကိုယ်လက်ဖောရောင်ခြင်း၊ ကိုယ်လေးခြင်း၊ ဗိုက်ပွခြင်းနဲ့ သွေးပျစ်ခြင်းတွေကို သင်မသိလိုက်ခင်မှာဘဲ ခံစားနေရတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်မှာ နှလုံးလိုမျိုး ပြန်ရည်ကျိတ်တွေကို အလိုအလျောက် ပန်းထုတ်ပေးမယ့် စနစ်မရှိလို့ပါ။ အထူးသဖြင့် ငြိမ်ငြိမ်လေး အကြာကြီးနေတဲ့အခါမျိုးမှာ ပိုဖြစ်တတ်ပါတယ်။
​အဖြစ်များတဲ့ လက္ခဏာများ -
• ​ညနေပိုင်းတွင် ခြေထောက်များ ဖောရောင်ခြင်း၊ တင်းကျပ်လေးလံခြင်း။
• ​ဗိုက်ပွခြင်း၊ အစာမကျေခြင်း။
• ​ဝမ်းချုပ်ခြင်း၊ လိပ်ခေါင်းရောဂါဖြစ်ခြင်း။
• ​နုံးချည့်ခြင်း၊ ငိုက်မြည်းခြင်း၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခြင်း။

ပြန်ရည်ကျိတ် စီးဆင်းမှု ကောင်းမွန်စေပြီး ကိုယ်တွင်းအဆိပ်အတောက် ဖယ်ရှားနိုင်မယ့် (Detox) ကိုယ်တိုင်လုပ်နည်း ၅ သွယ်
​၁။ အညစ်အကြေးထွက်ပေါက်ကို အရင်ဖွင့်ပါ
​လည်ပင်းနှင့် ညှပ်ရိုးတစ်ဝိုက်မှ စတင်ပါ။ ၎င်းသည် တစ်ကိုယ်လုံးရှိ ပြန်ရည်ကျောများ စီးဆင်းထွက်ခွာရာ အဓိကလမ်းကြောင်းဖြစ်သည်။
• ​ပြုလုပ်ပုံ - လည်ပင်းမှအောက်သို့ အသာအယာပွတ်တိုက်ပေးရင်း အသက်ကို ဖြည်းဖြည်းနှင့် ပြင်းပြင်းရှူသွင်းပါ။ ၁-၂ မိနစ်ခန့် ပြုလုပ်ရုံဖြင့် အညစ်အကြေးများ စွန့်ထုတ်ရန် တံခါးဖွင့်ပေးသကဲ့သို့ ဖြစ်စေပါသည်။
​၂။ ခန္ဓာကိုယ်ကို လှုပ်ရှားပြီး အူလမ်းကြောင်းကို လှုံ့ဆော်ပါ
​ဖြည်းဖြည်းချင်း ကိုယ်ကိုလှည့်ခြင်း၊ ကျောကုန်းကို အရှေ့အနောက် အသာအယာ ကွေးပေးခြင်းနှင့် ဝမ်းဗိုက်ကို နာရီလက်တံအတိုင်း နှိပ်ပေးခြင်းတို့က -
• ​ဝမ်းဗိုက်အတွင်းရှိ ပြန်ရည်ကျောများ စီးဆင်းမှုကို ကူညီပေးသည်။
• ​ဗိုက်ပွခြင်းကို လျော့ကျစေပြီး သဘာဝအတိုင်း ဝမ်းသွားစေရန် လှုံ့ဆော်ပေးသည်။
​၃။ ခြေထောက်ဖောရောင်မှုကို လျှော့ချပါ
​ခြေထောက်သည် ပြန်ရည်များ အိုင်နေရန် အလွယ်ဆုံးနေရာဖြစ်သည်။
• ​ခြေထောက်ကို နှလုံးထက် မြင့်အောင် မြှောက်ထားပါ။
• ​ခြေကျင်းဝတ်ကို အသာအယာ လှုပ်ရှားပေးပါ။
• ​ခြေဖျားမှ အထက်သို့ အသာအယာ ပွတ်တိုက်တင်ပေးခြင်းဖြင့် ဖောရောင်မှုကို လျော့ကျစေပြီး သွေးပျစ်ခြင်းကို ကာကွယ်ပေးသည်။
​၄။ အသာအယာ ခါယမ်းပေးပါ
​ခြေဖျားထောက်ပြီး ဖနောင့်ကို မြေကြီးနှင့် ခပ်ဖွဖွ ပြန်ဆောင့်ပေးခြင်း (သို့မဟုတ်) တစ်ကိုယ်လုံးကို အသာအယာ တုန်ခါပေးခြင်းက အဆစ်အမြစ်များကို မထိခိုက်စေဘဲ ပြန်ရည်ကျောစနစ်တစ်ခုလုံးကို ကောင်းမွန်စွာ စီးဆင်းစေပါသည်။
​၅။ Gua Sha (သို့မဟုတ်) ကျောက်စိမ်းပြား အသုံးပြုပါ
​အဓိက ပြန်ရည်ကျောလမ်းကြောင်းများကို ဖွင့်ပြီးနောက်တွင် ဖောရောင်သောနေရာ သို့မဟုတ် နာကျင်သောနေရာများ (ဥပမာ - လည်ပင်း၊ ပေါင်ခြံ၊ ဗိုက်၊ ချိုင်း) တို့ကို Gua Sha ပြားဖြင့် အသာအယာ ဖိနှိပ် သို့မဟုတ် ခြစ်ထုတ်ပေးခြင်းဖြင့် ကိုယ်လက်ပေါ့ပါးလန်းဆန်းသွားစေပါသည်။

​✅ အကောင်းဆုံးအချိန်
ညနေပိုင်း သို့မဟုတ် မအိပ်ခင်အချိန်၊ အထူးသဖြင့် ည ၈:၃၀ နာရီ ဝန်းကျင်သည် ခန္ဓာကိုယ်က အညစ်အကြေးများကို စတင်စွန့်ထုတ်သည့် အချိန်ဖြစ်သည်။ တစ်နေ့လျှင် ၅-၁၀ မိနစ်ခန့် ပြုလုပ်ပေးရုံဖြင့် -
• ​ကိုယ်လက်ပေါ့ပါးစေသည်။
• ​နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသည်။
• ​မနက်နိုးလာလျှင် ဝမ်းဗိုက်ကို သက်သောင့်သက်သာ ဖြစ်စေသည်။
​မိမိဘာသာ အလွယ်တကူ ကိုယ်တိုင် လုပ်ဆောင်နိုင်ပါတယ်။ ဖတ်ပြီးသွားရင်တော့ "ပြန်ရည်ကျော ကျန်းမာပါစေ" လို့ မှတ်ချက်ပေးခဲ့ကြပါဦး။

MON SOUNG

#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#ကျန်းမာရေးဗဟုသုတရကြပါစေ

04/02/2026

"ကျွန်တော်ကတော့ ခင်ဗျား ခြံစည်းရိုးဘေးမှာ စိုက်ထားတဲ့ အောင်မဲညိုသီး ပါ။ ဟင်းသီးဟင်းရွက်ဆိုင်ထက်လည်း နီးတယ်၊ ဝါသနာပါလို့ ဝယ်သောက်နေတဲ့ ဗီတာမင်အားဆေးတွေထက်လည်း ပိုနီးနီးလေးမှာ ဟောဒီလို တွဲလောင်းကျနေတာတောင် ခင်ဗျား တစ်ခါမှ ဆွတ်မစားခဲ့ဘူး။
​ခင်ဗျားက ဒီလိုပါပဲ... အစားအသောက် ပျက်ရင် ဘာစားရမှန်း မသိဘူးဖြစ်မယ်၊ ပင်ပန်းလာရင် ရာသီဥတုကို အပြစ်တင်မယ်၊ မျက်စိညောင်းလာရင် ဖုန်းစခရင်ကို ပုံချမယ်။ ပြီးရင်တော့ ဘာမှမဖြစ်သလိုပဲ ခပ်အေးအေး ဆက်နေတတ်ပြန်ရော။ ခန္ဓာကိုယ်က တကယ်ကြီး မခံနိုင်တော့မှ 'ဒီတလော ဘာလို့ ဒီလောက် နုံးနေရတာလဲ' ဆိုပြီး ညည်းတွားတတ်သေးတယ်။
​တကယ်တော့ ကျွန်တော်က ရှေးလူကြီးတွေ အမြတ်တနိုးစားခဲ့တဲ့ ဆေးဖက်ဝင် အစားအစာပါ။ စားလိုက်ရင်တော့ အရသာက ထူးထူးခြားခြား ဆန်းကြယ်မနေပေမဲ့ ခန္ဓာကိုယ်ကိုတော့ တိတ်တဆိတ် ပေါ့ပါးသွားစေတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက သူ့အလုပ်သူ လုပ်မယ်၊ သွေးလေတွေက မှန်မှန်ကန်ကန် စီးဆင်းမယ်၊ ပင်ပန်းနေတဲ့ မျက်စိတွေက အလိုလို အနားရသွားမယ်။ အတင်းအကျပ် မဟုတ်သလို၊ လောစရာလည်း မလိုဘူး၊ ရှင်းပြချက်တွေ အများကြီးလည်း မလိုအပ်ဘူး။
​ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်ကို လှည့်တောင်မကြည့်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က ရိုးလွန်းလို့လား၊ ဒါမှမဟုတ် တန်ဖိုးကြီးကြီး ပေးဝယ်ရတာ မဟုတ်လို့လား။ အောင်မဲညိုသီး အနုလေးတွေကို ခူးဆွတ်၊ ရေနွေးဖျော၊ ကြက်ဥနဲ့ကြော်၊ ဒါမှမဟုတ် တို့စရာလေးလုပ်စားဖို့ကိုတောင် ခင်ဗျား ပျင်းနေခဲ့တယ်။
​ခင်ဗျားက စောင့်နေတာ... ခန္ဓာကိုယ်ကြီး ယိုယွင်းလာမှ၊ အဖိုးတန် အားဆေးတွေ ဝယ်သောက်ရမှ ကျေနပ်မယ့်လူစားမျိုး။ တကယ်တော့ ခန္ဓာကိုယ်ဆိုတာ မပျက်စီးခင်ကတည်းက ကြိုတင်ဂရုစိုက်လို့ ရတာပဲလေ။
​ရပါတယ်... ခင်ဗျား ကျွန်တော့်ကို မယုံလည်း ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော့်နာမည်ကိုတော့ မှတ်ထားလိုက်ပါ။ တစ်နေ့နေ့မှာ ခန္ဓာကိုယ်အတွက် ပေါ့ပေါ့ပါးပါးလေး လိုချင်လာတဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ သတိရလာတဲ့အခါ... အဲ့ဒီနေ့ကျရင် ခင်ဗျား သတိရလာလိမ့်မယ်။
​အောင်မဲညိုသီး... အဲ့ဒီမှာ တွဲလောင်းလေး ရှိနေခဲ့တာပဲ၊ ဒါပေမဲ့ ငါကိုယ်တိုင်ကသာ အဖိုးမတန်ဘူးထင်ပြီး မဆွတ်ခဲ့တာ' ဆိုတာကိုပေါ့။"

MON SOUNG


#အောင်မဲညို
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#ကျန်းမာရေးဗဟုသုတရကြပါစေ

ကလေးပုံစံ အနားယူနည်း (Balasana) - သင့်ရဲ့ ခါးနဲ့ စိတ်ဖိစီးမှုကို ချက်ချင်းဖြေလျှော့ပေးမယ့် နည်းလမ်းကောင်းယောဂကျင့်စဉ်ထဲက...
01/02/2026

ကလေးပုံစံ အနားယူနည်း (Balasana) - သင့်ရဲ့ ခါးနဲ့ စိတ်ဖိစီးမှုကို ချက်ချင်းဖြေလျှော့ပေးမယ့် နည်းလမ်းကောင်း
ယောဂကျင့်စဉ်ထဲက ကလေးပုံစံ အနားယူတဲ့ (Balasana) ဟာ ရိုးရှင်းပေမယ့် သင့်ရဲ့ ကျောရိုးနဲ့ အာရုံကြောစနစ်အတွက် အံ့ဩစရာကောင်းတဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။ တစ်နေ့ကို မိနစ်အနည်းငယ်လောက် ဒီပုံစံအတိုင်း အနားယူပေးရုံနဲ့ ခန္ဓာကိုယ်ရဲ့ စိတ်ဖိစီးမှုတွေကို "Reset" လုပ်ပြီးသား ဖြစ်သွားစေမှာပါ။
ဒီလေ့ကျင့်ခန်းကြောင့် ရရှိမယ့် အကျိုးကျေးဇူး (၃) မျိုး-
၁။ ခါးနာဝေဒနာကို သက်သာစေခြင်း -
တစ်နေကုန် ထိုင်တာ ဒါမှမဟုတ် မတ်တပ်ရပ်တာကြောင့် ဖိသိပ်နေတဲ့ ကျောရိုးဆစ်တွေကို ပြန်လည်ပွင့်သွားစေပြီး ခါးရိုးအကြောညှပ်တာနဲ့ နာကျင်တာတွေကို သဘာဝအတိုင်း သက်သာစေပါတယ်။
၂။ စိတ်ဖိစီးမှုကို လျှော့ချပေးခြင်း -
နဖူးကို ကြမ်းပြင်နဲ့ ထိကပ်ပြီး အနားယူလိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ အာရုံကြောစနစ်ကို ငြိမ်သက်သွားစေပါတယ်။ ဒါဟာ နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေပြီး စိတ်ပူပန်မှုတွေကို လျော့ကျစေတဲ့ သဘာဝအတိုင်း ပေးတဲ့ စိတ်ငြိမ်ဆေးတစ်ခွက်ပါပဲ။
၃။ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း -
ဒီပုံစံအတိုင်း ဝမ်းဗိုက်နဲ့ ပေါင်ကို ထိကပ်ထားခြင်းက အတွင်းကလီစာတွေကို နှိပ်နယ်ပေးသလို ဖြစ်စေတာကြောင့် အစာကြေရင်ချောင်စေပြီး လေပွတာတွေကို သက်သာစေပါတယ်။
ပြုလုပ်နည်း အဆင့်ဆင့်-
• ဒူးထောက်ပြီး ခြေဖနောင့်ပေါ်မှာ ထိုင်ချပါ။
• ခန္ဓာကိုယ်ကို ရှေ့သို့ဖြည်းဖြည်းချင်း ငုံ့ချပြီး နဖူးကို ကြမ်းပြင်နဲ့ ထိထားပါ။
• လက်ကို ရှေ့သို့ဆန့်ထုတ်ထားနိုင်သလို၊ နောက်ဘက်သို့လည်း ချထားနိုင်ပါတယ်။
• ဒီပုံစံအတိုင်း ဖြည်းဖြည်းချင်း အသက်ရှူရင်း (၃) မိနစ်ကနေ (၅) မိနစ်ခန့်အထိ အနားယူပေးပါ။
သင့်ရဲ့ ခါးနဲ့ စိတ်ကို အနားပေးဖို့ ဒီနေ့ပဲ စမ်းသပ်ကြည့်လိုက်ပါ။
(မှတ်ချက် - ဒူးနာဝေဒနာ အပြင်းအထန်ရှိသူများနှင့် ကိုယ်ဝန်ဆောင်များအနေဖြင့် ကျွမ်းကျင်သူနှင့် တိုင်ပင်ပြီးမှ ပြုလုပ်သင့်ပါသည်။)

#ကျန်းမာရေးဗဟုသုတရကြပါစေ
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when February posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share